အိန္ဒိယရဲ့လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ အင်္ဂလန်မှာ ဥပဒေပညာ သင်ယူနေတုန်းက သူနဲ့ မတည့်တဲ့ ပါမောက္ခတစ်ယောက်ရှိခဲ့ပါတယ် ..။ သူ့နာမည် မစ္စတာ A ဆိုကြပါစို့ ..။ အဲဒီပါမောက္ခဟာ ဂန္ဒီကို ကြည့်မရသူပီပီ တနည်းနည်းနဲ့ ချိုးနှိမ်ဖို့ အမြဲကြိုးစားနေသူဖြစ်ပါတယ်. .။ ဒါပေမယ့် ဂန္ဒီက စာတော်သူ ဖြစ်လေတော့ သူချိုးနှိမ်လို့မရအောင် ဖြစ်ခဲ့ရပါတယ်..။
တနေ့မှာ တက္ကသိုလ်ရဲ့ ထမင်းစားခန်းထဲမှာ ပါမောက္ခ A နေ့လည်စာစားနေတုန်း ဂန္ဒီရောက်လာပါတယ်..။ သူ့ရဲ့ ထမင်းပုဂံကို သယ်လာပြီး ပါမောက္ခ A ရဲ့ဘေးမှာ ဝင်ထိုင်လိုက်ပါတယ်..။ အဲဒီ အချိန်မှာ ပါမောက္ခ A က ဂန္ဒီကို
“မစ္စတာဂန္ဒီ.. ငှက်တစ်ကောင်ဟာ ဝက်တစ်ကောင်နဲ့ နေ့လည်စာ အတူစားလေ့မရှိဘူးဗျ” လို့ ပြောလိုက်ပါသတဲ့..။ ဂန္ဒီကလည်း တုန့်ဆိုင်းမနေပဲ.. “သြော် .. ဟုတ်ကဲ့ ပါမောက္ခ A ကျွန်တော် ပျံသန်းသွားပါတော့မယ်ခင်ဗျ” လို့ လေအေးလေးနဲ့ ပြောပြီး နောက်စားပွဲကို ကူးသွားခဲ့ပါသတဲ့.။
ဆတ်ဆတ်ခါသွားတဲ့ ပါမောက္ခ A က နေနှင့်ဦးပေါ့ ဂန္ဒီရာ.. လို့ကြိမ်းဝါးခဲ့ပုံရပါတယ်. .။ တနေ့မှာ စာသင်ခန်းထဲမှာပဲ ပါမောက္ခ A က ဂန္ဒီကို မေးခွန်း တစ်ခု မေးပြန်ပါရော..။
“မစ္စတာဂန္ဒီ.. လမ်းသွားရင်းနဲ့ လမ်းပေါ်မှာ အထုပ်နှစ်ထုပ် ကျနေတာကိုတွေ့တယ်..။ တစ်ထုပ်ထဲမှာ ပိုက်ဆံတွေပါပြီး.. နောက်တစ်ထုပ်ထဲမှာ ဗဟုသုတ အသိပညာတွေပါတယ်..။ ခင်ဗျား တစ်ခုပဲ ယူရမယ် ဆိုရင် ဘာယူမလဲ”
ထုံးစံအတိုင်းပဲ ဂန္ဒီက “ပိုက်ဆံပါတဲ့ အထုပ်ကို ယူမှာပေါ့ ဗျ” လို့ မဆိုင်းမတွ ပြန်ဖြေတဲ့ အခါ ပါမောက္ခက စဉ်းလဲစွာပြုံးလိုက်ပြီး “ ကျွန်တော်သာ ခင်ဗျားနေရာမှာ ဆိုရင်တော့ ဗဟုသုတ အသိပညာတွေပါတဲ့ အထုပ်ကိုပဲယူမယ်” လို့် ခနဲ့တဲ့တဲ့ ပြောပါသတဲ့..။ ဂန္ဒီကလဲ တည်တည်ငြိမ်ငြိမ်နဲ့ တစ်ခွန်းထဲ ပြန်ပြောလိုက်ပါတယ်..။ “ ဟုတ်ပါတယ်..။ လူတွေဟာ သူတို့မှာ မရှိတာကိုယူတတ်ကြတာပါပဲ” တဲ့ဗျာ..။ ကောင်းရော။
အဲဒီ ပါမောက္ခဟာ ဂန္ဒီကို ဘယ်လို လက်စားချေရမလဲ ပဲ စောင့်နေခဲ့တယ်..။ စာသင်ခန်းထဲမှာလဲ မနိုင်..။ စာမေးပွဲစစ်တော့လဲ ဂန္ဒီက အားလုံးဖြေနိုင်..။ မကြေမချမ်းနဲ့ ဂန္ဒီရဲ့ အဖြေလွှာပေါ်မှာ Idiot ဆိုပြီး ပါမောက္ခက ရေးလွှတ်လိုက်တယ်..။ အဲဒီ အဖြေလွှာ ဂန္ဒီ့လက်ထဲ ပြန်ရောက်တော့ ပြောမပြနိုင်လောက်အောင်ကို ဒေါသထွက်တာပေါ့.။ ဒါပေမယ့် ဂန္ဒီပဲလေ.. ခေသူမှ မဟုတ်တာ..။ သူ့ကိုသူ တည်ငြိမ်သွားအောင် ပြုပြင်လိုက်ပြီး ဂန္ဒီက ပါမောက္ခ A ရှိရာကို ထသွားလိုက်ပါတယ်..။ ပြီးတော့သူ့ရှေ့တည့်တည့် ရောက်တော့မှ .. “ပါမောက္ခကြီး .. ကျွန်တော့်စာရွက်ပေါ်မှာ ခင်ဗျားနာမည်ကိုတော့ လက်မှတ်ထိုးလိုက်ပါရဲ့ ဒါပေမယ့် အဆင့်ဘယ်လောက် ဆိုတာ သတ်မှတ်မပေးလိုက်ဘူး ဗျ” လို့ ပြောလိုက်ပါသတဲ့..။ ပါမောက္ခ A ရဲ့ ဖြူဆွတ်ဆွတ် မျက်နှာဟာ နီရဲသွားပါလေရော..။
(၂၀၁၄ အောက်တိုဘာ ၁၅ ရက်နေ့က Dave Wailer တင်ထားတဲ့ ပို့စ်ကို ကိုထွန်း Tun Thura Thet က သူ့ wall ပေါ်မှာ Share ထားပါတယ်.။ အဲဒါကို မျှ ယူလာပြီး ဆီလျော်အောင် ပြန်ဆိုပါတယ်)
credit Koung Loon
#သုတဇုန်
www.thutazone.com
တနေ့မှာ တက္ကသိုလ်ရဲ့ ထမင်းစားခန်းထဲမှာ ပါမောက္ခ A နေ့လည်စာစားနေတုန်း ဂန္ဒီရောက်လာပါတယ်..။ သူ့ရဲ့ ထမင်းပုဂံကို သယ်လာပြီး ပါမောက္ခ A ရဲ့ဘေးမှာ ဝင်ထိုင်လိုက်ပါတယ်..။ အဲဒီ အချိန်မှာ ပါမောက္ခ A က ဂန္ဒီကို
“မစ္စတာဂန္ဒီ.. ငှက်တစ်ကောင်ဟာ ဝက်တစ်ကောင်နဲ့ နေ့လည်စာ အတူစားလေ့မရှိဘူးဗျ” လို့ ပြောလိုက်ပါသတဲ့..။ ဂန္ဒီကလည်း တုန့်ဆိုင်းမနေပဲ.. “သြော် .. ဟုတ်ကဲ့ ပါမောက္ခ A ကျွန်တော် ပျံသန်းသွားပါတော့မယ်ခင်ဗျ”
ဆတ်ဆတ်ခါသွားတဲ့ ပါမောက္ခ A က နေနှင့်ဦးပေါ့ ဂန္ဒီရာ.. လို့ကြိမ်းဝါးခဲ့ပုံရပါတယ်.
“မစ္စတာဂန္ဒီ.. လမ်းသွားရင်းနဲ့ လမ်းပေါ်မှာ အထုပ်နှစ်ထုပ် ကျနေတာကိုတွေ့တယ်..။ တစ်ထုပ်ထဲမှာ ပိုက်ဆံတွေပါပြီး.. နောက်တစ်ထုပ်ထဲမှာ ဗဟုသုတ အသိပညာတွေပါတယ်..။ ခင်ဗျား တစ်ခုပဲ ယူရမယ် ဆိုရင် ဘာယူမလဲ”
ထုံးစံအတိုင်းပဲ ဂန္ဒီက “ပိုက်ဆံပါတဲ့ အထုပ်ကို ယူမှာပေါ့ ဗျ” လို့ မဆိုင်းမတွ ပြန်ဖြေတဲ့ အခါ ပါမောက္ခက စဉ်းလဲစွာပြုံးလိုက်ပြီး “ ကျွန်တော်သာ ခင်ဗျားနေရာမှာ ဆိုရင်တော့ ဗဟုသုတ အသိပညာတွေပါတဲ့ အထုပ်ကိုပဲယူမယ်” လို့် ခနဲ့တဲ့တဲ့ ပြောပါသတဲ့..။ ဂန္ဒီကလဲ တည်တည်ငြိမ်ငြိမ်နဲ့ တစ်ခွန်းထဲ ပြန်ပြောလိုက်ပါတယ်..။ “ ဟုတ်ပါတယ်..။ လူတွေဟာ သူတို့မှာ မရှိတာကိုယူတတ်ကြတာပါပဲ” တဲ့ဗျာ..။ ကောင်းရော။
အဲဒီ ပါမောက္ခဟာ ဂန္ဒီကို ဘယ်လို လက်စားချေရမလဲ ပဲ စောင့်နေခဲ့တယ်..။ စာသင်ခန်းထဲမှာလဲ မနိုင်..။ စာမေးပွဲစစ်တော့လဲ ဂန္ဒီက အားလုံးဖြေနိုင်..။ မကြေမချမ်းနဲ့ ဂန္ဒီရဲ့ အဖြေလွှာပေါ်မှာ Idiot ဆိုပြီး ပါမောက္ခက ရေးလွှတ်လိုက်တယ်..။ အဲဒီ အဖြေလွှာ ဂန္ဒီ့လက်ထဲ ပြန်ရောက်တော့ ပြောမပြနိုင်လောက်အောင်ကို ဒေါသထွက်တာပေါ့.။ ဒါပေမယ့် ဂန္ဒီပဲလေ.. ခေသူမှ မဟုတ်တာ..။ သူ့ကိုသူ တည်ငြိမ်သွားအောင် ပြုပြင်လိုက်ပြီး ဂန္ဒီက ပါမောက္ခ A ရှိရာကို ထသွားလိုက်ပါတယ်..။ ပြီးတော့သူ့ရှေ့တည့်တည့် ရောက်တော့မှ .. “ပါမောက္ခကြီး .. ကျွန်တော့်စာရွက်ပေါ်မှာ ခင်ဗျားနာမည်ကိုတော့ လက်မှတ်ထိုးလိုက်ပါရဲ့ ဒါပေမယ့် အဆင့်ဘယ်လောက် ဆိုတာ သတ်မှတ်မပေးလိုက်ဘူး ဗျ” လို့ ပြောလိုက်ပါသတဲ့..။ ပါမောက္ခ A ရဲ့ ဖြူဆွတ်ဆွတ် မျက်နှာဟာ နီရဲသွားပါလေရော..။
(၂၀၁၄ အောက်တိုဘာ ၁၅ ရက်နေ့က Dave Wailer တင်ထားတဲ့ ပို့စ်ကို ကိုထွန်း Tun Thura Thet က သူ့ wall ပေါ်မှာ Share ထားပါတယ်.။ အဲဒါကို မျှ ယူလာပြီး ဆီလျော်အောင် ပြန်ဆိုပါတယ်)
credit Koung Loon
#သုတဇုန်
www.thutazone.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။