



လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ အကြာလောက်က အီတလီမြို့လေးတစ်မြို့မှာ ကုန်သည်တစ်ဦးဟာ သူ့ရဲ့ကုန်တွေဟာ သင်္ဘော ပျက်တဲ့အထဲပါသွားလို့ ငွေတိုးချေးစားတဲ့ လူတစ်ယောက်ထံမှာ အကြွေးအများကြီးတင်နေပါတယ်။
ဒါနဲ့ပဲ ငွေတိုးချေးစားသူက သမီးဖြစ်သူကို အရမ်းလက်ထပ်ချင်နေတော့ အလောင်းအစားတစ်ခုလုပ်မယ်လို
ဒီလိုနဲ့ပဲ ကုန်သည်ကြီးသမီးနဲ့ ငွေတိုးချေးစားသူတို့ အလောင်းအစားလုပ်ကြပါလေရော။ ကုန်သည်ကြီးရဲ့ အိမ်ရှေ့ ဥယျာဉ်လေးမှာ ကျောက်စရစ်ခဲတွေ ပြန့်ကျဲနေတဲ့ လမ်းလေးတစ်လမ်းရှိပါတယ်။ ဒါနဲ့ပဲ လောင်းကစားလုပ်မယ့် အချိန်ကျတော့ ငွေတိုးချေးစားသူက လမ်းပေါ်က ကျောက်ခဲ ၂ လုံးကို ကောက်ပြီး အိတ်ထဲထည့်လိုက်ပါတယ်။ ဒါပေမဲ့ ငွေတိုးချေးစားတဲ့ အဖိုးကြီး ကျောက်ခဲ ၂ လုံးကောက်ထည့်တဲ့ အချိန်မှာ မျက်စိလျင်တဲ့ ကုန်သည်ကြီးရဲ့ သမီးက အဖိုးကြီး ကျောက်ခဲ အမည်းချည်းပဲ ၂ လုံး လုံးထည့်သွားတာကို မြင်လိုက်ပါတယ်။ ဒါနဲ့ပဲ ငွေတိုးချေးစားတဲ့ အဖိုးကြီးက ကောင်မလေးကို ကျောက်ခဲနှိုက်ဖို့ လာပြောပါလေရော။
ဒီနေရာလေးမှာ ဒီပုံပြင်လေးကို ခဏရပ်ပါမယ်။ မိတ်ဆွေကို မေးခွန်းလေးတွေ မေးချင်ပါတယ်။ မိတ်ဆွေသာ ဒီကောင်မလေး နေရာမှာဆိုရင် ဘာလုပ်မလဲ။ တကယ်လို့ မိတ်ဆွေက ကောင်မလေး နေရာမှာ မဟုတ်ဘူးဆိုရင်တောင် ကောင်မလေးကို ဘာအကြံပေးချင်လဲ။ အချိန်အနည်းငယ်ယူပြီး စဉ်းစားကြည့်ပါ။ ဘာလုပ်မလဲ။ ကျွန်တော် မိတ်ဆွေစိတ်ထဲမှာ ဖြစ်နေတဲ့ အတွေး ၃ ခုကိုပြောပြကြည့်မယ်နော်။
၁။ ကောင်မလေးကို အိတ်ထဲက ကျောက်ခဲ မနှိုက်ဖို့ပြောမယ်။


၂။ အိတ်တစ်အိတ်လုံးကို သွန်ချလိုက်ပြီး ကျောက်ခဲက ၂ လုံးလုံး အမည်းပဲဆိုတာပြပြီး ငွေတိုးချေးစားသူက ညစ်ပတ်တဲ့သူဖြစ်ကြောင်းပြော


၃။ ကောင်မလေးက ကျောက်ခဲအမည်းကို သိသိကြီးနဲ့ နှိုက်ပြီး သူ့ရဲ့ ဖခင်အတွက် သူမဘဝကို စတေးလိုက်မယ်။


ဒီမေးခွန်းတွေကို ဖြေကြည့်ပါ။ ဒါဆိုရင် မိတ်ဆွေက သမာရိုးကျတွေးတတ်သူလား၊ ယုတ္တိရှိရှိတွေးတတ်သူလား။ ဖောက်ထွက်တွေးတတ်သူလားဆိုတာ
ဒါနဲ့ပဲ ကောင်မလေးက အိတ်ထဲကို နှိုက်ပြီး ကျောက်ခဲတစ်လုံးကို ထုတ်လိုက်ပါတယ်။ သူ့လက်ထဲမှာ ပါလာတဲ့ ကျောက်ခဲကို မကြည့်ဘဲနဲ့ ကောင်မလေးဟာ ခလုတ်တိုက်ပြီး သူ့လက်ထဲက ကျောက်ခဲကို သူတို့ ဥယျာဉ်ထဲက ကျောက်ခဲတွေ ပြည့်နေတဲ့ လမ်းပေါ်ကို လွှတ်ချလိုက်ပါတယ်။ သူမ လွှတ်ချလိုက်တဲ့အခါ ကျောက်ခဲကလည်း တစ်ခြားကျောက်ခဲတွေနဲ့ ရောသွားတာမို့ ဘယ်သူမှ မမှတ်မိလိုက်ပါဘူး။
“ဩော် ငါကလည်း ပြာယာခတ်လိုက်တာ ဒါပေမဲ့ ပြဿနာတော့မရှိပါဘူး။ ဦးလေး အိတ်ထဲမှာ ကျန်ခဲ့တဲ့ ကျောက်တုံးကို ကြည့်လိုက်ရင် ကျွန်မ ဘယ်ကျောက်ခဲကို နှိုက်လိုက်လဲဆိုတာ ဦးလေး ပြောနိုင်မှာပါ” လို့ငွေတိုးချေးစားသူကို ဆိုသတဲ့။


အားလုံးသိတဲ့အတိုင်း အိတ်ထဲက ကျန်ခဲ့တဲ့ ကျောက်တုံးကအမည်းဆိုတော့ ကောင်မလေး နှိုက်လိုက်တဲ့ ကျောက်ခဲက အဖြူလို့ပဲ ယူဆရမှာပေါ့။ ငွေတိုးချေးစားတဲ့ အဖိုးကြီးက သူ့ရဲ့ လိမ်လည်ပြီးလုပ်ထားတာကိုလည်
ဘဝမှာ ဘယ်သူတွေက အောင်မြင်ပြီး ဘယ်သူတွေက ကျရှုံးရသလဲ၊ ဘယ်သူတွေက ပျော်ရွှင်ပြီး ဘယ်သူတွေကိ ရှုံးနိမ့်ရသလဲဆိုတာ ဘယ်လောက်ဖောက်ထွက်တွေးခေါ်နိ
မိတ်ဆွေ သင်ရော ဘဝမှာ အောင်မြင်မှုကို ဖန်တီးပေးနိုင်တဲ့ စိတ်ဓာတ်တစ်ခုရယူပိုင်ဆိုင်
သင်တန်းအကြောင်းအသေးစိတ် သိရှိလိုပါက ဒီ Link ကို နှိပ်ကာ ကြည့်ရှုနိုင်ပါတယ်။



>> https://goo.gl/do6UCP


ပြေခိုင်
Asia's Top Success Coach
1st NLP Trainer from Myanmar (ABNLP)
Executive Director, Certified John Maxwell Coach, Trainer & Speaker
Master Trainer & Coach at Myanmar Excellence Institute - MEI
#EmpoweringLivesEveryDay
#MEI
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။