Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 18, 2014

ကွယ်ဝမှုလား၊ ကြိမ်စာလား။ မြန်မာကို ရေနံ၊ သဘာသဓာတ်ငွေ့နှင့် ဓာတ်သတ္တုတို့က ဘာပေးနိုင်သနည်း။


Burma-Newselite
ကြွယ်ဝမှုလား၊ ကြိမ်စာလား။ မြန်မာကို ရေနံ၊ သဘာသဓာတ်ငွေ့နှင့် ဓာတ်သတ္တုတို့က ဘာပေးနိုင်သနည်း။
************************
သဘာဝသယံဇာတနှင့် ပတ်သက်လာလျှင် မြန်မာနိုင်ငံသည် ကမ္ဘာ့ထိပ်ဆုံးတွင်နေရာယူထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ မြန်မာ့သစ်၊ ပတ္တမြားနှင့် ကျောက်စိမ်းတို့သာမက ရေနံနှင့် တန်ဖိုးရှိသော ကမ်းလွန်သဘာဝဓာတ်ငွေ့ကွက်များက အလျှံပယ်ပင်ဖြစ်သည်။ ကံကြမ္မာဆိုး၏လှည့်ကွက်ကတော့ ဤကြွယ်ဝမှုများကို မြန်မာပြည်သူ များခံစားခွင့် နည်းပါးလှခြင်းပင်ဖြစ်သည်။

ရာစုနှစ်ထက်ဝက်ကျော်မျှ လျှို့ဝှက်မှုပေါင်းများစွာနှင့်အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်တို့၏ဖျက်ဆီးမှုများကြောင့် မြန်မာသည် နှစ်စဉ်ဆက်တိုက် ကမ္ဘာ့လာဘ်အစားဆုံးနိုင်ငံစာရင်းဝင်နေခဲ့ပြီး မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းဟု ဆိုလိုက်လျှင်လည်း မိမိအမျိုးအဆွေများကို နေရာပေးခြင်း၊ ပတ်သက် ဆက်နွယ်နေသူများကသာ ချယ်လှယ်လွှမ်းမိုးခြင်းနှင့် ခိုးဝှက်ယူထားသော ကြွယ်ဝမှုများ ပြည်ပဘဏ်စာရင်းများအတွင်းသို့ ၀င်ရောက်သွားခြင်း တို့ဖြင့်သာ အဓိပ္ပါယ်ဖွင့်ခဲ့ရပေသည်။
သဘာဝသယံဇာတရောင်းချမှုက နိုင်ငံဝင်ငွေများစွာရှာပေးနိုင်သော်လည်း နိုင်ငံသား လေးပုံတပုံက ဆင်းရဲမွဲတေမှုအောက်တွင်နေထိုင်နေရပြီး အသက် ၅ နှစ်အောက် ကလေး ၁၀၀ တွင် ၃၅ ယောက်နှုန်းက အဟာရချို့တဲ့မှုကြောင့်ကျုံလှီ၍နေသည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်းမှာမူ သမ္မတဦးသိန်းစိန်အစိုးရက ပြုပြင်
ပြောင်းလဲမှုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ပြီး အကောင်းဖက်ကို ဦးတည်သည့် ပြောင်းလဲမှုများ နောက်ဆုံးတော့ ဖြစ်ပေါ်လာတော့မည်ဆိုရမည့် မျှော်လင့်ချက်တို့ နိုးထလာစေသည်။ ယင်းအပြောင်းအလဲများက တရုတ်နှင့် မြောက်ကိုရီးယားတို့ထံမှ သံတမန်ခင်းတွင် ဖယ်ခွာပြီး အနောက်ဖက်ကို ဦးတည်စေခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်ကြီးများထဲမှ သမ္မတအိုဘားမားနှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကာမရွန်အပါအ၀င် မြန်မာနိုင်ငံကို သမိုင်းဝင်လာရောက်လည်ပတ်သည့်ခရီးစဉ်အားဖြင့် တုန့်ပြန်ခဲ့သည်။ ပိတ်ဆို့မှုများကို အနောက်နိုင်ငံများက ဖယ်၇ှားပြီး အကူငွေများကလည်း အလုံးအရင်းလိုက် ၀င်လာတော့သည်။
ကမ္ဘာ့ပွင့်လင်းမြင်သာမှုစံ ဖြစ်သည့် EITI ပွင့်လင်းမြင်သာမှုနည်းလမ်းများ အရ သဘာဝသယံဇာတဖော်ထုတ်မှုကို ဆောင်ရွက်ပါမည်ဆိုသော
မြန်မာတို့၏ပြုပြင်ပြောင်းလဲမှု ကတိက၀တ်က နိုင်ငံတကာ၏ပံ့ပိုးမှုရရှိရန် စွဲဆောင်နိုင်ခဲ့သည့် အရေးပါသည့်အချက်ကြီးတခုဖြစ်သည်။
မြန်မာနိုင်ငံတွင် EITI ပံ့ပိုးေ၇းအပေါ် ကူညီပူးပေါင်းဆောင်ရွက်မည်ဟု အမေရိကန်က မနှစ်က ကြေညာခဲ့သည်။ ဗြိတိန်၊ သြစတြေလျနှင့် ကမ္ဘာ့ဘဏ်တို့က ယင်းဖော်ဆောင်မှုအတွက် တိုက်ရိုက်ပံ့ပိုးမှုများ
ပေးခဲ့ပြီး မြန်မာနိုင်ငံက ယခုအခါ သူ၏ EITI အဖွဲ့ဝင်လျှောက်လွှာကို
ပြင်ဆင်နေသည်။
EITI ၏သဘောသဘာဝက ၇ိုးရိုးရှင်းရှင်းပင်ဖြစ်သည်။ နိုင်ငံသားများက ၎င်းတို့နိုင်ငံ၏ သယံဇာတများမှရရှိသော ၀င်ငွေကို မြင်တွေ့နိုင် ရမည်ဖြစ်ပြီး ယင်းဝင်ငွေကို မည်သို့မည်ပုံအသုံးပြုသည်ဆိုသည့်အပေါ် အစိုးရက တာဝန်ခံရမည် ဟူ၍ဖြစ်သည်။ လာဘ်စားမှုအများဆုံး ဖြစ်စေသည့်နည်းလမ်းတချို့အား ကိုင်တွယ်မှု မရှိခဲ့သည့်အပေါ် ထည့်သွင်းဆွေးနွေးရန် EITI ၏ ပြီးခဲ့သည့်နှစ်က အကြံပြုချက်တွင် ပြင်ဆင်ခဲ့သည်။ သဘာဝသယံဇာတ ထုတ်ယူခွင့်
လေလံဆွဲကြသည့် စာချုပ်များ၊ ကုမ္ပဏီများကို ပိုင်ဆိုင်သူနှင့် ထိန်းချုပ်သူ တသီးပုဂ္ဂလများဆိုင်ရာ ညွှန်ကြား အကြံပြုချက်များကို ယခုအခါ ထုတ်ပြန်နေပြီဖြစ်သည်။ တသီးပုဂ္ဂလစီမံချက်များမှ အစိုးရထံသို့
ပေးသွင်းသည့်ငွေလမ်းကြောင်းကို စစ်ဆေးနိုင်ရန်အတွက် အသေးစိတ် အစီရင်ခံ သတင်းပေးပို့ရန်လည်း ညွှန်ကြားထားသည်။
EITI ကို မြန်မာက ၀င်ရောက်သည့် ဖြစ်စေ မ၀င်ရောက်သည် ဖြစ်စေ၊ ဤကဲ့သို့သော လုပ်ဆောင်ချက်များက အရေးပေါ် လိုအပ်နေပါသည်။
နိုင်ငံ၏သယံဇာတကြွယ်ဝမှုများ၏ အကျိုးအမြတ်များကို မည်သူတို့က အမှန်တကယ်ရ၇ှိနေသည်ကို ဖော်ထုတ်ရန်သာမက၊ အရေးကြီးသော သဘာ၀၀န်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ လုံခြုံစိတ်ချရမှုရှိရေးအပေါ် လူထုကစောင့်ကြည့်ရာတွင် အကူအညီဖြစ်နိုင်ရန် စာချုပ်ပြင်ဆင်မှုများတွင် ထည့်သွင်းထားပြီး ကုမ္ပဏီများက ယင်းကို လိုက်နာရမည်ဖြစ်သည်။ ပွင့်လင်းမြင်သာမှုပိုများလာသည်နှင့် အမျှ ပို၍တာဝန်သိသော
နိုင်ငံတကာရင်းနှီးမြုပ်နှံသူများကို ဖြောင့်မတ်မှုနည်းပါးသည့် ပြိုင်ဘက်များက အနိုင်ယူမှုမှ ကူညီကာကွယ်ပေးနိုင်သည်။
အခြေအနေများက အရေးပေါ်ဖြစ်သည်။ မြန်မာက ယခုအခါ ၎င်း၏ တန်ဖိုးကြီးသောနိုင်ငံပိုင်ကုန်များကို လေလံတင်နေချိန်ဖြစ်သည်။ အစိုးရက ကမ်းလွန်ရေနံလုပ်ကွက်ကြီးများကို လေလံပစ်မည်ဖြစ်ပြီး လတ်တလောတွင် ကုန်းတွင်းပိုင်းလုပ်ကွက်များကိုလည်း ထည့်သွင်းထားသည်။ ပိတ်ဆို့မှုများ၏ အဆုံးသတ်မှုက နိုင်ငံ၏ မြေ၊ သစ်တောနှင့် ဓာတ်သတ္တုရှာဖွေတူးဖော်မှုတိုးများလာစေပြီး အစိုးရနှင့် တိုင်းရင်းသားတပ်များကြား မပြေလည်သေးသော မတည်ငြိမ်သည့်ဒေသများပင် ပါဝင်သည်။ ယင်းသို့သော ဖွံ့ဖြိုးစေမှုများ က မြန်မာလူထုကို အကျိုးရှိစေခြင်းထက် အကျိုးပျက်စေခြင်း
ဖြစ်စေနိုင်ခြင်း ရှိမရှိသိနိုင်ရန်အတွက် ပွင့်လင်းမြင်သာမှု အပြည့်အ၀ရှိခြင်းက မရှိမဖြစ်လိုအပ်နေပါသည်။
စစ်မှတ်သောပြုပြင်ပြောင်းလဲမှုလုပ်သူများအဖြစ် အသိအမှတ်ပြုခြင်း ကို မြန်မာခေါင်းဆောင်များက အလေးအနက်လိုလားကြပါသည်။ သို့သော်လည်း နိုင်ငံသားအများအပြားအတွက်မူ ယင်းအချက်ကို အဆုံးအဖြတ်ပေးမည့် ဂျူရီအဖွဲ့က ရောက်မလာသေးပါ။ နိုင်ငံ၏ တန်ဖိုးကြီးသောသဘာဝကြွယ်ဝမှုများကို ပွင့်လင်းစွာစီမံခန့်ခွဲခြင်း၊ တာဝန်ယူမှုရှိစွာနှင့် နိုင်ငံသားများအားလုံး၏ အကျိုးစီးပွားအတွက်
ဆောင်ရွက်ခြင်းတို့က သံသယရှိနေသူများကို ယုံကြည်လာစေရန်
ပြဆိုနိုင်မည်လည်း ဖြစ်သည်။
EITI စံနှုန်းသစ်၏ စည်းမျဉ်းစည်းမျဉ်းများကို တိကျခိုင်မာစွာ ကြပ်မတ်ဖော်ဆောင်ခြင်းကသာ ဤလုပ်ငန်းစဉ်အတွက် အကောင်းဆုံး နည်းလမ်းပင် ဖြစ်ပါသည်။
ဂျူမန်ကူဘာ၏ Curses or riches: What can oil, gas and mining offer Myanmar? ကို 7Day သတင်းစာအတွက် ခင်မေဇော် (၀ါရှင်တန်ဒီစီ) က ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင် ဂျူမန်ကူဘာ သည် လန်ဒန်အခြေစိုက် အစိုး၇မဟုတ်သည့် အဖွဲ့အစည်းဖြစ်သည့် Global Witness ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးဆိုင်ရာ ကျွမ်းကျင်သူဖြစ်သည်။ )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။