"ကွက်လပ်"
ဒီကောင်လေးရဲ့ အမူအရာကို အစရောက်ကတည်းက ကျွန်တော် ထူးထူးခြားခြား သတိထားမိသည်။ (၇)နှစ်ကျော်ကျော် အရွယ်ရှိ ကောင်လေးရဲ့ မျက်နှာကျပုံက ချစ်မွှေးပါသလောက် ဂျစ်ကန်ကန် နိုင်လှသည်။ ကျွန်တော်နှင့် အရွယ်တူလောက် ရှိမည့် ကောင်လေးရဲ့ ဦးလေးဆိုသူက ဂုတ်ကိုဆွဲပြီး ခေါ်လာကာ ကောင်လေးက ဒရွတ်တိုက် လိုက်ပါလာခြင်း ဖြစ်သည်။ ထို့နေ့က ကျွန်တော့် အိမ်ရှေ့ တံခါးဝကို ရုတ်တရက် တွန်းဖွင့် လိုက်ခြင်းကြောင့် ကျွန်တော်ပင် အလန့်တကြား ဖြစ်သွားခဲ့ရသည်။ မျက်နှာထား တင်းတင်းဖြင့် ၀င်လာသည့် ကောင်လေးရဲ့ ဦးလေးက အိမ်ထဲ ၀င်ဝင်လာခြင်းပဲ-
“ဆရာရေ…ကျူရှင်ကို သတိထားမိတာ ကြာပါပြီ။ ဒီကောင် ဂျစ်တိုက်ပြီး မလာဘူး လုပ်နေတာနဲ့ မအပ်ဖြစ်ဘဲ ကြာနေတာ။ ပြောမရရင်တော့ ဆော်သာဆော်ပစ်။ ကျွန်တော်တို့ကို ဘာမှ အကြောင်းကြား နေစရာမလိုဘူး။”
ပြောပြောဆိုဆိုနဲ့ ကောင်လေးရဲ့ ဦးလေး တော်စပ်သူအဖြစ် သူ့ကိုယ်သူရော၊ ကောင်လေးနဲ့ရော စတင် မိတ်ဆက်ရင်း ကောင်လေးနှင့် ကျွန်တော် ရေစက် စဆုံခဲ့ကြသည်။
“Stars & Sky မူလတန်း တန်းစုံ စာသင်ဝိုင်း”
အဖြူရောင် သင်္ဘောဆေး သုတ်လိမ်းထားသော နောက်ခံ သစ်သားပြားပေါ်တွင် အပြာရောင် စာလုံးများဖြင့် ဖောက်ထားသော ကျွန်တော့်ရဲ့ ကျူရှင် ဆိုင်ပုဒ်ကလေးသည် ဒီရပ်ကွက်ကလေး အတွင်းတွင် လူမသိသူမသိ ရှိနေခဲ့ရာမှ တစ်လခန့် အကြာတွင် ပထမဆုံး ဈေးဦးပေါက် ကလေးတစ်ယောက် ရောက်ရှိလာခြင်းဖြစ်သည်။ ကျောင်းပြီးစ ဘွဲ့ရ အလုပ်လက်မဲ့ ကျွန်တော့်အဖို့ ကုသိုလ်လဲရ ၀မ်းလည်းဝသည့် အလုပ်ကို ရွေးချယ်မိခြင်းဟုပင် ကိုယ့်ကိုယ်ကို ကြံဖန်ဂုဏ်ယူ နေမိသည်ကိုလဲ ဆိုင်းပုဒ်ကလေး စတင် ချိတ်ဆွဲသည့်နေ့က ဖြစ်ပေါ်မိသေးသည်။
တကယ်တမ်း လက်တွေ့မှာ စိတ်ကူးယဉ်သလောက် မလွယ်မှန်း ကျွန်တော် သိလာရသည်။ ဒီရပ်ကွက်ကလေးရဲ့ သူစိမ်းပြင်ပြင် ကျူရှင်ဆရာ တစ်ဦးအဖို့ မိဘများအနေနဲ့ အခြေအနေကို စူးစမ်းနေသေးတာလဲ ဖြစ်နိုင်သေးတာပဲလေ ဆိုတဲ့ အားပေးစိတ်က စိတ်ပျက်သိမ်ငယ်စိတ်ကို တွန်းလှန်တိုက်ဖျက်ရင်း ပထမဆုံး ဈေးဦးပေါက် ကလေးတစ်ယောက် ရရှိသည့်နေ့ကဆိုလျှင် ပျော်ရွှင်လွန်းလို့ မြေကြီးနှင့် ခြေထောက်ပင် လွတ်ချင်သလိုလို။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ခြေတစ်လှမ်းကို အချိန် ကာလတို အတွင်း လှပစွာ စိုက်ထူ လျှောက်လှမ်း နိုင်ခဲ့ပါသည်။
ရပ်ကွက်အတွင်း ဂျစ်တစ်တစ်ပုံစံ တတိယတန်းကျောင်းသား ကောင်လေးတစ်ဦးဖြင့် စတင်ဈေးဦးပေါက်ခဲ့သော ကျွန်တော်သည် နာမည်အရင်းပါ ပျောက်ပြီး၊ ကောင်လေးရဲ့ အိမ်နာမည် “လုံးလုံး”ကို အစွဲပြုပြီး “လုံးလုံးရဲ့ ဆရာ”ဟု လူသိများ လာရသည့် အထိပင်။ ကျွန်တော့်ကျူရှင် ရောက်ပြီးမှ ကောင်လေးရဲ့ အခြေအနေကလဲ သိသိသာသာ ထူးခြားလာသည်။ ကျောင်းစာတွေ မှန်မှန် လိုက်လုပ်သည်။ ပြောစကားလဲ နားထောင်လာသည်။ အရင်လိုလဲ ဂျစ်တိုက်တာတွေ သိပ်မရှိတော့။ သူ့အိမ်မှာ ဆိုးသလောက် ကျွန်တော့်ဆီရောက်လျှင် ချစ်စဖွယ် စကားတွေပြောပြီး ကျွန်တော်နှင့် ဓာတ်တည့် နေပေတော့သည်။ ပိုပြီး ထူးခြားသည်မှာ သူ့တွင် ပန်းချီအနုပညာ အရည်အသွေး ကောင်းကောင်း ရှိနေခြင်းပင်။
ပုံနှိပ်စာအုပ်ထဲက အရုပ်ကလေးများကို တစ်ထပ်တည်းတူအောင် ဆွဲနိုင်သည်။ ကျွန်တော်ကိုယ်တိုင်လဲ ပန်းချီဆွဲ ၀ါသနာပါသည်မို့ တိုက်တိုက်တွန်းတွန်း အားပေးဖြစ်သည်။ ကျွန်တော့်ရဲ့ အားပေးမှု၊ ကောင်လေးရဲ့ ကြိုးစားမှုတို့ဖြင့် ကျွန်တော့်ရဲ့ စာသင်ခန်းလေး၏ နံရံလေးဘက်စလုံးသည် ကောင်လေးရဲ့ အသက်ဝင်လှသည့် ခဲရောင်စုံခြစ် စုတ်ချက်ပေါင်းများစွာဖြင့်
နေရာယူ အလှဆင်ထားသည်မှာ စိတ်ချမ်းမြေ့စရာ။ ကောင်လေး၏ လက်ရာကလေးများသည်
ကျွန်တော့် စာသင်ခန်းမှ တစ်ဆင့်၊ ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊
ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့်ထိ တက်လှမ်းနိုင်ခဲ့သဖြင့်
ဂျစ်ကန်ကန်ကလေး၏ အောင်မြင်မှုသည် ကျွန်တော့်ရဲ့ အောင်မြင်မှုအဖြစ်
တိုက်ရိုက်အချိုးကျ ဆက်စပ်ခဲ့နိုင်ခြင်းပင်။ ရပ်ကွက်အတွင်း မျက်နှာပန်း
လှခဲ့ခြင်းပင်။
ထို့နေ့ကိုတော့ ကျွန်တော့်ဘ၀ရဲ့ သက်တမ်းတစ်လျှောက်တွင် ဘယ်လိုမှ မေ့ဖျောက်လို့ ရမည်မထင်ပေ။ ဒဏ်ရာ ကျန်ခဲ့ခြင်းလား၊ တစ်ခုခု ပျောက်ဆုံးခြင်းလား၊ ဒါမှမဟုတ် တစ်စုံတစ်ရာကို ဖြည့်ဆည်းပေး နိုင်ခဲ့ခြင်းလား ဆိုတာကိုတော့ ကျွန်တော် မဝေခွဲ နိုင်သေးပေ။ မှတ်မှတ်ရရ ကောင်လေးရော၊ ကျွန်တော်ရော နှစ်ဦးစလုံး စိတ်ရော၊ ကိုယ်ပါ ပင်ပန်းလွန်း ခဲ့ကြခြင်းပင်။ ကမ္ဘာ့အထိမ်းအမှတ် နေ့တစ်နေ့အတွက် ပန်းချီပြိုင်ပွဲဝင်ရန် ကျောင်းမှ ကောင်လေးကို ရွေးချယ်လိုက်ခြင်းမှ အစပြုခဲ့ခြင်း ဖြစ်သည်။ အအိပ်ပျက်၊ အစားပျက်ဖြင့် စိတ်ကူးပုံဖော်ရမည့် ပြိုင်ပွဲဝင် စုတ်ချက်လှလှကို ကောင်လေးရော ကျွန်တော်ပါ အတော် ခေါင်းစားခံပြီး ကြိုးစားပမ်းစား ဖန်တီးခဲ့ကြသည်။
ပြိုင်ပွဲပြီးသည့်နေ့က ပန်းချီပြိုင်ပွဲ ခန်းမအတွင်းမှ အပြေးကလေး ပြေးထွက်လာသော ကောင်လေးရဲ့ ပေါ့ပေါ့ပါးပါး ပျော်ရွှင်နေသည့် ပုံရိပ်သည် ပီဘိ အပြစ်ကင်းစင် လွန်းလှသည်။ ပင်းပန်းလွန်လို့ ထင်ပါသည်။ အငှားကားစီးရင်း ကျွန်တော့်ပေါင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်လာသည်။ အိမ်ရောက်သည့်အခါ လှုပ်နှိုးလို့ပင် မရတော့သဖြင့် ကျွန်တော်ပွေ့ချီပြီး မယူရသည် အထိပင်။ ထို့နေ့က ကောင်လေးတစ်ယောက် သူ့အိမ်မပြန်ဖြစ်ဘဲ ကျွန်တော့်အိမ်မှာပင် အိပ်ဖြစ်သည်။
၀၀ဖြူဖြူလုံးလုံးနှင့် နာမည်လိုက်သည့် ဂျစ်ကန်ကန် ကလေးငယ်သည် ကျွန်တော့် ပုံသွင်းမှုအောက်တွင် ယခုလောက်ထိ ထူးချွန်လာလိမ့်မည်ဟု ကျွန်တော်ကိုယ်တိုင်ပင် မထင်မိခဲ့ပေ။ ကောင်လေးရဲ့ ဦးလေးပြောပြချက်အရ ကောင်လေးတွင် အဖေမရှိတော့။ သိပ်ချမ်းသာသော အဖေဘက်က ကောင်လေးအမေကို သဘောမတူသဖြင့် လသားအရွယ်ကပင် လျော်ကြေးပေးပြီး အတင်းခွဲကွာ ပစ်လိုက်သည်ဟု ဆိုသည်။ ကောင်လေး အမေကိုတော့ တစ်ခါတစ်ခါမှသာ တွေ့မိသည်။ ပညာရေးကို အားပေးသော ကောင်လေးတို့ အမေဘက်ကလဲ ကျောင်းမပြီးခင် ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပြုပြီး၊ တစ်ခုလပ် သားသည်အရွယ် ကောင်လေးရဲ့အမေ အပေါ်တွင်လဲ သိပ်ပြီး ကြည်လင်ပုံမရချေ။ ကြင်ကြင်နာနာ ဆက်ဆံပုံမရချေ။ ရှက်တာလဲ ပါမည်ထင်ပါသည်။
ဘာကြောင့်မှန်း သေသေချာချာ မသိသော်လဲ ကောင်လေးနှင့် ပတ်သက်သည့် အရေးကိစ္စများ အတွက်ကိုမူ ကောင်လေးအိမ်က လှိုက်လှိုက်လှဲလှဲ သိပ်မရှိ လှသည်ကိုတော့ ကျွန်တော် သတိထားမိသည်။ ကျွန်တော့်စိတ်ကပဲ ထင်နေသည်လားတော့ မပြောတတ်ပါ။ မေတ္တာဆိုသည်မှာ အကောင်အထည်ဖြင့် ပြလို့မရသော်ငြား၊ အသွားအပြန် ရှိနေသည်မှာ သေချာသည်။ ကောင်လေးအဖေရဲ့ လုပ်ရက်ကို မုန်းလို့ ကောင်လေးရဲ့ အမေကိုပါ ပစ်ပယ်သည်။ ကောင်လေးကိုလဲ နှစ်နှစ်ကာကာ မရှိတော့။ တန်ပြန် သက်ရောက်မှု တွေလားတော့ မသိချေ။
ကောင်လေးကလဲ သူ့အိမ်မှာဆို တစ်ခု မဟုတ် တစ်ခု ပြဿနာ အမြဲရှာသည်။ ကျွန်တော့်ဆီ ရောက်လျှင်တော့ အားလုံးအိုကေ။ အထွေအထူး ပြောစရာပင် မရှိချေ။ ကြာတော့ သံယောဇဉ်က ပိုတွယ်လာသည်။ နယ်ကလာသူ ကျွန်တော်သည်လဲ အဖော်မရှိသဖြင့် ကောင်လေးသည် ကျွန်တော့်အတွက် ကျောင်းအိပ်ကျောင်းစား တပည့်ငယ်၊ ကစားဖက်၊ ပန်းချီဆွဲဖော်ပင်။ အထူးသဖြင့် ညညဆိုလျှင် ညည့်နက်မှ အိပ်တတ်ပြီး အရွယ်နှင့် မလိုက်အောင် စကားကြီး စကားကျယ်တွေ ပြောသော ကောင်လေးနှင့် ကျွန်တော် အဖွဲ့ကျနေ စမြဲပင်။ အခြား ကလေးများက ကျွန်တော့်ကို "ဆရာ"ဟု ခေါ်သည့်တိုင် ကောင်လေးကတော့ “ဦးဦး” ဟုသာ ခေါ်သည်။
“လုံးလုံးရဲ့ ဆရာ ဖုန်း လာနေပါတယ် ခင်ဗျ”
ရပ်ကွက်တွင်းမှ အခပေး ဖုန်းခေါ်ပေးသည့် အိမ်မှ ဖုန်းခေါ်ပေးသံ။ ကောင်းလေးရဲ့ ဦးလေးထံမှ ဖုန်းဆက်ခြင်းဖြစ်သည်။ ကျွန်တော့် စိတ်ထဲ ထင့်ခနဲ့ ဖြစ်သွားသည်။ ထင်သည့်အတိုင်းပင်။ ကောင်လေး ဆေးရုံတက်ရသည့် သတင်း။ ပြိုင်ပွဲဒဏ်ကြောင့် ထင်ပါသည်။ ပင်ပန်းပြီး ကောင်လေး ဖျားချေပြီ။ နှာခေါင်းသံလေးပါ ကိုယ်လေး နွေးနေပြီး နေသိပ်မကောင်းချင် ဖြစ်နေမှန်း သိသဖြင့် ကျွန်တော်ကိုယ်တိုင်ပင် ကောင်လေးရဲ့ ဦးလေးကို ဆေးခန်းသွားပြပေးဖို့ တိုက်တွန်း လိုက်ခြင်းပင်။ မိုးရာသီတွင် ကလေးများ အဖြစ်များတတ်သည့် သွေးလွန် တုပ်ကွေးသည် ကြောက်စရာ ကောင်းလွန်း လှသည်လေ။ ကျွန်တော် ထင်သည့်အတိုင်းပင် ကောင်လေးကို ဆရာဝန်က သွေးလွန်တုပ်ကွေးဟု သံသယဖြစ်ပြီး ဆေးရုံချက်ချင်း တက်ခိုင်းတော့သည်။
ဆေးရုံရောက်တော့ ငှက်ဖျားဟု သံသယ ထပ်ဝင်ပြန်သည်။ သွေးလွန်တုပ်ကွေးလိုလို၊ ငှက်ဖျားလိုလိုမို့ သွေးဖောက်ပြီး စစ်ထားသည်။ အဖြေက ထွက်မလာသေး။ ဆေးရုံတင်လိုက်ရသော နှစ်ရက်အတွင်းမှာပင် ကောင်လေးတစ်ယောက် အရေးပေါ်ဌာန ရောက်သွားတော့သည်။ လက္ခဏာတွေက သွေးလွန်တုပ်ကွေးဟု သိသိသာသာ ပြချိန်တွင် ကောင်လေးမှာ သွေးသွင်းရမည့် အခြေအနေ ရောက်လာတော့သည်။ ကျွန်တော့်ဆီ ဖုန်းဆက်တော့ ကောင်လေး ဆေးရုံတက်သည်မှာ (၃)ရက်သာ ရှိသေးသည်။ သွေး (၆)ပုလင်း လိုသဖြင့် အရေးပေါ် သွေးလှူရှင် ရှာရင်း ကျွန်တော့်ကိုလဲ ကောင်လေးက မေးနေသဖြင့် ဖုန်းဆက်ခေါ်ခြင်းဟု ကောင်လေးရဲ့ ဦးလေးက ရှင်းပြသည်။
ကောင်လေးရဲ့ အခြေအနေမှာ မြန်ဆန်လွန်းလှသဖြင့် ကျွန်တော်မှင်တက် နေမိသည်။ အခြားအတန်းက ကလေးများ စာမေးပွဲ ရှိနေသဖြင့် ကောင်လေးကို ကျွန်တော် လစ်လျူရှူမိသလို ဖြစ်သွားမိခြင်းကိုလဲ စိတ်မကောင်းဖြစ် မိရပြန်သည်။ သွေးလှူရှင်ရှာဖို့ အမြန်ထွက်လာခဲ့ရင်း အသိမိတ်ဆွေတွေကို အကူအညီတောင်းခံရသည်။ ကံကောင်းစွာဖြင့်ပင် ကောင်လေးအတွက် သွေးလှူမည့်သူများ၊ သွေးအမျိုးအစားတူသူများကို အလွယ်တကူပင် ရှာဖွေနိုင်ခဲ့သည်။ ဆေးရုံသို့ ရောက်ချိန်တွင် အရေးပေါ်အခန်း ရောက်နေသဖြင့် ကျွန်တော်တို့ ရုတ်တရက် ၀င်ခွင့်မရချေ။ ၀င်ခွင့်ရချိန်တွင် အလှည့်ဖြင့် ၀င်ရသဖြင့် ကျွန်တော့်ကို ကောင်လေးမိသားစုများက အရင်ဆုံး ၀င်စေသည်။
ကျွန်တော်ရောက်သွားတော့ ကောင်လေးမျက်ဝန်းမှာ အပျော်ရိပ်ကလေးတွေကို သိသိသာသာ တွေ့လိုက်ရသည်။ မျက်နှာလေးတော့ တော်တော်ချောင် ကျသွားသည်။ ရောဂါအခြေအနေမှာ ချက်ချင်းဆိုသလို မြင့်တက်နေသဖြင့် ဆရာဝန်က ရေကိုလဲ ချိန်ဆပြီးတော့သာ တိုက်စေသည်။ အအေးကြိုက်သည့် ကလေးမို့ ကျွန်တော့်ကိုမြင်တော့ အအေးကို အတင်းပူဆာ တော့သည်။ ကျွန်တော့်ဆီ စာလာသင်လျှင် ကျွန်တော်က ကောင်လေးကို အအေး အမြဲတိုက်နေကျပင်။ အထူးသဖြင့် ကျွန်တော်ကိုယ်တိုင် ဖျော်တိုက်သော သံပုရာရည်ကို သိပ်ကြိုက်သည်။
“ဦးဦး…သား…ဆေးရုံက ဘယ်တော့ ဆင်းရမှာလဲ။ သား… ဦးဦး ဖျော်ပေးတဲ့ သံပုရာရည်ကို သောက်ချင်လှပြီ။ ဆေးရုံမှာလဲ မနေချင်တော့ဘူး။ ပန်းချီကားတွေလဲ မပြီးသေးဘူး။ ပန်းချီကား တစ်ချပ်က ဆွဲလက်စကြီး ဖြစ်နေတုန်း ဆေးရုံတက်လိုက်ရတာ ဦးဦးရဲ့…”
အားယူပြီး ပြောနေသော အသံများသည် တော်တော်လေး မောနေမှန်း သိသာလှသည်။ ကျွန်တော် စိတ်မကောင်းလွန်းလို့ မျက်ရည်မကျအောင် မနည်းထိန်းထားရသည်။ သတိထားမိသည်မှာ ကောင်လေးရဲ့အမေ မျက်နှာအမူအရာကိုပင်။ ရုပ်သေ မျက်နှာမျိုးပင်။ ဘာခံစားချက်မှ သိပ်မရှိသလိုပင်။ လောကကြီးထဲက လူတစ်ယောက်ကို စိတ်နာလွန်းသဖြင့် မြေဇာပင်လေး ကောင်လေးကိုပါ ရောပြီး မုန်းတီးလေရောလား။ မဆီမဆိုင်တွေး ဖြစ်လိုက်သေးသည်။ ကျွန်တော့်စိတ်ကပဲ ထင်နေသည်လားတော့ မသိချေ။
“အေးပါကွာ…ဆေးရုံက ဆင်းတာနဲ့ ဦးဦးနဲ့အတူတူ ပန်းချီကားတွေ အများကြီး ဆွဲကြမယ်။ သံပုရာရည်တွေလဲ အားရပါးရ သောက်ကြမယ်နော်။”
ကျွန်တော်က ကောင်လေးရဲ့ ခေါင်းကလေးကို ပွတ်သပ်ပြီး နှစ်သိမ့်ပေးနေမိသည်။ လူနာ လာကြည့်သူများ ပြန်ထွက်ရမည်ဟု ဆိုသဖြင့် ကောင်လေးက ကျွန်တော့်လက်ကို အတင်းဆွဲထားသည်။ ချော့မော့ပြောသော်လည်း မရသဖြင့် နောက်ဆုံးတော့ ခြွင်းချက်အနေဖြင့် ကျွန်တော် နေခွင့်ရသည်။ ညနေပိုင်း ရောက်လာချိန်တွင် သွေး(၃)ပုလင်း သွင်းရသည်။ အခြေအနေက သိသိသာသာကို စိတ်မချချင်စရာ။ ညပိုင်းတွင် နောက်ထပ် သွေး(၃) ပုလင်း ထပ်သွင်းရပြန်သည်။ အခြေအနေက တော်တော် ဆိုးလာသည်။ မျက်လုံးကလေးတွေက သတိလစ်ချင်သလို ဖြစ်နေပြီ။ ဆေးရော၊ သွေးပါ မနားတမ်း သွင်းရသည်။ သွေးလွန်တုပ်ကွေး ရောဂါ၏ ပြုစားချက်သည် တော်တော်ကြောက်စရာ ကောင်းချေသည်။ ကြည့်နေရင်းမှ ၀မ်းမဲမဲတွေ သွားသည်။ အန်ချသည်။ သတိက သိပ်မလည်ချင်တော့။ ကျွန်တော့် လက်ကိုတော့ မလွတ်တမ်း ဆွဲထားသည်။ သတိတစ်ချက် ပြန်လည်ချိန်တွင်…
“သား…လွယ်အိတ်ထဲမှာ ပန်းချီကားတစ်ချပ် ဆွဲထားတာ မပြီးသေးဘူး။ အခု သွားယူပေး။ ဦးဦးနဲ့ အတူတူ ဆွဲမလို့။”
ဗလုံးဗထွေးဖြင့် အားယူပြီး ပြောနေသဖြင့် တော်တော်လေး မောနေသည်။ လူနာစောင့် တစ်ယောက် အမြန် ပြန်ယူပေးရသည်။ ပန်းချီကားကို သေသေချာချာပင် ထုပ်ပိုးပြီး တိတ်ဖြင့် ကပ်ထားသည်။ “တော်တော်စေ့စပ်တဲ့ ကလေးပါလား”လို့ မှတ်ချက် ပြုမိသေးသည်။ ပန်းချီကား ရောက်လာချိန်တွင် သတိတစ်ချက် ပြန်လည်လာပြန်သည်။ ဘုရား…ဘုရား…ဘာမှမဖြစ်ပါစေနဲ့လို့
ဆုတောင်းနေရင်းမှပင် အခြေအနေက မရတော့မှန်း မှန်းဆမိနေသည်။ လူးလှိမ့်နေရာမှ
မျက်လုံးလေး ဖွင့်လာချိန်တွင် ဆေးချယ်ခဲတံကို အတင်းတောင်းနေသည်။
လက်တွေကတော့ မြဲမြဲ မကိုင်နိုင်တော့။ (၆)လက်မသာသာ ကဒ်ထူစက္ကူ ပန်းချီကားကို ဖွင့်ဖောက်လိုက်ပြီး ကောင်လေးရဲ့ ခုတင်ဘေးတွင် ချထားပေးရင်း လက်ကလေးတွေကို ခဲတံကိုင်နိုင်အောင် ထိန်းထားပေးမိသည်။ တုန်ယင်နေသော လက်ချောင်းကလေးများမှာ သတိမလစ်တစ်ချက်၊ လစ်တစ်ချက်တွင် ခဲတံကို လုံးဝ မကိုင်နိုင်တော့ဘဲ ကျွန်တော့်လက်မှ လွတ်ထွက်သွားသည်။ နှုတ်ခမ်းမှ အသံဖျော့ဖျော့လေး တိုးတိုးဟဟ ထွက်ပေါ်လာသည်။
“သားကို အဖေနေရာမှာ ဖြည့်ဆွဲပေးနော်…ဖေဖေ…။”
ကောင်လေးရဲ့ ပန်းချီကားကို ကျွန်တော် အခုမှ သေချာကြည့်မိသည်။ မပီမပြင် ဆွဲထားသော ခဲခြစ်ပန်းချီကားမှာ မိသားစု သုံးယောက်ပုံ ပန်းချီကားလေး။ အဖေရယ်၊ အမေရယ်၊ ကလေးလေးရယ်…။ ပန်းချီကား နောက်ဘက်ကို ယောင်ယောင်နနဖြင့် လှန်ကြည့်မိသည်။ ကောင်လေးရဲ့ ပန်းချီဆန်ဆန် လက်ရေးကလေးဖြင့် ရေးထားသည့် စာကလေး တစ်ကြောင်းကို တွေ့ရသည်။
“ဦးဦးကို တစ်ခါလောက် ဖေဖေလို့ အကျယ်ကြီး ခေါ်ချင်တယ်”
သြော်…ကလေးရယ်...။ ကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာသွားသော ကောင်လေးရဲ့ အသံကို ပဲ့တင်ထပ် ကြားယောင်ရင်း၊ ပါးပြင် နှစ်ဖက်ပေါ်သို့ ခပ်ကြမ်းကြမ်း လိမ့်ဆင်းလာသော မျက်ရည်စများကို လက်ဖမိုးနှစ်ဖက်ဖြင့် အဆီအငေါ်မတည့် ပွတ်သပ်လိုက်မိသည်။ ကျွန်တော့် ရင်တစ်ခုလုံး ပြုတ်ထွက်မတတ် လစ်ဟာသွားလေသည်။
လျှံဇွဲကို (စီးပွားရေးတက္ကသိုလ်)
Yati Magazine (November, 2014)
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်) ဦးစီးသင်ကြားသည့် like emoticon https://www.facebook.com/ GlobalKnowledgeManagementIn stitute/posts/ 414880045373140:0
ဒီကောင်လေးရဲ့ အမူအရာကို အစရောက်ကတည်းက ကျွန်တော် ထူးထူးခြားခြား သတိထားမိသည်။ (၇)နှစ်ကျော်ကျော် အရွယ်ရှိ ကောင်လေးရဲ့ မျက်နှာကျပုံက ချစ်မွှေးပါသလောက် ဂျစ်ကန်ကန် နိုင်လှသည်။ ကျွန်တော်နှင့် အရွယ်တူလောက် ရှိမည့် ကောင်လေးရဲ့ ဦးလေးဆိုသူက ဂုတ်ကိုဆွဲပြီး ခေါ်လာကာ ကောင်လေးက ဒရွတ်တိုက် လိုက်ပါလာခြင်း ဖြစ်သည်။ ထို့နေ့က ကျွန်တော့် အိမ်ရှေ့ တံခါးဝကို ရုတ်တရက် တွန်းဖွင့် လိုက်ခြင်းကြောင့် ကျွန်တော်ပင် အလန့်တကြား ဖြစ်သွားခဲ့ရသည်။ မျက်နှာထား တင်းတင်းဖြင့် ၀င်လာသည့် ကောင်လေးရဲ့ ဦးလေးက အိမ်ထဲ ၀င်ဝင်လာခြင်းပဲ-
“ဆရာရေ…ကျူရှင်ကို သတိထားမိတာ ကြာပါပြီ။ ဒီကောင် ဂျစ်တိုက်ပြီး မလာဘူး လုပ်နေတာနဲ့ မအပ်ဖြစ်ဘဲ ကြာနေတာ။ ပြောမရရင်တော့ ဆော်သာဆော်ပစ်။ ကျွန်တော်တို့ကို ဘာမှ အကြောင်းကြား နေစရာမလိုဘူး။”
ပြောပြောဆိုဆိုနဲ့ ကောင်လေးရဲ့ ဦးလေး တော်စပ်သူအဖြစ် သူ့ကိုယ်သူရော၊ ကောင်လေးနဲ့ရော စတင် မိတ်ဆက်ရင်း ကောင်လေးနှင့် ကျွန်တော် ရေစက် စဆုံခဲ့ကြသည်။
“Stars & Sky မူလတန်း တန်းစုံ စာသင်ဝိုင်း”
အဖြူရောင် သင်္ဘောဆေး သုတ်လိမ်းထားသော နောက်ခံ သစ်သားပြားပေါ်တွင် အပြာရောင် စာလုံးများဖြင့် ဖောက်ထားသော ကျွန်တော့်ရဲ့ ကျူရှင် ဆိုင်ပုဒ်ကလေးသည် ဒီရပ်ကွက်ကလေး အတွင်းတွင် လူမသိသူမသိ ရှိနေခဲ့ရာမှ တစ်လခန့် အကြာတွင် ပထမဆုံး ဈေးဦးပေါက် ကလေးတစ်ယောက် ရောက်ရှိလာခြင်းဖြစ်သည်။ ကျောင်းပြီးစ ဘွဲ့ရ အလုပ်လက်မဲ့ ကျွန်တော့်အဖို့ ကုသိုလ်လဲရ ၀မ်းလည်းဝသည့် အလုပ်ကို ရွေးချယ်မိခြင်းဟုပင် ကိုယ့်ကိုယ်ကို ကြံဖန်ဂုဏ်ယူ နေမိသည်ကိုလဲ ဆိုင်းပုဒ်ကလေး စတင် ချိတ်ဆွဲသည့်နေ့က ဖြစ်ပေါ်မိသေးသည်။
တကယ်တမ်း လက်တွေ့မှာ စိတ်ကူးယဉ်သလောက် မလွယ်မှန်း ကျွန်တော် သိလာရသည်။ ဒီရပ်ကွက်ကလေးရဲ့ သူစိမ်းပြင်ပြင် ကျူရှင်ဆရာ တစ်ဦးအဖို့ မိဘများအနေနဲ့ အခြေအနေကို စူးစမ်းနေသေးတာလဲ ဖြစ်နိုင်သေးတာပဲလေ ဆိုတဲ့ အားပေးစိတ်က စိတ်ပျက်သိမ်ငယ်စိတ်ကို တွန်းလှန်တိုက်ဖျက်ရင်း ပထမဆုံး ဈေးဦးပေါက် ကလေးတစ်ယောက် ရရှိသည့်နေ့ကဆိုလျှင် ပျော်ရွှင်လွန်းလို့ မြေကြီးနှင့် ခြေထောက်ပင် လွတ်ချင်သလိုလို။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ခြေတစ်လှမ်းကို အချိန် ကာလတို အတွင်း လှပစွာ စိုက်ထူ လျှောက်လှမ်း နိုင်ခဲ့ပါသည်။
ရပ်ကွက်အတွင်း ဂျစ်တစ်တစ်ပုံစံ တတိယတန်းကျောင်းသား ကောင်လေးတစ်ဦးဖြင့် စတင်ဈေးဦးပေါက်ခဲ့သော ကျွန်တော်သည် နာမည်အရင်းပါ ပျောက်ပြီး၊ ကောင်လေးရဲ့ အိမ်နာမည် “လုံးလုံး”ကို အစွဲပြုပြီး “လုံးလုံးရဲ့ ဆရာ”ဟု လူသိများ လာရသည့် အထိပင်။ ကျွန်တော့်ကျူရှင် ရောက်ပြီးမှ ကောင်လေးရဲ့ အခြေအနေကလဲ သိသိသာသာ ထူးခြားလာသည်။ ကျောင်းစာတွေ မှန်မှန် လိုက်လုပ်သည်။ ပြောစကားလဲ နားထောင်လာသည်။ အရင်လိုလဲ ဂျစ်တိုက်တာတွေ သိပ်မရှိတော့။ သူ့အိမ်မှာ ဆိုးသလောက် ကျွန်တော့်ဆီရောက်လျှင် ချစ်စဖွယ် စကားတွေပြောပြီး ကျွန်တော်နှင့် ဓာတ်တည့် နေပေတော့သည်။ ပိုပြီး ထူးခြားသည်မှာ သူ့တွင် ပန်းချီအနုပညာ အရည်အသွေး ကောင်းကောင်း ရှိနေခြင်းပင်။
ပုံနှိပ်စာအုပ်ထဲက အရုပ်ကလေးများကို တစ်ထပ်တည်းတူအောင် ဆွဲနိုင်သည်။ ကျွန်တော်ကိုယ်တိုင်လဲ ပန်းချီဆွဲ ၀ါသနာပါသည်မို့ တိုက်တိုက်တွန်းတွန်း အားပေးဖြစ်သည်။ ကျွန်တော့်ရဲ့ အားပေးမှု၊ ကောင်လေးရဲ့ ကြိုးစားမှုတို့ဖြင့် ကျွန်တော့်ရဲ့ စာသင်ခန်းလေး၏ နံရံလေးဘက်စလုံးသည် ကောင်လေးရဲ့ အသက်ဝင်လှသည့် ခဲရောင်စုံခြစ် စုတ်ချက်ပေါင်းများစွာဖြင့်
ထို့နေ့ကိုတော့ ကျွန်တော့်ဘ၀ရဲ့ သက်တမ်းတစ်လျှောက်တွင် ဘယ်လိုမှ မေ့ဖျောက်လို့ ရမည်မထင်ပေ။ ဒဏ်ရာ ကျန်ခဲ့ခြင်းလား၊ တစ်ခုခု ပျောက်ဆုံးခြင်းလား၊ ဒါမှမဟုတ် တစ်စုံတစ်ရာကို ဖြည့်ဆည်းပေး နိုင်ခဲ့ခြင်းလား ဆိုတာကိုတော့ ကျွန်တော် မဝေခွဲ နိုင်သေးပေ။ မှတ်မှတ်ရရ ကောင်လေးရော၊ ကျွန်တော်ရော နှစ်ဦးစလုံး စိတ်ရော၊ ကိုယ်ပါ ပင်ပန်းလွန်း ခဲ့ကြခြင်းပင်။ ကမ္ဘာ့အထိမ်းအမှတ် နေ့တစ်နေ့အတွက် ပန်းချီပြိုင်ပွဲဝင်ရန် ကျောင်းမှ ကောင်လေးကို ရွေးချယ်လိုက်ခြင်းမှ အစပြုခဲ့ခြင်း ဖြစ်သည်။ အအိပ်ပျက်၊ အစားပျက်ဖြင့် စိတ်ကူးပုံဖော်ရမည့် ပြိုင်ပွဲဝင် စုတ်ချက်လှလှကို ကောင်လေးရော ကျွန်တော်ပါ အတော် ခေါင်းစားခံပြီး ကြိုးစားပမ်းစား ဖန်တီးခဲ့ကြသည်။
ပြိုင်ပွဲပြီးသည့်နေ့က ပန်းချီပြိုင်ပွဲ ခန်းမအတွင်းမှ အပြေးကလေး ပြေးထွက်လာသော ကောင်လေးရဲ့ ပေါ့ပေါ့ပါးပါး ပျော်ရွှင်နေသည့် ပုံရိပ်သည် ပီဘိ အပြစ်ကင်းစင် လွန်းလှသည်။ ပင်းပန်းလွန်လို့ ထင်ပါသည်။ အငှားကားစီးရင်း ကျွန်တော့်ပေါင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်လာသည်။ အိမ်ရောက်သည့်အခါ လှုပ်နှိုးလို့ပင် မရတော့သဖြင့် ကျွန်တော်ပွေ့ချီပြီး မယူရသည် အထိပင်။ ထို့နေ့က ကောင်လေးတစ်ယောက် သူ့အိမ်မပြန်ဖြစ်ဘဲ ကျွန်တော့်အိမ်မှာပင် အိပ်ဖြစ်သည်။
၀၀ဖြူဖြူလုံးလုံးနှင့် နာမည်လိုက်သည့် ဂျစ်ကန်ကန် ကလေးငယ်သည် ကျွန်တော့် ပုံသွင်းမှုအောက်တွင် ယခုလောက်ထိ ထူးချွန်လာလိမ့်မည်ဟု ကျွန်တော်ကိုယ်တိုင်ပင် မထင်မိခဲ့ပေ။ ကောင်လေးရဲ့ ဦးလေးပြောပြချက်အရ ကောင်လေးတွင် အဖေမရှိတော့။ သိပ်ချမ်းသာသော အဖေဘက်က ကောင်လေးအမေကို သဘောမတူသဖြင့် လသားအရွယ်ကပင် လျော်ကြေးပေးပြီး အတင်းခွဲကွာ ပစ်လိုက်သည်ဟု ဆိုသည်။ ကောင်လေး အမေကိုတော့ တစ်ခါတစ်ခါမှသာ တွေ့မိသည်။ ပညာရေးကို အားပေးသော ကောင်လေးတို့ အမေဘက်ကလဲ ကျောင်းမပြီးခင် ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပြုပြီး၊ တစ်ခုလပ် သားသည်အရွယ် ကောင်လေးရဲ့အမေ အပေါ်တွင်လဲ သိပ်ပြီး ကြည်လင်ပုံမရချေ။ ကြင်ကြင်နာနာ ဆက်ဆံပုံမရချေ။ ရှက်တာလဲ ပါမည်ထင်ပါသည်။
ဘာကြောင့်မှန်း သေသေချာချာ မသိသော်လဲ ကောင်လေးနှင့် ပတ်သက်သည့် အရေးကိစ္စများ အတွက်ကိုမူ ကောင်လေးအိမ်က လှိုက်လှိုက်လှဲလှဲ သိပ်မရှိ လှသည်ကိုတော့ ကျွန်တော် သတိထားမိသည်။ ကျွန်တော့်စိတ်ကပဲ ထင်နေသည်လားတော့ မပြောတတ်ပါ။ မေတ္တာဆိုသည်မှာ အကောင်အထည်ဖြင့် ပြလို့မရသော်ငြား၊ အသွားအပြန် ရှိနေသည်မှာ သေချာသည်။ ကောင်လေးအဖေရဲ့ လုပ်ရက်ကို မုန်းလို့ ကောင်လေးရဲ့ အမေကိုပါ ပစ်ပယ်သည်။ ကောင်လေးကိုလဲ နှစ်နှစ်ကာကာ မရှိတော့။ တန်ပြန် သက်ရောက်မှု တွေလားတော့ မသိချေ။
ကောင်လေးကလဲ သူ့အိမ်မှာဆို တစ်ခု မဟုတ် တစ်ခု ပြဿနာ အမြဲရှာသည်။ ကျွန်တော့်ဆီ ရောက်လျှင်တော့ အားလုံးအိုကေ။ အထွေအထူး ပြောစရာပင် မရှိချေ။ ကြာတော့ သံယောဇဉ်က ပိုတွယ်လာသည်။ နယ်ကလာသူ ကျွန်တော်သည်လဲ အဖော်မရှိသဖြင့် ကောင်လေးသည် ကျွန်တော့်အတွက် ကျောင်းအိပ်ကျောင်းစား တပည့်ငယ်၊ ကစားဖက်၊ ပန်းချီဆွဲဖော်ပင်။ အထူးသဖြင့် ညညဆိုလျှင် ညည့်နက်မှ အိပ်တတ်ပြီး အရွယ်နှင့် မလိုက်အောင် စကားကြီး စကားကျယ်တွေ ပြောသော ကောင်လေးနှင့် ကျွန်တော် အဖွဲ့ကျနေ စမြဲပင်။ အခြား ကလေးများက ကျွန်တော့်ကို "ဆရာ"ဟု ခေါ်သည့်တိုင် ကောင်လေးကတော့ “ဦးဦး” ဟုသာ ခေါ်သည်။
“လုံးလုံးရဲ့ ဆရာ ဖုန်း လာနေပါတယ် ခင်ဗျ”
ရပ်ကွက်တွင်းမှ အခပေး ဖုန်းခေါ်ပေးသည့် အိမ်မှ ဖုန်းခေါ်ပေးသံ။ ကောင်းလေးရဲ့ ဦးလေးထံမှ ဖုန်းဆက်ခြင်းဖြစ်သည်။ ကျွန်တော့် စိတ်ထဲ ထင့်ခနဲ့ ဖြစ်သွားသည်။ ထင်သည့်အတိုင်းပင်။ ကောင်လေး ဆေးရုံတက်ရသည့် သတင်း။ ပြိုင်ပွဲဒဏ်ကြောင့် ထင်ပါသည်။ ပင်ပန်းပြီး ကောင်လေး ဖျားချေပြီ။ နှာခေါင်းသံလေးပါ ကိုယ်လေး နွေးနေပြီး နေသိပ်မကောင်းချင် ဖြစ်နေမှန်း သိသဖြင့် ကျွန်တော်ကိုယ်တိုင်ပင် ကောင်လေးရဲ့ ဦးလေးကို ဆေးခန်းသွားပြပေးဖို့ တိုက်တွန်း လိုက်ခြင်းပင်။ မိုးရာသီတွင် ကလေးများ အဖြစ်များတတ်သည့် သွေးလွန် တုပ်ကွေးသည် ကြောက်စရာ ကောင်းလွန်း လှသည်လေ။ ကျွန်တော် ထင်သည့်အတိုင်းပင် ကောင်လေးကို ဆရာဝန်က သွေးလွန်တုပ်ကွေးဟု သံသယဖြစ်ပြီး ဆေးရုံချက်ချင်း တက်ခိုင်းတော့သည်။
ဆေးရုံရောက်တော့ ငှက်ဖျားဟု သံသယ ထပ်ဝင်ပြန်သည်။ သွေးလွန်တုပ်ကွေးလိုလို၊ ငှက်ဖျားလိုလိုမို့ သွေးဖောက်ပြီး စစ်ထားသည်။ အဖြေက ထွက်မလာသေး။ ဆေးရုံတင်လိုက်ရသော နှစ်ရက်အတွင်းမှာပင် ကောင်လေးတစ်ယောက် အရေးပေါ်ဌာန ရောက်သွားတော့သည်။ လက္ခဏာတွေက သွေးလွန်တုပ်ကွေးဟု သိသိသာသာ ပြချိန်တွင် ကောင်လေးမှာ သွေးသွင်းရမည့် အခြေအနေ ရောက်လာတော့သည်။ ကျွန်တော့်ဆီ ဖုန်းဆက်တော့ ကောင်လေး ဆေးရုံတက်သည်မှာ (၃)ရက်သာ ရှိသေးသည်။ သွေး (၆)ပုလင်း လိုသဖြင့် အရေးပေါ် သွေးလှူရှင် ရှာရင်း ကျွန်တော့်ကိုလဲ ကောင်လေးက မေးနေသဖြင့် ဖုန်းဆက်ခေါ်ခြင်းဟု ကောင်လေးရဲ့ ဦးလေးက ရှင်းပြသည်။
ကောင်လေးရဲ့ အခြေအနေမှာ မြန်ဆန်လွန်းလှသဖြင့် ကျွန်တော်မှင်တက် နေမိသည်။ အခြားအတန်းက ကလေးများ စာမေးပွဲ ရှိနေသဖြင့် ကောင်လေးကို ကျွန်တော် လစ်လျူရှူမိသလို ဖြစ်သွားမိခြင်းကိုလဲ စိတ်မကောင်းဖြစ် မိရပြန်သည်။ သွေးလှူရှင်ရှာဖို့ အမြန်ထွက်လာခဲ့ရင်း အသိမိတ်ဆွေတွေကို အကူအညီတောင်းခံရသည်။ ကံကောင်းစွာဖြင့်ပင် ကောင်လေးအတွက် သွေးလှူမည့်သူများ၊ သွေးအမျိုးအစားတူသူများကို အလွယ်တကူပင် ရှာဖွေနိုင်ခဲ့သည်။ ဆေးရုံသို့ ရောက်ချိန်တွင် အရေးပေါ်အခန်း ရောက်နေသဖြင့် ကျွန်တော်တို့ ရုတ်တရက် ၀င်ခွင့်မရချေ။ ၀င်ခွင့်ရချိန်တွင် အလှည့်ဖြင့် ၀င်ရသဖြင့် ကျွန်တော့်ကို ကောင်လေးမိသားစုများက အရင်ဆုံး ၀င်စေသည်။
ကျွန်တော်ရောက်သွားတော့ ကောင်လေးမျက်ဝန်းမှာ အပျော်ရိပ်ကလေးတွေကို သိသိသာသာ တွေ့လိုက်ရသည်။ မျက်နှာလေးတော့ တော်တော်ချောင် ကျသွားသည်။ ရောဂါအခြေအနေမှာ ချက်ချင်းဆိုသလို မြင့်တက်နေသဖြင့် ဆရာဝန်က ရေကိုလဲ ချိန်ဆပြီးတော့သာ တိုက်စေသည်။ အအေးကြိုက်သည့် ကလေးမို့ ကျွန်တော့်ကိုမြင်တော့ အအေးကို အတင်းပူဆာ တော့သည်။ ကျွန်တော့်ဆီ စာလာသင်လျှင် ကျွန်တော်က ကောင်လေးကို အအေး အမြဲတိုက်နေကျပင်။ အထူးသဖြင့် ကျွန်တော်ကိုယ်တိုင် ဖျော်တိုက်သော သံပုရာရည်ကို သိပ်ကြိုက်သည်။
“ဦးဦး…သား…ဆေးရုံက ဘယ်တော့ ဆင်းရမှာလဲ။ သား… ဦးဦး ဖျော်ပေးတဲ့ သံပုရာရည်ကို သောက်ချင်လှပြီ။ ဆေးရုံမှာလဲ မနေချင်တော့ဘူး။ ပန်းချီကားတွေလဲ မပြီးသေးဘူး။ ပန်းချီကား တစ်ချပ်က ဆွဲလက်စကြီး ဖြစ်နေတုန်း ဆေးရုံတက်လိုက်ရတာ ဦးဦးရဲ့…”
အားယူပြီး ပြောနေသော အသံများသည် တော်တော်လေး မောနေမှန်း သိသာလှသည်။ ကျွန်တော် စိတ်မကောင်းလွန်းလို့ မျက်ရည်မကျအောင် မနည်းထိန်းထားရသည်။ သတိထားမိသည်မှာ ကောင်လေးရဲ့အမေ မျက်နှာအမူအရာကိုပင်။ ရုပ်သေ မျက်နှာမျိုးပင်။ ဘာခံစားချက်မှ သိပ်မရှိသလိုပင်။ လောကကြီးထဲက လူတစ်ယောက်ကို စိတ်နာလွန်းသဖြင့် မြေဇာပင်လေး ကောင်လေးကိုပါ ရောပြီး မုန်းတီးလေရောလား။ မဆီမဆိုင်တွေး ဖြစ်လိုက်သေးသည်။ ကျွန်တော့်စိတ်ကပဲ ထင်နေသည်လားတော့ မသိချေ။
“အေးပါကွာ…ဆေးရုံက ဆင်းတာနဲ့ ဦးဦးနဲ့အတူတူ ပန်းချီကားတွေ အများကြီး ဆွဲကြမယ်။ သံပုရာရည်တွေလဲ အားရပါးရ သောက်ကြမယ်နော်။”
ကျွန်တော်က ကောင်လေးရဲ့ ခေါင်းကလေးကို ပွတ်သပ်ပြီး နှစ်သိမ့်ပေးနေမိသည်။ လူနာ လာကြည့်သူများ ပြန်ထွက်ရမည်ဟု ဆိုသဖြင့် ကောင်လေးက ကျွန်တော့်လက်ကို အတင်းဆွဲထားသည်။ ချော့မော့ပြောသော်လည်း မရသဖြင့် နောက်ဆုံးတော့ ခြွင်းချက်အနေဖြင့် ကျွန်တော် နေခွင့်ရသည်။ ညနေပိုင်း ရောက်လာချိန်တွင် သွေး(၃)ပုလင်း သွင်းရသည်။ အခြေအနေက သိသိသာသာကို စိတ်မချချင်စရာ။ ညပိုင်းတွင် နောက်ထပ် သွေး(၃) ပုလင်း ထပ်သွင်းရပြန်သည်။ အခြေအနေက တော်တော် ဆိုးလာသည်။ မျက်လုံးကလေးတွေက သတိလစ်ချင်သလို ဖြစ်နေပြီ။ ဆေးရော၊ သွေးပါ မနားတမ်း သွင်းရသည်။ သွေးလွန်တုပ်ကွေး ရောဂါ၏ ပြုစားချက်သည် တော်တော်ကြောက်စရာ ကောင်းချေသည်။ ကြည့်နေရင်းမှ ၀မ်းမဲမဲတွေ သွားသည်။ အန်ချသည်။ သတိက သိပ်မလည်ချင်တော့။ ကျွန်တော့် လက်ကိုတော့ မလွတ်တမ်း ဆွဲထားသည်။ သတိတစ်ချက် ပြန်လည်ချိန်တွင်…
“သား…လွယ်အိတ်ထဲမှာ ပန်းချီကားတစ်ချပ် ဆွဲထားတာ မပြီးသေးဘူး။ အခု သွားယူပေး။ ဦးဦးနဲ့ အတူတူ ဆွဲမလို့။”
ဗလုံးဗထွေးဖြင့် အားယူပြီး ပြောနေသဖြင့် တော်တော်လေး မောနေသည်။ လူနာစောင့် တစ်ယောက် အမြန် ပြန်ယူပေးရသည်။ ပန်းချီကားကို သေသေချာချာပင် ထုပ်ပိုးပြီး တိတ်ဖြင့် ကပ်ထားသည်။ “တော်တော်စေ့စပ်တဲ့ ကလေးပါလား”လို့ မှတ်ချက် ပြုမိသေးသည်။ ပန်းချီကား ရောက်လာချိန်တွင် သတိတစ်ချက် ပြန်လည်လာပြန်သည်။ ဘုရား…ဘုရား…ဘာမှမဖြစ်ပါစေန
လက်တွေကတော့ မြဲမြဲ မကိုင်နိုင်တော့။ (၆)လက်မသာသာ ကဒ်ထူစက္ကူ ပန်းချီကားကို ဖွင့်ဖောက်လိုက်ပြီး ကောင်လေးရဲ့ ခုတင်ဘေးတွင် ချထားပေးရင်း လက်ကလေးတွေကို ခဲတံကိုင်နိုင်အောင် ထိန်းထားပေးမိသည်။ တုန်ယင်နေသော လက်ချောင်းကလေးများမှာ သတိမလစ်တစ်ချက်၊ လစ်တစ်ချက်တွင် ခဲတံကို လုံးဝ မကိုင်နိုင်တော့ဘဲ ကျွန်တော့်လက်မှ လွတ်ထွက်သွားသည်။ နှုတ်ခမ်းမှ အသံဖျော့ဖျော့လေး တိုးတိုးဟဟ ထွက်ပေါ်လာသည်။
“သားကို အဖေနေရာမှာ ဖြည့်ဆွဲပေးနော်…ဖေဖေ…။”
ကောင်လေးရဲ့ ပန်းချီကားကို ကျွန်တော် အခုမှ သေချာကြည့်မိသည်။ မပီမပြင် ဆွဲထားသော ခဲခြစ်ပန်းချီကားမှာ မိသားစု သုံးယောက်ပုံ ပန်းချီကားလေး။ အဖေရယ်၊ အမေရယ်၊ ကလေးလေးရယ်…။ ပန်းချီကား နောက်ဘက်ကို ယောင်ယောင်နနဖြင့် လှန်ကြည့်မိသည်။ ကောင်လေးရဲ့ ပန်းချီဆန်ဆန် လက်ရေးကလေးဖြင့် ရေးထားသည့် စာကလေး တစ်ကြောင်းကို တွေ့ရသည်။
“ဦးဦးကို တစ်ခါလောက် ဖေဖေလို့ အကျယ်ကြီး ခေါ်ချင်တယ်”
သြော်…ကလေးရယ်...။ ကမ္ဘာလောကကြီးကို နှုတ်ဆက်ထွက်ခွာသွားသော ကောင်လေးရဲ့ အသံကို ပဲ့တင်ထပ် ကြားယောင်ရင်း၊ ပါးပြင် နှစ်ဖက်ပေါ်သို့ ခပ်ကြမ်းကြမ်း လိမ့်ဆင်းလာသော မျက်ရည်စများကို လက်ဖမိုးနှစ်ဖက်ဖြင့် အဆီအငေါ်မတည့် ပွတ်သပ်လိုက်မိသည်။ ကျွန်တော့် ရင်တစ်ခုလုံး ပြုတ်ထွက်မတတ် လစ်ဟာသွားလေသည်။
လျှံဇွဲကို (စီးပွားရေးတက္ကသိုလ်)
Yati Magazine (November, 2014)
လျှံဇွဲကို(စီးပွားရေးတက္ကသိ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။