Nine Nine Sanay @ နိုင်းနိုင်းစနေ
၂ဝ၁၃ခုနှစ် အောက်တိုဘာလ ၂၅ရက်နေ့မှာ Augusto Odone ဟာ သူ့ဇာတိမြေအီတလီမှာ ကွယ်လွန်သွားခဲ့ပါပြီ။ World Bank မှာ အမှုထမ်းခဲ့တဲ့ ဒီစီးပွားရေးပညာရှင် Augusto Odoneကို လူတွေပိုသိခဲ့တာက သူဖော်ထုတ်ခဲ့တဲ့ Lorenzo's oilကြောင့်ပဲဖြစ်ပါတယ်။
Augusto Odoneရဲ့သား Lorenzo Odone ငါးနှစ်အရွယ်မှာ Adrenoleukodystrophy (ALD) (ဘာရောဂါခေါ်တယ်မသိပါဘူး.. ကျောက်ကပ်နဲ့
ပတ်သက်တဲ့ရောဂါလို့ထင်ပါတယ်.. သိတဲ့ဆရာဝန်တွေ ပြောပြနိုင်ပါတယ်) ဆိုတဲ့ ရှားပါးရောဂါတစ်မျိုး စွဲကပ်ခဲ့ပါတယ်။ ဆရာဝန်တွေကိုပြတော့ သားရဲ့အသက်က ၂နှစ်ပဲခံမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ၁၉၈၇ခုနှစ်မှာ ဖခင်Augusto Odoneဟာ သားကို ပြုစုစောင့်ရှောက်ဖို့ဆိုပြီး ကမ္ဘာ့ဘဏ်ကနေ ပင်စင်စောယူခဲ့ပါတယ်။ သား Lorenzoဟာ ရောဂါကြောင့် ဒေါသကြီးတဲ့လက္ခဏာ၊ အကြားအာရုံချိုတဲ့တာ၊ ခန္ဓာကိုယ်အနေအထား ဟန်ချက်မညီတာတွေဖြစ်လာခဲ့ပါတယ်။

သားရဲ့ရောဂါကိုကုသဖို့ ဆေးပညာအကြောင်း ဘာမှမသင်ခဲ့ဖူးတဲ့ Augusto ဟာ သူ့ဇနီးနဲ့အတူ ဆေးပညာမဂ္ဂဇင်းတွေ၊ စာအုပ်တွေကို အများအပြားဖတ်ပြီး ဆရာဝန်တွေကို ကယ်တင်ကုသဖို့ အကူအညီတောင်းခဲ့ပါတယ်။ နောက်တော့ တိရစ္ဆာန်တွေကို သံလွင်ဆီတိုက်ရင် Long-chain fatty acids (LCFA)ကို လျော့နည်းစေတယ်ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို Augusto ဖတ်မိခဲ့ပါတယ်။ အဲဒီမှာ အတွေးတစ်ခုရပြီး glycerol trioleate နဲ့ glycerol trierucate ကို ၄ချိုး၁ချိုးကျရောစပ်ပြီး သားကိုကုသပေးခဲ့ပါတယ်။ သား Lorenzoဟာ ဖခင်ရဲ့ကုသမှုကြောင့် အသက် ၂နှစ်ပဲခံမယ်လို့ ဆရာဝန်တွေခန့်မှန်းခဲ့ရာကနေ ၂ဝဝ၈ခုနှစ် အသက် ၃ဝပြည့်တဲ့အထိ နေထိုင်သွားခဲ့ပါတယ်။
ဒါကြောင့် သားအတွက် ဖခင်ဖော်စပ်ခဲ့တဲ့ အဲဒီဆီကို "Lorenzo's oil" လို့ခေါ်ဝေါ်ခဲ့ပါတယ်။ ဒီအကြောင်းကိုလည်း Lorenzo's oil ဆိုပြီး ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။ ဒါဟာ သားအပေါ်ထားတဲ့ ဖခင်တစ်ဦးရဲ့ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။