Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 31, 2012

အချစ်အက္ခရာ စကားလုံး.



Ặccept (လက်ခံသည်)

"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။

Ḃelief (ယုံကြည်ခြင်း)
အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

Čare (ဂရုစိုက်ခြင်း)
တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ "အလုပ်ပင်ပန်းလား?"ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်... အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်"ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။
̃D̃evoted (သစ္စာခိုင်မြဲသည်)

လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။



Ềnjoy (ကျေနပ်စွာခံစားသည်)

တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင် အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ ကြည်နူးခြင်းတွေကိုလည်း ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ ပျော်ရွှင်မှာဖြစ်တယ်။



Freedom (လွတ်လပ်မှု)

လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့ လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။

ကိုယ်နဲ့အိမ်ထောင်ကျတာဟာ ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို မခံစားစေချင်ဘူး။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။



Ğive (ပေးဆပ်ခြင်း)

အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာမဟုတ်ပါဘူး။ ဒါပေမယ့် မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ပြောနိုင်ပါတယ်။



Ĥeart (နှလုံးသား)

အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်၊

ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့ ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်လိမ့်မှာမဟုတ်ပါဘူး။



Īndependence (မမှီခို၊ အားမကိုးဘူး)

စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ" လို့ပြောတတ်ကြတယ်။ တကယ်တော့လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။ တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန်ပိုစေတဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။



Ĵealousy (မနာလို၊ သဝန်တို)

သင့်တင့်တဲ့ မနာလို၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း တစ်ဘက်သားကိုခံစားစေတယ်။ သဝန်တိုဖို့ အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း အဆက်အစပ်မရှိတဲ့ သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ ဖြစ်ပေါ်စေပါတယ်။



Ќiss (အနမ်း)

အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။ ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့်တိုသင့်ပါဘူး။



Ĺove (ချစ်တယ်)

ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက် အရာရာပေးဆပ်ရဲပါတယ်။ "ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းက တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို နွေးထွေးကြည်နူးစေပါတယ်။



Mature (ရင့်ကျက်)

တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ?

အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ များနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ အဆင်ခြေမရှိ စူစူအောင့်အောင့် မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လူရင့်ကျက်ရင်အချစ်လည်းရင့်ကျက်ပြီး လှပတဲ့အဖူးအပွင့်တွေ မြန်မြန်ဆန်ဆန် ဖူးပွင့်နိုင်မှာဖြစ်တယ်။



Ñatural (ပင်ကို၊ ပကတိ)

ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး ဟန်ဆောင်နေတတ်ကြတယ်။
အဲဒီအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး ပေါ်လာတတ်တယ်။ ချစ်စတည်းက ပကတိအတိုင်း ချစ်မယ်၊ သဘာဝအတိုင်း ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က ပိုတာရှည်တည်မြဲမှာဖြစ်တယ်။



Òbserve (ဂရုတစိုက် ကြည့်ရှုမှတ်သား)

တစ်ဘက်သားရဲ့ ဝါသနာ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့် တစ်ဘက်သားကို ပိုနားလည်စေသလို တစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင် လုပ်နိုင်ပါတယ်။ ဥပမာ- မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင် လက်ဆောင်ပေးတာမျိုးဖြစ်တယ်။

အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိကြောင်း တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။



ۜProtect (ကာကွယ်စောင့်ရှောက်)

ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ သဘာဝပါ။
ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊ မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ လူတွေကြားမှာ သူ့အရှက်မရဖို့၊ ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ်။



Quarter (ခွင့်လွတ်သည်းခံ)

ခွင့်လွတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။ တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့ ခွင့်လွတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။



Ŕeceive (လက်ခံ)

ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စိတ်ပျက်သွားတဲ့အမှုအရာမျိုး၊စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။ အဲဒီအပြုအမှုတွေက သူ့ကို စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက် ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ နှစ်ဦးသားရဲ့အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ်။



Ŝhare (မျှဝေ)

တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင်၊ ဝမ်းနည်းခြင်းတွေကို အတူတကွမျှဝေသင့်ပါတယ်။ ဒါဟာ ဘဝဖော်တစ်ဦးရဲ့အရိုးရှင်းဆုံး ဝတ္တရားပဲဖြစ်တယ်။



Ťender (နူးညံ့)

အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။

အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။


Únderstand (နားလည်)

တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီး ဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။

တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ်။



Ṽeracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း)

အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း ကိုယ့်ချစ်သူကို "အပြောသမား"တစ်ယောက် မဖြစ်စေချင်သလို သူကလည်း ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချင်းချင်း အချစ်ညာစားသူ မဖြစ်စေချင်ကြပါဘူး။



Ẅait (စောင့်သည်)

အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့ အတူကြီးပြင်းရှင်သန်သင့်ပါတယ်။

ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။



X (အမြှောက်သင်္ကေတ)

ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင် အချစ်ကအလိုလိုနေရင်း အဆုံးမရှိ ဖြစ်သွားနိုင်ပါတယ်။



Ỹield (အလျော့ပေး)

နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။ နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။ နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် "လမ်းခွဲကြရအောင်" ဆိုတဲ့စကားကို အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ ပြဿနာရင်းမြစ်ကို ရှာပြီး ဖြေရှင်းနည်းတွေရှာတာဟာ အကောင်းဆုံးဖြစ်တယ်။



Žero (စမှတ်)

အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့ ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ၊ ကြင်နာစက ခံစားချက်မျိုး၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့ မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင်၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်။



လူတွေက အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ ဖွဲ့ဆိုကြတဲ့အထဲမှာ အချစ်တာရှည်ခိုင်မြဲဖို့၊

ချစ်ခရီးလမ်းဖြောင့်ဖြူး သာယာဖို့ အဓိကထား ရေးဖွဲ့ကြပါတယ်။ အချစ်အက္ခရာ A to Zကို

အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနဲ့ ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ်။

အချစ်က ဘယ်တော့မှ ဘာသာပြန်ဆိုလို့ ပြီးနိုင်မယ့်အရာမဟုတ်တာကြောင့်

အဲဒီအချစ်တွေကိုပဲ ကျွန်မက ထပ်ဘာသာပြန်ဆိုပါတယ်။

အချစ်အက္ခရာ A to Z လက်ခံသည်ကပဲ စမှတ်စခဲ့ပါတယ်။

အားလုံး ချစ်နိုင်ကြပါစေ...

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။