TechSpace Journal
အသက်ကယ်ခြင်းဆိုင်ရာအထောက်အပံ့ပေးနိုင်မည့် ဆီးအိမ်ဖိအားတိုင်းအာရုံခံစနစ်
============================
World Wide(BMSTU)
============================
World Wide(BMSTU)
လူသားများအနေဖြင့် အာရုံကြောဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်နေပါက ၄င်းတို့အနေဖြင့် မိမိတို့၏ ဆီးအိမ်သည် တင်းကျပ်နေခြင်းကို ခံစားသိရှိနိုင်ရန် အခွင့်အလမ်းနည်းပါးမည် ဖြစ်ပါသည်။ နားလည်အောင် ပြောပြရလျှင် ကျင်ငယ်စွန့်လွှတ်ရမည့် အခြေအနေကို မသိရှိခြင်းပင် ဖြစ်ပါသည်။ ထိုအခါ ၄င်းတို့၏ ဆီးအိမ်နှင့် ကျောက်ကပ် ကို ထိခိုက်မှုများ ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။
ထို့ကြောင့် အဆိုပါအခြေအနေများတွင် လူနာကို ခွဲစိတ်ခြင်း၊သို့မဟုတ် ဆေးဝါးထောက်ပံ့ ခြင်းများ ပြုလုပ်ကူညီရမည် ဖြစ်ပါသည်။ ဆီးအိမ်အနေဖြင့် အလုပ်ကောင်းစွာ လုပ်ခြင်း၊မလုပ်ခြင်း စမ်းသပ်စစ်ဆေးနိုင်ရန်အတွက် ပြွန်ပိုက်တစ်ခုအား လူနာ၏ ဆီးလမ်း ကြောင်းကို အသုံးပြု၍ ဆားရည်များဖြင့် ထည့်သွင်းစမ်းသပ်ရပါသည်။ အဆိုပါအခြေအနေသည် လူနာအတွက် သက်တောင့်သက်သာ ဖြစ်စေမည် မဟုတ်တာ သေချာပေသည်။ ထို့အပြင် တိကျသေချာမှုရှိရန် အရေးကြီးသလို ဆီးအိမ်ကို စမ်းသပ်ရန်ဆားရည်ဖြင့် ဖြည့်တင်းရန်မှာ သာမန်လုပ်နေကြအချိန်ထက် ပိုမိုလျင်မြန်မှု ရှိရမည် ဖြစ်ပါသည်။
ထို့ကြောင့် နော်ဝေးသုတေသနသမားများမှ ခန္ဓာကိုယ်အတွင်း လ၊သို့မဟုတ် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ထည့်သွင်းထားနိုင်ပြီး ဆီးအိမ်အနေဖြင့် အလုပ်ကောင်းစွာ လုပ်ခြင်း၊မလုပ်ခြင်း စစ်ဆေးပေးမည့် ယခုအာရုံခံစနစ်ကို တီထွင်ခဲ့ကြခြင်းလည်း ဖြစ်ပါသည်။ ယခုကိရိယာငယ်ကို တပ်ဆင်ထားသော်လည်း လူနာအနေဖြင့် မည်သည့် ခံစားမှုကိုမှ သိရှိနိုင်မည်မဟုတ်ဘဲ သွားနိုင်လာနိုင်မည် ဖြစ်သည့်အပြင် အခြား Side Effect များကိုလည်း ဖြစ်ပေါ်စေမည် မဟုတ်ပေ။ ထို့အပြင် ၄င်းအာရုံခံစနစ်မှ ကြိုးမဲ့စနစ်ဖြင့် လူနာ၏ စမတ်ဖုန်းကို အချက်အလက် များလည်း ပေးပို့နိုင်ရန် အတွက်လည်း လုပ်ဆောင်နေကြပါသည်။
လာမည့် ဧပြီလတွင် နော်ဝေးနိုင်ငံ Sunnaas ဆေးရုံတွင် အာရုံကြောဆိုင်ရာ ဒဏ်ရာရရှိနေသူ လူနာ သုံးယောက်တွင် ယခုစနစ်ကို စတင်စမ်းသပ်တော့မည်ဖြစ်ပြီး နောက်ထပ် အယောက် ၂၀ မှ ၃၀ အထိကိုလည်း စမ်းသပ်သွားမည်ဟု သိရှိရပါသည်။
Ref:wired.co.uk
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။