ဝန်ထမ်း မလုပ်နဲ့ ညီလေး
__________________________ _
ငါ့ ညီ များ ဆယ်တန်းအောင်ဘွဲ့ရပြီးရင်လေ
မြန်မာ ပြည်က
ဝန်ထမ်းမလုပ်မိစေနဲ့ ညီလေးရေ….
သိပ်ပြောချင်နေတဲ့ စကားတွေ
ပါးစပ်ဖျားလေးတင်
ပျောက်ပျောက်သွားတာတွေရှိတယ်
” အ ” လွန်းလို့ တယ်များ ထင်နေကျလား
မသိဘူး ညီလေးရေ …..
ကိုယ့်မေမေ ပြောဖူးတယ်
သားရယ် ” ဝန်ထမ်း ဖြစ်တော့ ဂုဏ်ရှိတာပေါ့တဲ့ ”
ဘာဂုဏ်တွေလဲမေမေရယ်
သားတို့  မာနတွေ သားတို့ တတ်ထားတဲ့ပညာတွေကို
ဝန်ထမ်းဆိုတဲ့ ဝါကျလေးတခု အတွက် ကြောင့် သူများဖိနပ်အောက်ထိုးထားရတယ် မေမေရယ်
” ပြုတ်သွားချင်လို့ လား ”
” မင်း ကတော့ အတိုင်ခံ ချင်နေတာ ”
အဲ့လိုစကားတွေ ကြားမှာ အံတင်းတင်း ကြိတ်မိတဲ့
အကြိမ်ရေတွေ လည်း မနည်းတော့ဘူး
ဘာလုပ်လုပ် အကောင်းမမြင်တဲ့ပါတ်ဝန်းကျင်မှာလည်း
ဝန်ထမ်း ဆိုတာ •••• ဆော့ချင်တိုင်းဆော့ခံနေရတဲ့
ကြောင်တကောင်ရဲ့ လက်ထဲ က ကြွက်သေ တခုပါပဲ ညီလေးရာ
မှန်တာလည်း ရဲရဲ မပြောရ
မှားနေရင်လည်း ပွင့်ပွင့်လင်းလင်းထောက်မပြ ရဲ
လူ လူ ခြင်းတောင် အဆင့်တန်းခွဲခြားခံနေရတဲ့ ဘဝတွေ ••••
ပွင့်လင်းမြင်သာတဲ့ခေတ်မှာ
ပွင့်လင်းမြင်သာစွာ ပဲ ဝန်ထမ်း မှားရင် အပြစ်ပေးခံရတယ်ညီလေး
လော်လီ လုပ်ကြံပြီး ဝန်ထမ်းတယောက်ကို မဟုတ်တာ တိုင်ပြန်တော့ ဝန်ထမ်း ဘက်က ရပ်တည်ပေးမဲ့သူ မရှိဘူး ညီလေး
ခေါင်းဆောင်ကောင်းလည်း ရှားလာသလို
ဖား မျိုးစုံတွေကလည်း
ကိုယ်တို့ ဝန်ထမ်းလောကမှာ
တပုံတပင်ပေါ့
ဇာတ်တူသား ကမှ ချိုတယ်ထင်နေတဲ့သူတွေ ပေါ့ ညီလေးရာ….
ရာထူးငယ်တော့လည်း
စကောထဲက ဇီးဖြူသီးလို
ဘိလိယက်ခုံထက်က ဆိုဒ်ကာသီးလို
ပန်းပဲဖို က ပေတုးံလို ပဲ
ရာထူး ကြီးပြန်တော့လည်း
ကိုယ်ပေးဆပ်ခဲ့ရတဲ့ ပျိုမျစ်တဲ့အချိန်တွေ
ဘောင်ထဲက ဘဝတွေ
ရခဲ လှတဲ့ မိသားစု ဘဝတွေ
လက်စုံစားဖို့  ခဲယဉ်းနေတဲ့ မိသားစု ထမင်းဝိုင်းတွေ
အကုန်ပေးဆပ်ရလိမ့်မယ် ညီလေးရေ….
ဝန်ထမ်း ဆိုတာ
တကယ်တော့ နွား ပါ ညီလေးရာ
ဘယ်အစိုးရ တက်တက်
ပခုးံပေါ်တင်ပြီး ထမ်းရုန်းပေးရမှာ
လုပ်ဖော် ကိုင်ဘက်က ဘက်ညီရင်တော်ပါရဲ့
ဘက်များမညီခဲ့ရင်လည်း
ကော်တော်ကပ်တတ် နဲ့ သိပ် ပခုံးကြိမ်းရတာ
ဒီမယ် ညီလေး
မင်းသာ ဝန်ထမ်းလုပ်ချင်တယ်ဆိုရင်ပေါ့
ဘာမှမတတ်သူကလည်း ဆရာ လုပ်လိမ့်မယ်
၎တန်းအောင်ကလည်း ဘွဲ့ရ ကို ဆရာလုပ်ချင်တယ်
စနစ်ပဲ မှားခဲ့တာလား ငါတို့ ပဲညံ့ တာလား မဝေခွဲတတ်ပါဘူးကွာ
ဝန်ထမ်း မလုပ်နဲ့ညီလေး
ဆယ်တန်းအောင် ဘွဲ့ရပြီးရင်
မြန်မာပြည်က ဝန်ထမ်း မလုပ်မိစေနဲ့ညီလေးရေ့
လှောင်အိမ်ထဲက အတောင်ချိုးခံရတဲ့
ငှက်ကလေးတွေရဲ့ ဘဝ ကို ယောင်လို့ တောင် စိတ်မ
ကူး မိပါစေနဲ့ညီလေးရေ ။ ။
#Credit_AyechanKoko
______________________
တကယ်တော့ဝန်ထမ်းဆိုတာ
တိုင်းပြည်အတွက် အင်အားပါ။
ဝန်ထမ်းတွေကို တန်ဖိုးထားဆက်ဆံပေးပါ။
အထက်ဖား အောက်ဖိ နိုင်ထက်စီးနင်းဆက်ဆံတဲ့သူေ တွကြောင့်
ဝန်ထမ်းလုပ်ချင်သူတွေနည်းပါးလာတယ်။
ဝန်ထမ်းနည်းရင် တိုင်းပြည်နစ်နာပါတယ်။
__________________________
ငါ့ ညီ များ ဆယ်တန်းအောင်ဘွဲ့ရပြီးရင်လေ
မြန်မာ ပြည်က
ဝန်ထမ်းမလုပ်မိစေနဲ့ ညီလေးရေ….
သိပ်ပြောချင်နေတဲ့ စကားတွေ
ပါးစပ်ဖျားလေးတင်
ပျောက်ပျောက်သွားတာတွေရှိတယ
” အ ” လွန်းလို့ တယ်များ ထင်နေကျလား
မသိဘူး ညီလေးရေ …..
ကိုယ့်မေမေ ပြောဖူးတယ်
သားရယ် ” ဝန်ထမ်း ဖြစ်တော့ ဂုဏ်ရှိတာပေါ့တဲ့ ”
ဘာဂုဏ်တွေလဲမေမေရယ်
သားတို့  မာနတွေ သားတို့ တတ်ထားတဲ့ပညာတွေကို
ဝန်ထမ်းဆိုတဲ့ ဝါကျလေးတခု အတွက် ကြောင့် သူများဖိနပ်အောက်ထိုးထားရတယ
” ပြုတ်သွားချင်လို့ လား ”
” မင်း ကတော့ အတိုင်ခံ ချင်နေတာ ”
အဲ့လိုစကားတွေ ကြားမှာ အံတင်းတင်း ကြိတ်မိတဲ့
အကြိမ်ရေတွေ လည်း မနည်းတော့ဘူး
ဘာလုပ်လုပ် အကောင်းမမြင်တဲ့ပါတ်ဝန်းကျင
ဝန်ထမ်း ဆိုတာ •••• ဆော့ချင်တိုင်းဆော့ခံနေရတဲ့
ကြောင်တကောင်ရဲ့ လက်ထဲ က ကြွက်သေ တခုပါပဲ ညီလေးရာ
မှန်တာလည်း ရဲရဲ မပြောရ
မှားနေရင်လည်း ပွင့်ပွင့်လင်းလင်းထောက်မပြ
လူ လူ ခြင်းတောင် အဆင့်တန်းခွဲခြားခံနေရတဲ့ ဘဝတွေ ••••
ပွင့်လင်းမြင်သာတဲ့ခေတ်မှာ
ပွင့်လင်းမြင်သာစွာ ပဲ ဝန်ထမ်း မှားရင် အပြစ်ပေးခံရတယ်ညီလေး
လော်လီ လုပ်ကြံပြီး ဝန်ထမ်းတယောက်ကို မဟုတ်တာ တိုင်ပြန်တော့ ဝန်ထမ်း ဘက်က ရပ်တည်ပေးမဲ့သူ မရှိဘူး ညီလေး
ခေါင်းဆောင်ကောင်းလည်း ရှားလာသလို
ဖား မျိုးစုံတွေကလည်း
ကိုယ်တို့ ဝန်ထမ်းလောကမှာ
တပုံတပင်ပေါ့
ဇာတ်တူသား ကမှ ချိုတယ်ထင်နေတဲ့သူတွေ ပေါ့ ညီလေးရာ….
ရာထူးငယ်တော့လည်း
စကောထဲက ဇီးဖြူသီးလို
ဘိလိယက်ခုံထက်က ဆိုဒ်ကာသီးလို
ပန်းပဲဖို က ပေတုးံလို ပဲ
ရာထူး ကြီးပြန်တော့လည်း
ကိုယ်ပေးဆပ်ခဲ့ရတဲ့ ပျိုမျစ်တဲ့အချိန်တွေ
ဘောင်ထဲက ဘဝတွေ
ရခဲ လှတဲ့ မိသားစု ဘဝတွေ
လက်စုံစားဖို့  ခဲယဉ်းနေတဲ့ မိသားစု ထမင်းဝိုင်းတွေ
အကုန်ပေးဆပ်ရလိမ့်မယ် ညီလေးရေ….
ဝန်ထမ်း ဆိုတာ
တကယ်တော့ နွား ပါ ညီလေးရာ
ဘယ်အစိုးရ တက်တက်
ပခုးံပေါ်တင်ပြီး ထမ်းရုန်းပေးရမှာ
လုပ်ဖော် ကိုင်ဘက်က ဘက်ညီရင်တော်ပါရဲ့
ဘက်များမညီခဲ့ရင်လည်း
ကော်တော်ကပ်တတ် နဲ့ သိပ် ပခုံးကြိမ်းရတာ
ဒီမယ် ညီလေး
မင်းသာ ဝန်ထမ်းလုပ်ချင်တယ်ဆိုရင်ပေ
ဘာမှမတတ်သူကလည်း ဆရာ လုပ်လိမ့်မယ်
၎တန်းအောင်ကလည်း ဘွဲ့ရ ကို ဆရာလုပ်ချင်တယ်
စနစ်ပဲ မှားခဲ့တာလား ငါတို့ ပဲညံ့ တာလား မဝေခွဲတတ်ပါဘူးကွာ
ဝန်ထမ်း မလုပ်နဲ့ညီလေး
ဆယ်တန်းအောင် ဘွဲ့ရပြီးရင်
မြန်မာပြည်က ဝန်ထမ်း မလုပ်မိစေနဲ့ညီလေးရေ့
လှောင်အိမ်ထဲက အတောင်ချိုးခံရတဲ့
ငှက်ကလေးတွေရဲ့ ဘဝ ကို ယောင်လို့ တောင် စိတ်မ
ကူး မိပါစေနဲ့ညီလေးရေ ။ ။
#Credit_AyechanKoko
______________________
တကယ်တော့ဝန်ထမ်းဆိုတာ
တိုင်းပြည်အတွက် အင်အားပါ။
ဝန်ထမ်းတွေကို တန်ဖိုးထားဆက်ဆံပေးပါ။
အထက်ဖား အောက်ဖိ နိုင်ထက်စီးနင်းဆက်ဆံတဲ့သူေ
ဝန်ထမ်းလုပ်ချင်သူတွေနည်းပါ
ဝန်ထမ်းနည်းရင် တိုင်းပြည်နစ်နာပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။