Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 10, 2018

#လူငယ်စွန့်ဦးတီထွင်သူတွေအတွက်အောင်မြင်မှုရစေနိုင်တဲ့အချက် (21) ချက်

#လူငယ်စွန့်ဦးတီထွင်သူတွေအတွက်အောင်မြင်မှုရစေနိုင်တဲ့အချက် (21) ချက်
+++++++++++++++++++++++++++++++++++++++++

(1) ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။

Richard Branson ကတော့ သူ့အတွက် စိတ်ခွန်အားပေးနိုင်တဲ့အရာက ကိုယ့်ကိုယ်ကို ပြန်စိန်ခေါ်မှုပါပဲတဲ့။ ဘဝဆိုတာဟာ နေ့စဉ်နေ့တိုင်း လေ့လာသင်ယူစရာတွေ အများကြီးရှိတဲ့ တစ်သက်တာကျောင်းကြီးပါ။ မနေ့ကသင့်ကို ဒီနေ့သင်က စိန်ခေါ်ပြီး သူ့ထက်ပိုကောင်းအောင် ကြိုးစားနိုင်ပါစေ။

(2) သင်အလေးထားတဲ့အလုပ်ကိုသာလုပ်ပါ။

Steve jobs ပြောတာကတော့ ဘဝမှာ စိတ်ကျေနပ်မှုရစေတဲ့ တစ်ခုတည်းသောနည်းလမ်းက ကိုယ်ယုံကြည်တဲ့အလုပ်ကို လုပ်ခြင်းပါပဲတဲ့။

(3) ခက်ခဲမှုကိုမကြောက်ပါနဲ့။

ဘယ်အရာကိုမှ တကယ်မလုပ်ဘဲ ရလဒ်သိမှာ မဟုတ်ပါဘူး။ Jeff Bezo ပြောတဲ့စကားတစ်ခွန်းရှိပါတယ်။ ရှုံးနိမ့်တာက နောင်တရစရာမဟုတ်ပါဘူး။ မကြိုးစားတာကမှ နောင်တရစရာပါတဲ့။

(4) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။

Henry Ford ရဲ့ နာမည်ကျော်စကားတစ်ခွန်းကတော့ ဘယ်အရာကိုမဆို လုပ်နိုင်တယ်ပဲထင်ထင် မလုပ်နိုင်ဘူးပဲထင်ထင် သင်မှန်ပါတယ်။ ကိုယ့်ကိုယ်ကို အောင်မြင်မယ်လို့ယုံကြည်ရင် ဘာအခက်အခဲတွေရှိရှိ ကျော်ဖြတ်နိုင်မှာပါပဲ။ ဒါမှမဟုတ်ရင်တော့ ဆင်ခြေဆင်လက်တွေနဲ့သာ ပြီးသွားပါလိမ့်မယ်။

(5) အမြင်ရှိပါ။

စွန့်ဦးတီထွင်သူဆိုတာဟာ ဆန်းသစ်တဲ့အမြင်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်သူပါ။ ဒါကြောင့် ကိုယ့်ရဲ့ အတွေးအခေါ် အမြှော်အမြင်ဟာ ရှင်းလင်းနေဖို့လည်း လိုပါတယ်။

(6) လူတော်လူကောင်းတွေကိုရှာပါ။

Linkedin ရဲ့ co-founder တစ်ယောက်ဖြစ်တဲ့ Reid Hoffman ပြောတာကတော့ ကိုယ့်ကိုယ်ကို အကောင်းဆုံးပြောင်းလဲဖို့နည်းလမ်းဟာ ကိုယ့်ရဲ့ idol တွေနဲ့ ပေါင်းသင်းဆက်ဆံခြင်းပါပဲတဲ့။

(7) အကြောက်တရားကိုရင်ဆိုင်ပါ။

အကြောက်တရားကင်းမဲ့ခြင်းဟာ လူ့ခန္ဓာကိုယ်က ကြွက်သားတွေလိုပဲ လေ့ကျင့်ခန်းများများလုပ်လေ သန်မာလာလေပါပဲလို့ Arianna Huffington ကပြောပါတယ်။

(8) ချက်ချင်းလုပ်ဆောင်ပါ။

တစ်လောကလုံးမှာ အံ့သြဖွယ်အကြံဥာဏ်တွေ အပြည့်ရှိပေမယ့် အောင်မြင်မှုဆိုတာကတော့ လက်တွေ့အကောင်အထည်ဖော်မှ ရလာတာမျိုးပါ။ အစပြုဖို့ အလွယ်ဆုံးနည်းလမ်းဟာ စကားပြောတာရပ်ပြီး လက်တွေ့လုပ်ဆောင်တာပါလို့ Disney ကပြောပါတယ်။ အောင်မြင်မှုဆိုတာလည်း ထိုနည်းလည်းကောင်းပါပဲ။

(9) အချိန်ယူပါ။

ဘယ်သူကမှတော့ ချက်ချင်းမအောင်မြင်ပါဘူး။ Steve Job ပြောတဲ့ စကားကတော့ သေချာစဉ်းစားကြည့်ရင် ကြီးကြီးမားမားအောင်မြင်မှုတိုင်းဟာ အချိန်ကြာကြာယူတတ်ပါတယ။ ဒါကြောင့် ကိုယ့်အလုပ်မှာ အချိန်ပေးရဖို့ မတွန့်ဆုတ်ပါနဲ့တဲ့။

(10) ကိုယ့် လုပ်နိုင်စွမ်းကို စီမံနိုင်ပါစေ။

သင့်ရဲ့ လုပ်နိုင်စွမ်းဟာ Limit တစ်ခုတော့ရှိပါတယ်။ ဒါကြောင့် ပါးပါးနပ်နပ် စီမံခန့်ခွဲပါ။

(11) အသင်းကောင်းတစ်ခုတည်ထောင်ပါ

လုပ်ငန်းပိုင်းဆိုင်ရာမှာ ဘယ်သူမှတစ်ယောက်တည်း အောင်မြင်မလာနိုင်ပါဘူး။ ဒါကြောင့် သင့်ရဲ့အောင်မြင်မှုကို ပံ့ပိုးပေးမယ့် အသင်းကောင်းတစ်ခု တည်ဆောက်ပါ။

(12) အကျင့်စရိုက်ကိုသာ အလုပ်ခန့်ပါ။

သင်ဟာ လူတစ်ယောက်ကို အလုပ်နဲ့ပတ်သက်တာတွေ ကျွမ်းကျင်အောင် သင်ပြပေးလို့ရပေမယ့် သင့်ရဲ့အလုပ်နဲ့ သူ့ရဲ့ အကျင့်စရိုက်ကို အံဝင်ခွင်ကျဖြစ်အောင် လုပ်ယူလို့မရပါဘူး။

(13) ငွေအရင်းအနှီး တိုးမြှင့်ဖို့ ကြိုတင်စီစဉ်ပါ။

Richard Harroch ပြောတာကတော့ ငွေအရင်းအနှီးကို တိုးမြှင့်ဖို့ဆိုတာ ထင်ထားတာထက် ပိုပြီးအချိန်ကြတတ်သလို အမြဲတမ်းခက်ခဲတဲ့အရာပါ။ ဒါကြောင့် ကြိုတင်စီစဉ်ပါ။

(14) ကိုယ့်ပန်းတိုင်ကို သိပါ။

iContact ရဲ့ Co-Founder Ryan Allis ကတော့ ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်တွေကို အမြဲစိတ်ထဲထည့်ထားရင် သင်လုပ်ဆောင်သမျှဟာ သူတို့ဆီကို အရောက်သွားဖို့ သေချာစေပါတယ်။ ဒါကြောင့် ရည်ရွယ်ချက် သတ်သတ်မှတ်မှတ်ထားပြီး နေ့တိုင်း ကိုယ့်ကိုယ်ကို သတိပေးပါ။

(15) အမှားတွေကနေ သင်ယူပါ။

စွန့်ဦးတီထွင်သူ အများစုကတော့ အမှားဆိုတာ သူတို့အတွက် အကောင်းဆုံးဆရာပါပဲတဲ့။ အမှားတွေကနေ သင်ယူလေလေ အောင်မြင်မှုဆီ နီးကပ်လာလေလေပါပဲ။

(16) ကိုယ့် Customer ကို သိပါ။

သင့်ဘက်က ဘယ်သူတွေကို ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်သလဲဆိုတာ သိပါစေ။ ဒါမှသာ သူတို့လိုအပ်တဲ့ အကောင်းဆုံးဖြေရှင်းမှုတွေကို ပေးနိုင်မှာပါ။

(17) ဝေဖန်အပြစ်တင်မှုတွေကနေ သင်ယူပါ။

မကျေမနပ်ဖြစ်နေတဲ့ customer တွေဟာ သင့်အတွက် အကောင်းဆုံးသင်ယူနိုင်မယ့် အရင်းအမြစ်ပါပဲ။ သင့်ရဲ့ ဝန်ဆောင်မှုမှာ ဘယ်နေရာတွေအားနည်းနေသလဲဆိုတာ သူတို့က သင်ပေးပါလိမ့်မယ်။

(18) Customer ရဲ့လိုအပ်ချက်ကို နားထောင်ပါ။

Customer က ဘာကိုလိုချင်လဲ ဘာကိုလိုအပ်လဲဆိုတာကို ခန့်မှန်းနေတာက အကျိုးမရှိပါဘူး။ သူတို့ကို တိုက်ရိုက်မေးမြန်းပြီး ပြောသမျှကို သေချာနားထောင်ပါ။

(19) ပါးပါးနပ်နပ် ပိုက်ဆံသုံးပါ။

ဘာမှအကျိုးမရှိတဲ့အရာတွေအတွက် ပိုက်ဆံသုံးမိနိုင်ချေဟာ လွယ်ကူလွန်းလို့ ကိုယ့်ရဲ့ ငွေရင်းပြုတ်သွားတတ်တာကို သတိထားပါ။

(20) ကိုယ့်နယ်ပယ်ကို နားလည်ပါ။

တခြားသူတွေက သူတို့နယ်ပယ်မှာ ပိုက်ဆံဘယ်လောက်ရှာနေနေ သူတို့ကို အားကျပြီး ကိုယ်နားမလည်တဲ့ game တွေကို မဆော့ပါနဲ့လို့ Zappos ရဲ့ Founder Tony Hsieh ကပြောဖူးပါတယ်။ ကိုယ့်နယ်ပယ်ကို အမှန်အကန်နားလည်တာဟာ အောင်မြင်မှုအတွက် သော့ချက်ပါပဲ။

(21) မျှော်လင့်ထားတာထက်ပိုလုပ်ဆောင်ပါ။

Google ရဲ့ Larry Page ကတော့ customer တွေမျှော်လင့်ထားတာထက် ပိုလုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ ဒါဟာ သင့်ကို လူတွေပိုသတိထားမိစေရုံသာမက အားပေးထောက်ခံသူတွေလည်း များလာနိုင်မယ့် နည်းလမ်းပါ။

Credit-Original Upload

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။