Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 6, 2014

မြန်မာပြည်(အစိုးရ)က (နော်ဝေ)ဘုရင်ကြီးတို့ဇနီးမောင်နှံတွေ့မသွားစေချင်တဲ့ အဖြစ်မှန်



 

မြန်မာပြည်(အစိုးရ)က (နော်ဝေ)ဘုရင်ကြီးတို့ဇနီးမောင်နှံတွေ့မသွားစေချင်တဲ့ အဖြစ်မှန်
========================================================

[နော်ဝေနိုင်ငံပိုင်အသံလွှင့်ဌာန (NRK) ၏ သတင်းစာမျက်နှာမှ ဆောင်းပါးတပုဒ်ကို ပကတိအတိုင်း ဘာသာပြန်ပေး ထားပါသည်။ မူရင်းဆောင်းပါးရှင်သည် သတင်းထောက်များကို ဖိလိပိုင်သတင်းထောက်ဟု တနေရာတွင် ဖော်ပြထား သည်မှာ အရေးမှားခြင်းသာဖြစ်သည်။ နာမည်များကိုသုံးသပ်ကြည့်ပါက ထိုသတင်းထောက်များမှာ မြန်မာများသာ ဖြစ်သည်။]
.
ဘုရင်ကြီးတို့မောင်နှံရဲ့ အလည်အပတ်ခရီးစဉ်ဟာ မြန်မာပြည် မန္တလေးဆင်ခြေဖုံးတနေရာက အိုးအိမ်မဲ့ နဲ့ ဆင်းရဲသားပေါင်းများစွာတွေအတွက် ဒေါသထွက်စရာဖြစ်ခဲ့တယ် .. လို့ ပြည်တွင်းသတင်းထောက်တယောက် ကပြောတယ်။ တော်ဝင်အခမ်းအနားဟာ ရဲကခြားထားတဲ့စည်းနဲ့ အလှမ်းဝေးရာမှာ ကျင်းပခဲ့ကြတယ်။
.
နော်ဝေမှာဆို သောကြာနေ့ဝေလီဝေလင်းဖြစ်မယ့်အချိန်လောက်မှာ ဘုရင်ကြီး (ပဉ္စမမြောက်) ဟာ့ရားလ်ဒ် နဲ့ မိဘုရား ဆွန္နယာတို့ မန္တလေးကို ဆိုက်ရောက်လာခဲ့ချိန်မှာ တိုင်းရင်းသားဝတ်စုံအမျိုးမျိုးဝတ်ထားကြတဲ့ ကလေးတွေ လူကြီး တွေက အပြှုံးနဲ့ကြှိုဆိုခဲ့ကြတယ်။ မီတာတရာနှစ်ရာအကွာလောက်က ရဲကချထားတဲ့စည်းရဲ့အပြင်မှာတော့ တခြား ကလေးတွေဟာ အခမ်းအနားကို အဝေးကနေ ထိုင်ကြည့်နေခဲ့ကြတယ်။
.
မင်းခမ်းမင်းနားမှာ နောက်လိုက်နောက်ပါ ပရိသတ်ရယ်လို့ များများမရှိလှပါဘူး။
- “ကျနော် ကလေးတွေရဲ့ဓာတ်ပုံအများကြီးရိုက်ယူခဲ့တယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းက မိသားစုတွေ ဟာ အိမ်ဆုံးရှုံးခဲ့တဲ့အလျောက် လမ်းဘေးတလျှောက် နဲ့ ကမ်းခြေတလျှောက်မှာအိပ်ခဲ့ကြတယ်” လို့ ဖိလိပိုင် သတင်းသမား စန်းယုကျော် ကပြောပါတယ်။
- မြစ်ကမ်းနဘေး ဆင်ခြေဖုံးဒေသအကျယ်ကြီးကို ဘုရင်ကြီးမောင်နှံရဲ့ခရီးစဉ်မတိုင်ခင် မြေညှိပစ်လိုက် ကြတယ်လို့ ကြာသပတေးနေ့ကစပြီး သိလိုက်ရပါတယ်။ စန်းယုနဲ့ သူ့လုပ်ဖော်ကိုင်ဘက် အေးစုမွန်တို့ဟာ အဲဒီနေရာကို သောကြာနေ့ကသွားပြီး ပျက်စီးမှုတွေကို မှတ်တမ်းတင်ခဲ့ကြပါတယ်။
- “အိမ်မရှိတော့လို့ စိတ်ပျက်အားငယ်နေသူတွေ အများကြီးနဲ့တွေ့ဆုံခဲ့ပါတယ်။ အိမ်လို့ပြောလိုက်ရင် ကျနော်က ချဲ့ကားပြောရာရောက်နိုင်တယ် .. တကယ်တမ်းမှာ သစ်ချောင်းတွေကိုကြှိုးနဲ့ချည်ပြီး အမိုးမိုးထား တဲ့ တဲကုပ်ကလေးတွေသာ ဖြစ်နေလို့ပါ”
.
ရှိစုမဲ့စုလေး ကုန်ပါပြီ
-----------------------
အိမ်ခြေမဲ့အများစုဟာ အဲဒီနေရာတွေမှာ ပြန်နေနိုင်ခွင့်အတွက် မရေရာတော့တာမို့ စိတ်ပျက်အားငယ်နေကြပါတယ်။ ဆောင်းဝင်တော့မှာမို့ တဖြည်းဖြည်း ပိုအေးလာနေပြီ။
.
- မြစ်ကမ်းဘေးမှာနေထိုင်ပြီး အလုပ်လုပ်နေကြသူတွေဟာ ဆင်းရဲသားတွေပါ။ အရင်ကတည်းက ဘာမှမရှိခဲ့ ကြတဲ့အထဲ အခုရှိစုမဲ့စုလေးတောင် ပြောင်သွားပါပြီ။ အခုတော့ အမိုးအောက်မှာ ခိုနိုင်ဖို့လမ်းစတောင် မမြင်တော့ပါဘူး .. လို့ စန်းယုကျော်ကပြောပါတယ်။
- နော်ဝေအာဏာပိုင်တွေအနေနဲ့ ဒီကအာဏာပိုင်တွေကို ဒီလိုအဖြစ်မျိုးဟာ လက်ခံနိုင်စရာမရှိဘူးလို့ အတိ အလင်းပြောသင့်တယ်။ ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်လာပြီလို့ အများကဆိုကြတယ်။ တိုးတက် ပြောင်းလဲမှုတော့ ရှိခဲ့ပါတယ် .. ဒါပေမယ့် အများကြီးပြောင်းလဲဖို့လိုနေပါသေးတယ် .. လို့ သတင်းထောက် လေးကပြောပါတယ်။
.
ဘုရင်ကြီးကို စိတ်ဆိုး
------------------------
.
သူတို့က ဘုရင်ကြီးကြောင့် အိမ်ပျောက်ရတာလို့ ဆိုကြတယ်။ ဒါပေမယ့် ဘုရင်ကြီးရဲ့ခရီးစဉ်ကို အကြောင်းပြပြီး လူတွေကို အဲဒီနေရာကနေဖယ်ရှားပစ်သူတွေဟာ မန္တလေးရဲ့ အာဏာပိုင်တွေသာဖြစ်ပါတယ် … လို့ စန်းယုကျော်က ယူဆပါတယ်။
နော်ဝေနိုင်ငံအသံလွှင့်ဌာန (NRK) ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနရော ဘုရင့်နန်းတော်ကြီးကပါ ဒေသအာဏာပိုင်တွေရဲ့ ကြှိုတင်ပြင်ဆင်ထားပုံကို ကြှိုတင်မသိခဲ့ရဘူးလို့ အတိအလင်းဖော်ပြခဲ့ပါတယ်။
- “အလွန်စိတ်မကောင်းစရာပဲ။ ဒီလိုလုပ်ပါလို့ လုံးဝမတောင်းဆိုခဲ့ဖူးပါဘူး။ ဒါကိုထောက်ကြည့်ရင် ဒီတိုင်းပြည် က ဒီမိုကရေစီထွန်းကားရေးအတွက်လုပ်စရာတွေအများကြီးလိုနေသေးကြောင်း ဖော်ပြတာမျိုးဖြစ်နိုင်တယ်” လို့ ဘုရင်ကြီးဟာ့ရားလ်ဒ် က NRK ကို ပြောပါတယ်။
ဘုရင်ကြီးခရီးစဉ်ပြီးသွားရင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ အစည်းအဝေးတခုလုပ်ပြီး ဘာတွေဖြစ်ပျက်သွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိရအောင်လုပ်ပါလိမ့်မယ်။
.
ဘုရင်ကြီးတို့မောင်နှံ ကျမရိုက်ခဲ့တဲ့ဓာတ်ပုံတွေကို မြင်စေ့ချင်တယ်
---------------------------------------------------------------------------
လက်ဝဲပါတီ (V) ခေါင်းဆောင် ထရီနာ ရှိုင်း ဂရန်းဒါ (Trine Skei Grande) ဟာ နိုင်ငံခြားရေးကော်မီတီနဲ့အတူ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့စက်တင်ဘာလက ရောက်ခဲ့ပါတယ်။
.
- “ဒါကတော့ အာဏာရှင်တွေရဲ့ စိတ်ကူးစိတ်သန်းတွေသာ လမ်းညွှန်မူဝါဒဖြစ်နေကြောင်း သာဓကတခုပါပဲ။ ဒီမိုကရေစီမှာ ပြည်သူတွေကိုဘေးချိတ်ထားတာမျိုး အလွန်ကျင့်သုံးခဲပါတယ်။ ဘုရင်ကြီးရဲ့ခရီးစဉ်ဟာ အာဏာပိုင်တွေကို အားဖြည့်ပေးတာမဟုတ်ဘဲ ဒီမိုကရေစီဖော်ဆောင်ရေးကို အထောက်အပံ့ဖြစ်စေ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
- စစ်အာဏာရှင်အိုကြီးတွေပါးစပ်က ဒီမိုကရေစီဆိုတဲ့စကားလုံးကိုထွက်လာလိမ့်မယ်လို့ ဆန္ဒစောပြီးမျှော်လင့် နေလို့မဖြစ်ကြောင်းနဲ့ ဒီအတွက် လူ့အခွင့်အရေးတိုက်ပွဲမှာ မှန်တဲ့ဘက်ကသာရပ်တည်ရမှာကိုမေ့မထားဖို့ လိုပါတယ်။ သူတို့ နည်းမှန်လမ်းမှန်ပြောင်းလဲလို့ရအောင် တစိုက်မတ်မတ်စောင့်ကြည့်သွားဖို့လည်း အရေးကြီးပါတယ်” လို့ ထရီနာ ရှိုင်း ဂရန်းဒါက NRK ကို ပြောပါတယ်။
.
ပြင်ဆင်ခြယ်သထားတဲ့ နိုင်ငံ့အသွင်အပြင်တွေကိုမြင်ခဲ့ရပြီးတဲ့နောက် အဖြစ်မှန်တွေထဲက တစိတ်တပိုင်းလောက် သိမြင်နိုင်အောင် သူ့အိမ်ကိုတခေါက်လောက် လာလည်စေချင်ပါတယ် .. လို့ အဲဒီနိုင်ငံရေးသမားက ပြောပါတယ်။
- မြန်မာနိုင်ငံဟာ ဆင်းရဲမှုနဲ့ပြည့်သိပ်နေတာ ယုံမှားစရာမလိုပါဘူး။ လက်တွေ့မှာ စစ်အာဏာရှင်အိုကြီးတွေ ကသာ ခြယ်လှယ်နေတာဖြစ်ပြီး ဧည့်သည်တွေကိုလည်း စစ်အာဏာရှင်ပုံစံနဲ့ပဲ လက်ခံတွေ့ဆုံတတ်ပါတယ်။ ဘုရင်ကြီးတို့မောင်နှံ အချိန်ရလို့ကြည့်ချင်တယ်ဆိုရင် ကျမမှာ ဓာတ်ပုံတွေရှိပါတယ်။ အဖြစ်မှန်တွေကိုတော့ သူတို့ကြည့်ဝံ့မယ်တောင်မထင်ဘူး .. လို့ ထရီနာကပြောပါတယ်။
.
နော်ဝေနိုင်ငံအနေနဲ့ တာဝန်တခုရှိတယ်
---------------------------------------------
ဖြစ်ပျက်ခဲ့သမျှကိုကြည့်ပြီး နော်ဝေရဲ့ ခရစ်ယန် ဒုက္ခသည်ကယ်ဆယ်ရေးအသင်း (Kirkens Nødhjelp) ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ မတိုးသာမဆုတ်သာဖြစ်နေတယ်လို့ မြင်ပါတယ်။
.
- “ဒါကဘာကိုပြသလဲဆိုတော့ စစ်တပ်ရဲ့အာဏာ ဘယ်လောက်အထိဆက်လက်လွှမ်းမိုးနေတယ်ဆိုတာရယ် ဘယ်လောက်ပွင့်လင်းတယ်ဆိုတာရယ် အထိခိုက်လွယ်ဆုံးလူသားတွေအတွက် ခိုင်လုံတဲ့ ဒီမိုကရေစီ အခွင့် အရေးတွေ ဘယ်လောက်ရနေသလဲဆိုတာတွေပါပဲ” လို့ အသင်းရဲ့နိုင်ငံတကာရေးရာအကြီးအကဲ အိုင်ဗင်း အောလ်ဘော့ဂ် (Eivind Aalborg) ကပြောပါတယ်။
- အခု ဖယ်ရှားမှုဟာ မြန်မာအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုရပ်စဲဖို့ အဝေးကြီးလိုသေးကြောင်း ပြလိုက်တဲ့ ကြောက်စရာဥပမာတခုပါပဲ။ နော်ဝေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နော်ဝေအာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို ရှေ့တန်းရောက်အောင်မြှင့်တင်ပေးဖို့ တာဝန်ရှိတယ် .. လို့ အောလ်ဘော့ဂ် ကပြောပါတယ်။

(Win Maung Face Book မှ ကူးယူသည်)

မူရင်း သတင်း နှင့် ဓာတ်ပုံများ - နော်ဝေနိုင်ငံပိုင်အသံလွှင့်ဌာန

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။