Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, March 22, 2014

ဂုဏ်ယူပါတယ် ကိုအာကာကျော်...ဒီထက်အောင်မြင်ပါစေ

~ဂုဏ်ယူပါတယ် ကိုအာကာကျော်...ဒီထက်အောင်မြင်ပါစေ~
(အ၇မ်းတော်တဲ့လူငယ်တယောက်...သူ၇ဲ့ ကြိုးစားအားထုတ်မှုကြောင့် ၇လာတဲ့ အကျိုးမြတ်ပါ...သူ့ လိုမျိုးလူငယ်တွေအများကြီးလိုအပ်ပါတယ်)
>>>အမေရိကန်သမ္မတအိုဘားမားပုံကိုလမ်းဘေ:မှာဆွဲမိလို့ဘ၀ပြောင်းသွားတဲ့မြန်မာပညာရှင်(Graffiti အာကာကျော်) နိုင်ငံခြားသွားတော့မည်...

လွန်ခဲ့တဲ့ တစ်နှစ်ခွဲနီးပါးက လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတကြီး အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးကို ပြည်သူအများ စိတ်ဝင်စား၊ စိတ်လှုပ်ရှားနေကြချိန်မှာ လူငယ်လေးတစ်ဦးဖြစ်တဲ့ အာကာကျော်
ကလည်း သူဝါသနာပါရာအနုပညာနဲ့ နံရံပေါ်မှာ ဂရပ်ဖစ်တီပုံဆွဲလို့ သမ္မတကြီးကို ကြိုဆိုခဲ့ပါတယ်။
ပုံလေးဆွဲပြီးတဲ့အခါ ဓာတ်ပုံရိုက်၊ ဖေ့စ်ဘွတ်ခ်ပေါ်တင်ပြီး နောက်နေ့မှာ Like လေးတွေ တက်နေမယ်ဆိုတဲ့ စိတ်နဲ့ပဲ ရိုးရိုးလေး အိပ်ရာဝင်ခဲ့တဲ့အချိန်မှာ အာကာကျော်ဟာ နောက်တစ်နေ့မှာ
သူ့ဘ၀အတွက်ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ တွေးမနေခဲ့ပါဘူး။
"အဲဒီပုံလေးကနေ နောက်နေ့မှာ အဲဒီလောက် ပြောင်းလဲသွားမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ နောက်နေ့မှာတော့ ဖုန်းတွေ ၀င်လာတယ်၊ အင်တာဗျူးတွေ ချိတ်ကြတယ်"လို့ စာစောင်တွေ
ကနေ ရေးသားဖော်ပြကြတာကြောင့် နေ့ချင်းညချင်းဆိုသလို လူသိများသွားပုံကို အသက် ၂၁အရွယ် အာကာကျော်က ပြောပြပါတယ်။
အဲဒီဂရပ်ဖစ်တီဓာတ်ပုံကြောင့်ပဲရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အဆောက်အအုံမှာကျင်းပခဲ့တဲ့အိုဘားမားမိန့်ခွန်းပြောပွဲကိုဘယ်လိုမှ မျှော်လင့်မထားဘဲ တက်ရောက်ခွင့် ရခဲ့သလိုနောက်ဆက်တွဲ ရလဒ်တွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ အများအပြား ရရှိခဲ့တယ်လို့
လူငယ်လေးက ပြောပြပါတယ်။
"ဘယ်တုန်းကမှ မထင်ထားဘူး။ ဒီလို လမ်းဘေးမှာ ပုံဆွဲတဲ့ အလုပ်တစ်ခုတည်းနဲ့ ရပ်တည်နိုင်မယ်လို့။ ဘယ်သူကမှလည်း ထင်မှာ မဟုတ်ဘူး။ ရှေ့မှာလည်း ဘယ်သူမှ မရှိဘူး။ ဒါပေမဲ့
ကိုယ်ဖြစ်ချင်တာကို ယုံယုံကြည်ကြည်နဲ့ လုပ်လိုက်လို့ တန်ပြန်သက်ရောက်မှုကို ခံစားရတယ်လို့
ထင်တယ်" လို့လည်း ဆိုလိုက်ပါတယ်။
တစ်ချိန်က နံရံမှာပုံဆွဲဖို့ ဆေးဘူး မ၀ယ်နိုင်တာကြောင့် မီးသွေးခဲတွေနဲ့ ဆွဲခဲ့ရတဲ့သူဟာ ခုမတ်လတစ်လတည်းမှာပဲ ဂရပ်ဖစ်တီပုံဆွဲရင်း ဒေါ်လာ တစ်သောင်းလောက် ၀င်ငွေရှိနေပြီလို့လည်းပြောပြပါတယ်။
ထင်ပေါ်တော့ စင်တော်ကလည်း ကောက်ခဲ့ပါပြီ။ ဆီးဂိမ်းအားကစားပွဲ အထိမ်းအမှတ်အနေနဲ့နေပြည်တော် မြို့မဈေးရှေ့က နံရံပေါ်မှာ အားကစားလှုပ်ရှားမှုပုံရိပ်တွေကို ဖန်တီးဖို့အတွက်
အစိုးရက သူ့ကို ဖိတ်ခေါ်ခဲ့သလို နိုင်ငံတကာဂရပ်ဖစ်တီ စင်မြင့်ထက်ဆီလည်း တက်လှမ်းခွင့်ကြုံခဲ့
ပါပြီ။
အာကာကျော်ဟာ အခုလာမယ့် ဧပြီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပသွားမယ့် တစ်ကမ္ဘာလုံးက ဂရပ်ဖစ်တီသမားတွေ တွေ့ဆုံမယ့် Meeting of Styles ပွဲကို
မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားခံထားရပါတယ်။
ဒီပွဲဟာ သူ့အတွက်ပထမဆုံး နိုင်ငံတကာပွဲအတွေ့အကြုံပါလို့ မြန်မာလူငယ် ဂရပ်ဖစ်တီသမားလေးက ဆိုပါတယ်။
"ဘန်ကောက်က ပွဲစီစဉ်သူက သူကိုယ်တိုင်လည်း ပုံဆွဲတဲ့သူပဲ။ ကျွန်တော်တို့နဲ့ အစကတည်းကသိနေတာပါ။ အခုဒီပွဲလုပ်တော့ လာဆွဲဖို့ ဖိတ်တာနဲ့ သွားဖြစ်မှာပါ။ နိုင်ငံပေါင်းစုံက artistအယောက် ၅၀ ကျော်လောက်ပါမယ်ဆိုတော့ အတွေ့အကြုံတွေ အများကြီးရမယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ဒါက ကျွန်တော့်အတွက် ပထမဆုံးပွဲပဲဆိုတော့ ကိုယ်မမြင်ဘူးတာတွေ
အများကြီးမြင်ရမယ်၊ သိရမယ်ဆိုတော့ အရမ်းကို စိတ်လှုပ်ရှားပါတယ်။ အခွင့်အရေးတစ်ခုပါပဲ"လို့NighT ဆိုတဲ့ နာမည်နဲ့ အနုပညာဖန်တီးမှုတွေ ပြုလုပ်တဲ့ အာကာကျော်က ပြောပါတယ်။
ပွဲမှာ Graffiti Live ဆွဲရမယ့် အစီအစဉ်ပါဝင်တာကြောင့် မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုပုံစံတွေနဲ့Street Art ကို ပေါင်းစပ်တင်ပြတဲ့ အရာတွေကို ဆွဲဖို့စဉ်းစားထားတယ်လို့ သူ့ စိတ်ကူးကိုပြောပြပါတယ်။
"နိုင်ငံပေါင်းစုံက သူတို့ရဲ့ဟန်၊ သူတို့ရဲ့ ပုံစံတွေကို ပြသဖို့လာကြတဲ့အချိန်မှာ ကိုယ့်နိုင်ငံကလည်းတစ်ခုခုလူသတိထားမိစေမှာမျိုး ပြသရမှာဆိုတော့ တော်တော်ကို စဉ်းစားနေရပါတယ်။ သူများစတိုင်ကြီးနဲ့ သွားဆင်နေမှာလည်း မကောင်းဘူးလေ။ မြန်မာက ဘယ်လိုကောင်မျိုးဆိုတာကို
ပြရမှာဆိုတော့ စိန်ခေါ်မှုကတော့ ကြီးပါတယ်။ အဓိကကတော့ မြန်မာ့ ယဉ်ကျေးမှုတွေနဲ့ပေါင်းပြီးဆွဲဖို့ စိတ်ကူးထားတယ်"လို့ ပြောပါတယ်။
ပွဲမှာ ပုံဆွဲတဲ့အခါ နိုင်ငံတကာက အနုပညာရှင်တွေနဲ့ကွဲပြားပြီး ကိုယ်ပိုင်ပုံစံမျိုး ရှိနေဖို့ အတွက်ကိုလည်း လေ့ကျင့်နေပြီး အွန်လိုင်းကနေတစ်ဆင့် နိုင်ငံတကာပညာရှင်တွေရဲ့ လက်ရာတွေကို
လေ့လာရင်း ကြိုးစားပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ပုံဆွဲတဲ့ပညာနဲ့ ရပ်တည်နေနိုင်ပြီ ဖြစ်ပေမယ့် သူ့အပေါ် ပုတ်ခတ်ပြောဆိုသူတွေရှိနေသလို အဲဒီလိုဝိုင်းပြောနေကြချိန်မှာ သူ့ဘ၀မှာ အဆိုးဆုံးလို့ယူဆရတဲ့အချိန်တွေကိုဖြတ်သန်းနေရတာဖြစ်လို့ ဘေးစကားတွေဟာ ရယ်စရာတစ်ခုအနေပဲ ဖြစ်ခဲ့တယ်လို့လည်း
ဆိုပါတယ်။
"ကျွန်တော့်ကို ပေါ်ပြူလာဖြစ်အောင် လုပ်နေတယ်တို့၊ ပြီးတော့ အာကာကျော်က ပန်းချီဆရာသက်သက်ပဲဖြစ်တယ်၊ Street Artist တစ်ယောက်အနေနဲ့ လက်မခံနိုင်ဘူးဆိုတာမျိုးတွေ
အကုန်ပြောကြတာ။ ကျွန်တော့်ထက် အသက်ပိုကြီးတဲ့ သူတွေချည်းပဲ။ အဲဒါတွေကို လိုက်ခံစားမနေနိုင်ခဲ့ဘူး။ ကျွန်တော့်ရဲ့ လက်တွေ့ဘ၀မှာ ရင်ဆိုင်နေရတာတွေက အရမ်းကိုကြီးမားလွန်းနေ
တာလေ"လို့ အာကာကျော်က ဆိုပါတယ်။
ဒီနေ့ဒီအချိန်မှာ ဂရပ်ဖစ်တီပညာနဲ့ အောင်မြင်တဲ့သူ ဖြစ်လာတာဟာ အဖေဖြစ်သူဆီကပန်းချီပညာကို ငယ်ငယ်ကတည်းက ထိတွေ့ခွင့် ရခဲ့တာကြောင့်ပါလို့ အာကာကျော်က ၀န်ခံပါတယ်။
"အဖေက နာမည်ကြီး ပန်းချီဆရာကြီးတော့ မဟုတ်ပါဘူး။ ပန်းချီတွေတော့ ဆွဲတယ်။ အဖေ့ကိုအရမ်းကျေးဇူးတင်ပါတယ်။ ငယ်ငယ်ကတည်းက ဒီပုံဆွဲတာနဲ့ ထိတွေ့လာခဲ့ပြီး ၁၀ တန်းပြီးလောက်တဲ့အချိန်မှာ ဂရပ်ဖစ်တီဆွဲတာကို အွန်လိုင်းကနေ စလေ့လာခဲ့တာပါ။ အဲဒီအချိန်ကစပြီး
ဒီပုံဆွဲတာကိုပဲ တစ်စိုက်မတ်မတ် လေ့လာဖြစ်ခဲ့တယ်။ အဲဒီမတိုင်ခင်ကတော့ အရမ်းငယ်သေးတော့ဟိုဟာလည်းလုပ်ချင်၊ဒီဟာလည်းလုပ်ချင်နဲ့ လေနေခဲ့တယ်"လို့ ပြောပြခဲ့ပါတယ်။
ထားဝယ်မှာ မွေးခဲ့ပေမယ့် နှစ်တန်း အရွယ်ကစပြီး မိသားစုလိုက် ရန်ကုန်ကိုပြောင်းခဲ့ကြပြီးမွေးချင်းမှာ ငါးယောက်မှာ စတုတ္ထမြောက်ဖြစ်ပါတယ်။
အစပိုင်းမှာ ပြေလည်တဲ့ မိသားစုဖြစ်ပေမယ့် လောင်းကစားဝါသနာပါတဲ့ အဖေ့ကြောင့် မိသားစုမှာဝင်ငွေကျဆင်းလာကာ အဆင်မပြေတာတွေ များလာပြီး ပတ်ဝန်းကျင်ရဲ့ အထင်သေးတာတွေကိုခံခဲ့ရတာကြောင့် သူတို့ ညီအစ်ကို သုံးယောက်ကိုယ်တိုင် ၂၀၁၂ ခုနှစ်မှာ အဖေနဲ့ အမေကို
ခွဲလိုက်တယ်လို့ သူ့ဘ၀မှာ အခက်ခဲဆုံး ရင်ဆိုင်ခဲ့ရတဲ့ အချိန်တွေကို ပြောပြပါတယ်။
"အဖေ့ကြောင့်ပဲကျွန်တော်တို့ငယ်ငယ်က ကောင်းကောင်းမွန်မွန် နေခဲ့ရတာပါ။ ရန်ကုန်ကိုပြောင်းလာပေးလို့လည်း ပိုသိလာရတာတွေရှိတယ်။ အဖေက တစ်မိသားစုလုံးတောင် နိုင်ငံခြားမှာသွားနေနိုင်ဖို့ ကြိုးစားခဲ့တာပါ။ သူ့ရဲ့ လောင်းကစားလုပ်တာကို ကြိုက်တာကပဲ ဖျက်ဆီးသွားတာ။
ကျူရှင်လခတောင် မပေးနိုင်တဲ့အဖြစ်မျိုးတွေကိုပါ ကြုံလာရတော့ အမေကို ကျွန်တော်တို့ရအောင် ရှာကျွေးမယ်၊ လိုက်ခဲ့ဆိုပြီး အဖေနဲ့ ခွဲလိုက်တာ။ ကျွန်တော်ကတော့ အဲဒီအချိန်မှာပထမနှစ် ကျောင်းသားပါပဲ။ အစ်ကိုနှစ်ယောက်က အလုပ်လုပ်နေခဲ့တာ"လို့ ပြောပြပါတယ်။
နိုင်ငံရပ်ခြားသွားနေတဲ့ ဦးလေးဖြစ်သူရဲ့ အိမ်မှာ အမေကိုခေါ်ပြီး အတူသွားနေခဲ့ပေမယ့် ဦးလေးဖြစ်သူရဲ့ မိန်းမက မောင်းချလို့ ချက်ချင်း အိမ်ပေါ်က ဆင်းခဲ့ရတယ်လို့ပြောပြပြီး မွေးရပ်မြေက
အဖွားဖြစ်သူဆီ အမေကို ပို့ထားပြီး ညီအစ်ကို သုံးဦးတည်း ၁၈ လမ်းက ၈-လွှာမှာ ရှိတဲ့ တိုက်ခန်းက မိသားစုတစ်စု အိမ်မှာ အိမ်ငှားနေခဲ့ရတယ်လို့လည်း သူတို့ညီအစ်ကို ရုန်းကန်ရပုံကို ပြောပြပါ
တယ်။
"နယ်မှာပြန်ပြီး ကောင်းကောင်းမွန်မွန် နေလို့ရပေမယ့် ဘ၀ကို သမားရိုးကျအတိုင်း ကြီးပြင်းသွားမှာကို မလိုလားလို့ လမ်းဘေးမှာ အိပ်ရင်လည်း အိပ်ရပါစေဆိုပြီး ရန်ကုန်မှာနေခဲ့တာ။ အဲဒီအချိန်
ကျွန်တော်တို့မှာ ပိုက်ဆံအများကြီး မရှိတော့ အဲဒီမိသားစုအိမ်မှာ ငှားနေရတာ။ အိမ်ပြောင်းတဲ့နေ့မှာပဲ အထုပ်တွေ အကုန်သယ်ပြီးမှ ပစ္စည်းတွေများလို့ဆိုပြီး လကုန်တာနဲ့ ပြန်ပြောင်းပေးလို့
အိမ်ရှင်က ပြောတော့ အမောက ဆို့သေးတယ်"လို့ အာကာကျော်ရဲ့ အစ်ကိုလည်းဖြစ်၊အလုပ်အတွက် မန်နေဂျာတာဝန်လည်း ယူထားတဲ့ ကိုစိုးဝေထွန်းက ပြောပြပါတယ်။
"လမ်းဘေးမှာ အထုပ်တွေနဲ့ စောင့်နေရင်း အဲလိုစကားကို ကြားလိုက်ရတော့ ကျွန်တော်တို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါနောက်ဆုံးပဲ။ နောက်ထပ် ဒီလိုအဖြစ်မျိုးဘယ်တော့မှထပ်မဖြစ်ချင်တော့ဘူးဆိုပြီး။လကုန်တော့ ယောက်ျားလေးအဆောင်မှာ ပြောင်းနေခဲ့တယ်" လို့လည်းပြောပြပါတယ်။
အဲဒီအချိန်တွေမှာ ပုံတွေဆွဲဖြစ်ခဲ့ပြီး သူငယ်ချင်းတွေအတွက် ဆွဲပေးလိုက်၊ ကန်တော်ကြီးပွဲတော်ရက်တွေမှာဆို ပို့စ်ကတ်တွေမှာ ပုံတွေကို တစ်ပုံ ၁,၅၀၀ နဲ့ ဆွဲရင်း တရုတ်တန်းမှာလည်းအစ်ကိုတွေရဲ့ ဦးဆောင်မှုနဲ့ အင်္ကျီတွေလည်း ရောင်းခဲ့ဘူးတယ်လို့ အာကာကျော်က ဆိုပါတယ်။
"သုံးရက်လောက်ပါပဲ။ အခြေအနေအရ လုပ်ခဲ့ရပေမယ့် အမှန်တော့ လုံးဝစိတ်မပါခဲ့ဘူး။နောက်တော့ ကျွန်တော် ဘုရားရဲ့ မျက်နှာတော်တွေကို မန္တလေးက စကျင်ရွာမှာ သွားဆေးခြယ်သေးတယ်။ လခစား ၀န်ထမ်းလည်း မလုပ်ချင်ဘူး။ ဒီလိုပဲ သူငယ်ချင်းတွေ အပ်တဲ့ ပုံလေးတွေ
ဆွဲပေးရင် ပိုက်ဆံလေးတွေ စုမိတယ်"လို့ ပြောပါတယ်။
အဲဒီအချိန်တွေမှာနံရံမှာပုံဆွဲဖို့ ဆေးဘူးတောင်မ၀ယ်နိုင်သေးဘဲ နေထိုင်စရိတ်အတွက် ရုန်းကန်နေခဲ့တယ်လို့လည်း ဆိုပါတယ်။
ပုံစံမျိုးစုံနဲ့ အခက်အခဲတွေကို ကြုံတွေ့ခဲ့ရပေမယ့် ဘယ်တုန်းကမှ လက်လျှော့ဖို့ စိတ်မကူးမိသလိုပိုပြီးတော့ ရုန်းထွက်ချင်လာခဲ့ကာ တချို့စာအုပ်ထဲက စာသားတွေကလည်း သူ့အတွက် အားဖြစ်
စေခဲ့တယ်လို့ ဆိုပါတယ်။
"ကျွန်တော် စာတော်တော် မဖတ်တာပါ။ ဒါပေမဲ့ ဖတ်လိုက်တဲ့ စာအုပ်ကနေလည်း မှတ်သားစရာတွေရတယ်။ ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ စာရေးဆရာပြောတာက လူ တစ်ယောက်မှာ
ကိုယ်ပိုင် အရည်အချင်း ရှိပြီးသားဖြစ်လို့ အဲဒီအရာကို ဖော်ထုတ်နိုင်ပြီး တိုးအောင် လုပ်ဆိုတာမျိုးပါ။ စဉ်းစားကြည့်တော့ ကျွန်တော်လုပ်နိုင်တာက ပုံဆွဲတာပဲ။ အဲတော့ ဒါကိုပဲ ထပ်ပြီးတိုးတက်အောင် လုပ်တော့မယ်ဆိုပြီး လုံးဝ ရွေးချယ်လိုက်တယ်"လို့ အာကာကျော်က
ပြောပါတယ်။
တရုတ်တန်းမှာ နေခဲ့တဲ့အချိန်တွေက အရမ်းတန်ဖိုးရှိပြီး အနီးအနားက လူတိုင်းကပိုက်ဆံဘယ်လိုရှာမယ်ဆိုတဲ့စီးပွားရေးသမားတွေ ဖြစ်တာကြောင့် အတွေ့အကြုံအများကြီး ရခဲ့တယ်လို့စိုးဝေထွန်းက ပြောပါတယ်။
နောက်ပိုင်း ပိုက်ဆံနည်းနည်း စုမိလာတဲ့ အခါမှာတော့ တက်တူးထိုးတဲ့စက် ၀ယ်ယူလိုက်ပြီးတက်တူး ဒီဇိုင်းတွေ ဆွဲပေးကာ ကိုယ်တိုင်လည်း တက်တူးထိုးပေးတယ်လို့ အာကာကျော် က
ပြောပါတယ်။
သူနေတဲ့လမ်းနားမှာ နိုင်ငံခြားသားတစ်ယောက်ရဲ့ဂရပ်ဖစ်တီကိုမြင်ပြီး ဘေးနားကနေ စုတ်တံနဲ့ပုံဆွဲခဲ့ရာက နောက်နေ့မှာပဲ လူငယ်တစ်ဖွဲ့က ပုံဆွဲပေးဖို့ လာခေါ်ရင်းနဲ့ ပုံဆွဲတာကို ပြန်စဖြစ်ခဲ့သလိုတက်တူးထိုးလို့ရတဲ့ ပိုက်ဆံနဲ့ ဆေးဘူးဝယ်ရင်း စဆွဲဖြစ်ခဲ့တာကတော့ ကမ်းနားလမ်းက
ဦးသိန်းစိန်ပုံ ဖြစ်တယ်လို့ ဆိုပါတယ်။
"ဦးသိန်းစိန်ပုံ ဆွဲဖြစ်တာက အဲဒီအချိန်မှာ သူ နိုဘယ်ဆုဆန်ခါတင်ပါတဲ့ အချိန်ဖြစ်လို့ ဂုဏ်ပြုတဲ့အနေနဲ့ ဆွဲဖြစ်ခဲ့တာပါ။ နောက် အိုဘားမားတုန်းကတော့ သူ့ကို ကြိုဆိုချင်တာကြောင့် ဘာလုပ်
ရမှန်းလည်း မသိဘူး။ နောက်တော့ ပုံပဲဆွဲတတ်တာဆိုတော့ ပုံဆွဲပြီးတော့ပဲ ကြိုဆိုလိုက်တာပါ။ပိုက်ဆံမရှိလို့တောင် ပိုက်ဆံချေးပြီး ဆွဲရတာ"လို့ လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက အကြောင်းတွေကို
ပြန်ပြောင်းပြောပြပါတယ်။
အခုချိန်မှာအဖေရော၊အမေပါမိသားစုတစ်ပေါင်းတစ်စည်းတည်း ပြန်နေနိုင်ပြီလို့လည်းအာကာကျော်က အပြုံးနဲ့ ဆိုလိုက်ပါတယ်။
သူလိုမျိုး လူငယ်တွေကိုလည်း "တကယ် ဖြစ်ချင်တဲ့အရာကို တန်ဖိုးထားယုံကြည်ပြီး လုပ်ကြည့်လိုက်ပါ။ သေချာပေါက် ကိုယ်တန်ဖိုး ထားသလောက် ပြန်ရမှာပါ" လို့ ပြောပါတယ်။
လက်ရှိမှာ စီးပွားရေးအရ လုပ်နေတဲ့ အလုပ်တွေ ရှိပေမယ့် လူမှုရေးအဖွဲ့အစည်းတွေ၊ပရဟိတပွဲတွေအတွက်ဆို ငွေကြေးနဲ့မဟုတ်ဘဲအနုပညာဖန်တီးမှုတွေ ပြုလုပ်ပေးပါတယ်လို့လည်း
ဆိုပါတယ်။
"ပိုက်ဆံဆိုတာထက်ကျွန်တော့်ရဲ့အနုပညာကိုတန်ဖိုးထားပေးဖို့ပဲ မျှော်လင့်တယ်။ အဲဒီတော့တန်ဖိုးထားပေးတဲ့ လူတွေနဲ့ဆို အကောင်းဆုံး အလုပ်လုပ်ဖြစ်ပြီး စီးပွားရေးအရမ်းဆန်တဲ့ လူတွေနဲ့တော့ စီးပွားရေးဆန်ဆန်ပဲ အလုပ်လုပ်တယ်"လို့ အာကာကျော်က ဆိုပါတယ်။
"အခုလက်ရှိ အခြေအနေက ကျွန်တော်တို့အတွက် အရမ်းကို အခြေခိုင်နေတာမျိုး မဟုတ်ဘဲဒီထက်ပိုပြီး ကြိုးစားရဦးမှာပါ။ ဘယ်တော့မှလည်း ကြိုးစားမှုကို ရပ်တန့်သွားမှာမဟုတ်ဘဲ
အမြဲ ရှေ့ဆက်သွားမယ်" လို့လည်း ခိုင်မာပြတ်သားတဲ့ သူ့ရည်ရွယ်ချက်ကို ပြောပြပါတယ်။
photo: Graffiti အာကာကျော်ရဲ့ ပြောင်မြောက်လှသော
လက်ရာ at Bangkok
အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
Myanmar Time.
နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
copy via wunnatun

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။