အိမ်အရောက်ပို့သင့်တဲ့ ပန်းစည်း
လူတစ်ယောက်ဟာ ပန်းဆိုင်ကို သွားလို့ သူ့ အမေအတွက် ပန်းစည်းမှာပါတယ်။ အိမ်လိပ်စာ ပေးလိုက်ပြီး အိမ်အရောက် ပို့ပေးရန် မှာလိုက်ပါတယ်။ သူ့အမေ အိမ်က မိုင် ၁၀၀ ဝေးတဲ့ ခရီးအကွာမှာ ရှိပါတယ်။ ပြီးတော့ ကားပေါ်တက်နေတုန်းမှာပဲ ပန်းမဝယ်နိုင်လို့ ငိုနေတဲ့ ၁၆ နှစ်အရွယ် ကလေးမလေးကို သွားတွေ့ ပါတယ်။ ဒါကြောင့် သူဟာ သနားသွားပြီး ပန်းတစ်စည်း လက်ဆောင် ဝယ်ပေးလိုက်ပါတယ်။ ကလေးမကလည်း သူမ အမေအတွက် ဝယ်ခြင်း ဖြစ်ကြောင်း ဆိုလို့ ဖြစ်ပါတယ်။
ပြီးတော့ သွားတဲ့ လမ်းချည်းတူတာကြောင့် ပို့ပေးသတဲ့။ ဒါနဲ့ ကလေးမက သူ့ အမေဆီ ရောက်ပြီ ဖြစ်ကြောင်း၊ အတူ လိုက်ပါနိုင်ကြောင်း ပြောဆိုသတဲ့။ ဒါနဲ့ သွားတဲ့နေရာကလည်း အုတ်ဂူတွေရှိတဲ့ နေရာ ဖြစ်နေတာကြောင့် အံ့သြစွာပဲ လိုက်လာ မိသတဲ့။ သိပ်မကြာသေးခင်က ကွယ်လွန်သွားတဲ့ ကလေးမလေးရဲ့အမေ အတွက် ပန်းစည်းကို လာပို့သခြင်း ဖြစ်ပါတယ်။ ကလေးမကို ပြန်ပို့ပြီးတာနဲ့ အမျိုးသားဟာ ပန်းစည်းဆိုင်ကို အမြန်ပြေးသွားပါတယ်။ ပြီးတော့ အမေအတွက် မှာထားတဲ့ အိမ်အရောက်ပို့ အော်ဒါကို သူမလိုတော့ကြောင့် ပန်းစည်း လှလှ တစ်စည်းသာ ပေးပါဆိုပြီး ဝယ်ပါတယ်။ ပြီးတော့ သူကိုယ်တိုင်ပဲ မိုင် ၁၀၀ ဝေးတဲ့ ခရီးကို ကိုယ်တိုင်မောင်းနှင်လို့ အမေ့ဆီ အရောက်သွားလို့ ပန်းစည်း ပေးအပ် ပါတယ်။
သင်ခန်းစာ -
အချို့သော အရာတွေဟာ လောကမှာ နောက်တစ်ခါ ပြန်မရနိုင်ပါဘူး။ အထူးသဖြင့် မိဘ ဆိုတာ နှစ်ခါ မရနိုင်တဲ့ ကျေးဇူးရှင် တွေပါ။ ရှိနေတုန်းမှာ တန်ဖိုးထား ပြုစုပေးဖို့ လိုအပ် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။