Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 5, 2014

သုံးမိနစ်တည်းနဲ့ တစ်ကမ္ဘာလုံးကို သိမ်းနိုင်တာ သီချင်းရေးဆရာနဲ့တခြားနည်းနည်းပဲ ရှိတယ်လို့ ယုံကြည်တဲ့ တေးရေးရွှေဂျော်ဂျော်နဲ့ အင်တာဗျူး

သုံးမိနစ်တည်းနဲ့ တစ်ကမ္ဘာလုံးကို သိမ်းနိုင်တာ သီချင်းရေးဆရာနဲ့တခြားနည်းနည်းပဲ ရှိတယ်လို့ ယုံကြည်တဲ့ တေးရေးရွှေဂျော်ဂျော်နဲ့ အင်တာဗျူး
----------------------------------------
သုံးမိနစ်တည်းနဲ့ တစ်ကမ္ဘာလုံးကို သိမ်းနိုင်တာ သီချင်းရေးဆရာနဲ့
တခြားနည်းနည်းပဲ ရှိတယ် ဆိုသော ရွှေဂျော်ဂျော်
သီချင်းရေးဆရာ ရွှေဂျော်ဂျော်က သူ့ရဲ့ သုံးရာသီမှာ တစ်ရာသီစီ
သီချင်းကောင်းတွေ ရွေးတဲ့ပွဲ ကျင်းပဖို့ အစီအစဉ်ရှိတယ်။
မိုးရာသီအတွက်တော့ ၂၀၁၄ အောက်တိုဘာလ (၁၄) ရက်နေ့ကို
ရွေးချယ်ထားပါတယ်။
သူ့အစီအစဉ်က စိတ်ဝင်စားစရာ ကောင်းတာကြောင့်
ရွှေဂျော်ဂျော်ဆီက သုံးရာသီ ဂီတပွဲရယ်၊ Myanmar Music Award ရယ်၊
သူ့ဘ၀မှာ သူ ရွေးချယ်ထားတဲ့ သီချင်းရေးဆရာ ဘ၀ရယ် .. အဲဒါတွေကို
တစ်ပိုင်းစီ ခွဲထုတ်ပြီး ကြားချင်ခဲ့ပါတယ်။
Q : ဒီမှာ ဂီတချစ်သူ အားလုံး မျှော်လင့်နေတဲ့ ဂီတအကယ်ဒမီ ဆိုတာသာ
ရှိခဲ့ရင် ..
A : ပထမဆုံး ပြောချင်တာတော့ ကျွန်တော် လုပ်နေတာ ဂီတ အကယ်ဒမီ
မဟုတ်ပါဘူး။ ကျွန်တော်က Myanmar Music Award ပါ။ တစ်ရာသီစီ
ကောင်းတဲ့ သီချင်းတွေကို ကောင်းသလို ရွေးချယ်ပြီး ပွဲကြီးအတွက်
ဆန်ခါတင် ရွေးချယ်မှာပေါ့။ အဲဒါ Myanmar Music Academy မဟုတ်ပါဘူး။
Q : ကိုရွှေဂျော်ဂျော်က အဲဒီအတွက် ..
A : ကျွန်တော်ကတော့ အားထုတ်တာ ရိုးရိုးပါပဲ။ စာရင်းချုပ်လိုက်ရင်
ပညာရှင် အဆင့် ဂီတသမား အယောက် (၁၅၀) နီးပါး ဆုံးဖြတ်တာနဲ့
ထွက်လာမှာပါ။ ကျွန်တော်က ပရိသတ်ဘက်က ပေးတဲ့ဆုကို
ဘယ်လိုကောက်ခံရလဲ ဆိုရင် အွန်လိုင်းပေါ်က ကောက်ခံပါမယ်။
ကျွန်တော့်အဖွဲ့က Survey လိုက် ကောက်ခံပါမယ်။ ရောင်းအားပေါ်မှာတော့
မကောက်ခံပါဘူး။ ရောင်းအားဆိုတာ အတုလုပ်လို့ရတယ်။ ပညာရှင်အဆင့်
အနုပညာရှင် (၁၅၀) က ကောင်းပါတယ်ဆိုမှ အဲဒါက ပေါ်လွင်လာမှာပါ။
ကျွန်တော်ကတော့ အတတ်နိုင်ဆုံး ဂုဏ်ယူစရာ ဖြစ်အောင် လုပ်ပါမယ်။
နောက်ပိုင်းမှာ တစ်နှစ်တာ အတွင်း စာပေပညာရှင်တွေက ပေးတဲ့ဆု၊
စာနယ်ဇင်းပညာရှင်တွေက ပေးတဲ့ဆုလည်း ပါဝင်လာပါမယ်။
Q: သီချင်းရေးတဲ့လူ တစ်ယောက်က အဆိုအတီး ၀ါသနာအခြေခံတာလည်း
ရှိနိုင်တာပဲနော်။ ကိုရွှေဂျော်ဂျော် ဆိုပါတော့ ..
A: ကျွန်တော့်ကို လေးကြိမ် ငါးကြိမ်မက ဆိုဖို့ ကမ်းလှမ်းခံရဖူးတယ်။
ရေးတယ်၊ တီးတယ်၊ ဆိုတယ် ဆိုရင် အထိုက်အလျှောက် ဆိုနိုင်တယ်။
အဲဒါကြောင့်လည်း တချို့အဆိုတော်တွေကို ကျွန်တော်
သင်ပေးလို့ရတာပေါ့နော်။ တီးတယ်ဆိုရင်လဲ အထိုက်အလျှောက်
တီးနိုင်တယ်။ ဒါပေမယ့် ကျွန်တော်က အရေးသမားပဲ ဖြစ်ချင်တယ်။
အဆိုသမား မလုပ်ရလို့ သီချင်းရေးတာ မဟုတ်ဘူး။ ကျွန်တော်က သီချင်း
မရေးရဘဲ မနေနိုင်ပါဘူး။
Q : အရင်ကတည်း က ရွေးချယ်ခဲ့တာ ရေးတဲ့သူပေါ့ ..
A : ဟုတ်တယ်။ နောင်ဘ၀ ရွေးခိုင်းလဲ ကျွန်တော် သီချင်းရေးဆရာ ဘ၀ပဲ
ရွေးချယ်မှာပဲ။ တချို့က မေးတတ်တယ်။ သီချင်းရေးဆရာ မဖြစ်ရင်
ဘာဖြစ်လာမယ် ထင်လဲတဲ့။ သီချင်းရေးဆရာ မဖြစ်ရင် သီချင်းရေးဆရာ
ဖြစ်ဖို့ ကြိုးစားနေတဲ့လူ ဖြစ်လိမ့်မယ်လို့။ ကျွန်တော် ဒီဘ၀ကို ခုံမင်ပါတယ်။
တကယ်တမ်းမှာ သုံးမိနစ်တည်းနဲ့ တစ်ကမ္ဘာလုံးကို သိမ်းနိုင်တာ
သီချင်းရေးဆရာနဲ့ တခြားနည်းနည်းပဲ ရှိတာကိုး။ တကယ်တော့
သုံးမိနစ်တောင် မကြာပါဘူး။ သုံးမိနစ် မပြည့်ခင် တစ်မိနစ်လောက်နဲ့လည်း
သီချင်းကောင်းရင် သိမ်းနိုင်ပါတယ်။ ဒီဘ၀ကို ကျွန်တော် တခြားအရာနဲ့
မလဲနိုင်ပါဘူး။
Q : သီချင်းရေးဆရာကို စာရေးဆရာလိုပဲ အငြိမ်သမားလို့
ယူဆတတ်ကြတယ် ..
A : အမြဲတမ်းတော့ မမှန်ပါဘူး။ အလှုပ်သမားလဲ ဖြစ်ရင် ဖြစ်မှာပေါ့နော်။
ရွှေဂျော်ဂျော်က တေးရေး ရွှေဂျော်ဂျော် ဖြစ်ချင်ခဲ့သူပါ။ ဖြစ်လည်း
ဖြစ်ခဲ့ပါတယ်။ သူသည်လည်း ၀ါသနာနဲ့ ကျေနပ်စွာ ရပ်တည်သူ
တစ်ယောက်ပါ။
ခရစ်ဒစ် - အိုက်ဒီယာ၊ နိုဝင်ဘာ ၂၀၁၄
အင်တာဗျူးသူ - ရှုမငြီး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။