by Ngwe Sinthoun on Thursday, October 25, 2012 at 10:35am ·
ယနေ့  စိတ်မကောင်းစရာသတင်း ၂ ခု ကြားရတယ်။
ကျွန်မက လေးစားတန်ဖိုးထားပေမယ့်
အကြောင်းကိစ္စမရှိပဲ စကားများများမပြောဖြစ်တဲ့ ဆရာတော်တစ်ပါးနဲ့ 
တရားစကားမေးမြန်းတဲ့နေရာမှာ ဆရာတော်က ဘုံဘေမှာရှိနေတဲ့အကြောင်း အိန္ဒိယကလူများက
ဆွမ်း ၊ ကွမ်း ကိစ္စ အလေးမထား မြန်မာပြည်မှာလို ဆွမ်းမလွယ်ကူကြောင်းသိရ
ကြားရတဲ့အခါမှာ ကျွန်မ နှုတ်ဆွံအသွားခဲ့ရပါတော့တယ်။
ကိုယ်တိုင်ဆွမ်းချက်ဖို့ အချိန်ပေးပြီး ခုတော့လည်း
ဖွယ်ဖွယ်ရာရာ ဟင်းအမျိုး အမည်များစုံအောင်ချက်တတ်နေပြီးဖြစ်ကြောင်း
သိရကြားရပါတယ်။
ကျောင်းတတ်နေရကြောင်းသိရတဲ့အခါမှာ ကျွန်မ ( သို့ 
) မေမေသာဆိုလျှင် နီးရင် ဆွမ်းလောင်းလှူမှာကို
ချက်ချင်းတွေးမိမြင်ယောင်မိပါတယ်။
ဘာလို့ ဆိုတော့ ကျွန်မတို့  မြန်မာလူမျိုးတွေအတွက်
ရဟန်းတော်များဟာ အလွန်အရေးကြီးပါတယ်။ ဆွမ်း ၊ ကွမ်း ၊ ဆေး
အလှူပြုသူမရှိပေမယ့်
ဆရာတော်က ဘယ်သူကိုမှ ထိခိုက်ပြောဆိုခြင်းမရှိ
ဝိနည်း သိက္ခာပုဒ်နှင့်ပီသအောင်နေသူပါ။ ဒီသတင်းသိရပြီးမနက်က ရင်ထဲမကောင်းပါ။
နောက်သတင်းတစ်ခုကလည်း
ဆိုးဝါးရင်နင့်စရာပါပဲ။
သီတင်းကျွတ် လပြည့်နားနီးလို့  မိဘ နှင့် ဆရာသမား
၊ အထက်လူကြီးနှင့်
ဆွေမကင်းမျိုးမကင်းများကို
တန်ဖိုးရှိလက်ဆောင်များနှင့် လိုက်ကန်တော့တဲ့အခါမှာ အသက် ၅ နှစ်ကလေးက
ပြောင်းလဲခြင်းများစွာဖြစ် ကန်တော့ဖို့  လုံးဝခေါ်လို့ မရတဲ့ဖြစ်ရပ်ကြီးကို
အံသြစွာသိခွင့်ရခဲ့ပါတယ်။
အကြောင်းရင်းကို ဆန်းစစ်တဲ့အခါမှာ အ. ထ . က ( ၁ )
ဒဂုံ ကျောင်းရဲ့ မျက်စောင်းထိုး ယုဇနဟိုတယ် ဘေးကပ်လျှက်မှာ
ဖွင့်ထားတဲ့ကျောင်းက
အသက် ၃ နှစ်ထဲက မူကြိုတစ်လကုန်ကျငွေ (
မြန်မာငွေ ၈ သောင်းကျပ် ) ဖြင့် ကျောင်းပေးထားရာ ကလေးမှာ မထင်မှတ်လောက်အောင်
အင်္ဂလိပ်စာ ၊ သချာင်္ ကောင်းပေမယ့် အရင်းစစ်တော့ အမြစ်ကပေါ် ထိုကျောင်းသည် အိန္ဒိယ
လက်အောက်ခံ ILBC ကျောင်းဖြစ်သည့်  အားလျှော်စွာ လူကြီးကန်တော့ဖို့  နှင့်
ဘုရားရှစ်ခိုးကန်တော့ဖို့ လုံးဝ လုံးဝ မသင်ပါ။
ထို့ ကြောင့် အရွယ်နှင့် မမျှ ကျိုးနွံလိမ်မာသော
ကလေးသည်ချက်ချင်းပြောင်းလဲသွားရတဲ့အပေါ်မှာ မိဘမောင်ဖွားများ
အင်မတန်ဝမ်းနည်းထိခိုက်မိပြီး ကျောင်းပြောင်းဖို့  စီစဉ်ပါတော့သည်။
နိုင်ငံခြားကျောင်းထားတာ မြန်မာလူမျိုး အမျိုး ဘာသာ သာသနာ တုံးဖို့ 
မဟုတ်ပါ။
အစိုးရကျောင်းတစ်ချို့  ရဲ့  ကျောင်းသား
ကျောင်းသူများအပေါ် ဆရာ ဆရာမ ( ဆရာမတိုင်းမဟုတ်ပေမယ့် ) မြင်ရ ကြားရ ကလေး
နှိပ်စက်မှုများကြောင့် နှင့် ကျောင်းချိန်ပြင်ပ ကျူရှင် နှိပ်စက်မှုများကြောင့်သာ
အစိုးရမဟုတ်တဲ့ ကျောင်းမှာ ထားရတာ ဒီလို သာသနာကွယ်မယ့်ကိစ္စများကို လုံးဝ
အားပေးမှာမဟုတ်ပါ။
အိန္ဒိယ ဘုံဘေမှာကျောင်းတတ်နေသောဆရာတော်နှင့်
အိန္ဒိယ လက်အောက်ခံ အစိုးရမဟုတ်သောကျောင်းကို တတ်နေသောကလေးတို့ ရဲ့ ဖြစ်ရ့ပ်များကို
နားထောင်ပြီး ရင်ထဲ ဆို့ နစ်ကြေကွဲရပါသည်။ ကျွန်မတို့ နိုင်ငံ အာဇာနည် ရဟန် စာတတ်
ပေတတ်များပေါ်ပေါက်အောင် ပိုက်ဆံအကုန်အကျခံပြီး ကျောင်းသွားတတ် ပညာသွားသင်နေတာ
ဆွမ်းချို့ တဲ့ လှပါသည်။ ကျွန်မ သိတဲ့ အိန္ဒိယ လက်အောက်ခံကျောင်းက ၄ တန်းကလေးက
အစိုးရ ၁၀ တန်းစာအင်္ဂလိပ်စာ ၊ ရူပဗေဒ နှင့် သချာင်္ များကို ဂျောင်းဂျောင်းပြေး
ဖတ်နိုင် တွက်နိုင်ပါတယ်။ သို့ သော် ယခုကဲ့သို့  မူကြို အသက် ၅ နှစ်ကလေးကို
ကျောင်းဆက်တတ် ကျောင်းပေးသွားဖို့  ကျွန်မတို့  ရင်ထဲမကောင်းနိုင်တော့ပါ။
ဘယ်အညှိုးနဲ့ များ နှိပ်စက်လေသလဲ
ပညာရေးစနစ်ဆိုးကြီးရယ် .... သူများနိုင်ငံမှာ စာသွားသင်တော့လည်း ကြောက်ရတယ်။
ကိုယ့်နိုင်ငံမှာ ပညာလာပေးတော့လည်း ကိုယ့်ဘာသာပျောက်အောင်လုပ်တယ်။ကျွန်မတို့ 
နိုင်ငံ မျိုးဆက်သစ်တွေ ဘယ်တော့ ကျွမ်းကျင်စွာ တတ်မြောက်တဲ့အဆင့်ကိုရောက်နိုင်မှာလဲ
.... တွေး ရင်း တွေး ရင်း .... ခံစားရတာ ရင်ထဲမကောင်းနိုင်ပါ ..... ကျွန်မတို့ 
အချိန်တစ်ခုကိုစောင့်ရမယ်ဆိုရင်တောင် ကျွန်မတို့ သက်တမ်း ၃၀ ကျော်လုံးလုံး
အစမ်းသပ်ခံပညာရေးဖြစ်ကြီးပြင်းခဲ့ရသည်။ဘယ်လောက်ထိ ဆက်စောင့်ရအုံးမလဲ .....
သူများနိုင်ငံမှာ စာသင်ပြီး မျက်နှာငယ်ရတာတွေ ကိုယ့်နိုင်ငံကျောင်းလာဖွင့်ပြီး
လူမျိုးဘာသာတုံးအောင် လုပ်တာတွေ ဘယ်လောက်ထံ ဆက်လက်ခံစားရအုံးမှာလဲရှင်
။။ငွေစင်သွန်း 25/ 10 / 2012 ( 8.29 PM )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။