Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, February 21, 2018

ဘ၀မှာ လိုချင်သောအရာတွေ လက်လှမ်းရယူနိုင်ဖို့  အချက် ၁၀ ချက်

ဘ၀မှာ လိုချင်သောအရာတွေ လက်လှမ်းရယူနိုင်ဖို့  အချက် ၁၀ ချက်

ဘ၀မှာ သင်လိုချင်သောအရာတွေကို လက်လှမ်းရယူနိုင်ဖို့ လိုက်နာကျင့်ကြံသင့်တဲ့ အကြောင်းတရားပေါင်း များစွာရှိနေပါတယ်။
ဒီလိုအကြောင်းတရားတွေထဲကမှ စိတ်ဝင်စားဖွယ်အကောင်းဆုံး အကြောင်းတရား၊ ကျင့်ကြံနေထိုင်သင့်သောအချက်တွေကို ကောက်နှုတ်ဖော်ပြလိုပါတယ်။

(၁) စိတ်အားထက်သန်ရုံ တခုတည်းမဟုတ်ပဲ အပြည့်အဝ တာဝန်ယူစိတ်ထားပါ။

ဘ၀မှာ ကိုယ်လိုချင်သောအရာတွေအတွက် ရည်မှန်းချက်ထားရှိတယ်ဆိုရင် အဲဒီရည်မှန်းချက်အတွက် ကိုယ့်ကိုယ်ကို ကတိက၀တ်ပေးဖို့ လိုပါတယ်။ ဒါဟာ သင့်ဘ၀အတွက် ဘယ်လောက်အရေးပါသော အရာဖြစ်နေပါသလဲ။ ဒီအရာကို ရအောင်ဆွတ်ခူးနိုင်ဖို့ အခြေအနေ၊အချိန်အခါကောင်းတွေနဲ့ စိတ်ဓါတ်ပိုင်းဖြတ်ထားမှုတွေ ရှိနေပြီလား။ ကိုယ့်ကိုယ်ကို ကတိက၀တ်တွေနဲ့ ချည်နှောင်မေးခွန်းထုတ်ပြီးပြီဆိုရင် စိတ်ဆန္ဒနောက်ကိုလိုက်ပြီး ကြိုးစားပါတော့။

(၂) ဗဟုသုတကိုလည်း ရှာမှီးပါ။ ရလာဒ်ကိုချည်းပဲ မမျှော်ပါနဲ့ ။

ကိုယ်လိုချင်တဲ့အရာအတွက် ကိုယ့်ကိုယ်ကို စိတ်ပိုင်းဖြတ်ထားပြီးပြီဆိုရင် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အရာတွေကို ရှာဖွေပါ။ ဖော်ထုတ်ပါ ။ တိုးတက်မှုရှိအောင် ကြိုးစားနေပါ။ စိတ်စွမ်းအား လောင်စာကို အမြဲတစေ အရှိန်မြင့်ထားပေးပါ။ ကိုယ်လုပ်နေတဲ့ လုပ်ရပ်တိုင်းရဲ့ ရလာဒ်ကို ပြန်လည်မျှော်ကိုးခြင်းထက် ဘယ်နေရာကနေ လိုအပ်ချက်ကို ပြန်ဖြည့်မလဲ။ ဗဟုသုတကို ရှာမှီးမလဲဆိုတာကို လေ့လာနေပါ။ အကျိုးအမြတ်ဆိုတာကိုပဲ မျှော်ကိုးမနေပါနဲ့ ။ သင်ယူရင်းနဲ့ တိုးတက်မှု အမြဲရှိနေပါစေ။ အချိန်တစ်ခုရောက်ကို ရောက်လာပါလိမ့်မယ်။

(၃) အခက်အခဲကြုံလာတိုင်းမှာ ဖြတ်ကျော်ရမယ့် ခရီးတစ်ခုလို၊ ပျော်စရာတစ်ခုလို သဘောထားပြီး ကျော်ဖြတ်ပါ။

ကိုယ်သွားနေတဲ့လမ်းကြောင်းတိုင်းမှာ အခက်အခဲတွေက ပိတ်ဆို့ တားဆီးလာနိုင်ပါတယ်။ ကိုယ်တိုင် စိတ်ခံစားမှုပေါက်ကွဲထွက်သွားနိုင်တဲ့ မိနစ်ပိုင်းလေးတွေကို ထိန်းချုပ်ပါ။ ကြီးမားတဲ့ စိတ်ခံစားမှုကို ထိန်းချုပ်ခြင်းကနေ ကောင်းမွန်တဲ့အခွင့်အရေးကြီးတစ်ခုက ကိုယ့်ဆီကို သယ်ဆောင်လာနိုင်ပါတယ်။ ကြိုးစားရင်းနဲ့ ကျရှုံးမှု ရှိတတ်တဲ့အတွက် ကျရှုံးမှုတွေဖြစ်စေမယ့် အတားအဆီးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ကို အရွှင်လန်းဆုံးထားပြီး ဖြတ်သန်းပါ။

(၄) အဆိုးမြင်တတ်တဲ့ စိတ်ဓါတ်အခံတွေကို မောင်းထုတ်ပစ်ပါ။

စိတ်ခံစားမှုတွေက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးမှု ရှိတတ်ပါတယ်။ ကိုယ်လုပ်ချင်တဲ့လုပ်ငန်းအတွက် စိတ်ခံစားချက်တွေက လွှမ်းမိုးမှုရှိနိုင်တယ်ဆိုပေမယ့် အဆိုးမြင်တတ်မယ့် စိတ်တွေကို မောင်းထုတ်ပစ်ထားပါ။ ဦးနှောက်ကို စနစ်တကျ အလုပ်ပေးပါ။ ဆုံးဖြတ်ချက်တိုင်းမှာ ဦးနှောက်ကလာတာ ရှိသလို၊ စိတ်ခံစားချက်တွေကနေ ဆင်းသက်လာတာလည်း ရှိတတ်ပါတယ်။ စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ခဲ့ရင် ဦးနှောက်ကို သူက အနိုင်ယူသွားပြီးတော့ အနာဂတ်လမ်းပျောက်သွားတတ်ပါတယ်။ သက်သောင့်သက်သာရှိစေမယ့် အတွေးအခေါ်မျိုးနဲ့ ပဲ စိတ်ခံစားချက် ပြင်းထန်လွန်းတဲ့ ဇုန်ထဲကနေ ခုန်ထွက်လိုက်ပါ။

(၅) စိတ်ကူးစိတ်သန်း အယူအဆကောင်းတိုင်းကို အသုံးချပါ။

မကောင်းမြင်တတ်တဲ့ စိတ်ကလေး ၀င်လာတိုင်းမှာ စိတ်ကူးစိတ်သန်းကောင်းမွန်စေမှုဘက်ကို ရောက်သွားအောင် လမ်းကြောင်း ပြောင်းပစ်လိုက်ပါ။ ကြုံတွေ့ လာနိုင်တဲ့ အခက်အခဲ အတွေ့ အကြုံတွေက စိတ်ကူးစိတ်သန်းကောင်းတွေကို ဖန်တီးပေးတတ်သလို အကောင်းမြင်တတ်တဲ့ စွမ်းအားကိုလည်း တက်လာနိုင်စေပါတယ်။ အခက်အခဲကြုံလာတိုင်းမှာ ကိုယ့်ကိုယ်ကို အခြေအနေမှန်ရောက်အောင် အစကပြန်ပြီးသတ်မှတ်ပါ။ ကမ္ဘာ့အဆိုသွမ်းဆုံးသော ဦးဆောင်သူတစ်ဦးဆီကနေတောင် အကောင်းဆုံးအရာတွေကို ရှာဖွေသင်ယူရင်းနဲ့ အကောင်းဆုံး အခွင့်အရေးကို ရယူပါ။

(၆) ကိုယ့်ကိုယ်ကို အဆိုးမြင်လွန်း/ အကောင်းမြင်လွန်းနေတာတွေကို ရပ်လိုက်ပါ။

စိတ်ဓါတ်ခွန်အား တက်ကြွမှုက လှုပ်ရှားမှုကို ဖြစ်စေသလို၊ လှုပ်ရှားမှုတွေကလည်း ရလာဒ်တွေကို ဖန်တီးပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေက ရလာဒ်ပိုင်းမှာ ကျဆင်းမှုတွေကို သယ်ဆောင်လာပေးတတ်တာကိုလည်း မမေ့သင့်သလို၊ ကိုယ့်ကိုယ်ကိုလည်း ခက်ခဲနေတဲ့အခြေအနေကနေ ရုန်းမထွက်နိုင်စေတာတွေလည်း ဖြစ်တတ်ပါတယ်။ အခွင့်အရေးကောင်းတွေ ရလာစေဖို့ အတွက် မှန်ကန်တဲ့အချိန်တစ်ခုကို စောင့်ပေးရမှာဖြစ်သလို ၊ စိတ်ကျရောဂါလိုမျိုးဝင်လာနေပြီဆိုရင် အဲဒီရောက်ရာနေရာကနေ ရုန်းထွက်လိုက်ပါ။ ကိုယ့်ကိုယ်ကို အကောင်းမြင်လွန်းနေတာတွေကနေ ကျရှုံးခြင်းကို ဖြစ်စေနိုင်ပြီး အဲဒီကနေမှ ကြောက်ရွံမှုတွေကိုပါ တစ်ပါးတည်းခံစားတတ်စေနိုင်ပါတယ်။

(၇) စိတ်ရှုပ်ထွေးခြင်းတွေကို ဖယ်ထုတ်ပစ်ပါ။

ကိုယ့်သွားမယ့် လမ်းကြောင်းတစ်လျှောက်မှာ အဓိပ္ပါယ်မဲ့တဲ့ အတွေးအခေါ်အယူအဆတွေ၊ စိတ်ရှုပ်ထွေးမှုတွေကို အသင့်စောင့်ကြိုနေတတ်ပါတယ်။ ဒီလိုကြုံလာတိုင်းမှာ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီးတော့ စိန်ခေါ်မှုတွေအဖြစ် အသွင်ပြောင်းနိုင်အောင်ကြိုးစားပါ။ ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာကို ပစ်မှတ်ထားသင်ယူသင့်သလို အချိန်ကို ဖြုန်းတီးသလို ဖြစ်နေစေမယ့်အကြောင်းတရားတွေကို စာရင်းနဲ့ ချရေးပါ။ တွက်ချက်ပြီးတော့ ဖယ်ထုတ်ပစ်ပါ။

(၈) အခြားသူကို မှီခိုအားထားမှု မလုပ်ပါနဲ့ ။

အခြားသူတစ်ဦးက သင့်ကို တစ်ခုခုလုပ်ပေးလိမ့်မယ်လို့ ဘယ်တော့မှ မျှော်လင့်မထားသင့်ပါဘူး။ သင့်ရဲ့ ခေါင်းဆောင်၊ သူငယ်ချင်း၊ ဘ၀လက်တွဲဖော်က အစပေါ့။ သူတို့ ဟာ သူတို့ လိုအပ်ချက်၊ သူတို့ ဘ၀အတွက် သင့်လိုပဲ အလုပ်တွေ ရှုပ်နေကြပါတယ်။ ဘယ်လိုတစ်စုံတစ်ယောက်ကမှ သင့်ရဲ့ ပျော်ရွှင်ခြင်းနဲ့ အောင်မြင်မှုတွေကို အသင့်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်တိုင်ပဲ လုပ်ယူရတာပါပဲ။

(၉) အစီအစဉ်ချပါ။

သင့်ဘ၀ရဲ့ ရှေ့ ကို ဆက်ရမယ့် အဆင့်သုံးဆင့်ကို သိပါစေ။ အပတ်စဉ် အစီအစဉ်တွေကို ချရေးပါ။ ဘယ်အချိန်မှာ ဘာလုပ်ရမှာဖြစ်ပြီး ဘယ်လို လုပ်ရမလဲဆိုတဲ့ အရေးကြီးတဲ့အချက်တွေကို ချရေးထားပါ။ When-What-How ဆိုတာတွေဟာ သင့်အတွက် အရေးကြီးတဲ့ အချိန်ဇယားတွေပါပဲ။ နေ့ စဉ် ဘာတွေသင်ယူခဲ့ပြီးတော့ ဘာတွေတိုးတက်မှုရှိခဲ့သလဲဆိုတာ စိစစ်တည်းဖြတ်ပါ။

(၁၀) အပြင်က သောကမီးတွေ ကိုယ့်ကို မလောင်ကျွမ်းစေဖို့ ကိုယ်တိုင်ကာကွယ်ပါ။

သင့်ဘ၀အတွက် စိတ်ဆန္ဒပြင်းပြစွာနဲ့ ကြိုးစားနေချိန်မှာ အပြင်ကနေ သောကမီးတွေက ၀င်လာတတ်ပါတယ်။ ကိုယ်တိုင်လည်း သောကမီးတွေကို အလေးခံပြီး သယ်လာတတ်ပါတယ်။ ကိုယ့်ကိုယ်ကို အချိန်ပေးပြီး အနားယူရင်းနဲ့ အလုပ်တွေ လုပ်နေလို့ ရတယ်ဆိုတာကိုလည်း မမေ့ဖို့ လိုပါတယ်။ သင့်ရဲ့ စိတ်၊ ခန္ဓာ စွမ်းအင်တွေ မြန်မြန် ဆုံးရှုံးမသွားစေဖို့ အပတ်စဉ် အပန်းဖြေမှုတွေနဲ့ အချိန်ဇယားဆွဲထားဖို့ လိုပါတယ်။ တရားထိုင်းခြင်း၊ အသက်ကို ပြင်းပြင်း ရှုရှိုက်ခြင်း၊ မျက်လုံးကို စိတ်အေးလက်အေး ပိတ်ထားခြင်းစတဲ့ လေ့ကျင့်ခန်းမျိုးတွေလည်း ဘ၀မှာ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ ပြင်ပ ပယောဂတွေကြောင့်ကိုယ်တိုင် လေးလံလာသလို ခံစားရပြီး ရည်မှန်းချက် လွဲချော်သွားတတ်ပါတယ်။ ကိုယ့်အနာဂတ် ရည်မှန်းချက်ကို ရိုက်ချိုးသူဟာ ကိုယ်တိုင်ပဲ ဖြစ်တတ်တာမို့ လို့ သတိလေးထားပြီး ကိုယ့်ကိုယ်ကို ကာကွယ်ထားနိုင်ဖို့ လိုပါတယ်။

မိတ်ဆွေကိုလည်း မိမိနှင့်အတူအောင်မြင်စေလို

#Red dot Network #Tips #Myanmar #Success
------- မိုးတိမ် -------

မှ ကူယူတင်ပြပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။