ယောက်ျားနဲ့မိန်းမကြား မတူညီသော အမူအကျင့်လေးများ
========================== ========
၁။ မိန်းကလေးရဲ့ ဦးနှောက်ထဲမှာရှိတဲ့ လူမှုဆက်ဆံရေး center က ယောက်ျားတွေထက် ကောင်းမွန်တာကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ ယောက်ျားတွေထက် သာလွန်ပါတယ်။
မိန်းမသားတွေဟာ စကားလုံးတွေရဲ့ အတိမ်အနက် ကို အကဲခတ်နိုင်စွမ်းရှိတယ်။ တစ်ဦးတစ်ယောက်ဘာစကားပြောရင် ဘယ်လို စိတ်သဘောထားရှိတယ်ဆိုတာတက အစ အကဲခတ်နိုင်ပါတယ်။ ပြီးရင် လူတွေရဲ့ အမူအယာတွေကနေတစ်ဆင့် ဘာမှ မပြောဘဲနဲ့တောင် အဲဒီလူဘာဖြစ်နေလဲ ဆိုတာ အကဲခတ်နိုင်စွမ်းရှိကြပါတယ် ။
၂။ နောက်တစ်ချက်ကတော့ ပြသနာတစ်ခုဖြစ်လာရင် ယောက်ျားတွေက တစ်ယောက်တည်း အေးအေးဆေးဆေး ဖြေရှင်းချင်သလောက် မိန်းမတွေကတော့ အများနဲ့ တိုင်ပင်ချင်ကြပါတယ်။ တစ်ခုခုဆို သူများရဲ့ ထောက်ခံအားပေးမှုရမှ ဆုံးဖြတ်လုပ်ကိုင် လိုကြပါတယ်။ ဒီလိုကိစ္စတွေကို ယောက်ျားတွေနဲ့ တိုင်ပင်တဲ့အခါ ပေါ့ပေါ့တန်တန် တုန့်ပြန်လိုက်တဲ့ စကားတစ်ခွန်းကြောင့် အံ့သြရတာတွေလည်း အကြိမ်ကြိမ်ပါပဲ။
၃။ တတိယ အချက်ကတော့ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်
ကို စပြီး စိတ်ဝင်စားတာဟာ သူမရဲ့ ရုပ်ရည်ရူပကာ အပေါ်မှာ အများကြီး မူတည်နေပါတယ်။ မိန်းကလေးတွေကျတော့ ယောကျာ်းတစ်ယောက်ကို ကြိုက်ပြီဆိုရင် ထိုသူ၏ ရုပ်ပိုင်းဆိုင်ရာကို ထည့်စဉ်းစားသလို အခြား လိုအပ်တဲ့ လက်ရုံးရည် နှလုံးရည်တွေကိုလည်း ထည့်သွင်း စဉ်းစားလေ့ရှိပါတယ်။
၎။ နောက်ထပ် တစ်ခုကတော့ မိန်းမတွေဟာ ဘယ်လိုပဋိပက္ခမျိုးကို မဆို ယောက်ျားတွေလိုမျိုး စိတ်လိုက်မာန်ပါ မဖြေရှင်းတာပါပဲ။ မိခင်စိတ်အခံရှိတာကြောင့် နှလုံးသားလေးတွေ နူးညံ့ပြီး အရာအားလုံးကို အေးချမ်းစေဖို့ မေတ္တာရှေ့ထားဖြေရှင်းတဲ့ အခါ ကြီးကြီးမားမားပြသနာဆိုတာ သူတို့အတွက် နည်းပါးသွားတာပေါ့။
၅။ နောက်ဆုံးတစ်ချက်ကတော့ ကိစ္စတစ်ခုခု ဆုံးဖြတ်တော့မယ်ဆို ယောက်ျားတွေက ဦးနှောက်နဲ့ ကျိုးကြောင်းဆီလျော်မှုကို အဓိကထား ဆုံးဖြတ်ပြီး မိန်းမတွေကကျတော့ ရင်ထဲမှာ ခံစားနေရတဲ့ လတ်တလော ခံစားချက်တွေကို ဦးစားပေး ဆုံးဖြတ်တတ်ကြတယ်။
Credit to ဂန္တ၀င်မဂ္ဂဇင်း
K.K(ကနောင်)
==========================
၁။ မိန်းကလေးရဲ့ ဦးနှောက်ထဲမှာရှိတဲ့ လူမှုဆက်ဆံရေး center က ယောက်ျားတွေထက် ကောင်းမွန်တာကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ ယောက်ျားတွေထက် သာလွန်ပါတယ်။
မိန်းမသားတွေဟာ စကားလုံးတွေရဲ့ အတိမ်အနက် ကို အကဲခတ်နိုင်စွမ်းရှိတယ်။ တစ်ဦးတစ်ယောက်ဘာစကားပြောရင်
၂။ နောက်တစ်ချက်ကတော့ ပြသနာတစ်ခုဖြစ်လာရင် ယောက်ျားတွေက တစ်ယောက်တည်း အေးအေးဆေးဆေး ဖြေရှင်းချင်သလောက် မိန်းမတွေကတော့ အများနဲ့ တိုင်ပင်ချင်ကြပါတယ်။ တစ်ခုခုဆို သူများရဲ့ ထောက်ခံအားပေးမှုရမှ ဆုံးဖြတ်လုပ်ကိုင် လိုကြပါတယ်။ ဒီလိုကိစ္စတွေကို ယောက်ျားတွေနဲ့ တိုင်ပင်တဲ့အခါ ပေါ့ပေါ့တန်တန် တုန့်ပြန်လိုက်တဲ့ စကားတစ်ခွန်းကြောင့် အံ့သြရတာတွေလည်း အကြိမ်ကြိမ်ပါပဲ။
၃။ တတိယ အချက်ကတော့ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်
ကို စပြီး စိတ်ဝင်စားတာဟာ သူမရဲ့ ရုပ်ရည်ရူပကာ အပေါ်မှာ အများကြီး မူတည်နေပါတယ်။ မိန်းကလေးတွေကျတော့ ယောကျာ်းတစ်ယောက်ကို ကြိုက်ပြီဆိုရင် ထိုသူ၏ ရုပ်ပိုင်းဆိုင်ရာကို ထည့်စဉ်းစားသလို အခြား လိုအပ်တဲ့ လက်ရုံးရည် နှလုံးရည်တွေကိုလည်း ထည့်သွင်း စဉ်းစားလေ့ရှိပါတယ်။
၎။ နောက်ထပ် တစ်ခုကတော့ မိန်းမတွေဟာ ဘယ်လိုပဋိပက္ခမျိုးကို မဆို ယောက်ျားတွေလိုမျိုး စိတ်လိုက်မာန်ပါ မဖြေရှင်းတာပါပဲ။ မိခင်စိတ်အခံရှိတာကြောင့် နှလုံးသားလေးတွေ နူးညံ့ပြီး အရာအားလုံးကို အေးချမ်းစေဖို့ မေတ္တာရှေ့ထားဖြေရှင်းတဲ့ အခါ ကြီးကြီးမားမားပြသနာဆိုတာ သူတို့အတွက် နည်းပါးသွားတာပေါ့။
၅။ နောက်ဆုံးတစ်ချက်ကတော့ ကိစ္စတစ်ခုခု ဆုံးဖြတ်တော့မယ်ဆို ယောက်ျားတွေက ဦးနှောက်နဲ့ ကျိုးကြောင်းဆီလျော်မှုကို အဓိကထား ဆုံးဖြတ်ပြီး မိန်းမတွေကကျတော့ ရင်ထဲမှာ ခံစားနေရတဲ့ လတ်တလော ခံစားချက်တွေကို ဦးစားပေး ဆုံးဖြတ်တတ်ကြတယ်။
Credit to ဂန္တ၀င်မဂ္ဂဇင်း
K.K(ကနောင်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။