အနိုင်ကျင့်ခံရသူများကို ကူညီရင်း အသက်ပေးခဲ့ရသည့် မိန်းမပျို၏ ဈာပနသို့
ဂျာမနီပြည်သူ ၃၀၀၀ လိုက်ပို့မည်
အနိုင်ကျင့်ခံနေရသည့် အမျိုးသမီးငယ် နှစ်ဦးကို ကူညီရာမှ အသက်ဆုံးရှုံးခဲ့ရသည့် မိန်းမပျို အယ်လ်ဘာရက်၏ ဈာပနကို ဂျာမနီပြည်သူ ၃၀၀၀ လိုက်လံပို့ဆောင်ဖွယ်ရှိကြောင်း သိရသည်။ စားသောက်ဆိုင် အိမ်သာအတွင်း လူတစ်စုက အမျိုးသမီးငယ် နှစ်ဦးကို အနိုင်ကျင့်ခဲ့ပြီး ငိုသံကြား၍ သွားကြည့်ရာမှ အဆိုပါ အဖြစ်အပျက်ကို မြင်တွေ့ခဲ့သည့် အယ်လ်ဘာရက်က ၀င်ရောက်ကူညီခဲ့သည်။
ယင်းအဖြစ်အပျက်ပြီးနောက် ကားပါကင်အနီးတွင် လူရမ်းကား တစ်ဦးက အယ်လ်ဘာရက်၏ ခေါင်းကို ကျောက်ခဲဖြင့် ထုခဲ့ပြီး သတိလစ် မေ့မြောသွားသည့် သူမကို အနီးတစ်ဝိုက်မှ လူများက ဆေးရုံသို့ တင်ပို့ခဲ့ကြသည်။ သို့သော် ဦးနှောက်သေ သွားသည့်အတွက် အယ်လ်ဘာရက်အနေဖြင့် သတိပြန်လည်လာတော့မည် မဟုတ်ကြောင်း ဆရာဝန်များက အတည်ပြုခဲ့ပြီး အသက် ၂၃နှစ်မြောက် မွေးနေ့တွင် သူမ၏ဘ၀ကို အဆုံးသတ်ပေးရန် မိဘများက ဆုံးဖြတ်ခဲ့ကြသည်။
မတရားမှုကို ရဲစွမ်းသတ္တိရှိရှိဖြင့် တွန်းလှန်ခဲ့သော အယ်လ်ဘာရက်ကို သူကောင်းဘွဲ့ (Order of Merit )ချီးမြှင့်ရန် ဂျာမနီပြည်သူ ၁၀၀၀၀၀ကျော်က ထောက်ခံခဲ့ကြပြီး ဂျာမနီ သမ္မတ ဂျိုအာချင်ဂေါက်က သူမကို သူကောင်းဘွဲ့ ချီးမြှင့်ရေးအတွက် စဉ်းစားသွားမည်ဟု ပြောသည်။ ထို့အပြင် ဂျိုအာချင်ဂေါက်က အယ်လ်ဘာရက်မှာ ဂျာမနီလူမျိုးများ၏ စံပြပုဂ္ဂိုလ်တစ်ဦးဟု ဂုဏ်ပြုခဲ့သည်။
အယ်လ်ဘာရက်၏ ဈာပနကို ဒီဇင်ဘာ ၄ရက် နံနက်အစောပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ၀က်ခ်ျတာဘက်ပလီကျောင်းမှ စတင်မည်ဖြစ်ကာ သူမ မွေးဖွားခဲ့သည့်နေရာတွင် သဂြိုလ်ရန် စီစဉ်ထားသည်။ အယ်လ်ဘာရက်၏ဈာပနသို့ လိုက်လံပို့ဆောင်မည့်သူများ အနက် တူရကီ သံအမတ်ကြီး ပါဝင်ကြောင်း သိရသည်။
Ref: BBC
www.yoyarlay.com
ဂျာမနီပြည်သူ ၃၀၀၀ လိုက်ပို့မည်
အနိုင်ကျင့်ခံနေရသည့် အမျိုးသမီးငယ် နှစ်ဦးကို ကူညီရာမှ အသက်ဆုံးရှုံးခဲ့ရသည့် မိန်းမပျို အယ်လ်ဘာရက်၏ ဈာပနကို ဂျာမနီပြည်သူ ၃၀၀၀ လိုက်လံပို့ဆောင်ဖွယ်ရှိကြေ
ယင်းအဖြစ်အပျက်ပြီးနောက် ကားပါကင်အနီးတွင် လူရမ်းကား တစ်ဦးက အယ်လ်ဘာရက်၏ ခေါင်းကို ကျောက်ခဲဖြင့် ထုခဲ့ပြီး သတိလစ် မေ့မြောသွားသည့် သူမကို အနီးတစ်ဝိုက်မှ လူများက ဆေးရုံသို့ တင်ပို့ခဲ့ကြသည်။ သို့သော် ဦးနှောက်သေ သွားသည့်အတွက် အယ်လ်ဘာရက်အနေဖြင့် သတိပြန်လည်လာတော့မည် မဟုတ်ကြောင်း ဆရာဝန်များက အတည်ပြုခဲ့ပြီး အသက် ၂၃နှစ်မြောက် မွေးနေ့တွင် သူမ၏ဘ၀ကို အဆုံးသတ်ပေးရန် မိဘများက ဆုံးဖြတ်ခဲ့ကြသည်။
မတရားမှုကို ရဲစွမ်းသတ္တိရှိရှိဖြင့် တွန်းလှန်ခဲ့သော အယ်လ်ဘာရက်ကို သူကောင်းဘွဲ့ (Order of Merit )ချီးမြှင့်ရန် ဂျာမနီပြည်သူ ၁၀၀၀၀၀ကျော်က ထောက်ခံခဲ့ကြပြီး ဂျာမနီ သမ္မတ ဂျိုအာချင်ဂေါက်က သူမကို သူကောင်းဘွဲ့ ချီးမြှင့်ရေးအတွက် စဉ်းစားသွားမည်ဟု ပြောသည်။ ထို့အပြင် ဂျိုအာချင်ဂေါက်က အယ်လ်ဘာရက်မှာ ဂျာမနီလူမျိုးများ၏ စံပြပုဂ္ဂိုလ်တစ်ဦးဟု ဂုဏ်ပြုခဲ့သည်။
အယ်လ်ဘာရက်၏ ဈာပနကို ဒီဇင်ဘာ ၄ရက် နံနက်အစောပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ၀က်ခ်ျတာဘက်ပလီကျောင်းမှ စတင်မည်ဖြစ်ကာ သူမ မွေးဖွားခဲ့သည့်နေရာတွင် သဂြိုလ်ရန် စီစဉ်ထားသည်။ အယ်လ်ဘာရက်၏ဈာပနသို့ လိုက်လံပို့ဆောင်မည့်သူများ
Ref: BBC
www.yoyarlay.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။