Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, March 22, 2014

တိကျတဲ့ အဖြေ

တိကျတဲ့ အဖြေ ။ ( နိုင်းနိုင်းစနေ ဘာသာပြန်သည်။ )
-----------------
ဒုတိယကမ္ဘာစစ်အတွင်းမှာ နာမည်ကြီး စိတ်ပညာရှင်
ဂျေပီဂီးလ်ဖို့ဒ် (J.P. Guilford ) ကိုအမေရိကန်စစ်တပ်က ငှားပြီး
စမ်းသပ်မှုတစ်ခု လုပ်ခိုင်းခဲ့တယ်။သူ့ပညာကိုသုံးပြီး အကောင်းဆုံး၊
အသင့်တော်ဆုံး လေယာဉ်တပ်သားတွေ ရွေးထုတ်ပေးဖို့ပါ။
ဒါပေမဲ့ ထင်သလို မအောင်မြင်ခဲ့ဘူး။အစမ်းသပ်ခံ
တပ်သားတွေဟာ လေ့ကျင့်ချိန်မှာ တက်ညီလက်ညီနဲ့ အမှတ်ပြည့်ရ
ပေမယ့် တကယ်တန်း ရှေ့တန်းရောက်တာနဲ့ အပစ်ချခံရတော့တယ်။
ဒါကြောင့် လေယာဉ်တပ်သားသေဆုံးမှုတွေပဲ တိုးလာနေခဲ့တယ်။
ဂီးလ်ဖို့ဒ်က ဒီလိုပြဿနာရဲ့ အဖြေကို ရှာဖွေစူးစမ်းချိန်မှာ မသေပဲ
ကျန်ရစ်တဲ့ လေတပ်သားအများစုဟာ အရာရှိတွေ(တပ်သားဘ၀ကနေ
ပင်စင်ယူထားတဲ့သူတွေ)က ရွေးထုတ်ထားတဲ့သူတွေ ဖြစ်နေတာကို
တွေ့ရတယ်။

ဂီးလ်ဖို့ ခေါင်းခြောက်သွားတယ်။သူ့ရဲ့ စေ့စပ်သေချာတဲ့
စမ်းသပ်မှုပညာက အဲဒီအရာရှိတွေရဲ့အမြင်လောက်တောင် မစွမ်းဘူးလား။
ဘယ်နေရာမှာ ခက်ခဲနေတာပါလိမ့်။
ဒီပြဿနာကို အရာရှိတစ်ယောက်ကို ဂီးလ်ဖို့ဒ် သွားမေးတယ်။
အရာရှိက " ဘာကြောင့်လည်းဆိုတာ ကျွန်တော်လည်းမပြောတတ်ဘူး။
ဒီလိုလုပ်ရအောင် တပ်သားတချို့ကို ခင်ဗျားနဲ့ ကျွန်တော်အတူရွေးကြည့်
ကြရအောင်"
" ဟုတ်ပြီ။ကျွန်တော်တို့ အတူရွေးကြရအောင်"ဆိုပြီး နှစ်ယောက်
်အတူရွေးဖို့ဆုံးဖြတ်ခဲ့ကြတယ်။
ရွေးချယ်ချိန်မှာ ပထမဆုံးတပ်သားဝင်လာတော့ ဂီးလ်ဖို့ဒ်က တစ်ဘက်
ကနေပြီး အကဲခတ်၊မှတ်တမ်းရေးတယ်။
" ကောင်လေး၊ တကယ်လို့ ဂျာမန်တွေကမင်းလေယာဉ်ကို တွေ့သွားပြီး
အမြင့်ပစ် ဒုံးကျည်နဲ့ ပစ်တော့မယ်ဆိုပါစို့။မင်းဘယ်လိုလုပ်မလဲ" အရာရှိက ပထမမေးခွန်းစမေးလိုက်တယ်။
" လေယာဉ်ကို ဒီထက်ပိုမြင့်အောင်ပျံမယ်။ "
" မင်းဘယ်လို သိတာလဲ "
" စစ်တိုက်လမ်းညွှန်စာအုပ် ထဲမှာ အဲဒီလို တိကျတဲ့အဖြေ ကိုရေးထားပါတယ်။မှန်တယ်မဟုတ်လား "
" မှန်ပါတယ်။တိကျတဲ့အဖြေပါ။မင်းသွားနိုင်ပါပြီ "
" ဆရာ မေးခွန်းတစ်ခုပဲမေးတာလား။တခြားမေးခွန်း မရှိတော့ဘူးလား "
" ဟုတ်တယ်။မေးခွန်းတစ်ခုထဲပဲ။မင်းသွားနိုင်ပါပြီ။ ကျန်တဲ့မေးခွန်းက
ငါတို့အတွက်ပါ "
ဒုတိယ တပ်သားထပ်ဝင်လာတယ်။တပ်သားနေရာယူပြီးတာနဲ့ အရာရှိက အပေါ်ကမေးခွန်းကိုပဲ ပြန်မေးလိုက်တယ်။
" ကောင်လေး၊ တကယ်လို့ ဂျာမန်တွေကမင်းလေယာဉ်ကို တွေ့သွားပြီး
အမြင့်ပစ် ဒုံးကျည်နဲ့ ပစ်တော့မယ်ဆိုပါစို့။မင်းဘယ်လိုလုပ်မလဲ"
" တိမ်တိုက်တစ်ခုရှာပြီး အမြန်ပုန်းလိုက်မယ်"
ဒုတိယ စစ်သားကဖြေတယ်။
" ဟုတ်လား၊တကယ်လို့ တိမ်မရှိနေဘူးဆိုရင် ဘယ်လိုလုပ်မလဲ "
" မြေပြင်ကို အမြန်ပျံဆင်းပြီး သူတို့နဲ့ ထိပ်တိုက်တွေ့လိုက်မယ်။ "
" မင်းကိုယ့်ကိုယ်ကို သေကြောင်းကြံတာလား "
" ဒီလိုဆိုရင် လေယာဉ်ကိုယ်ထည်ကို ဘယ်ညာယိမ်းလိုက်ရင်ကော "
" လေယာဉ်က မင်းမောင်းတာလေ။ ငါမောင်းတာမဟုတ်ဘူး။
မင်းစာမဖတ်တတ်ဘူးလား "
" ဆရာပြောတာက စစ်တိုက်လမ်းညွှန်စာအုပ်လား "
" အဲဒီစာအုပ်မဟုတ်ရင် မင်းက ဘာစာအုပ်ဖတ်ချင်သေးလို့လဲ "
" စစ်တိုက်လမ်းညွှန်စာအုပ်ကို ကျွန်တော်ဖတ်ပါတယ်။
ဒါပေမယ့် စာအုပ်က ထူလွန်းလို့ကျွန်တော်အကုန်မမှတ်မိပါဘူး။
ကျွန်တော်ကလေယာဉ်မောင်းတာပဲ ၀ါသနာပါတယ်။အမေရိကန်တပ်အတွက်
ကျွန်တော်လေယာဉ်မောင်းမယ်။အစားအစာအညွှန်းတွေလိုရေးထားတဲ့ စာတွေကိုကျွန်တော်မဖတ်ချင်ဘူး။ "
" မင်းဘာကို ဆိုလိုတာလဲ "
" ကျွန်တော် ကြက်ဥကြော်လည်းရတယ်။အသားကင်လည်းရတယ်။
အမေနဲ့အတူapple pie တွေကူလုပ်လည်းရတယ်။ဒါပေမယ့်
အစားအစာအညွှန်းတွေလို ဒါပြီးရင်ဒါလုပ်ပါလို့ ၁-၂-၃ အစဉ်လိုက်
ရေးထားတဲ့စာတွေကိုကျွန်တော်နားမလည်ဘူး "
" ကောင်းပြီ။မင်းသွားနိုင်ပါပြီ "
" ဆရာကျွန်တော့်အဖြေ မှားသွားပြီလား "
" အခုက မေးခွန်းပြန်မေးရမယ့် အချိန်မဟုတ်ဘူး "
ဒုတိယတပ်သားထွက်သွားတာနဲ့ အရာရှိက ဂီးလ်ဖို့ဒ် ဖက်လှည့်ပြီး
" ဆရာ၊ဆရာ့ကိုရွေးခိုင်းရင် ဘယ်တစ်ယောက်ကို ဆရာရွေးမလဲ "
" ခင်ဗျားရဲ့ အကြံဥာဏ် ကိုကျွန်တော်အရင်သိချင်တယ် "
" ကျွန်တော်က ဒုတိယတစ်ယောက်ကိုရွေးမယ် "အရာရှိကပြောတယ်။
" ဘာဖြစ်လို့လဲ "
" ပထမတစ်ယောက်ဖြေတဲ့ အဖြေက တိကျအဖြေမှန် ဆိုတာမှန်တယ်။
ရန်သူရဲ့ ဒုံးကျည်ကလွတ်အောင်လေယာဉ်ကို ဒီထက်မြင့်အောင်ပျံမယ်။
ဒါပေမယ့် ဂျာမန်တွေက ငတုံးတွေမဟုတ်ဘူး။တိကျတဲ့ အဖြေမှန်း ကျွန်တော်တို့သိသလို သူတို့လည်း သိတယ်။ဒါကြောင့် ဂျာမန်တွေက နိမ့်တဲ့ နေရာကို တစ်ချက်အရင်ပစ်ပြီးလေယာဉ်အမြင့်ပျံမယ်ဆိုတဲ့
ကျွန်တော်တို့ရဲ့ စိတ်ကိုသွေးဆောင်ဖြားယောင်းမယ်။
တကယ့် သူတို့ရဲ့ ပစ်မှတ်က အမြင့်ဆုံးမှာထားထားတယ်။
အဲဒီအချိန်ကျရင် ဘယ်သူသေမလဲ"
" အော် ဒီလိုလား "
ဒုတိယတစ်ယောက်က ပြောင်ချော်ချော်ဖြေတယ်။ပြီးတော့စည်းမျဉ်းစည်းကမ်း
မလိုက်နာနိုင်ဘူးဆိုပေမယ့် သူ့မှာလိုအပ်ရင် လိုအပ်သလို ပြောင်းလဲနိုင်တဲ့ ဥာဏ်ရှိတယ်။အခက်အခဲကြုံတာနဲ့ အခက်အခဲကလွတ်အောင် နည်းမျိုးစုံ သုံးနိုင်တယ်။နည်းများလေလွတ်မြောက်ဖို့ များလေပဲ။ကျွန်တော့်လို စစ်ပွဲအများကြီးတိုက်ခဲ့ဖူးတာတောင်မှ မသေပဲကျန်နေတဲ့သူတစ်ယောက် က
စစ်မြေပြင်မှာ ကြုံရတဲ့ အတွေ့အကြုံတွေဟာ စစ်တိုက်လမ်းညွှန်
စာအုပ်ထဲမှာမရှိဘူးဆိုတာကိုပိုသိတယ်။စာအုပ်ထဲမှာရေးထားတာနဲ့တူတာဆိုလို့ တစ်မျိုးပဲရှိတယ် "
" ဘယ်တစ်မျိုးလဲ "
" ဈာပနအခမ်းအနားပဲ ၊အဲဒီတစ်ခုက စာအုပ်ထဲရေးထားတဲ့ အတိုင်း တစ်လုံးမှ မလွဲဘူး။စစ်တိုက်တာကို အလွတ်ကျက်ရမယ်ဆိုရင်
သေဖို့လမ်းပဲရှိတယ်။အဖြေတွေ့မှာမဟုတ်ဘူး"
အရာရှိရဲ့စကားကို နားထောင်ပြီးနောက် ဂီးလ်ဖို့ဒ်က သူ့ရဲ့ ဆန်းစစ်ချက်ကို အသစ်ပြောင်းလိုက်တော့တယ်။
ဆန်းစစ်ချက်အသစ်ရဲ့ မေးခွန်းတွေက " တကယ်လို့ သင့်ဆီမှာ အုတ်ခဲ တစ်ချပ်ရှိမယ်။အဲဒီအုတ်ခဲရဲ့ မတူတဲ့ အသုံးဝင်ပုံ ၅၀ ကိုပြောပါ။" ဆိုတာမျိုးတွေဖြစ်လာတယ်။
ဂီးလ်ဖို့ဒ် ဟာ ဒီလိုဆန်းစစ်ချက်နဲ့ အမေရိကန်ရဲ့ အကောင်းဆုံး လေယာဉ်တပ်သားတွေ ကိုရွေးထုတ်နိုင်ခဲ့သလို " ဆန်းသစ်တဲ့ စမ်းသပ်မှု " တစ်ခုကိုလည်း ဖန်တီးနိုင်ခဲ့တယ်။
-------------------
credit to မူရင်းစာရေးသူနှင့် ဘာသာပြန်သူ ဆရာမ နိုင်းနိုင်းစနေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။