Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 27, 2012

စာဖတ်ခြင်း နှင့် ထမင်းစားခြင်း

စာဖတ်ခြင်း နှင့် ထမင်းစားခြင်း
ခေါင်းစဉ်ကိုကြည့်ပြီး စာဖတ်ရင်း ထမင်းစားရမည်လား ဟု တွေးမိကောင်း တွေးမိပေလိမ့်မည်။ အမှန်မှာ နှိုင်းယှဉ်ပြလိုခြင်းသာဖြစ်ပါသည်။



ကျွန်တော်တို့ တတွေသည် ငယ်စဉ်တောင်ကျေး ကလေးဘဝမှ ယခုအချိန်ထိ သင်ယူခြင်း ဆိုသော အရာနှင့် အချိန်တော်တော်များများ ယဉ်ပါးထိတွေ့ခဲ့ဖူးမည် ဖြစ်ပါသည်။သင်ယူခြင်း စနစ် စတင်လိုက်ပြီဆိုတာနှင့် စာအုပ်များကို လက်လွတ်၍ရမည်မဟုတ်ပေ။ သင်ရိုးညွှန်းတမ်းဖတ်စာအုပ်များ၊ ပြင်ပဗဟုသုတ စာအုပ်များ အစရှိသဖြင့်သက်ဆိုင်သော ဝါသနာပါရှိသော စာအုပ်များကို ဖတ်ရှုလေ့လာကြခဲ့ဖူးမည်မှာ မလွဲပါ။ ထို့သို့ ဖတ်ရှုလေ့လာမှတ်သားရာတွင် ခံယူချက် အပေါ်မူတည်၍ ဖတ်ရှုပုံခြင်းကွဲပြားသွားကြတတ်ပေသည်။ ကျွန်တော်တွေ့ရှိမိသလောက် ဖတ်ရှုပုံအမျိုးအစားများကို ဖော်ပြပါမည်။
(က) အမြန်ဖတ်ခြင်း
(ခ) အနှေးဖတ်ခြင်း
(ဂ) သာမန်ဖတ်ခြင်း
(ဃ) အာရုံစူးစိုက်ဖတ်ခြင်းစသည်တို့ပင် ဖြစ်ပါသည်။

(က) အမြန်ဖတ်ခြင်း
အမြန်ဖတ်သူများသည် စာဖတ်ရာတွင် လောကြီးသည်။ ဆန္ဒစောလွန်းသည်။ မိမိသိလိုသောအရာကိုအရင်ဆုံးရှာဖွေ ဖတ်ရှုတတ်သည်။ အခြားသူများထက် စာဖတ်ချိန်ပိုမိုမြန်ဆန်သည်။သို့ရာတွင် ထိုသူများသည် ဖတ်ပြီးခဏအကြာတွင် မေ့သွားတတ်သည်။ အခြားသူများထက် စာအုပ်ပါအကြောင်းအရာကို အရင်သိရှိနိုင်ပြီး အရင်မေ့လွယ်တတ်ကြသည်။တခါတရံ စာအုပ်ခေါင်းစဉ်မြင်လျှင် ဖတ်ဖူးကြောင်းသတိရကောင်း ရနိုင်သည်။ သို့သော် စာအုပ်၏ဆိုလိုရင်းကို မှတ်မိချင်မှ မှတ်မိလိမ့်မည်။ ( ညဏ်ရည် အင်မတန်မှ ကောင်းမွန်သူများကိုမဆိုလိုပါ။) တခါတရံတွင် ဖတ်ဖူးပြီးသားဖြစ်သော်လည်း အကြောင်းအရာ အချက်အလက်အားလုံးကိုမေ့နေတတ်သည်။ နောက်တစ်ကြိမ်ပြန်လည် ဖတ်ရှုသည့်အချိန်မှသာ စာအုပ်၏တဝက်လောက်သို့ရောက်သောအခါမှ အော်.. ဒီစာအုပ်က ဒီလိုကိုး.. ဆိုပြီး ပြန်လည်အမှတ်ရတတ်သည်။

(ခ) အနှေးဖတ်ခြင်း
အနှေးဖတ်သူများသည် အမြန်ဖတ်သူများထက် အနည်းငယ် အချိန်ပိုမိုကြန့်ကြာသည်။ စာအုပ်တစ်အုပ်ကို ရက်နဲ့ချီပြီးကြာတတ်သလို လနဲ့ချီပြီးလည်း ကြာတတ်ပေမည်။သို့သော် ယေဘုယျအားဖြင့် အမြန်ဖတ်သူများထက် ပိုမို မှတ်နိုင်စွမ်းရှိသည်။ ရုတ်တရက်အားဖြင့် ဆိုလျှင် အနှေးဖတ်ခြင်း နှင့် အာရုံစူးစိုက်ဖတ်ခြင်း တို့ တူမယောင်နှင့် ကွဲပြားသည်ကို တွေ့ရှိနိုင်မည်ဖြစ်သည်။

(ဂ) သာမန်ဖတ်ခြင်း
သာမန်ဖတ်ခြင်း ကို အပေါ်ယံဖတ်ရှုခြင်း လို့ အဓိပ္ပါယ်ပြန်ဆိုလျှင် ရနိုင်မည်ဖြစ်သည်။ အချို့သူများသည် စာအုပ်တစ်အုပ်ကိုဖတ်သော်လည်း စိတ်ပါဝင်စားမှုမရှိပဲ အခြေအနေအရဖတ်ရှုသင့်သောကြောင့်ဖတ်ရခြင်း တာဝန်အရဖတ်ရခြင်းတို့ကြောင့် မှတ်နိုင်စွမ်း လျော့ပါးလာမည်ဖြစ်သည်။ အလိုရှိသောအကြောင်းအရာအချို့မျှကိုသာ လိုက်လံရှာဖွေပြီး ဖတ်ရှုခြင်းကြောင့်စာအုပ်၏ အနှစ်သာရနှင့်ဝေးနေမည်ဖြစ်သည်။

(ဃ) အာရုံစူးစိုက်ဖတ်ခြင်း
စာဖတ်ခြင်း လေးမျိုးအနက် အာရုံစူးစိုက်ဖတ်ခြင်း ကို အသုံးပြုနိုင်လျှင် ပိုမိုကောင်းမွန်ပေလိမ့်မည်။ ထိုကဲ့သို့သော အမျိုးအစားတွင် ပါဝင်သူများသည် စာအုပ်ဖတ်ရာတွင်စာတစ်လုံး တစ်ကြောင်းမျှကိုမှ ကျော်၍ဖတ်မသွားသည့်အပြင် နားမလည်သည့်နေရာများ၌ အထပ်ထပ် အခါခါဖတ်ရှုခြင်း ပြန်လှန်စဉ်းစားတွေးခေါ်ခြင်း စသည်တို့ကြောင့်တခါတရံတွင် အနှေးဖတ်သူများထက်ပို၍ အချိန်ကြာသည်ကို တွေ့မြင်ရပါသည်။

စာဖတ်ခြင်းတွင် အနှေးနှင့်အမြန် ရှိသကဲ့သို့ ထမင်းစားခြင်းတွင်လဲ အနှေးစားသူနှင့် အမြန်စားသူတို့ရှိပေသည်။ ကျွန်တော်လည်း ထမင်းစားရာတွင်သာမက စာဖတ်ရာတွင်ပါ အမြန်စနစ်ကျင့်သုံးသူပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်ထမင်းစားသည်ကိုတွေ့တိုင်း ကျွန်တော့်အသိ ဆရာဝန်အကိုတစ်ယောက်က ဆုံးမစကားပြောသည်ကို သာဓက ပြန်လည်ဖော်ပြပါမည်။


အစာကို ဖြေးဖြေးနဲ့ ကြေညှက်အောင်ဝါးရင် အစာများကပိုသေးသွားသဖြင့် အစာချေအရည်နှင့်ထိတွေ့ဖို့ မျက်နှာပြင်ပိုများမည်ဖြစ်သည်။
ထိုအခါ အစာအိမ်အနေနှင့် ဝန်ထုပ်ဝန်ပိုးမဖြစ်တော့ဘဲ ကြေညှက်အောင်ခြေဖျက်ရန် ပိုမိုလွယ်ကူမည်။
နောက်တစ်ချက်အနှေဖြင့် အစာစားနေသည့်အချိန်တွင် အစာအိမ်မှ ဦးနှောက်သို့ အချိန်နှင့်တပြေးညီ သတင်းပို့နေသည်။
အစာအိမ်မှ ၎င်းလက်ခံနိုင်သော အနေအထားသို့ရောက်ချိန်တွင် ဦးနှောက်သို့သတင်းပို့မည်။
ထိုအခါ ဦးနှောက်မှ အစားရပ်ရန်ပြန်လည် ညွှန်ကြားမည်။ အကယ်၍ သင်သည် အစာကိုမြန်မြန်စားသူဖြစ်ပါက ထိုကဲ့သို့ အစာအိမ်နှင့် ဦးနှောက် အဆက်အသွယ်ပြုလုပ်နေတုန်း မရပ်မနားစားသောက်နေခြင်းကြောင့် အစာအိမ်လက်ခံနိုင်သော ပမာဏထက်ပိုမို စားသောက်မိပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း အစာမကြေဖြစ်ခြင်း စသည့်ဝေဒနာများကို ခံစားရမည် ဖြစ်သည်။ ထို့ကြောင့် အစာစားရာတွင် ဖြေးဖြေးနှေးနှေး နှင့် ကြေညှက်အောင်ဝါးတတ်သောအကျင့်ကို ပြုလုပ်ထားသင့်ပေသည်။

စာဖတ်ရာတွင်လည်း ထို့အတူပင်။ ဖြေးဖြေးမှန်မှန် နှင့် အာရုံစူးစိုက်လေ့လာခြင်းအားဖြင့် အကြောင်းအရာမှန်သမျှကို ရှင်းလင်းလွယ်ကူစွာသိရှိနိုင်မည် ဖြစ်သည်။ စာအုပ်အမျိုးအစားနှင့်ရသ(သို့) ဗဟုသုတ ပေးစွမ်းနိုင်သော အမျိုးအစားအပေါ်မူတည်ပြီး အမြန် - အနှေး ဖတ်ရှုရန် ကွဲပြားပေလိမ့်မည်။ အကျိုးရှိသောစာပေများကို သေချာစွာ ဂရုတစိုက်ဖတ်ရှုသင့်သည်ဖြစ်ပြီး အချို့သောစာပေများကိုမူ သာမန်ဖတ်ရှုရုံမျှဖြင့်လုံလောက်ပေလိမ့်မည်။ ဖတ်ရှုနေစဉ်အချိန်အတွင်း မိမိစိတ်တိုင်းကျသောအကြောင်းအရာများ ထပ်မံဖတ်ရှုရန်လိုအပ်သောအကြောင်းအရာများအား မှတ်သားထားခြင်း(သို့) စာအုပ်တွင်ရေးမှတ်ထားခြင်းတို့ကို ပြုလုပ်သင့်သည်။ထမင်းစားပြီးပြီးချင်း ရေချိုးခြင်း ကိုယ်လက်လှုပ်ရှားခြင်းတို့မပြုလုပ်သင့်သလို စာအုပ်ဖတ်ပြီးပြီးချင်း မေ့ပစ်လိုက်ခြင်းကို မပြုလုပ်သင့်ပေ။



ဘာကြောင့် စာအုပ်ဖတ်ရန်လိုအပ်ပါသလဲ ?????

သာမန်လူတစ်ယောက်အနေနှင့် မိမိတို့သိလိုသော အကြောင်းအရာ အချက်အလက် ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် လိုက်လံရှာဖွေရန် အချိန်အတော်ယူရမည်ဖြစ်သည်။အချိန်ကုန် လူပင်ပန်းသက်သာပြီး အေးအေးဆေးဆေးနှင့်ရရှိနိုင်သောနေရာသည် စာအုပ်များမှပင်ဖြစ်နိုင်ပေလိမ့်မည်။ ထိုကဲ့သို့ပြောခြင်းကြောင့် စာအုပ်များထဲတွင် အရာအားလုံးရှိသည်စာအုပ်ထဲမှ အကြောင်းအရာများသည် အားလုံးမှန်ကန်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ စာအုပ်ဖတ်သူနှင့် မဖတ်သူတို့ကြား တွေးခေါ်ပုံ ခံယူချက်နှင့် နေထိုင်ပုံ အစစအရာရာကွာခြားနေမည်မှာ အမှန်ပင်ဖြစ်သည်။

နောက်ဆုံးပေါ် အဝတ်အစား အသုံးအဆောင်များ ဝတ်စားဆင်ယင်ထားရုံမျှဖြင့် ထိုသူကို တန်ဖိုးရှိသောသူလို့ မသတ်နိုင်ပါ။ ဘွဲ့တွေ တသီတတန်းကြီးရထားစေဦးတော့။တန်ဖိုးရှိသောသူဟု တထစ်ချပြော၍မရနိုင်ပါ။ တန်ဖိုးဟူသည် ဂုဏ် ပညာ အစရှိသည်တို့အပေါ်မူတည်မည်မဟုတ်ပါ။ တန်ဖိုးရှိအောင် မိမိကိုယ်တိုင် အပြောအဆို အပြုအမူ အနေအထိုင် အတွေးအခေါ် စသည်တို့ကို ဆင်ခြင်ရမည်ဖြစ်ပြီး တန်ဖိုးရှိမှ တန်ဖိုးကို သိတတ်လာကြပါလိမ့်မည်။ ထိုကဲ့သို့ အပြောအဆို အပြုအမူ အနေအထိုင် အတွေးအခေါ်များသည် မိမိတို့ပတ်ဝန်းကျင်မှသင်ခန်းစာယူသင့်သလို မိဘ ဆရာသမားများထံမှလည်းကောင်း၊ စာအုပ်များထံမှလည်းကောင်း ဆည်းပူးလေ့လာရပေမည်။ သို့ရာတွင် ကောင်းသောအကြောင်းအရာများ ကောင်းသော အမူအကျင့်များဖြစ်ရန်လိုအပ်ပေသည်။



တစ်နေ့ပြီး တစ်နေ့ မိမိတို့ရှင်သန်ရာ လူ့ပတ်ဝန်းကျင်နှင့် မိမိတို့သက်ဆိုင်ရာ အလုပ်အကိုင်ကြား ဗျာများနေကြသည်မှာ ခေတ်၏ရေစီးကြောင်းတစ်ခုအသွင်ဖြစ်ပါသည်။ထိုကဲ့သို့ မိမိတို့၏ များမြောင်လှသော အလုပ်ကိစ္စများကြား ရသည့်အချိန်လေးမှာ စာဖတ်ကြရန် တိုက်တွန်းပါသည်။ တစ်နေ့ကို တစ်အုပ်ပြီးအောင်ဖတ်ဖို့ ဆိုလိုခြင်းမဟုတ်ပါ။တစ်နေ့ကို စာဖတ်ဖို့အချိန်အနည်းငယ်ပေးရန်ဆိုလိုခြင်းဖြစ်ပါသည်။ ထိုသို့ဖတ်ရာတွင်လည်း တစ်မျက်နှာဆို တစ်မျက်နှာအလျောက် လေးလေးနက်နက်ထားပြီးဖတ်စေချင်ပါသည်။ဖတ်ပြီးသောစာများကို ချက်ခြင်းမယုံကြည်သေးဘဲ မှန်မမှန်ပြန်လည်တွေးတော ဆင်ခြင်စေလိုပါသည်။ စာအုပ်ဆိုလိုရင်းနှင့် မိမိတို့တွေးထားသမျှကို အချင်းချင်းပြန်လည်ဆွေးနွေးစေချင်ပါသည်။မိမိဖတ်ထားသောစာအုပ်သည် အကျိုးရှိသည်ဟု ယူဆလျှင် အခြားသူများဖတ်မိစေရန် ပြန်လည် ညွှန်းပြစေချင်ပါသည်။

စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသည့်စကားမှာ အလွန်မှန်ပါသည်။ စာအုပ်သည် ၎င်းထဲတွင်ပါရှိသော အကြောင်းအရာများကို သင်လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူ့တာဝန်အရပြောပြသွားမည်ဖြစ်သည်။ သင့်တာဝန်မှာ လေးလေးနက်နက်ဖတ်ရှုရန် နှင့် မှန်မမှန်ဆုံးဖြတ်ရန်သာဖြစ်သည်။

စာအုပ်သည် .....
  • သင့်စိတ်သဘောထားနှင့်မတိုက်ဆိုင်ခဲ့လျှင် သင်နှင့်အငြင်းပွားဖော်ဖြစ်လိမ့်မည်။
  • သင့်စိတ်ကူးနှင့်ထပ်တူကျသော် သင်၏စိတ်တူကိုယ်တူသူငယ်ချင်း ဖြစ်လိမ့်မည်။
  • သင်လျှောက်ရမည့်လမ်းကြောင်းကို ညွှန်ပြပေးသော် သင့်ဆရာ ဖြစ်လိမ့်မည်။
  • သင့်ကိုအားတက်စေသော် သင့်အားပေးဖော် ဖြစ်လိမ့်မည်။
စာအုပ်သည် သင်၏ ခံယူချက်ပေါ်မူတည်၍ပြောင်းလဲပေလိမ့်မည်။ အနောက်တိုင်းစကားပုံတစ်ခုကြားဖူးပါသည်။
သင် ဘာစာအုပ်ဖတ်သည်ကို ကျွန်တော့်ကိုပြောပြပါ။ ကျွန်တော်က သင်ဘယ်လိုလူလဲဆိုတာကိုပြောပြပါမည် ....တဲ့။
ထို့ကြောင့် သင်ဖတ်သောစာအုပ်အမျိုးအစားသည် သင်ဘယ်လိုလူလဲ ဆိုတာကို ညွှန်ပြပေလိမ့်မည်။

အထူးသတိပြုရန် နှင့် ဖြစ်တတ်သော မြင်တွေ့ရတာများသော အဓိကအချက်မှာ
စာအုပ်များဖတ်ပြီး မိမိကိုယ်ကို ပညာရှိကဝိတဆူ ဖြစ်ပြီဟု မမှတ်ယူပါနှင့်

စာအုပ်တစ်အုပ် ထဲမှာ အကြောင်းအရာကို နှစ်သက်သဘောကျလက်ခံလျှင် အခြားစာအုပ်များမှ ထိုအကြောင်းအရာကို ဆက်လက်ဖတ်ရှုပါ။ စာအုပ်ပေါင်းမြောက်များစွာနှင့်လူပေါင်းစုံက ထိုအချက်ကို မှန်တယ်ဟု ဆိုကြမှသာ မှန်တယ်ဟု သတ်မှတ်ပါ။ မိမိဖတ်ဖူးသော တစ်အုပ်မျှသော စာအုပ်ထဲမှ အကြောင်းအရာအချက်အလက်များသည်လူတကာနှင့်ငြင်းခုန်နိုင်လောက်အောင် မပြည့်စုံမလုံလောက်ပါ။



စာအုပ်အဖတ်များသဖြင့် ပညာရှိဖြစ်သွားသောသူများအကြောင်း၊ စာအုပ်အဖတ်များပြီး အတွေးအခေါ်ပညာရှင်ဖြစ်သွားသူများအကြောင်း၊ စာအုပ်အဖတ်များပြီး သမ္မတဖြစ်သွားသူများအကြောင်းစသည်တို့ကို အားကျနေမည့်အစား လက်တွေ့ မိမိကိုယ်တိုင် စာအုပ်ဖတ်ဖို့ ကြိုးစားလိုက်ပါ။

ကဲ... မိမိတို့ရဲ့ အားလပ်ချိန် ခဏလေးကို စာအုပ်ဖတ်ခြင်းဖြင့် အသုံးချလိုက်ကြရအောင်.........။


အမှားတစုံတရာပါခဲ့သော် ကျွန်တော်၏ အပြစ်သာဖြစ်ပါသည်။
Ko Htun
22.10.2010 (Mon)
11:18 pm
Ko Htun ဖေ့စ်ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
http://www.bawacheyar.com/2012/10/blog-post_8982.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။