ချစ်သူမအိပ်ခင်ဖတ်ဖို့ ...
_
၁ -
ငယ်ငယ်က မကြာခဏတွေးဖူးတယ်
ငါက ကမ္ဘာကြီးရဲ့ အပေါ်မှာနေတာလား
အထဲမှာနေတာလား လို့ !
အဲဒါနဲ့ အဖေ့ကိုမေးတော့ အဖေကပြန်ဖြေတယ်
" ကမ္ဘာ့အပေါ်မှာပဲနေနေ အထဲမှာပဲနေနေ
ကမ္ဘာကြီးကို အပြစ်မလုပ်ပဲနေမိဖို့အရေးကြီးတယ် " တဲ့
ခုကျွန်တော်က သူ့အချစ်ခံနေတာလား !
လှည့်စားခံနေရတာလား ! ... လို့ မေးမိရင်
အဖေ ဘယ်လိုဖြေမလဲ !
ကိုယ်ကသစ္စာရှိနေဖို့ပဲလိုတယ်လို့ဖြေမလားလို့ မသိပေမယ့်
မမေးဖြစ်ခဲ့ဘူး
သည်လိုနဲ့ မ,သာတဲ့ လမင်းကြီးကို လပြည့်နေ့ဆိုတဲ့အတွေးနဲ့ထို င်ငေးနေခဲ့တယ်
ဘာဖြစ်ဖြစ် ငကန်းတစ်ယောက်ရဲ့အမြင်မှာ လ'သာခွင့်တော့ရှိပါတယ် ။
_____
၂ -
အိမ်ဘေးမှာ အရက်သမားကြီးတစ်ယောက်ကို အရမ်းသိချင်စိတ်ပြင်းပျနေတဲ့  ကိစ္စတစ်ခုကိုမေးဖူးတယ်
( သူသိပ်မမူးတဲ့အချိန်ပေါ့ )
တခြားသူတွေ အရက်၊ဘီယာ သောက်ကြတာ
တစ်သောင်းဖိုး နှစ်သောင်းဖိုးသောက်လို့မူး ကြတယ်
တစ်ပုလင်း နှစ်ပုလင်းသောက်လို့မူးကြတယ်
ဦးလေးက တစ်ရာဖိုးသောက်ပြီး ဘာလို့ယိုင်ထိုးနေတာလဲလို့
သူက သူ့ဘေးက ပလပ်စတစ်အိပ်လက်ကျန်ထဲက တစ်ငုံသောက်ပြီး ခပ်သော့သော့ရယ်ရင်းပြန်ပြော တယ်
" သူတို့က အရက်လခ'စားတွေကွ ငါတို့ကျတော့ အရက်နေ့စားတွေ ...
သူတို့က တစ်လမှ တစ်ခါလောက်သောက်တော့ အများကြီးသောက်ပြီးမှ မူးလို့ရတာ
မင်းနားလည်အောင် ပြောရရင်
အရှိန်မသေတဲ့ မီးစက်ကိုမောင်းရလွယ်သလိုမျိုးပေါ့ ...
ငါနေ့တိုင်းသောက်နေကျ အရက်တွေက မပြတ်တမ်းလည်ပတ်နေတယ်
ငါလည်း တစ်ရာဖိုးသောက်လိုက်ရော ပြန်နိုးသလိုဖြစ်ပြီး တောက်လျှောက်မူးတော့တာပဲ
အဲဒီလို မူးနိုင်ဖို့ နှစ်ရှည်လများ အရက်ဖြူအပေါ်ကို သစ္စာရှိထားရတာကွ ... လွယ်လွယ်တော့မထင်နဲ့ " တဲ့
အဲ့အရွယ်က နားမလည်ခဲ့ပါဘူး
ခုကျမှ နားလည်တော့တယ်
အရက်သောက်တတ်လာလို့တော့ မဟုတ်ဘူး
ကောင်မလေးတစ်ယောက်ကို ချစ်တတ်လာလို့ ... ။
_____
၃ -
ရေဒီယိုက နားထောင်လိုက်ရတယ်
မိန်းကလေးတွေက သူတို့ဖခင်ရဲ့ကိုယ်ပွားကို ချစ်သူအဖြစ်နဲ့ရွေးကြတယ်တဲ့ ( လုံခြုံ အားကိုးလို့ရမယ့်သူမျိုးပေါ့  )
အိမ်ဘေးက မိသားစုလိုရင်းနှီးနေတဲ့ အိမ်ထောင်သည်အစ်မတစ်ယောက်ကိုမေးကြည့်တယ်
" အစ်မယောက်ျားအသားမဲတာ အစ်မချစ်သူဘဝတုန်းက ဘယ်လိုမှမနေဘူးလား "
( အဲ့အစ်မက အသားဖြူတာကိုး )
" အေးဟ ... ငါလည်း ချစ်သူဘဝတုန်းကသူမဲတာတော့သိ တယ် ဒီလောက်မဲတာမမြင်ဘူး
ခုအိမ်ထောင်သည်ဖြစ်တော့မှ သူ'မဲမှန်းသိတာ "
ကျွန်တော်လည်းရယ်မိတယ်
သူလည်းရယ်ရင်းပဲ
မိန်းကလေးတွေအချစ်က တကယ်ထူးဆန်းတယ်
သည်လိုနဲ့ ကျွန်တော်ချစ်သူတစ်ယောက်ရလာ တယ်
သူဘာလို့ချစ်တာလဲလို့ ကျွန်တော်မကြာခဏမေးဖြစ်တယ်
သူ တိတိကျကျမသိဘူးတဲ့
( သူ့အဖြေမှန်တယ်လို့ ကျွန်တော်တစ်ခါမှ သူ့ကိုပြန်မပြောဖြစ်ခဲ့ဘူး )
_____
၎ -
တစ်ခါက ချစ်သူနှစ်ယောက်မှာ ကောင်လေးကပြောတယ်
" ကောင်မလေးရယ် ... နင်သိလား !
ယောက်ျားလေးဆယ်ယောက်မှာ ကိုးယောက်ကချစ်တယ်လို့လိမ်ေ ပြာကြတာ
ဒါကြောင့် ငါ့ကိုမယုံပါနဲ့ "
ကောင်မလေးကပြန်ပြောတယ်
" ဟင့်အင်း ... ငါနင့်ကိုယုံတယ်
ကိုးယောက်အပြင်က ကျန်တဲ့တစ်ယောက်က နင်ဖြစ်နေလိမ့်မယ်လို့ ... ငါ့ချစ်စိတ်ကယုံနေတယ် "
ကောင်မလေးစကားကြားတော့
ကောင်လေးနောက်က ဖွက်ထားတဲ့ဓားမြောင်က လွတ်ကျသွားတယ်
ထို့နောက် ပန်းအိုးလေးတစ်လုံးဖြစ်ပြီး ပန်းလေးတစ်ပွင့်ပွင့်လာတယ်
အဲဒီအချိန် ထိုပန်းပွင့်ကိုခူးသူဟာ ကျောက်ရုပ်ဖြစ်စေတဲ့ ကျိန်စာသင့်မယ်လို့ နတ်ဆိုးတစ်ယောက်ရဲ့အသံကို ကောင်လေးတစ်ယောက်ပဲကြားခဲ့တ ယ် ။
ထိုပန်းပွင့်လေးကိုကောင်မလေးက ပန်ချင်တယ်လို့ပူဆာတယ်
ကောင်လေးခူးပေးခဲ့ပါတယ်
နောက်ဆုံးအနေနဲ့ သူပြောခဲ့သေးတယ်
တချို့အချစ်တွေက များများနဲ့အချိန်ကြာကြာမလိုဘူး
နည်းနည်းနဲ့အချစ်စစ်စစ်ဖြစ် ခဲ့ရင် ကျေနပ်နိုင်ပါတယ် ... တဲ့ ။
_____
UlayKyi ( ကို လင်း )
_
၁ -
ငယ်ငယ်က မကြာခဏတွေးဖူးတယ်
ငါက ကမ္ဘာကြီးရဲ့ အပေါ်မှာနေတာလား
အထဲမှာနေတာလား လို့ !
အဲဒါနဲ့ အဖေ့ကိုမေးတော့ အဖေကပြန်ဖြေတယ်
" ကမ္ဘာ့အပေါ်မှာပဲနေနေ အထဲမှာပဲနေနေ
ကမ္ဘာကြီးကို အပြစ်မလုပ်ပဲနေမိဖို့အရေးကြ
ခုကျွန်တော်က သူ့အချစ်ခံနေတာလား !
လှည့်စားခံနေရတာလား ! ... လို့ မေးမိရင်
အဖေ ဘယ်လိုဖြေမလဲ !
ကိုယ်ကသစ္စာရှိနေဖို့ပဲလိုတယ
မမေးဖြစ်ခဲ့ဘူး
သည်လိုနဲ့ မ,သာတဲ့ လမင်းကြီးကို လပြည့်နေ့ဆိုတဲ့အတွေးနဲ့ထို
ဘာဖြစ်ဖြစ် ငကန်းတစ်ယောက်ရဲ့အမြင်မှာ လ'သာခွင့်တော့ရှိပါတယ် ။
_____
၂ -
အိမ်ဘေးမှာ အရက်သမားကြီးတစ်ယောက်ကို အရမ်းသိချင်စိတ်ပြင်းပျနေတဲ
( သူသိပ်မမူးတဲ့အချိန်ပေါ့ )
တခြားသူတွေ အရက်၊ဘီယာ သောက်ကြတာ
တစ်သောင်းဖိုး နှစ်သောင်းဖိုးသောက်လို့မူး
တစ်ပုလင်း နှစ်ပုလင်းသောက်လို့မူးကြတယ
ဦးလေးက တစ်ရာဖိုးသောက်ပြီး ဘာလို့ယိုင်ထိုးနေတာလဲလို့
သူက သူ့ဘေးက ပလပ်စတစ်အိပ်လက်ကျန်ထဲက တစ်ငုံသောက်ပြီး ခပ်သော့သော့ရယ်ရင်းပြန်ပြော
" သူတို့က အရက်လခ'စားတွေကွ ငါတို့ကျတော့ အရက်နေ့စားတွေ ...
သူတို့က တစ်လမှ တစ်ခါလောက်သောက်တော့ အများကြီးသောက်ပြီးမှ မူးလို့ရတာ
မင်းနားလည်အောင် ပြောရရင်
အရှိန်မသေတဲ့ မီးစက်ကိုမောင်းရလွယ်သလိုမျ
ငါနေ့တိုင်းသောက်နေကျ အရက်တွေက မပြတ်တမ်းလည်ပတ်နေတယ်
ငါလည်း တစ်ရာဖိုးသောက်လိုက်ရော ပြန်နိုးသလိုဖြစ်ပြီး တောက်လျှောက်မူးတော့တာပဲ
အဲဒီလို မူးနိုင်ဖို့ နှစ်ရှည်လများ အရက်ဖြူအပေါ်ကို သစ္စာရှိထားရတာကွ ... လွယ်လွယ်တော့မထင်နဲ့ " တဲ့
အဲ့အရွယ်က နားမလည်ခဲ့ပါဘူး
ခုကျမှ နားလည်တော့တယ်
အရက်သောက်တတ်လာလို့တော့ မဟုတ်ဘူး
ကောင်မလေးတစ်ယောက်ကို ချစ်တတ်လာလို့ ... ။
_____
၃ -
ရေဒီယိုက နားထောင်လိုက်ရတယ်
မိန်းကလေးတွေက သူတို့ဖခင်ရဲ့ကိုယ်ပွားကို ချစ်သူအဖြစ်နဲ့ရွေးကြတယ်တဲ့
အိမ်ဘေးက မိသားစုလိုရင်းနှီးနေတဲ့ အိမ်ထောင်သည်အစ်မတစ်ယောက်ကိ
" အစ်မယောက်ျားအသားမဲတာ အစ်မချစ်သူဘဝတုန်းက ဘယ်လိုမှမနေဘူးလား "
( အဲ့အစ်မက အသားဖြူတာကိုး )
" အေးဟ ... ငါလည်း ချစ်သူဘဝတုန်းကသူမဲတာတော့သိ
ခုအိမ်ထောင်သည်ဖြစ်တော့မှ သူ'မဲမှန်းသိတာ "
ကျွန်တော်လည်းရယ်မိတယ်
သူလည်းရယ်ရင်းပဲ
မိန်းကလေးတွေအချစ်က တကယ်ထူးဆန်းတယ်
သည်လိုနဲ့ ကျွန်တော်ချစ်သူတစ်ယောက်ရလာ
သူဘာလို့ချစ်တာလဲလို့ ကျွန်တော်မကြာခဏမေးဖြစ်တယ်
သူ တိတိကျကျမသိဘူးတဲ့
( သူ့အဖြေမှန်တယ်လို့ ကျွန်တော်တစ်ခါမှ သူ့ကိုပြန်မပြောဖြစ်ခဲ့ဘူး )
_____
၎ -
တစ်ခါက ချစ်သူနှစ်ယောက်မှာ ကောင်လေးကပြောတယ်
" ကောင်မလေးရယ် ... နင်သိလား !
ယောက်ျားလေးဆယ်ယောက်မှာ ကိုးယောက်ကချစ်တယ်လို့လိမ်ေ
ဒါကြောင့် ငါ့ကိုမယုံပါနဲ့ "
ကောင်မလေးကပြန်ပြောတယ်
" ဟင့်အင်း ... ငါနင့်ကိုယုံတယ်
ကိုးယောက်အပြင်က ကျန်တဲ့တစ်ယောက်က နင်ဖြစ်နေလိမ့်မယ်လို့ ... ငါ့ချစ်စိတ်ကယုံနေတယ် "
ကောင်မလေးစကားကြားတော့
ကောင်လေးနောက်က ဖွက်ထားတဲ့ဓားမြောင်က လွတ်ကျသွားတယ်
ထို့နောက် ပန်းအိုးလေးတစ်လုံးဖြစ်ပြီး
အဲဒီအချိန် ထိုပန်းပွင့်ကိုခူးသူဟာ ကျောက်ရုပ်ဖြစ်စေတဲ့ ကျိန်စာသင့်မယ်လို့ နတ်ဆိုးတစ်ယောက်ရဲ့အသံကို ကောင်လေးတစ်ယောက်ပဲကြားခဲ့တ
ထိုပန်းပွင့်လေးကိုကောင်မလေ
ကောင်လေးခူးပေးခဲ့ပါတယ်
နောက်ဆုံးအနေနဲ့ သူပြောခဲ့သေးတယ်
တချို့အချစ်တွေက များများနဲ့အချိန်ကြာကြာမလိ
နည်းနည်းနဲ့အချစ်စစ်စစ်ဖြစ်
_____
UlayKyi ( ကို လင်း )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။