Nikolai Ostrovskyက ရုရှား နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်တယ်။ သူဟာ သူရေးသားခဲ့တဲ့ How the Steel Was Tempered (သံမဏီတွေမာအောင် ဘယ်လိုပြုလုပ်ခံခဲ့ရသလဲ) ဆိုတဲ့ စာအုပ်ထဲက ဇာတ်လိုက်Pavel Korchagin အတိုင်း ကမ္ဘာ့အရပ်ရပ်က စိတ်ဆန္ဒပြင်းပြသူ၊ ရည်မှန်းချက်ရှိသူတို့ရဲ့ မိတ်ဆွေကောင်း၊ စံပြပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။
ကံကြမ္မာက Ostrovskyအပေါ်ရက်စက်လွန်းခဲ့ ပါတယ်။ သူဟာ မူလတန်း၃နှစ်တက်ခဲ့ဖူးပြီး သူ့ရဲ့နုပျိုတဲ့အရွယ်ကို စစ်မြင်းပေါ်ဒုန်းစိုင်းစီးပြီး ကျည်ဆံမိုးတွေကြားမှာ ဖြတ်သန်းကုန်လွန်ခဲ့တယ်။ ၁၆နှစ်အရွယ်မှာ သူ့ရဲ့ဝမ်းဗိုက်ပိုင်းနဲ့ ခေါင်းပိုင်းမှာ ဒဏ်ရာအကြီးအကျယ်ရခဲ့တယ်။ ညာမျက်လုံးကွယ်ခဲ့တယ်။ အသက် ၂ဝအရွယ်မှာ အဆစ်မာရောဂါနဲ့ အိပ်ရာက မထနိုင်ဖြစ်ခဲ့တယ်။
ကံကြမ္မာရဲ့စိန်ခေါ်မှုကို ရင်ဆိုင်ရင်း “ဘဝမှာ ဘယ်အရာကမှ နောက်ကောက်ကျကျန်ခဲ့တာလောက် ကြောက်စရာမကောင်းဘူး”လို့ သူနက်နက်နဲနဲ ခံစားမိပြီး ကံကြမ္မာရဲ့စိန်ခေါ်မှု၊ ထိုးနှက်ချက်တွေကို သူသတ္တိရှိရှိ ပြန်ခုခံခဲ့တယ်။ တပ်က မသန်စွမ်းသူရဲ့ကုတင်ပေါ်မှာလဲလျောင်းပြီး တိုင်းပြည်နဲ့ပြည်သူတွေဆီမှာ အသက်ဆက်ဖို့ ငွေကြေးတွေကို သူလက်ဖြန့်မတောင်းချင်ခဲ့ဘူး။ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ စာပေးစာယူသင်တန်း တက်ရောက်ခဲ့တယ်။ ဆာလောင်ငတ်မွတ်သူတစ်ယောက်လို ရုရှားနဲ့ ကမ္ဘာ့နာမည်ကြီးစာအုပ်တွေကို သူဖတ်ခဲ့တယ်။ စာအုပ်တွေက သူ့ကိုရှေ့ဆက်လှမ်းဖို့ ညွှန်ပြခဲ့သလို အထီးကျန်တဲ့သူ့ဘဝကို အဖော်ပြုခဲ့တယ်။
Ostrovskyဟာ စာတွေကိုဖတ်ရင်း ယဉ်ကျေးမှုဆိုင်ရာ၊ စာပေဆိုင်ရာ သတ်မှတ်အဆင့်အတန်းတစ်ခုကို ရောက်တဲ့အခါ တပ်ထဲမှာတွေ့ကြုံခဲ့တဲ့ သူရဲကောင်းစစ်သည်တို့ရဲ့အြေ ကာင်းကို ဝတ္ထုလတ်တစ်ပုဒ်အဖြစ် ရေးသားပြီး မဂ္ဂဇင်းတိုက်တစ်တိုက်ကို ပို့ခဲ့တယ်။ ဒါပေမယ့် အရွေးမခံခဲ့ရပါဘူး။ ဒီ့အတွက် သူအားမငယ်ခဲ့ဘူး၊ စိတ်မလျော့ခဲ့ဘူး။ ဘယ်နေရာမဆို အတားအဆီးတော့ ရှိစမြဲပဲဆိုတာကို သူနားလည်ခဲ့တယ်။
လူတွေဟာ အောင်မြင်သူတို့ရဲ့ ဦးခေါင်းထက်နဲ့လည်ပင်းထက်က သရဖူနဲ့ဆုတံဆိပ်ဆွဲပြားကိုသာမြင်ကြပြီး မအောင်မြင်ခင် သူတို့ ဘယ်လိုအခက်အခဲမျိုးကို ကျော်ဖြတ်ခဲ့ရတယ်၊ ဆင်းရဲဒုက္ခခံခဲ့ရတယ်၊ ပစ်ပယ်ခံခဲ့ရတယ်၊ အဆိုးဆုံး အနှိမ်ခံခဲ့ရတယ်ဆိုတာကို မသိခဲ့ကြဘူး။
စိတ်ကူးအိပ်မက်ရဲ့တောင်ထိပ် ကို ကြိုးစားတက်နေသူတချို့ဟာ အခက်အခဲနဲ့ ရင်ဆိုင်တွေ့ကြုံရချိန်မှာ တွန့်ဆုတ်သွားတတ်ကြတယ်။ ပစ်ပယ်တာကို ခံရတဲ့အခါ၊ အနှိမ်ခံရတဲ့အခါ ဘဝကခါးသီးလိုက်တာလို့ အပြစ်ဖို့ရင်း လမ်းတဝက်မှာတင် ဆုတ်ခွာတတ်ခဲ့ကြတယ်။
Ostrovskyကတော့ ရောဂါဝေဒနာရဲ့နာကျင်မှုဒဏ်ကို အံကြိတ်ခံရင်း ရည်မှန်းချက်ပန်းတိုင်ဆီ မဆုတ်မနစ် ကြိုးစားတက်ခဲ့ပါတယ်။
၁၉၃၂ခုနှစ်မှာ How the Steel Was Temperedဆိုတဲ့စာအုပ်ကို သူရေးသားနိုင်ခဲ့တယ်။ ဒီ့အတွက် “ဘဝရဲ့တံခါးက ငါ့အတွက် ဖွင့်လိုက်ပြီ”၊ “စာအုပ်ဆိုတာ ငါ့ရဲ့စစ်သည်ရဲမက်ပဲ”လို့ သူကြွေးကြော်ခဲ့တယ်။ ရပ်နိုင်ချိန်မှာ သေနတ်နဲ့သူတိုက်ပွဲဝင်ခဲ့သလို လဲလျောင်းနေချိန်မှာ ကလောင်သွားနဲ့ သူတိုက်ပွဲဝင်ခဲ့တယ်။ သေဆုံးချိန်မှာ သူရေးသားခဲ့တဲ့စာအုပ်တွေနဲ့ တိုက်ပွဲဝင်ခဲ့တယ်။ ဒါဟာ စစ်သားစာရေးဆရာတစ်ဦးဖြစ်တဲ့  Ostrovsky ဖြတ်သန်းခဲ့တဲ့ ဘဝတစ်သက်တာဖြစ်တယ်။
ဆက်ဖတ်မယ်ဆို "ထင်ရှားသူတို့၏ဘဝပုံပြင်စာ အုပ်"မှာ ဆက်ဖတ်ပါ
ကံကြမ္မာက Ostrovskyအပေါ်ရက်စက်လွန်းခဲ
ကံကြမ္မာရဲ့စိန်ခေါ်မှုကို ရင်ဆိုင်ရင်း “ဘဝမှာ ဘယ်အရာကမှ နောက်ကောက်ကျကျန်ခဲ့တာလောက်
Ostrovskyဟာ စာတွေကိုဖတ်ရင်း ယဉ်ကျေးမှုဆိုင်ရာ၊ စာပေဆိုင်ရာ သတ်မှတ်အဆင့်အတန်းတစ်ခုကို ရောက်တဲ့အခါ တပ်ထဲမှာတွေ့ကြုံခဲ့တဲ့ သူရဲကောင်းစစ်သည်တို့ရဲ့အြေ
လူတွေဟာ အောင်မြင်သူတို့ရဲ့ ဦးခေါင်းထက်နဲ့လည်ပင်းထက်က
စိတ်ကူးအိပ်မက်ရဲ့တောင်ထိပ်
Ostrovskyကတော့ ရောဂါဝေဒနာရဲ့နာကျင်မှုဒဏ်ကိ
၁၉၃၂ခုနှစ်မှာ How the Steel Was Temperedဆိုတဲ့စာအုပ်ကို သူရေးသားနိုင်ခဲ့တယ်။ ဒီ့အတွက် “ဘဝရဲ့တံခါးက ငါ့အတွက် ဖွင့်လိုက်ပြီ”၊ “စာအုပ်ဆိုတာ ငါ့ရဲ့စစ်သည်ရဲမက်ပဲ”လို့ သူကြွေးကြော်ခဲ့တယ်။ ရပ်နိုင်ချိန်မှာ သေနတ်နဲ့သူတိုက်ပွဲဝင်ခဲ့သလ
ဆက်ဖတ်မယ်ဆို "ထင်ရှားသူတို့၏ဘဝပုံပြင်စာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။