တခါက ဆင်တကောင် အရောင်းအ၀ယ်လုပ်တဲ့အခါ ၀ယ်မဲ့လူက ဆင်ကိုလှည့်ပတ်စစ်ဆေးတယ်။ ကိုဇောက်ထိုး အဲဒီနေရာကို ရောက်လာပြီး၊ သူတို့နဲ့အတူဆင်ကို စူးစမ်းလေ့လာကြည့်နေတော့ ဆင်ပွဲစားက အသာခေါ်ထုတ်သွားပြီး၊ ငွေကျပ်တသိန်းပေးပြီး၊ လာမကြည့်ပါနဲ့၊ ဒီမှာပဲ နေပေးပါ .. ပြောလို့ အဲဒိလူ လာမကြည့်တော့ပဲ ငြိမ်ငြိမ်ပဲ ခပ်လှမ်းလှမ်းကကြည့်နေရတယ်။
နောက်ဆုံး ဆင်အရောင်းဝယ် ဈေးတဲ့သွားပြီး၊ ၀ယ်သူက ဆင်ကို ယူသွားပြီးမှ၊ ပွဲစားက ခုနလူ ကိုဇောက်ထိုး ဆီရောက်လာပြီး၊ ၀ူး... အရောင်းအ၀ယ် အလုပ်တော့ပြီးသွားပြီ၊ ဒါနဲ့ ခင်ဗျားကို မေးရဦးမယ်။ ခင်ဗျား ဆင်ကို လှည့်ပတ်ကြည့်တော့ ဘာအပြစ်အနာဆာ တွေ့သလဲ ပြောပြပါဦး..မေးလိုက်တယ်။ ကိုဇောက်ထိုးပြန်ပြောလိုက်တာက "ဟာ.. ဒီအကောင်ကို ဆင် လို့ခေါ်သလား၊ ဒါလောက်ကြီးတဲ့ အကောင်ကြီး ဘာကောင်လဲလို့ ကျွန်တော်လှည့်ပတ်ကြည့်တာပါဗျာ..." .တဲ့။
Moral of Story
ငြိမ်ငြိမ်လေးနဲ့ ပွဲစားပြောတဲ့အတိုင်း ခပ်လှမ်းလှမ်းကပဲ မတ်တပ်ရပ်ကြည့်နေတော့ ကျပ်ငွေ တသိန်း ရသွားတယ်ပေါ့။ လူ့ဘ၀မှာလည်း ပါးစပ်ပိတ်၊ ခိုင်းတာလုပ်ရင် ငွေရပေမဲ့ လူတွေက (အထူးသဖြင့် ကျွန်တော်အပါအ၀င် ဗမာတွေ) ပါးစပ်ပေါက်ကို မဖွင့်ရရင် မနေနိုင်တော့ ငွေမရပဲ၊ ကမ္ဘာ့အဆင်းရဲဆုံး လူမျိုးစာရင်းမှာ ၀င်သွားရတယ်။ ပါစပ်ပေါက်ပိတ်ပြီး အလုပ်ပဲလုပ်နိုင်သူများ ဆင်းရဲတွင်းက လွတ်နိုင်မှာပါ။
ကျမ်းပိုဒ်တခု ဟေရှာရ ၅၃း၇ ကတော့ ယေရှုနည်းလမ်းပါပဲ။ ပရောဖက်ကြီး ဟေရှာယက သခင်ယေရှု မမွေးဖွားခင် နှစ်၇၀၀က ရေးခဲ့တယ်။ ယေရှုဟာ စကားမပြောပဲ ပုံသက်သေပြပြီး တိတ်ဆိတ်စွာ အပြစ်မဲ့လူသားအဖြစ် ကျွန်တော်တို့အပြစ်တွေအတွက် အသေခံခဲ့တယ်။ ဒီနည်းလမ်းလိုက်နာသူ ဂျူးတွေသာမက၊ ဘယ်လူမျိုး၊ ဘယ်လူမဆို Success အောင်မြင်ခြင်းကို ရမှာသေချာပါတယ်။
Ref: http://murann.com/stories/b.elephant.htm
Isaiah 53:7
He was oppressed and afflicted, yet he did not open his mouth;he was led like a lamb to the slaughter,and as a sheep before her shearers is silent, so he did not open his mouth. By oppression and judgment he was taken away. Isaiah 53:7
ဟေရှာရ ၅၃း၇
ထိုသူသည် ညှင်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏၊၊ အသက်သတ်ခြင်းငှါ ဆောင်သွား သော သိုးငယ်ကဲ့သို့သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သော သူရှေ့မှာမမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏၊၊
http://www.murann.com/ezine/index.php?option=com_content&view=article&id=1527:2012-10-28-02-34-09&catid=4:humor&Itemid=4
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။