Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 31, 2015

အရေတွန့် ခြင်း ကာကွယ်ဖို့

DrMyint Thein added 5 new photos.
အရေတွန့် ခြင်း ကာကွယ်ဖို့
==================
အသက်အရွယ် ရလာတဲ့ သူတွေအတော်များများဟာ
မျက်နှာမှာ အရေးအကြောင်း တွေေ ပ်ါလာလို့ ၊
အသားအရေ ပျော့တွဲလာလို့ မှန်မကြည့်ချင်တော့အောင် ဖြစ်တတ်ကြပါတယ် ။
မျက်နှာ ၊ လည်ပင်း ၊ နဲ့ လက် တွေမှာ ဖြစ်တာက ပိုထင်ရှားပါတယ် ။
အရေးအကြောင်း ဖြစ်ရခြင်းက အသက်အရွယ်ကြီးရင့်ခြင်းရဲ့ ဖြစ်စဉ်ပါဘဲ ။
အရေပြားက တွယ်ဆက်တစ်ရှုး ( connective tissue ) မှာ ကော်လာဂျင် ( collagen ) နဲ့
အီလတ်စတင် ( elastin ) ဓါတ်များ ပျက်စီး လျော့ပါးလာတဲ့အတွက်
အရေပြား ရှုံ့ တွဲကျ လာခြင်း ဖြစ်တာပါ ။

အသက်ရလာတော့ ဖိုက်ဘရိုဘလပ် ဆဲလ် ( fibroblasts ) များ ယိုယွင်း
လာလို့ collagen နဲ့ elastin ထုတ်လုပ်မှု လျော့သွားလို့ ပါ ။
.
အရွယ်မတိုင်မီ အရေပြား လျော့တွဲ ခြင်းကတော့ နေပူခံရလွန်းခြင်း ၊
ရေကြမ်း လေကြမ်း မြေကြမ်း ပတ်ဝန်းကျင်မှာ နေထိုင်ရခြင်း ၊
ဆေးလိပ်သောက်ခြင်း ၊ စိတ်ထိစီးခြင်း ၊ ရောဂါကြောင့် ပိန်ခြုံးခြင်း ၊
ဆေးဝါးများကြောင့်ဖြစ်ခြင်း ၊ ဗီတာမင် အီးဓါတ် ချို့ တဲ့ခြင်း နဲ့
မျိုးရိုးလိုက်ခြင်းတို့ကြောင့် ဖြစ်ပါတယ် ။
.
ပြုပြင်ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းများ ကို တင်ပြပါ့မယ် ။
.
1. Olive Oil သံလွင်ဆီ
သံလွင်ဆီမှာ ဗီတာမင် A , ဗီတာမင် E ကြွယ်ဝပါတယ် ။
၎င်း ဗီတာမင်များက ဓါတ်တိုးခြင်းကို ကာကွယ်နိုင်စွမ်း ရှိတာကြောင့်
အရေပြား ပျက်ဆီးခြင်းကို တားဆီးနိုင်ပါတယ် ။
- - သံလွင်ဆီ နဲ့ အရေပြားကို မှန်မှန်နှိပ်နယ်ပေးပါက အရေပြားဆဲလ်များ
ပွားများ ရှင်သန်စေပါတယ် ။
- - သံလွင်ဆီ ၊ ပျားရည် နဲ့ အလှဆီ ( glycerin ) အနည်းငယ်စီ တို့ ကို သမအောင်မွှေပြီး
တနေ့ ၂ ကြိမ် အရေပြားကို လိမ်းကျံ နှိပ်နယ် ပေးပါက အသားအရေ
တင်းရင်းလာစေပါတယ် ။
.
2 . Aloe Vera ရှားစောင်း လက်ပတ်
ရှားစောင်းလက်ပတ် တွင် မဲလစ်အက်ဆစ် ( malic acid ) ပါရှိပါတယ် ။
၎င်း အက်ဆစ်က အသားအရေ တင်းရင်းစေပါတယ် ။
အရေးအကြောင်း ပျောက်စေပါတယ် ။
- - ရှားစောင်းလက်ပတ် အနှစ် ( gel ) လတ်လတ်ဆတ်ဆတ် ကို မျက်နှာမှာ လိမ်းကျံပြီး
မနစ် ၂၀ မျှ ထားပြီးမှာ ရေနွေးနွေး နှင့် မျက်နှာသစ်ပေးရပါမယ် ။
- - ရှားစောင်းလက်ပတ် အနှစ် ကို ဗီတာမင် E နှင့် သမအောင် မွှေပြီး လိမ်းလည်း ရပါတယ် ။
နာရီဝက်ထားပြီး ရေနွေးနွေး နှင့် မျက်နှာ သစ်ရပါမယ် ။
.
3 . Ginger ဂျင်း
ဂျင်းတွင် ဓါတ်တိုးကာကွယ်ပစ္စည်းများပါ ပါတယ် ။
အရေပြားမှ အလတ်စတင် ( elastin ) ပျက်ဆီးခြင်း ကို တာဆီးနိုင်သဖြင့်
အရေပြား တင်းရင်းခြင်းကို ထိန်းသိမ်းပေးပါတယ် ။
ခြစ်ထားသော ဂျင်း အနည်းငယ် ကို ပျားရည် ၁ ဇွန်း နှင့် ရော၍ မနက်တိုင်း
စားပေးရပါတယ် ။
ဂျင်း ရေနွေးကြမ်း တနေ့ ၂ ကြိမ် သောက်နိုင်ပါတယ် ။
.
4 . Bananas ငှက်ပျောသီး
ငှက်ပျောသီးတွင် ဗီတာမင် ၊ သတ္တုဓါတ် ၊ ဓါတ်တိုးကာကွယ်ပစ္စည်း ကြွယ်ဝစွာ
ပါဝင်ပါတယ် ။
- - ငှက်ပျောသီးမှည့်မှည့် ၂ လုံးကို စိစိပါအောင် ချေပါ ။ တွန့်နေသော
အရေပြားပေါ် လိမ်းကျံပါ ။
နာရီ ၀က်ထားပြီးမှ ရေနွေးနွေး နှင့် မျက်နှာ သစ်ရပါမယ် ။
- - ငှက်ပျောသီးမှည့် ၁ လုံး ၊ ထောပတ်သီး ၊ ပျားရည် အနည်းငယ် တိုကို ရောချေပါ ။
တွန့် သော အရေပြားပေါ် လိမ်းကျံပါ ။ မိနစ် ၂၀ ထားပြီး မှ မျက်နှာသစ်ပါ ။
ဤနည်းများကို တပတ် ၂ ကြိမ်လုပ်ပါက အရေးအကြောင်းများ ပျောက်၍
နုပျိုလာစေပါတယ် ။
.
5 . Carrots မုံလာဥ၀ါ
မုန်လာဥ၀ါ တွင် ဗီတာတာမင် A များစွာပါဝင်ပါတယ် ။
ဗီတာမင် A က ကော်လာဂျင် ( collagen ) ထုတ်လုပ်မှုကို အားပေးပါတယ် ။
ထို့ ကြောင့် အသားအရေ ချောမွေ့ စေပါတယ် ။
- - မုံလာဥ၀ါ ၂ လုံးကို နူးအိအောင် ပြုတ်ပါ ။ ပျားရည် သင့်အောင်ထည့်ပြီး သမအောင် မွှေပါ ။
၎င်း အနှစ်ကို မျက်နှာပေါ် လိမ်းကျံပါ ။ နာရီဝက်ထားပြီးမှာ ရေနွေးနွေး နှင့်
မျက်နှာသစ်ရပါမယ် ။
- - မုံလာဥ၀ါ ၁ လုံးကို မွှေစက်နှင့် ဖျော်၍ ၊ ပျားရည် ဆတူ ထဲ့ မွှေ ပါ ။
မနက် ၁ ကြိမ် ည ၁ကြိမ် လိမ်းပါ ။
၁၀ မိနစ်ထားပြီး မျက်နှာသစ်ပါ ။
- - မုန်လာဥ၀ါ အစိမ်းလည်း စားနိုင်ပါတယ် ။
.
6 . Lemon Juice လီမွန်ဖျော်ရည်
- - လီမွန်ဖျော်ရည်သည် စီးထရစ်အက်ဆစ် ( citric acid ) ကြွယ်ဝပါတယ် ။
အရေပြားမှ ဆဲလ်သေများကို ဖယ်ရှားပေးပါတယ် ။
- - မျက်နှာသစ်ရာတွင်လည်း အသုံးပြုနိုင်ပါတယ် ။
အရေးအကြောင်းများ ၊ အတွန့်များ ၊ အမည်းစက်များ ကို ပျောက်စေပါတယ် ။
.
7 . Pineapple နာနတ်သီး
နာနတ်သီးတွင်ပါသော အင်ဇိုင်းက အသားအရေ တင်းအားကို ကောင်းစေသလို ၊
အရေပြား ခြောက်သွေ့ ခြင်းကိုလည်း ပျောက်စေပါတယ် ။
ဆဲလ်သေများကိုလည်း ဖယ်ရှားပေးပါတယ် ။
နာနတ်သီးတွင် ဖိုင်ဘာဓါတ် ၊ ဓါတ်တိုးကာကွယ်ဓါတ် ၊ ဗီတာမင်တို့ လည်းပါဝင်သဖြင့်
အသားအရေ စိုပြေစေပါတယ် ။
- - လတ်ဆတ်သော နာနတ်သီး နှင့် အရေပြားကို ပွတ်ပေးရပါမယ် ။
မိနစ် ၂၀ ကြာမှ ဆေးကြောရပါမယ် ။
- - အရည်ညှစ်ပြီး အသားကို လိမ်းကျံနိုင်ပါတယ် ။ နေ့ စဉ် လိမ်းကျံနိုင်ပါတယ် ။
၅ မိနစ်မျှ ထားပြီး ဆေးကြောနိုင်ပါမယ် ။
.
8 . Water ရေ
အလွယ်နည်းကတော့ ရေသောက်ခြင်း ဖြစ်ပါတယ် ။
ရေသောက်ခြင်းဖြင့် ခန္ဓာကိုယ် ရေဓါတ်ပြည့်ဝစေပြီး ၊ အသားအရေ စိုပြေစေပါတယ် ။
.
ဇရာ ကို မတားနိုင်တာမှန်ပေမယ့်
သတိလေးနဲ့ ထိန်းသိမ်းရင်း
လှပစွာ အိုမင်းနိုင်ဖို့ ဖြစ်ပါတယ် ။
.
ကျန်းမာချမ်းသာကြပါစေ ခင်ဗျား
ဒေါက်တာမြင့်သိန်း
31 October 2015

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။