တစ်ခါက လူတစ်ဦးမှာ သားလေးဦးရှိခဲ့တယ်။
သူဟာ သားတွေကို အရာရာတိုင်း အလျှင်အမြန် ဆုံးဖြတ်ချက်မချဖို့
သင်ခန်းစာ ပေးချင်ခဲ့တယ်။
ဒါကြောင့် အလွန်ဝေးကွာတဲ့ နေရာတစ်နေရာရှိ သစ်တော်သီးပင်ကို သွားရောက်ကြည့်ရူ့ဖို့ သားတွေကို တစ်ယောက်ပြီးတစ်ယောက်
အလှည့်ကျ စေလွှတ်လိုက်ပါတယ်။

ပထမမြောက်သားက ဆောင်းရာသီ၊ ဒုတိယသားက နွေဦးရာသီ၊ တတိယသားက နွေရာသီ၊ အငယ်ဆုံးသားက သစ်သီးကြွေချိန်မှာ သွားခဲ့ကြတယ်။
သားတွေအားလုံး သွားပြီးလို့ ပြန်ရောက်တဲ့အခါ ဖခင်ဖြစ်သူက သူတို့အားလုံးကို ခေါ်လိုက်ပြီး မြင်ခဲ့ရသမျှကို ပြန်ပြောပြစေပါတယ်။
ပထမမြောက်သားက သစ်ပင်ဟာ အလွန်အရုပ်ဆိုးပြီး
ကွေ့ကောက်တွန့်လိမ် နေပါတယ်တဲ့။
ကွေ့ကောက်တွန့်လိမ် နေပါတယ်တဲ့။
ဒုတိယသားက “မဟုတ်ဘူး”လို့ ပြန်ပြောရင်း သစ်ပင်ကြီးဟာ အစိမ်းရောင်အဖူးတွေ၊ ကောင်းမွန်တဲ့ လက္ခဏာတွေနဲ့ ပြည့်နက်နေပါတယ်တဲ့။
တတိယသားက သဘောမတူဘဲ သစ်ပင်ကြီးဟာ အလွန်အရသာရှိမဲ့ သစ်သီးတွေနဲ့ လှပနေတဲ့အတွက်ကြောင့် သူမြင်ခဲ့ဖူးသမျှ စွဲမက်ဖွယ်အကောင်းဆုံး အရာတစ်ခုဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
အငယ်ဆုံးသားက သူတို့အားလုံးရဲ့အဆိုကို လုံးဝသဘောမတူဘဲ သစ်ပင်ကြီးဟာ သစ်သီးတွေ ရင့်မှည့်ကြွေကျနေပြီး အပင်ပေါက်လေးတွေ အပြည့်အဝနဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနေပါတယ်တဲ့။
ဖခင်ဖြစ်သူက သားအားလုံး မှန်ကန်ကြောင်း ရှင်းပြပါတယ်။ အကြောင်းရင်းက သူ့သားတွေကို သစ်ပင်တစ်ပင်ရဲ့ဘဝနဲ့ပတ်သက်ပြီး မတူညီကွဲပြားတဲ့ ရာသီတစ်ခုစီမှာ သွားရောက်ကြည့်ရူ့ဖို့ စေလွှတ်လိုက်တဲ့အတွက်ကြောင့်ပါတဲ့။
သူက သားတွေကို ပြောပါသေးတယ်။
သစ်ပင်တစ်ပင်၊ ဒါမှမဟုတ် လူတစ်ဦးကို မတူညီတဲ့
ရာသီတစ်ခုကိုကြည့်ပြီး ဆုံးဖြတ်ချက် မချပါနှင့်။
သူတို့ရဲ့ ဖြစ်တည်မှုအနှစ်သာရ ဆိုလိုတာကတော့ သူတို့ဘဝမှာ ဖြစ်ပေါ်လာတဲ့ ကျေနပ်မှု၊ ပျော်ရွှင်မှု၊ မေတ္တာတရားဆိုတဲ့ အရာတွေကို ရာသီအားလုံးကုန်ဆုံးတဲ့ အဆုံးသတ်အချိန်ကာလမှသာ
ဆုံးဖြတ်ချက် ချနိုင်တာပါတဲ့။
ဆောင်းရာသီမှာ ရောက်သွားတဲ့အခါ နွေဦးရာသီရဲ့ အလားအလာကောင်းတွေ၊ နွေရာသီရဲ့ အလှအပတွေ၊ ဆောင်းဦးရာသီရဲ့ ဖြည့်ဆည်းပေးမှုတွေကို တွေ့မြင်ရမည်မဟုတ်ပါ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။