Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 11, 2014

Bird Strike ဆိုတာ ....


Bird Strike ဆိုတာ ....

ဒီနေ့ အွန်လိုင်းပေါ်မှာ “ပျံသန်းစဉ် ငှက်နှင့်တိုက်မိ၍ MAI လေယာဉ် ဦးထိပ်ပိုင်း ပေါက်ပြဲမှုဖြစ်” ဆိုတဲ့ သတင်းကို Yangon Police ဖေ့(စ်)ဘွခ် စာမျက်နှာ က စတင်တာတွေ့ပြီး အချိန်မရလို့ သေသေချာချာ မဖတ်လိုက်ဘူး … ညနေပိုင်း အတန်းပြီးတော့ အွန်လိုင်းပေါ်တက်လာတော့ အဲဒီသတင်းကို ဧရာဝတီ သတင်း ဌာန က ပြန်တင်ထားတာကို ဖတ်ကြည့်တဲ့ အခါ အောက်မှာ ရေးထားတဲ့ comment တွေကို ဖတ်ပြီး မနေနိုင်/မထိုင်နိုင် Wikipedia မှာ လိုက်ဖတ်ကြည့်မိပါတယ် … ။

အဆိုပါ ဖြစ်စဉ်ကို Bird Strike လို့လည်း ခေါ်သလို bird ingestion (စက်ကို အဓိက တိုက်မိတာကို ဆိုလိုပါတယ်) BASH – Bird Aircraft Strike Hazard (ငှက်နှင့်လေယာဉ်ထိခိုက်တိုက်မှု ဘေးအန္တရယ်) လို့လည်း သုံးကြတာ တွေ့ရပါတယ်။ အဆိုပါဖြစ်စဉ်ဟာ လေယာဉ်များ နှင့် သတ္တဝါများ (များသောအားဖြင့် ငှက်များ နှင့် လင်းနို့များ) ကြားတွင် ထိခိုက်မှုဖြစ်ခြင်း တိုက်မိခြင်းကို ဆိုလိုပါသည်။ လေယာဉ်ပျံတွေ အပြင် ကားတွေမှာလည်း ဖြစ်တတ်တာ တွေ့ရတတ်ပါတယ် … ။

လေယာဉ်များ ဘေးကင်းလုံခြုံစွာ ပျံသန်းနိုင်ဖို့အတွက် bird strike ဟာ အလွန်အရေးပါတဲ့ ခြိမ်းခြောက်မှု တစ်ခုလည်းဖြစ်ပြီး မတော်တဆ ထိခိုက်မှုတွေလည်း ရှိတတ်ပါတယ် … ။ ဒါပေမယ့် လူသေဆုံးမှုကတော့ နည်းပါး ပါတယ် … ခန့်မန်းခြေအားဖြင့် လေယာဉ်ပျံတွေ ပျံသန်းချိန် နာရီပေါင်း တစ်ဘီလျံမှာမှ တစ်ယောက်လောက်ပဲ သေဆုံးမှုဖြစ်စေပါတယ် … bird strike တွေရဲ့အများစု ၆၅% လောက်ဟာ လေယာဉ်ပျံတွေကို ပျက်စီးထိခိုက်မှု ဖြစ်စေပါတယ် … ။ ဘယ်လိုပဲဖြစ်ဖြစ် bird strike ဟာ လူ့အသက်ဆုံးရှုံးတဲ့ အထိ ထိခိုက်မှု ရှိစေပါတယ် … ။ မတော်တဆမှု အများစုက လေယာဉ်ပျံတွေရဲ့ ရှေ့မှန်ကို ထိခိုက်မိတာရယ် … စက်ထဲကို ပျံသန်းဝင်ရောက်သွားတာရယ် ဖြစ်တတ်ပါတယ် … ။

အဆိုပါဖြစ်စဉ်ဟာ လေယာဉ်များ ပျံတက်ချိန် နှင့် ဆင်းသက်ချိန်တွေမှာ ပင်လယ်ရေမျက်နှာပြင် အထက် ပေနိမ့်တဲ့အချိန်တွေမှာ အဖြစ်များတာကို တွေ့ရပြီးတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေမြင့်တဲ့ အချိန်မှာလည်း ဖြစ်တတ်တာကို တွေ့ရပါတယ် … ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၀,၀၀၀ ကနေ ၃၀,၀၀၀ လောက် ဝန်းကျင်တွေမှာလည်း ဖြစ်တာတွေကို တွေ့ရပါတယ် … ။ အချို့သော ငှက်အုပ်စုများအာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၃,၀၀၀ ကျော်အထိ ပျံသန်းနိုင်တာတွေ ရှိပြီးတော့ အဆိုပါဖြစ်စဉ် အများစုဟာ လေဆိပ်အနီးနားမှာ (ICAO ရဲ့ထုတ်ပြန်ချက်အရ ၉၀% လောက်အထိ) လေယာဉ်ဆင်းချိန်၊ ပျံတက်ချိန်တွေမှာ ဖြစ်လေ့ရှိပါတယ် … ။ FAA ရဲ့ တောရိုင်းတရိစ္ဆာန်များ ကြောင့် ထိခိုက်မှု၊ တိုက်ခိုက်မှု စီမံခန့်ခွဲခြင်းဆိုင်ရာ ၂၀၀၅ ခုနှစ်မှာ ထုတ်ပြန်ချက်အရ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၃၀၀၀ အထက်မှာ ၈% ခန့်သာ ရှိပြီးတော့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၀၀ ဝန်ကျင်မှာတော့ ၆၁% လောက် ဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါတယ် … ။ အဆိုပါ ထိခိုက်မှု တိုက်မိမှု ဖြစ်စဉ်ဟာ အများအားဖြင့် လေယာဉ်ပျံနဲ့ မျက်နှာခြင်းဆိုင် လွင့်လာတဲ့ ဘယ်အရာနဲ့ မဆို ဖြစ်တတ်ပါတယ် … အဲဒီအရာတွေဟာ လေယာဉ်တောင်ပံ၊ လောယဉ်ခေါင်း၊ စက် စတာတွေနဲ့ ထိတွေ့ ထိခိုက်၊ တိုက်မိမှု တွေဖြစ်စေတတ်ပါတယ် … ။

ဂျက်လေယာဉ်ရဲ့ အင်ဂျင် တည်ဆောက်ပုံအရ လေစုပ်အားဟာ လေယာဉ်ပြေးလမ်းပေါ်မှာရှိနေတဲ့ ပြုတ်ထွက်နိုင်တဲ့အရာတွေကို စုပ်ယုနိုင်လောက်အောင် အားကောင်းပါတယ်။ အထူးသဖြင့် လေယာဉ် ပျံတက်တော့မယ့် အချိန်မှာ ပန်ကာလည်တဲ့ နှုန်းဟာ အရမ်းမြန်ပြီးတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေနိမ့်တဲ့ အချိန်မှာ ငှက်တွေနဲ့ တွေ့လေ့ရှိပြီး အပေါ်မှာ ဖော်ပြခဲ့တဲ့အတိုင်း ၆၁% အထိ ဖြစ်တတ်တာပါ …။ ထိခိုက်မှု အနည်းအများကတော့ လေယာဉ်ရဲ့ပျံသန်းမှု အရှိန်နှုန်းနဲ့ တိုက်မိတဲ့ တိရိစ္ဆာန်(ငှက်၊ လင်းနို့ စသည်ဖြင့်) တို့ရဲ့ အလေးအချိန် အပေါ်မူတည်ပြီးတော့ ထိခိုက်မှု ပမာဏ ကွာခြားသွားပါတယ် … ။ အမြင့်ပေနိမ့်တဲ့ နေရာမှာ ကားလောက်ပဲ မြန်တဲ့ အရှိန်မှာ တိုက်မိမယ်ဆိုရင် ထိခိုက်ပျက်စီးမှု က နည်းနည်းလောက်ပဲ ဖြစ်မှာပါ … ။ ဂျက်လေယာဉ်ရဲ့ အမြန်နှုန်းနဲ့ဆိုရင်တော့ အကြီးအကျယ် ထိခိုက်ပျက်စီး တာတွေ ဖြစ်စေနိုင်ပါတယ် … ။ ဆိုလိုတာက ၁၁ ပေါင်ပဲ အလေးချိန်ရှိတဲ့ ငှက်တစ်ကောင် ဟာ တစ်နာရီကို မိုင် ၁၇၀ နှုန်းနဲ့သာ တွေ့မယ်ဆိုရင် အမြင့်ပေ ၅၀ လောက်ကေ ပေါင် ၂၂၀ အလေးချိန် ပြုတ်ကျတဲ့ အရှိန်နဲ့ တူညီပါတယ် … ။

အဆိုပါ ဖြစ်စဉ်ဟာ ယဉ်တွေရဲ့ အစိတ်အပိုင်းတွေကို ပျက်စီးဆုံးရှုံးစေသလို ခရီးသည်တွေကို လည်း ထိခိုက်ဒဏ်ရာ ရစေနိုင်ပါတယ် … ။ ငှက်တွေက အုပ်လိုက်သာဆိုရင် တိုက်မိတာတွေ အများကြီး ဖြစ်ပြီးတော့ ပျက်စီးဆုံးရှုံးမှုတွေလည်း များစေမှာ ဖြစ်ပါတယ် … ။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ အနေအထား၊ လေယာဉ်တက်ချိန်၊ ဆင်းချိန် စတာတွေအပေါ်မှာ မူတည်ပြီး ပျက်စီးဆုံးရှုံးမှု အနည်း/အများ စတာတွေ ကွာခြားနိုင်ပါတယ် … ။

ဒါတွေအပြင် Wikipedia မှာ Bird Strike ကြောင့် သမိုင်းတစ်လျှောက် ဖြစ်ပျက်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေ .. အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ဆက်နွယ်တဲ့ ငှက်မျိုးနွယ်စုတွေ … အဆိုပါကိစ္စတွေကို လျော့ချနိုင်ဖို့အတွက် အစီအမံတွေဖြစ်တဲ့ လေယာဉ်များရဲ့ ဒီဇိုင်း၊ သဘဝတိရိစ္ဆာန်များကို စီမံခန့်ခွဲမှု၊ လေယာဉ်ပျံသန်းမှု ဧရိယာ စတာတွေကိုပါ ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ် … ။

စာရေးသူ အနေနေဲ့ ဒီနေရာမှာ အဓိက ပြောချင်တာက Little knowledge is very dangerous. ဆိုတဲ့ အင်္ဂလိပ်စကားလို ကိုယ်သိတာလောက်နဲ့ စွတ်ပြီး မပြောစေချင်တာပါ … သတင်းတစ်ခု … အကြောင်းအရာတစ်ခုခု ကို တွေ့တဲ့အခါ ကိုယ်က ခြေခြေမြစ်ဖြစ်မသိရင်လည်း သိအောင်လုပ်ပြီးမှ ပြောစေချင်တာပါ … ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် လေ့လာပါ … မှတ်သားပါ … ကိုယ်က မသိရင်လည်း သိတဲ့လူတွေကို မေးပါ … အကျိုးရယ် … အကြောင်းရယ်ကို သိအောင်လုပ်ကြ စေချင်တာပါ … ။ ကိစ္စတစ်ခုကို ဖြစ်နိုင်ခြင်း/ မဖြစ်နိုင်ခြင်း စတာတွေကို ဆင်ခြင်သုံးသပ်တဲ့ အလေ့အထ လေးတော့ ရှိစေချင်ပါတယ် … ။ ကျွန်တော့်တို့ ပတ်ဝန်းကျင်မှာ “အများယောင်လို့ လိုက်ပြီးယောက် အမောင် တောင်မှန်း မြောက်မှန်းမသိ” ဆိုတဲ့စကားလို မဖြစ်ရအောင် စူးစမ်း လေ့လာ မှတ်သား ဆင်ခြင် တဲ့ အလေ့အကျင့် ကောင်းများ ရှင်သန် စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးသားလိုက်ပါတယ် … ။

အောင်ကိုဦး(UMK)
Be the Best !

Source : http://en.wikipedia.org/wiki/Bird_strike
--------------------------------------------------------------------------------------------

Youtube မှာလည်း Bird Strike လို့ ရှာပြီး ကြည့်နိုင်ကြပါတယ် 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။