ရုပ်ရှင်ကားတစ်ကားကို ပုံပြင်လေး တစ်ပုဒ် ပြောပြနေသလို ရိုက်ပြတတ်တဲ့ အတတ်ပညာမှာ
သူမတူအောင် ထူးချွန်တဲ့ ဒါရိုက်တာ၊ စာပေ ကလောင်အစွမ်းထက်သလို ပန်းချီ ဆရာ၊ ကာတွန်း
ဆရာလည်းဖြစ်တဲ့ ဦးဝင်းဖေဟာ အမေရိကန်နိုင်ငံမှာ ၁၈ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် အမိမြေကို
ပြန်လည်လို့ ခြေချခဲ့ပါပြီ။
"ကိုယ့်တိုင်းပြည်ကို သိပ်လွမ်းတာ၊၊ ကိုယ့်တိုင်းပြည် ရောက်လာတော့ တအားပျော်တာပေါ့ဗျာ။
ကျွန်တော်က အပြီးပြန်လာတာပါ" လို့ အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းဖေက လှိုက်လှိုက်လှဲလှဲ ၀မ်းသာတဲ့လေသံနဲ့ မြန်မာတိုင်း(မ်)ကို ပြောလိုက်ပါတယ်။
အမေရိကန်ကို သွားခဲ့စဉ်က သုံးလတာသာဆိုပြီး ရည်းမှန်းခဲ့ပေမယ့် နှစ် ပေါင်း ၂၀ နီးပါး
သောင်တင်ခဲ့တယ်လို့ လည်း ဆရာကြီးက ဆိုပါတယ်။
"၁၉၉၄ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊Iowa တက္ကသိုလ်မှာ ကျင်းပတဲ့ Inter-national Writing
Program ကို သွားတက်ခဲ့တာ။ သွားတုန်းက ပရိုဂရမ်ကာလ သုံးလကြာပဲ နေထိုင်ဖို့ အစီအစဉ်
နဲ့ သွားခဲ့တာ" လို့ သူ့ဖြစ်ပုံကို ပြောပြပါတယ်။
"ဒီကနေ ပြန်လာခွင့်မပေးတော့ဘူး။ ဒီကြားထဲမှာ ပြန်လာခွင့်ရဖို့အတွက် ကြိုးစား ခဲ့ပါသေး
တယ်။ ခုအခွင့်အခါသင့်လို့ ပြန်လာခွင့်ရတာနဲ့ ပြန်လာခဲ့တာ"လို့ လည်း ပြောပါတယ်။
ဦးဝင်းဖေဟာ ကိုယ်တိုင်လည်း အနုပညာမျိုးရိုးကနေ ဆင်းသက်လာခဲ့သူ ဖြစ်ပြီး သမီးဖြစ်သူကို
လည်း အနုပညာ လက်ဆင့်ကမ်းပေးနိုင်သူလည်း ဖြစ်ပါ တယ်။ သမီးဖြစ်သူကတော့ အားလုံး
သိကြတဲ့ နိုင်ငံကျော်အဆိုတော် မီမီဝင်းဖေပဲ ဖြစ်ပါတယ်။
သူတို့ညီအစ်ကို မောင်နှမတွေဟာ ငယ်စဉ်ကတည်းက ဖခင်ရဲ့ မသင်မနေရ ပြဋ္ဌာန်းချက်ကြောင့်
မဟာဂီတအဆို၊ အတီးနဲ့ ပန်းချီရေးဆွဲနည်းတွေကို လေ့လာဆည်းပူးရင်း ကလေးဘ၀ကို
ဖြတ်သန်းခဲ့ကြရတယ်လို့ ဆို ပါတယ်။
"ကျုပ်က ပန်းချီကို သိပ်ဝါသနာပါတာ။ ကျောင်းမတက်ခင်ကတည်းက ပန်းချီကို သင်တယ်။
ကျောင်းမှာ စာမသင်ခင်ကတည်းက ပန်းချီရေးတယ်" လို့ ဦးဝင်း ဖေက ပြောပြပါတယ်။
မန္တလေးပန်တျာကျောင်းမှာ ကျောင်းအုပ်ကြီးတာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှာ အလုပ်မှ
ထွက်လိုက်ကာ ရုပ်ရှင်နယ်ထဲကို ခြေစုံပစ်ဝင်ရောက် ခဲ့ပါတယ်။
"ပုံပြောတာ ၀ါသနာပါတယ်။ သတင်း လောကမှာ အဖြစ်အပျက်တွေကို ပြန်ပြောတတ်တဲ့လူ။
ပန်းချီနဲ့ဂီတကို ၀ါသနာပါတော့ အဲဒီလူက ဒါရိုက်တာမလုပ်မှ တော့ဘာသွားလုပ်မလဲ"လို့ဆို
ပါတယ်။
အကောင်းဆုံး ဒါရိုက်တာဆုကို ၁၉၈၁ ခုနှစ်မှာ 'နှင်းဆီနီအိပ်မက်'ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့
ပါတယ်။ ဦးဇာဂနာကလည်း ဆရာရင်းဖြစ်သူ ဦးဝင်းဖေအကြောင်းကို "ဆရာကြီး ရိုက် ကူး
ခဲ့တဲ့ကားတွေထဲ အကုန်လုံး ကောင်း တာတွေချည်းပါပဲ။ အဲဒီအထဲမှာကျွန်တော်အကြိုက်ဆုံး
က 'မပြိုသည့်မိုး'နဲ့ 'နှင်းဆီနီအိပ်မက်' တို့ပါ။
ဆရာကြီးက အင်မတန်ပုံပြောကောင်းတယ်။ သူ့ရုပ် ရှင်ကားကို ကြည့်ရတာ ရုပ်ရှင်ကို ထိုင်
ကြည့်နေရတာနဲ့မတူဘဲ အဘိုး၊ အဘွား တွေက ပုံပြင်တစ်ပုဒ် ပြောပြတာကို ထိုင်နားထောင်
နေရသလိုပဲ" လို့ ပြော ပါတယ်။
ဒီနှစ် ဇန်န၀ါရီလမှာ ဦးဇာဂနာ အမေရိကန်နိုင်ငံရောက်တဲ့အခါ သူပထမဆုံး တွေ့တဲ့သူဟာ
ဦးဝင်းဖေပဲလို့လည်း ပြောပါတယ်။ "မြန်မာ့ရုပ်ရှင်လောက အတွက် ဘယ်သူမှမပြောခဲ့တဲ့ စကား
တစ်ခွန်းကို သူပြောခဲ့တယ်။
အဲဒါ မြန်မာ့ရုပ်ရှင်လောကဟာfeature film နဲ့ သွားနေရင် ဘယ်တော့မှ ကမ္ဘာကို မထိုး
ဖောက်နိုင်ဘူး၊ ကမ္ဘာကို ထိုးဖောက်နိုင်ဖို့ ဆိုramatized documentary ထန်းတက်သမား
အကြောင်းပဲဖြစ်ဖြစ်၊ တံငါသည်အကြောင်းပဲဖြစ်ဖြစ် ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်) ရိုက်ကူးမှသာ
ဖြစ်မယ်လို့။ အဲဒီစကားက အခုထိမှန်ခဲ့ တယ်"လို့ ပြောပါတယ်။
"နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ မြန်မာဒါရိုက်တာတွေ ဆုရတဲ့ ရုပ်ရှင် ကားတွေက မှတ်တမ်း
ရုပ်ရှင်ကားတွေ ပဲဖြစ်ပါတယ်။ ကိုပင်ဟေဂင်မှာ မြန်မာ ဒါရိုက်တာငါးဦး ဆုရခဲ့တာလည်း
မှတ်တမ်းရုပ်ရှင်ပါပဲ။ ပန်းချီဆရာဝသုန် အကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးထားတဲ့
မှတ်တမ်းရုပ်ရှင်ကလည်း နိုင်ငံတကာမှာ ဆုရခဲ့တယ်။
မြန်မာကို ကမ္ဘာက သိစေခဲ့တာ မှတ်တမ်းရုပ်ရှင် ကြောင့်ပါပဲ"လို့ ဦးဝင်းဖေပြောစကား မှန်ကန်တဲ့
အကြောင်းကို ဦးဇာဂနာက ပြောပြပါတယ်။
ဦးဝင်းဖေဟာ ၁၉၉၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာRadio Free Asia အသံလွှင့်ဌာန စတင်တည်ထောင်
တဲ့အချိန်မှာ ရေဒီယို ရဲ့ မြန်မာဌာနမှာ လုပ်ကိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်အထိ အယ်ဒီတာအဖြစ် တာဝန်
ထမ်းဆောင်ခဲ့ပါတယ်။
"ရေဒီယိုမှာ ၁၅ နှစ် အလုပ်လုပ်ခဲ့ပါ တယ်။ ဒီအလုပ်က တိုင်းပြည်အတွက် ကောင်းတဲ့အလုပ်ပါ။
ကိုယ့်တိုင်းပြည် မှာ ပိတ်ထားတဲ့ သတင်းတွေကို ပေးလို့ရတယ်"လို့ ပြောပါတယ်။
လူထုသတင်းစာတိုက်မှာလည်း နိုင်ငံရေးကာတွန်းတွေ ဆွဲခဲ့ပြီး ဖ.ဆ.ပ.လ အစိုးရအတွင်းက
အခက်အခဲ၊ ပြဿနာ တွေကို ကာတွန်းရေးခဲ့သူ ဖြစ်ပါတယ်။
မြန်မာပြည် ပြန်ရောက်တဲ့အခါ စာတွေရေးသွားမယ်လို့ဆိုပြီး ဘီဘီစီနဲ့ ဗီအိုအေအတွက်လည်း
အလုပ်တွေ အများကြီးပါလာတယ်လို့ပြောပါတယ်။
"ပန်းချီဆွဲမယ်။ စာရေးမယ်။ ရုပ်ရှင် ရိုက်တာကတော့ ပင်ပန်းတယ်။ အသက် ကြီးသွားလို့ ရုပ်ရှင်
ပြန်ရိုက်ဖြစ်ချင်မှ ရိုက်ဖြစ်တော့မှာပါ။ အခုလည်း ရုပ်ရှင်ရိုက်ဖို့အတွက် ငွေစိုက်ထုတ်မယ့်သူတွေ
အများကြီး လာကြတယ်။ ဒါပေမယ့် ၀တ္တရားမကျေပွန်မှာ စိုးပါတယ်" လို့ ဦးဝင်းဖေက ရှေ့ဆက်
လုပ်မယ့် အလုပ် တွေအကြောင်းကို ပြောပြပါတယ်။
ကာတွန်းအော်ပီကျယ်က "ဆရာ ပြန် လာတော့ ကျွန်တော်တို့ အရမ်းကျေးဇူး တင်တယ်။ သူက
စွယ်စုံရအနုပညာရှင် တစ်ယောက်ဖြစ်ပြီး အမြင်လည်းကျယ် တယ်။ သူ့ကို သိပ်သဘောကျတယ်။
နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကိုလည်း မျှမျှတတတွေးတတ်တယ်။ ဆရာ့ကို ကြည့်လိုက်တိုင်း
သူ့အိတ်ကပ်ထဲမှာ ဖောင်တိန်လေး အမြဲထည့်ထားတယ်။ ကျွန်တော်က ဘာကြောင့် ဖောင်တိန်ကို
အိတ်ကပ်ထဲမှာ ထည့်သလဲလို့မေးတော့ သူက 'ကျွန်တော်တစ်သက်လုံး ကာတွန်း ရေးသွား
မှာမို့'လို့ ပြောပါတယ်"လို့ ဦးဝင်း ဖေအကြောင်းကို ပြောပြပါတယ်။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။