လူငယ်တွေ..
ခေတ်မီ ချင်တာရယ်..
ဟန်လုပ် ချင်တာရယ်နဲ့ပဲ..
အရွယ်ရောက်ပြီ ဆိုတာနဲ့
ဖုန်းလေးတစ်လုံးတော့
မဖြစ်မနေ ကိုင်ချင်လာကြတယ်။
နားကြပ်တတ်ပြီး နားထောင်တော့
နားလေးတယ်။
ဖုန်းပဲ ပွတ်နေတော့
မျက်စိမွဲတယ်။
ဂိမ်းပဲ ဆော့နေတော့
အာရုံကြော ဆိုင်းတယ်။
လိုင်းပေါ်ပဲ တက်နေတော့
စာကြည့် ပျက်တယ်။
သွားလေရာ ဖုန်းလေး တကိုင်ကိုင်နဲ့
အန္တရာယ် များတယ်။
မလိုအပ်ပဲ ပေးသုံးစေတော့
ငွေပိုကုန်တယ်။
အိမ်တွင်း သူခိုး အကြီးစားလေးပါ။
မဟုတ်မဟတ်တွေ
ကြည့်ပြီး ဖတ်ပြီး
အသိဆိုးတွေ ရကြတယ်။
အတုခိုးတွေ မှားကြတယ်။
မိဘနဲ့ သားသမီး
နီးရက်နဲ့ ဝေးကြတယ်။
မိဘက ဖုန်းဆက်ပြီး
ပူညံပူညံ လုပ်လို့
ဖုန်း မကိုင်ပဲ နေတာ..
ဖုန်းပိတ် လိုက်တာ..
Silent လုပ်ထားတာ..
Block လုပ်ထားတာတွေဟာ..
ခြေကိုဆောင့် တံခါးကိုပိတ်
ပြန်မပြော နားမထောင်
လုပ်သလိုပဲဆိုတာ မသိကြဘူး။
မိသားစု နွေးထွေးမှုထက်..
စမတ်ဖုန်း တစ်လုံးက
အဓိက ဖြစ်လာတယ်။
ဆက်သွယ်မှုနဲ့
လေ့လာမှုထက်..
ပြိုင်ဆိုင်မှု တစ်ခုဖြစ်လာတယ်။
ဂုဏ်တုဂုဏ်ပြိုင် ဖြစ်လာတယ်။
ဖုန်းတစ်လုံးရဲ့ စွဲဆောင်မှုက..
ထမင်းမေ့ ဟင်းမေ့
ဘုရားမေ့ တရားမေ့
အချိန်မေ့ ဖြစ်လာတယ်။
ဖုန်းကလေးထဲက စလို့
လူ့သိက္ခာ လူ့ကျင့်ဝတ်ကို
မသိမသာ..
ဖောက်ချင် လာကြတယ်။
အပျော်လိုလို..
ကျော် ချင်တာလိုလို..
ဖေါ်ချင်တာလိုလို..
ညှော် ချင်တာလိုလို..
ဆော် ချင်တာလိုလိုတွေနဲ့ ..
ဖုန်း ယဉ်ကျေးမှုက
အဆိုးဘက် ယိုင်နဲ့လို့ လာလေရဲ့။
Aung Ko Latt
ရာမညမြေ
ခေတ်မီ ချင်တာရယ်..
ဟန်လုပ် ချင်တာရယ်နဲ့ပဲ..
အရွယ်ရောက်ပြီ ဆိုတာနဲ့
ဖုန်းလေးတစ်လုံးတော့
မဖြစ်မနေ ကိုင်ချင်လာကြတယ်။
နားကြပ်တတ်ပြီး နားထောင်တော့
နားလေးတယ်။
ဖုန်းပဲ ပွတ်နေတော့
မျက်စိမွဲတယ်။
ဂိမ်းပဲ ဆော့နေတော့
အာရုံကြော ဆိုင်းတယ်။
လိုင်းပေါ်ပဲ တက်နေတော့
စာကြည့် ပျက်တယ်။
သွားလေရာ ဖုန်းလေး တကိုင်ကိုင်နဲ့
အန္တရာယ် များတယ်။
မလိုအပ်ပဲ ပေးသုံးစေတော့
ငွေပိုကုန်တယ်။
အိမ်တွင်း သူခိုး အကြီးစားလေးပါ။
မဟုတ်မဟတ်တွေ
ကြည့်ပြီး ဖတ်ပြီး
အသိဆိုးတွေ ရကြတယ်။
အတုခိုးတွေ မှားကြတယ်။
မိဘနဲ့ သားသမီး
နီးရက်နဲ့ ဝေးကြတယ်။
မိဘက ဖုန်းဆက်ပြီး
ပူညံပူညံ လုပ်လို့
ဖုန်း မကိုင်ပဲ နေတာ..
ဖုန်းပိတ် လိုက်တာ..
Silent လုပ်ထားတာ..
Block လုပ်ထားတာတွေဟာ..
ခြေကိုဆောင့် တံခါးကိုပိတ်
ပြန်မပြော နားမထောင်
လုပ်သလိုပဲဆိုတာ မသိကြဘူး။
မိသားစု နွေးထွေးမှုထက်..
စမတ်ဖုန်း တစ်လုံးက
အဓိက ဖြစ်လာတယ်။
ဆက်သွယ်မှုနဲ့
လေ့လာမှုထက်..
ပြိုင်ဆိုင်မှု တစ်ခုဖြစ်လာတယ်။
ဂုဏ်တုဂုဏ်ပြိုင် ဖြစ်လာတယ်။
ဖုန်းတစ်လုံးရဲ့ စွဲဆောင်မှုက..
ထမင်းမေ့ ဟင်းမေ့
ဘုရားမေ့ တရားမေ့
အချိန်မေ့ ဖြစ်လာတယ်။
ဖုန်းကလေးထဲက စလို့
လူ့သိက္ခာ လူ့ကျင့်ဝတ်ကို
မသိမသာ..
ဖောက်ချင် လာကြတယ်။
အပျော်လိုလို..
ကျော် ချင်တာလိုလို..
ဖေါ်ချင်တာလိုလို..
ညှော် ချင်တာလိုလို..
ဆော် ချင်တာလိုလိုတွေနဲ့ ..
ဖုန်း ယဉ်ကျေးမှုက
အဆိုးဘက် ယိုင်နဲ့လို့ လာလေရဲ့။
Aung Ko Latt
ရာမညမြေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။