သမ္မတကြီး ဦးသိန်းစိန် ဆိုတာ တကယ်တော့
==========================
၃၁..၁၀..၁၅
-
သမ္မတကြီးဦးသိန်းစိန်ရဲ့ မနေ့က ငပုတော ခရီးစဉ်မှာ ပြည်သူတွေကို
ပြောတဲ့ စကားက ဒီလိုဗျ
-
( - လူတဦးချင်း ချမ်းသာအောင် အစိုးရက တော့ လုပ်မပေးနိုင်ဘူး
တဦးချင်း ချမ်းသာဖို့ ဆိုရင် ဘာတွေလုပ်ရမလဲ ဆိုရင်တော့ တဦးချင်းရဲ့ ကံရယ် ညာဏ်ရယ် ၀ိတိရ ရယ် ဆိုတဲ့ အားသုံးအားလိုတယ် -) တဲ့
-
ကမ္ဘာ ချဉ်ဖတ် လူရာအသွင်းမခံရတဲ့ အရင်စစ်အစိုးရ ထက်စာရင် ကမ္ဘာကို ပတ်ခဲ့တဲ့
ဦးသိန်းစိန် ဦးနှောက်က ပိုပြီး ဖွံ့ဖြိုးမယ်လို့
ထင်ထားတာ အခုမှ ဘဲ့ သမ္မတကြီး ဦးသိန်းစိန် ကြောင်တောင်ကန်း
သုံးစားလို့ မရတဲ့ ဦးနှောက်နဲ့ လူပါလားလို့ သိလိုက်ရတယ်။
-
နိုင်ငံတနိုင်ငံမှာ ပြည်သူတွေရဲ့ တဦးတယောက်ချင်းစီကို ချမ်းသာအောင်
ဘယ် နိုင်ငံတကာ အစိုးရမှ မလုပ်ပေးဘူးဆိုတာ သမ္မတကြီး ဦးသိန်းစိန်ပြောမှ
မဟုတ်ဘူး ကလေးကစသိတယ်။
-
ပြည်သူတွေဟာ ကံရယ် ။ ညာဏ်ရယ် ။ ၀ိတိရ ရယ်ကိုသုံးနိုင်ဖို့ နိုင်ငံသားတစ်ယောက်ရဲ့
တဦးတယောက်ချင်းစီရဲ့ .. ပညာအရည်ချင်းအပေါ် ကြိုးစားလုပ်ကိုင်ခွင့်
ရပြီး ရသင့်ရထိုက်တဲံ့ အခြေခံလစာ နှင့် ၀င်ငွေ ရရှိနိုင်တဲ့ အလုပ်အကိုင် အခွင့်လမ်းတွေကို
အစိုးရက ဖန်တီးပေးနိုင်ရမယ် ။
-
နိုင်ငံသား တဦးချင်းစီရဲ့ ၀င်ငွေနဲ့ သုံးငွေ မျတသုံးစွဲနိုင်တဲ့ စီပွားရေး တရပ်ကို အစိုးရက ဖန်တီးပေးနိုင် ရမယ်။
အခြေခံလူတန်းစား တရပ်နဲ့ အထက်တန်း လူတန်းစားတရပ် တို့ ကြားမှာ ၄၀% ထက်မပိုတဲ့ နေထိုင်မှု အဆင့်တန်း ကွာဟမှု မရှိအောင် အစိုးရက ဖန်တီးပေးနိုင်ရမယ် ။
-
နိုင်ငံတကာ ပတ်ခဲ့ပြီး ဒီလောက်တုံးပြီး ကြောင်တောင်ကန်းနေတဲ့ သမ္မတ မြန်မာနိုင်ငံကြီးကို အုပ်ချုပ်နေမှတော့ အီသီယိုးဘီးယားက မြန်မာနိုင်ငံထက်သာပြီး ကိုယ်ပိုင် ဂြိုလ်တု လွှတ်တင်သွားနိုင်တာ မအံအော့ တော့ ပါဘူးလေ။
============
.
ဧပရယ်မောင်မောင်
===========

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။