Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 29, 2012

ပြည်သူပေးသည့်ဆုနှင့် မြန်မာ့အဆင်း လင်းစေခဲ့သူ နန်းခင်ဇေယျာ



နန်းခင်ဇေယျာဖေ့ဘုစ်မှ
လွန်ခဲ့သည့် တစ်လလောက်အထိ သူမကိုသိရှိသူ နည်းပါသည်။ ပြိုင်ပွဲဝင်ရန်အတွက် ဂျပန်နိုင်ငံသို့ သူမ ထွက်ခွာခဲ့စဉ်ကလည်း အုတ်အုတ်သဲသဲ မဖြစ်ခဲ့။

သို့သော် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်အတွင်း ရှမ်း အိုးစည်သံက တလွင်လွင်၊ မောင်းသံက တနောင်နောင်၊ ပအိုဝ်းတိုင်းရင်းသား ဝတ်စုံအနက်က ကင်မရာမီးေ ရာင် အောက်တွင် တောက်ပနေသည်။သူမသည် ထင်ရှားသော နိုင်ငံရေး သမားတစ်ဦးမဟုတ်။ အောင်မြင် ကျော်ကြားသော အနုပညာရှင်တစ်ဦး လည်း မဟုတ်ပါ။ သို့သော် သူမကို ချစ်ကြသည်။ လှိုက်လှိုက်လှဲလှဲ အားပေး ခဲ့ကြသည်။ ဤနေ့ဤနေရာသို့လည်း တကူးတကလာရောက်၍ ကြိုဆိုကြ သည်။ အဘယ့်ကြောင့်ဟူသော အဖြေကရှိနှင့်ပြီးသား ဖြစ်ပါသည်။
”မြန်မာ …”
တကယ်တော့ ရှမ်းပအိုဝ်းတိုင်းရင်း သူလေး နန်းခင်ဇေယျာသည် မြန်မာ ဟူသော တိုင်းပြည်နှင့်လူမျိုးကို ကိုယ် စားပြု၍ နိုင်ငံတကာအလှမယ်ပြိုင်ပွဲသို့ နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပထမဆုံး အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကာ အောင်ပွဲရ ဂုဏ်တင့်စေခဲ့သောကြောင့် ဖြစ်သည်။ အောင်မြင်မှုကို ငတ်မွတ်နေသော အထီးကျန်နောက် ကျခြင်းများစွာဖြင့် ပိတ်လှောင်နေသော မြန်မာလူမျိုးများ အတွက် ကမ္ဘာ့အလယ်တွင် မြန်မာဟု ဝင့်ကြွားနိုင်ခဲ့သော အခွင့်အရေးက တန်ဖိုးကြီးမားပါသည်။တို့မြန်မာ ကို အားပေးကြပါဆိုသော အင်တာနက်မှ နှိုးဆော်မှုများ၊ ဆိုးရွားစွာ လေးလံသော အင်တာနက်ကွန်နက်ရှင် ကို အန်တုကာ နေ့စဉ်ညဆက်မဲပေးသည့် ကလစ်ခေါက်သံများ၊ အားမလို အားမရ ညည်းညူမှုများ၊ သူမ၏ ဓာတ်ပုံများဖြင့် ပြည့်လျှံခဲ့သော ဖေ့စ်ဘွတ်စာမျက်နှာများ သည် သူမ၏အလှကြောင့် မဟုတ်။ ညစ်ညမ်းသော အာသာဆန္ဒေ ကြာင့် မဟုတ်။Miss Internet ဆုနှင့် Miss International 2012 People’s Choice Award ဆုများ ရရှိစေခဲ့ သော အင်တာနက်မှ မဲသန်း ၂ဝ သည် မြန်မာ ဟူသော ဂုဏ်သိက္ခာ အတွက်သက်သက်သာဖြစ်ပါသည်။
”သူနဲ့ မသိပါဘူး။ စတွေ့ချိန် ကတည်းက နေ့တိုင်းအချိန်ပေးပြီး မဲပေးခဲ့တယ်။ ဒါမျိုးချစ်စိတ်ကြောင့် ပါ”ဟုWe Love You Nang ဟု ရေးသားသည့် စာရွက်နှင့်နှင်းဆီ အနီလေးတစ်ပွင့်ကိုကိုင်ကာ နန်း ခင်ဇေယျာ၏အိမ်အပြန်ကို လေဆိပ် တွင်တကူးတကကြိုလင့်နေသော မမေမီဦးက အပြုံးဖြင့်ဆိုသည်။ရိုးစင်းလှပသော မိုးပြာရောင် မြန်မာဝတ်စုံပေါ်တွင် ”12 Miss INTERNET” ဟူသော စလွယ်ကို ဆင်ထားပြီး ရှေ့သို့ တစ်ခြမ်းဝဲကျနေ သည့် ဆံပင်ရှည်နန်းခင်ဇေယျာ၏ မျက်နှာပေါ်မှ အပြုံးတို့က ပီတိဖြင့် ရွှန်းစိုနေပါသည်။ သူမ၏ ပါးနှစ်ဖက် တွင် ဂုဏ်ပြုအနမ်းဖြစ်သော နှုတ်ခမ်းနီတို့က ဘယ်ညာ။ ”အခုဆိုရင် မြန်မာကိုကမ္ဘာက သိနေပါပြီ။ သူသွားပြိုင်တုန်းက ဟို က Missတွေက မြန်မာဆိုတာကို မဖတ်တတ်ကြဘူး။ ညီမတို့ မြန်မာ နိုင်ငံကVote တွေ လုပ်ပေးကြမှ မြန်မာဆိုတာ ဘယ်တစ်ယောက် တုန်းဆိုပြီး လာကြည့်ကြ ၊ လေးစားမှု ပေးကြပါတယ်”ဟု နန်းခင်ဇေယျာ ကလေဆိပ်အတွင်း သတင်းသမား များ၏အလယ်တွင် ပြောခဲ့သည်။ ”ဒီဆုက မြန်မာတစ်နိုင်ငံလုံး ကချစ်လို့ပေးခဲ့တာပါ” ဟုလည်း သူမ က ချစ်စဖွယ်အပြုံးဖြင့်ဆိုသည်။ အသက် ၂၄ နှစ်အရွယ်ရှိ ရှမ်းပအိုဝ်းလူမျိုး နန်းခင်ဇေယျာ သည် အင်္ဂလိပ်နှင့် ဂျာမန်ဧည့် လမ်းညွှန်အဖြစ် လုပ်ကိုင်ခဲ့သြူ ဖစ် ပြီး ယခုနှစ်မတ်လတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ပြုလုပ် ခဲ့သည့် အလှမယ်ပြိုင်ပွဲတွင် Miss Myanmar International ဆုကို ရ ရှိခဲ့သည်။ ထိုဆုသည်ပင် ဂျပန်နိုင်ငံ အိုကီနာဝါမြို့တော်တွင် ကျင်းပခဲ့ သည့်Miss International 2012 ပြိုင်ပွဲဝင်ရန် အဓိကအကြောင်းရင်း ဖြစ်ခဲ့သည်။
မဲ သန်း ၂ဝ ကျော်ဖြင့် သူမ ရရှိခဲ့သည့်Miss Internet နှင့်Miss International 2012 People’s Choice Award ဆုနှစ်ခု မှာ အင်တာနက်မှ မဲပေးခဲ့သည့် ပြည် တွင်း ပြည်ပမှ မြန်မာလူမျိုးတို့၏ တစ်ခဲနက် အားပေးမှုကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံ၏ အင်တာနက်ထွန်း ကားမှုကာလတစ်လျှောက် ထူးခြား စွာ စံချိန်တင်ခဲ့သည့်အဖြစ်ဟု လည်း ဆိုနိုင်သည်။ ထိုကဲ့သို့ မဲပေးမှုကြောင့် Miss International အဖွဲ့၏ တရားဝင် မဲပေးနိုင်သော www.fliekr.com ၌ပင် အကောင့်သစ်တစ်ခု ထပ်မံဖွင့် ခဲ့ရ သည်အထိ ဖြစ်ခဲ့ရသည်။အဆိုပါကာလတွင် ပြည်တွင်း ၌ သုံးစွဲသူ ခြောက်သိန်းနီးပါးရှိ သော ဖေ့ဘွတ်စာမျက်နှာများ၌ မဲပေးရန်အတွက် အဓိက ဦးဆောင် လှုပ်ရှားခဲ့သူ များလည်းရှိပါသည်။ ထိုပုဂ္ဂိုလ်များအနက် ဖေ့ဘွတ် Friends ၄၉၉၉ ယောက်နှင့် Subscribers လုပ်ထားသူ၁၆ဝ၅၇ ဦးရှိသော အဘဥက္ကာကိုကို၏ အားထုတ်မှုမှာ သိသာထင်ရှားခဲ့ပြီး ထိရောက်မှုလည်း ရှိခဲ့သည်။
ယင်းအတွက် အဘဥက္ကာကို ကိုအား ဆက်သွယ်မေးမြန်းခဲ့ရာ ”ကမ္ဘာမှာ မြန်မာဟေ့ဆိုတဲ့ အသိက ဒီကာလမှာ အရမ်းနိုးကြားလာကြ တာ သိသာပါတယ်။ နန်းခင်ဇေ ယျာ ဝင်ပြိုင်ပြီလို့ သိလိုက်ရတဲ့ အချိန်မှာ မြန်မာတွေ ဝန်းရံပေးခဲ့ ကြတယ်။ဦးသိန်းစိန်တုန်းကလည်း Vote လုပ်ခဲ့ပေးခဲ့ကြတာပဲလေ။ ကမ္ဘာ့ပြိုင်ပွဲမှာ မြန်မာပြည်ကို ကိုယ်စားပြုပြီး သွားပြိုင်ကြတဲ့ မြန်မာမယ်တစ်ယောက်ကို ဒီနိုင်ငံ သားတွေမှ ဒီလို အားပေးမှုမရှိရင် ဘယ်နိုင်ငံက လာအားပေးကြ မှာလဲ”ဟု အောက်တိုဘာ ၂၃ ရက်
ညနေပိုင်းက ပြောခဲ့သည်။အဓိကအားဖြင့် မြန်မာတိုင်း ရင်းသူတစ်ဦး ဖြစ်သည့်အတွက် ဆု တစ်ခုခု ရစေလိုသောဆန္ဒ ရှိကြ ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့အလယ် တွင် မြန် မာဆိုသည် အောက်ကျ နောက်ကျမဖြစ်စေလိုသည့် စိတ် များဖြင့် ကျားမ မရွေး Voteလုပ် အားပေးခဲ့ကြခြင်း ဖြစ်သည်ဟု သူက ဆိုပါသည်။ ”ကျွန်တော်က တစ်ဖက် တစ် လမ်းကနေ ကူညီလိုက်တာပါ။ ကျွန်တော့်စာမျက်နှာမှာ လူများ တယ်။ လူတွေများများသိရင် သူ့ အတွက် အဆင်ပြေမယ်။ အဲဒါ ကြောင့် ပြိုင်ပွဲပြီးတဲ့အထိ သူ့ကို ကြေညာပေးနေခဲ့တယ်။ သူ့နေရာ မှာတခြားတစ်ယောက်ဆိုရင်လည်း အားလုံးက ဝန်းရံလာကြဦးမှာပဲ။ အင်တာနက်နှုန်း အရမ်းနှေးတဲ့ နိုင်ငံက မယ်တစ်ယောက် ကMiss Internet ဆုရသွားတယ်ဆိုတာ တော်တော် ပြောင်မြောက်တဲ့ အောင်မြင်မှုပဲ”ဟု အဘဥက္ကာကိုကို ကပြောသည်။ ၄င်းနည်းတူ အင်တာနက်တွင် ပြည်တွင်ြး ပည်ပ မိတ်ဆွေများ ပူး ပေါင်းကာ နေ့ညအချိန်ခွဲ၍ နန်းခင် ဇေယျာအား Vote လုပ်ခဲ့ကြပြီး ”ဇေယျာစစ်ဆင်ရေး’ဟု နာမည်ရ ခဲ့သည့်ဒေါ်သစ်သစ်မြင့်ဆိုင်ကလည်း အောက်တိုဘာ ၂၃ ရက် နံနက်က လေဆိပ်တွင်လာရောက် ကြိုဆိုရင်း ဂုဏ်ပြုအနမ်း ပေးခဲ့သည်။
”ဒီပွဲက နန်းခင်ဇေယျာတစ် ယောက်ရဲ့ အောင်ပွဲမဟုတ်ဘူး။ ကျွန်မတို့ မြန်မာတွေအားလုံးရဲ့ စိတ်ဓာတ်အောင်ပွဲလို့ ထင်တယ်။ အခု ကျွန်မငိုချင်တယ်။ မြန်မာ ပြည်နဲ့ပ တ်သက်ရင် ငိုချင်တယ်။ ဘာလို့ဆို ကျွန်မတို့ မြန်မာတွေက အရမ်းအနှိမ်ခံရတယ်။ အဲဒီလိုဂုဏ်ရှိစရာ တစ်ခုတွေ့တော့ ပီတိ ဖြစ်တယ် ပြောရမလား။ မြန်မာပြည် ကို အမြဲတမ်းပဲ ကမ္ဘာပေါ်မှာ အဲလိုမျိုးပဲ ဖြစ်စေချင်တယ်” ဟု ဒေါ်သစ်သစ်မြင့်ဆိုင်က လေဆိပ် တွင် ဆိုခဲ့သည်။ နန်းခင်ဇေယျာက ကြိုဆိုသူ များကို ယဉ်ကျေးသိမ်မွေ့စွာ ပြုံး ပြရင်း လက်တွင်ကိုင်ထားသည့် ဆုတံဆိပ်များဖြင့် ဓာတ်ပုံအရိုက်ခံ နေသည်။”ကိုယ့်နိုင်ငံအတွက် အကောင်း ဆုံးတွေဖြစ်အောင် ထပ်မံလုပ်ဆောင် သွားမှာပါ”ဟု သူမက ဆိုသည်။ကားပေါ်သို့ အရောက် သူမက ပရိသတ်ဟု ဖလိုင်းကစ် သင်္ကေတကို ပျော်ရွှင်စွာ လုပ်ပြပါသည်။သူမနှင့် မသိကျွမ်းပါဘဲ အင် တာနက်မှ မဲပေးခဲ့ကာ လေဆိပ် တွင် လာကြိုနေသည့် မရမ်းကုန်း မှ အမျိုးသမီးတစ်ဦးကတော့ ”သူ့ ကို ဧည့်လမ်းညွှန်အလုပ်ထဲမှာပဲ ဆက်ရှိနေစေချင်တယ်။ အနုပညာ နောက်ပါပြီး သာယာသွားမှာကို မကြိုက်ဘူး။ ဒါကိုဆက်ထိန်းစေ ချင်တယ်။ ပြီးတော့ ခရိုနီတွေ အဲလိုလူတွေကို ရှောင်ပါလို့ ပြော ချင်တယ်”ဟု ဆိုခဲ့သည်။ထိုနေ့က နန်းခင်ဇေယျာ၊ မြန်မာ၊ မျိုးချစ်စိတ်နှင့် ရှမ်းအိုး စည်သံသည် လေဆိပ်အပြင်ဘက် မှ ကောင်းကင်ယံထိ မြည်ဟီးလျှံဝေ နေဆဲ ဖြစ်သည်။
အောင်ခွန်းဆက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။