Myotint Myo Tint added 3 new photos — feeling surprised with Min Yar and 2 others at Tokyo, Japan.
" Beer ဆိုတာကသာ မရှိခဲ့ရင် အခုအချိန်အထိ ဒီကမ္ဘာကြီးကအခုလောက်ထိမတိုးတက်သေးဘူး ".......
တကယ်ဆိုရင် BC နှစ်ပေါင်း၉၀၀၀လောက်မှာ လူတွေက စိုက်ပျိုးရေးကိုစလုပ်ဖြစ်တာနဲ့စရမယ်ထင်တယ်.....
အဲ့ဒီခေတ် ကမ္ဘာကြီးရဲ့ အရှေ့အလယ်ပိုင်းဒေသမှာ လူတွေက Beer ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဂျုံပင်ကိုစစိုက်ကြတယ်။
တကယ်ဆိုရင် လူတွေက Beer ကိုသောက်ချင်လို့ စိုက်ပျိုးရေးဆိုတာကို စခဲ့တာ...
လူတွေရဲ့သမိုင်းကို ပြန်ကြည့်လိုက်တော့BC 6000မှာ ဥရောပကပေါင်မုန့်လိုခေါ်တဲ့ မြန်မာနဲ့တူတဲ့ ထမင်းကိုစစားကြတယ်။ဒါ့ပေမဲ့ အဲ့ဒီအရှေ့ BC နှစ်ပေါင်း၉၀၀၀လောက်ကထဲက လူတွေက Beer ကိုစသောက်နေကြပြီး။ Beer ဆိုတာကိုသောက်ဖို့အတွက် စိုက်ပျိုးရေးဆိုတာကို စခဲ့တာဖြစ်တယ်။
ဒါဆိုရင်ဟိုခေတ်တုန်းက လူတွေက Beer လုပ်ပုံလုပ်နည်းကိုဘယ်လိုသိတာလည်း.....
ဒီလိုဖြစ်နိုင်တယ်လို့စဉ်းစားလို့ရတယ်.....
ရှေ့ခေတ်လူသားတွေက ဂျုံစေ့တွေကို အပြင်မှာရှိတဲ့အိုးတခုထဲမှာ ထည့်ထားမိကြတယ်။တရက်မိုးရွာချလိုက်တော့အိုးထဲမှာရှိတဲ့ ဂျုံစေတွေက အချိန်ကြာတော့ ပျော့ပြောင်းပြီး အညှောင့်ထွက်လာတယ်။နောက်သိပ်မကြာဘူး မိုးရေကအိုးထဲကို ထပ်ကျတယ်။ရက်အနည်းငယ်ကြာတော့ အိုးထဲမှာရှိတဲ့ ဂျုံစေ့တွေက အချဉ်ဖောက်သလိုဖြစ်သွားပြီး ဘီယာအဖြစ်ပြောင်းလဲသွားတယ်။
ဒါကိုရှေ့ခေတ်လူသားတွေက သွားသောက်မိတယ်။သောက် မိတော့ ဘာဖြစ်သွးလည်းဆိုတော့ အရမ်းfeeling ကောင်းတယ်။ဒီလောက်ကောင်းတဲ့ ဘီယာကိုဒီထက်မကထုတ်နိုင်အောင်စလုပ်တာက ....
စိုက်ပျိုးရေးဖြစ်တယ်....
ဘီယာရဲ့ထုတ်ကုန်ဖြစ်တဲ့ ဂျုံပင်ကို စိုက်တာကနေ လူတွေကစိုက်ပျိုးရေးဆိုတာကိုစခဲ့တယ်။BC9000နှစ်က အိုးတခုထဲမှာ ဘီယာကိုလုပ်ခဲ့တဲ့ သက်သေတွေကကျန်နေတယ်လို့ အထောက်အထားတွေနဲ့သိပ္ပံပညာရှင်ကပြောတယ်။
စိုက်ကွင်းတွေအတွက်ရေမြောင်းဖောက်တယ်၊စိုက်ပျိုးရေးမှာလိုအပ်တဲ့ အသုံးအဆောင်၊စိုက်ပျိုးရေးမှာအဓိကလိုအပ်တဲ့ နွားလှည်း တွန်လှည်းမျိုးတွေကိုလည်းစတီထွင်ခဲ့တာက ဘီယာကိုသောက်ချင်လွန်အားကြီးကြလို့ဖြစ်တယ်.....
အဲ့ဒီအချိန်က ဘီယာဆိုတာက သောက်စရာဖြစ်သလို၊ငွေသားအနေနဲ့ လည်းသတ်မှတ်ခဲ့တယ်။ပထမပိုင်းမှာရေးထားတဲ့အတိုင်း အီဂျစ်က ပီရမစ်တွေကိုဆောက်ဖို့အတွက် အလုပ်သမားခနေရာမှာ တရက်၎လီတာဆိုဒဲဘီယာနဲ့ရှင်းခဲ့တယ်။အဲ့ဒီအချိန်က ပိုက်ဆံဆိုတာကမရှိပဲ ပိုက်ဆံနဲ့တူတဲ့ ပစ္စည်းခြင်း လဲလှယ်တဲ့ စနစ်ကို သုံးခဲ့တယ်။
ဒါ့ကြောင့်လည်း သိပ္ပံပညာရှင်တချိုကပြောတယ် ဘီယာကသာမရှိခဲ့ရင် ထူးဆန်းအံဩဘွယ်ဆောက်ထားတဲ့ ပိရမစ်တွေဆိုတာကလည်း ရှိခဲ့မယ် မဟုတ်ဘူးတဲ့။
( p.s ဘီရာရဲ့ကျေးဇူး အပိုင်း ၃ကို ဆက်ဖတ်စေချင်ပါတယ်။)
Myo Tint.

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။