Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 31, 2012

အစာ

by သော် ဇင် အုန်း on Wednesday, October 31, 2012 at 6:36am


“ဟဲ့-စား လေ”သူငယ်ချင်းမ ယူလာတာတွေကို ကျွန်တော် ကြည့်ရင်း ငြင်းလိုက်တယ်။
“သူက အိမ်မှာ နေ့တိုင်းစပါးတွဲဝယ်ချိတ်ပြီးကျွေးနေတာ လေ ၊နင်ပဲစားပါဟာ သူစားမှာမဟုတ်ဘူး”လို့ ကျွန်တော်ဇနီးက၀င်ပြောလိုက်တော့ သူမ မျက်နှာကအံ့သြတဲ့ပုံနဲ့ ကြည့်နေတယ်။
အကင်ဆိုင်မှာကျွန်တော်တို့လင်မယားရယ် သူငယ်ချင်းမရယ် အကင်စားခဲ့ကြတုန်းကပေါ့-
သူယူလာတဲ့ စာကလေး အကင်တွေ ကျွန်တော့ကိုကျွေးတော့ ထိတ်လန့်စွာငြင်းခဲ့တာကို သူအံ့သြနေခဲ့တယ်။

ကြာတော့ကြာပါပြီ-
ငယ်ငယ်တုန်းက ညီအကိုဝမ်းကွဲတွေရှိတဲ့ ကျွန်တော့်ဖေဖေရဲ့မွေးရပ်ဇာတိကို သားအဖတွေ သွားလည်ကြတုန်းကပေါ့။
မြို့ကလာတဲ့ ကျွန်တော်တို့သားအဖကို ဦးလေးနဲ့အကိုတွေက၀မ်းသာအားရ ကြိုဆိုကြပါတယ်။
“ဟေ့-သားကြီးရေ မင်းဦးလေးနဲ့ညီအတွက် ကြက်တစ်ကောင်လောက်ပစ်ကွာ”
ဦးလေးရဲ့စကားသံအဆုံးမှာ အကိုဟာတိုင်မှာချိတ်ထားတဲ့လောက်လေးခွကို ဖြုတ်ယူ၊လောက်စာလုံးသုံးလုံးကို
ခါးပိုက်ထဲထည့်လိုက်ပါတယ်။ပြီးတော့
“ညီလေးလိုက်မလား”လို့ ကျွန်တာ့်ကိုမေးတယ်၊
အဖေ့ကိုကြည့်တော့ ခေါင်းညိတ်ပြတာနဲ့ ကျွန်တော်လဲသူ့နောက်ကိုလိုက်ခဲ့ပါတယ်။
အိမ်နောက်ဖက် ခြံထဲမှာ ကြက်တွေမှ အများကြီး။ဟိုယက် ဒီယက် ဟိုဆိတ်ဒီဆိတ် ကြက်သံလေးတွေဆူညံလို့
ကြက်လေးတွေကိုကြည့်ရတာပျော်စရာဗျာ၊ကြက်မကြီးနားမှာ ကြက်ပေါက်စလေးတွေကအုံလို့၊ကြက်ဖကြီးတွေကလဲတွန်လို့ ၊
ကြက်တွေကိုကြည့်ရင်း မြို့မှာမမြင်ရတဲ့မြင်ကွင်းထဲ ကျွန်တော်မျောလို့……….
နားနားက ၀ှီး ဆိုတဲ့အသံကြားလိုက်ရပြီး ကျွန်တော်ကြည့်နေတဲ့ ကြက်တွေထဲက ကြက်ဖတစ်ကောင်မြေကြီးပေါ်လဲကျသွားတာတွေ့လိုက်ရတယ်။ကြက်တွေလဲအဝေးကိုပြေးသွားကြတယ် ကြက်သံတွေဝေးသွားတော့ အကိုက လဲကျသွားတဲ့ ကြက်ကိုသွားကောက်ပါတယ်။အကိုကကြက်သေကို
ကိုင်ရင်းကျွန်တော့်ကို“သွားစို့”တဲ့။ကျွန်တော်လဲ အကို့နောက်ကလိုက်ရင်း …………..သူ့လက်ထဲကကြက်သေကိုကြည့်ရင်း ……
“စားကြကွ ဒါလတ်လတ်ဆတ်ဆတ် တောကြက်သားဟင်း
စားလေကွာ တူကြီး ငါးပိရည်နဲ့တို့စရာကြီးပဲမင်းစားနေတာလား” ဦးလေးရဲ့စကားဆုံးတော့
“မဟုတ်ပါဘူး ဒီကငါးပိရည်နဲ့တို့စရာက စားရခဲတယ်လေ ကျွန်တော်ကြိုက်လို့” ဆိုပြီး
ထည့်ပေးထားတဲ့ ကြက်သားဖတ်ကိုမတို့ထိပဲ အဲဒီနေ့က စားခဲ့တာကိုခုထိ အမှတ်ရနေဆဲပါ။

အသက်၂၀လောက်တုန်းက ရခိုင်ရိုးမမှာ သစ်ပင်စိုက်တဲ့ အလုပ်သွားလုပ်ခဲ့ရဘူးတယ်။တောတွေ တောင်တွေကစိမ်းလို့ ၊စမ်းရေစီးသံကလဲ သာယာလို့၊ည ည တောကောင်လေးတွေအော်သံတွေ နေ့ခင်းဘက်မှာကြားရတဲ့ ငှက်သံတွေ နဲ့ ရောက်စက ပျင်းနေတဲ့ကျွန်တော် နောက်တော့ ပျော်လာပါတယ်။
တောင်အမြင့်ကြီးထိပ်ကနေ တောင်အောက်မြင်ကွင်းတွေကိုကြည့်ရတာလှလိုက်တာ စိမ်းလို့ ။လေကလဲ
လွတ်လပ်လို့…….
တစ်နေ့ ရွာကလူသုံးယောက်နဲ့ခွေးနှစ်ကောင် ကျွန်တော်တို့ နေတဲ့နေရာကိုရောက်လာကြတယ်။
“ဟေ့ မြို့ကလူတွေ ပျင်းနေရင် တောပစ်လိုက်ကြမလား”လို့ပြောတယ်။
ကျွန်တော်လဲ အတွေကအကြုံရတယ်ဆိုပြီးသူတို့နောက်လိုက်ခဲ့တယ်။ ခွေးတွေက အမဲ လိုက်ခွေးတွေ
ဖြစ်ကြောင်း၊ သူတို့အမဲလိုက်ရင် မရတာမရှိကြောင်း၊ ဒီနေ့ ခင်ဗျားကိုယ်တိုင်တွေ့မြင်ရမှာဖြစ်ကြောင်း
စသည်ဖြင့်သူတို့ရဲ့အမဲလိုက်တဲ့အကြောင်းတွေကို တစ်လမ်းလုံးပြောပြနေပါတယ်။ ခွေးတွေကရှေ့က
ပြေးလို့ ……
တစ်နေရာမှာ ခွေးတွေ ဟောင်နေသံကိုကြားရပါတယ်။ခွေးတွေဟောင်နေတာက ဆက်တိုက် အသံမပြတ်
တစ်ခုခုကို တွေ့လို့ဟောင်နေတဲ့ပုံ၊
“လာကြဟေ့ ဒါ အိမ်ကကောင်တွေအမဲတွေ့နေလို့ဟောင်နေတာ ”
သူတို့ပြေးရာနောက် ပြေးလိုက်သွားပါတယ်
ခွေးနှစ်ကောင်ဟောင်နေတဲ့နေရာမလှမ်းမကမ်းရောက်တော့ ဆတ် တစ်ကောင်ကိုခွေးနှစ်ကောင်ဝိုင်းဟောင်နေတာတွေ့ရပါတယ်။ဆတ်က နောက်ဆုတ် နောက်ဆုတ်နဲ့
ခွေးတွေကဆတ်နားကို မကပ်ပဲ ခပ်ခွါခွါကဟောင်လိုက် ဆတ်က နောက်ဆုတ်လိုက်…….
ခွေးတွေက ဟောင်လိုက် ဆတ်က ဦးချိုကို ယမ်းလိုက်နဲ့………..
လူတွေကိုတွေ့တော့ ဆတ်ဟာ ချာကနဲ လှည့်ပြေးပါတော့တယ်….
ခွေးတွေကဆတ်နောက်ကိုဟောင်ရင်းလိုက်နေတယ်။
“လာဟေ့ ချောင်းထဲဆင်းမယ် ဒီကောင်မောလာရင်ရေဆင်းသောက်မှာ ချောင်းထဲကစောင့်မယ်”
ပြောလဲပြော ပြေးလဲပြေး။သူတို့မုဆိုးခြေ ကျွန်တော် ဘယ်မှီပါ့မလဲ၊သူတို့ကတောလဲကျွမ်းတာကိုး။
ချောင်းအတိုင်း လိုက်သွားရင်းနာရီဝက်လောက်ကြာတောမှ သူတို့ကိုတွေ့ရပါတော့တယ်။ဆတ်ကိုတောင်
ဖျက်ပြီးနေကြပြီ။ခွေးနှစ်ကောင်က ချောင်းစပ်မှာအမောဖြေလို့……ဆတ်သွေးတွေက သူတွေမှာပေလို့..
“လာဟေ့…မင်းကိုစောင့်နေတာ၊ရော့ ဒီမှာမင်းဝေစု”ဆိုပြီးကျွန်တော့်ကို ပေးပါတယ်။
“ဟာ မယူဘူး၊မယူဘူး”လို့ကျွန်တော်ငြင်းတော့
“မရဘူးမြို့သား ဒီဝေစု မင်းယူရမှာ ဒါ တောစည်းကမ်းပဲ၊ယူရမယ်”တဲ့
ဘယ်လိုမှငြင်းလို့မရတော့ကျွန်တော်ယူလိုက်ရတယ်။အပြန်လမ်းမှာ သူတို့ ပျော်နေကြတယ်။ကျွန်တော်
နေတဲ့နေရာရောက်တော့ သူတို့နဲ့လမ်းခွဲလိုက်တယ်။သူတို့ကိုမမြင်ရတဲ့ အခါ ကျွန်တော်ရလာတဲ့ ဝေစု
ကို မြေကြီးထဲတွင်းတူးပြီးမြှုပ်ပစ်လိုက်တယ်။
ညနေစာလဲစားလို့မရတော့ဘူး………….

ကျွန်တော်ဟာ သပြေပန်းတွေကို မြင်ရရင်စိတ်ကို ကြည်နူးအေးချမ်းသွားတတ်ပါတယ်။အိမ်ကဘုရားပန်းအိုးမှာ
နေ့တိုင်းသပြေပန်းတွေထိုးပါတယ်။တစ်ခါတလေ သပြေတွေရှားတတ်ပါတယ်။သပြေချစ်တဲ့ ကျွန်တော်က သပြေခြံတွေဆီရောက်အောင်သွားတတ်ပါတယ်။သပြေခြံမှာ သပြေမျိုးတောင်းဝယ်လာပြီး အိမ်ရှေ့မှာစိုက်ထား
လိုက်တယ်။ခုဆို သပြေပြတ်မှာမပူရတော့ဘူး။အိမ်ရှေ့သပြေပင်တွေမှာ အညွှန့်လေးတွေဝေဆာလို့…..
အိမ်ရှေ့ဖြတ်သွားတဲ့လူတိုင်းက“သပြေပင်တွေက လှလိုက်တာ”တဲ့။
ခုတလောအလုပ်များနေလို့ သပြေပင်တွေကိုတောင်မကြည့်မိဘူး။နံနက်အစောကြီးထွက်.ညမိုးချုပ်မှ ပြန်လာ
ရတော့ ချစ်တဲ့ သပြေတွေနဲ့နီးလျက်ဝေးနေတယ်။ဒီနေ့တော့ အလုပ်ပိတ်ရက် စောစောထပြီးအိမ်ရှေ့သပြေပင်
တွေဆီထွက်မိတယ်။
ဟာ……. သပြေရွက်တွေ ၊သပြေညွှန့်တွေမရှိတော့ပါလား။ကျိုးတို့ကျဲတဲနဲ့ ရိုးတံတွေ
ဒေါသထွက်လိုက်တာ၊ဘယ်လိုဖြစ်တာလဲ၊ဘယ်သူလုပ်တာလဲ။ဒေါသထွက်လိုက်တာ…..
တွေ့ပြီ တရားခံ
ခူတွေ ခူတွေ ခူတွေ
ကျွန်တော့်သပြေပင်ကိုဖျက်ဆီးတဲ့ တရားခံတွေ
အိမ်ပေါ်ကိုပြန်တက်ပြီး ပိုးသတ်ဆေးဗူးတွေကို ယူလိုက်တယ်။တစ်ဗူး ၊နှစ်ဗူး ကုန်အောင်ဖြန်းပစ်လိုက်တယ်။
ခူတွေ ခူတွေ ခူတွေ… တွန့်လိမ်ပြီးအောက်ကျလာတယ်… ခူတွေ ခူတွေ ခူတွေ…..
အားမရသေးဘူး တစ်ကောင်ချင်းလိုက်နင်းပြီး သတ်ပစ်လိုက်တယ်……
အားမရသေးဘူး တစ်ကောင်ချင်း လိုက်နင်းပြီးသတ်ပစ်လိုက်တယ်…….
အားမရသေးဘူး တစ်ကောင်ချင်းလိုက်နင်းပြီး သတ်ပစ်လိုက်တယ်……..
ညရောက်တော့ အိပ်မက်မက်တယ်…..ခူတွေ ခူတွေ ခူတွေ ကျွန်တော့်ဆီလာနေတာအများကြီး၊
ခူတွေ ခူတွေ ခူတွေ…..ပြေးလို့မရဘူး၊သတ်လို့လဲမနိုင်တော့ဘူး၊ခူတွေ ခူတွေ ခူတွေ………
ခူတွေ ခူတွေ ခူတွေ……………………………………………………………………………………………….
(သော်ဇင်အုန်း)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။