"If not now, then when? If not me, then who? "
တကယ်လို့ အခုအချိန်မှာမလုပ်ရင် ဘယ်အချိန်မှာလုပ်မလဲ၊
တကယ်လို့ ငါကိုယ်တိုင်မဟုတ်ရင် ဘယ်သူဖြစ်မလဲ...
တကယ်လို့ ငါကိုယ်တိုင်မဟုတ်ရင် ဘယ်သူဖြစ်မလဲ...
"တချို့ကိစ္စတွေ အခုမလုပ်ရင် တစ်သက်လုံးလည်း လုပ်ဖြစ်တော့မှာမဟုတ်ဘူး။ ဘာကိစ္စမဆို ကိုယ်တိုင်ထလုပ်မှပဲရတယ်"
အင်တာနက်ပေါ်မှာ ဗေလုဝနဲ့တူတဲ့ ဒီလူရဲ့စကားတွေပလူးပျံနေတယ်။ သူ့နာမည်က Ma Yun Or Jack Ma တဲ့။ တရုတ်ပြည်က Alibaba Group (အင်တာနက်၊ ဆော့ဝဲလ်၊ ကွန်ပျူတာနဲ့ပတ်သက်သမျှ) ကြီးကို စတင်တည်ထောင်ခဲ့သူလို့ သိရတယ်။ ၂ဝ၁၄ မတ်လထုတ် အမေရိကန်Fortuneမဂ္ဂဇင်းမှာက သူဟာ "ကမ္ဘာ့အမြင့်မြတ်ဆုံးခေါင်းဆောင် ၅ဝဦးထဲက တစ်ဦးအပါအဝင်"လို့ ဖော်ပြထားပါသတဲ့။ ဒီနေ့စာအုပ်ဆိုင်ရောက်တော့ လူငယ်တွေအတွက်ဆိုပြီး သူ့အကြောင်းရေးထားတဲ့စာအုပ်တစ်အုပ်တွေ့လို့ ဝယ်လာဖြစ်တယ်။ ဖတ်ပြီးရင် မျှဝေပါဦးမယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။