Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 10, 2014

ယူနီယံဂျက်အလံအောက်က သခင်ကြီး


အသက်(၈၄)နှစ်အရွယ် ဦးစံမြင့်ကို တွေ့ရစဉ်/ဓာတ်ပုံ - ကျော်ဇင်သန်း
‘‘မောင်မင်းလူကလေး’’
မြန်မာစကားကို အင်္ဂလိပ်လေယူလေသိမ်းဖြင့်ပြောသည့် ထိုတင်တင်စီးစီးစကားသံကို နယ်ချဲ့တော်လှန်ရေးဇာတ်ကားကြည့်ဖူးသော ပရိသတ်များ မှတ်မိကြဆဲဖြစ်ပါလိ့မ်မည်။
ယူနီယံဂျက်အလံအောက်က ဗြိတိသျှအရေးပိုင်မင်းအဖြစ် တော်လှန်ရေးကားတိုင်းလိုလိုမှာ ၎င်းကိုမြင်တွေ့ရမည်ဖြစ်သည်။

ယင်းဇာတ်ရုပ်အတွက် မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်သော တိုင်းတစ်ပါးသားတစ်ဦး၏ ပုံစံအတိုင်း ကွက်တိသရုပ်ဆောင်နိုင်သူမှာ မြန်မာ့ရုပ်ရှင်လောကတွင် သူတစ်ဦးသာရှိသည်ဟု ဆိုရမလိုဖြစ်၏။
ထိုသူမှာ အခြားလူတော့မဟုတ်။ တော်လှန်ရေးဇာတ်ကားများတွင် အရေးပိုင်မင်းအဖြစ် လိုက်ဖက်စွာ သရုပ်ဆောင်နိုင်သောကြောင့် ၎င်းကို အနုပညာအသိုင်းအ၀ိုင်းက နာမည်ရင်းကိုပင်မခေါ်ဘဲ သခင်ကြီးဟု ကင်ပွန်းတပ်ခဲ့ကြသည်။
အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ ဆံပင်ငွေရောင်နှင့် ဘိုကပြားပုံစံရှိနေခြင်းကလည်း ဗြိတိသျှအရေးပိုင်မင်းဇာတ်ရုပ်အတွက် အထောက်အကူပြုသောအရာတစ်ခုဟု ပြောရလိမ့်မည်။
‘‘အင်္ဂလိပ်အသံနဲ့ မြန်မာလိုပြောတာက ဒေါ်ဝါ၀ါဝင်းရွှေ ဒါရိုက်တာလုပ်တဲ့အချိန်က သင်ပေးတာ’’ဟု အသက်(၈၄)နှစ်အရွယ် ဦးစံမြင့်(ခေါ်)သခင်ကြီးက ပြောပြသည်။
ဗြိတိသျှစစ်တပ်နှင့် အတူပါလာသော ဗြိတိသျှစစ်သားတစ်ဦးနှင့် မြန်မာအမျိုးသမီးတို့မှ မွေးဖွားလာသောကြောင့် ရုပ်ရှည်သွင်ပြင်က အင်္ဂလိပ်-မြန်မာကပြား ဖြစ်နေခြင်းကြောင့်လည်း အရေးပိုင်မင်းဇာတ်ရုပ်ကို များစွာအထောက်အပံ့ဖြစ်စေသည်။
ဖခင်ဖြစ်သူမှာ ဗြိတိသျှစစ်တပ်မှ အရာရှိတစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ်ပွဲဖြစ်ပွားသည့်အချိန် ၎င်းအသက်(၆)နှစ်အရွယ်တွင် မြန်မာနိုင်ငံ၌ပင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဦးစံမြင့်ကပြောသည်။ အနုပညာလောကအတွင်း စတင်ဝင်ရောက်ချိန်က ရိုက်ကူးခဲ့ရသည့် ဇာတ်ရုပ်မှာ နယ်ချဲ့အရေးပိုင်ဇာတ်ရုပ်တော့မဟုတ်။ မြင်းစီးသမား၊ လုံခြုံရေး စသည့်ဇာတ်ရုပ်များတွင် စတင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင်မှ နယ်ပိုင်၊ အရေးပိုင်ဇာတ်ရုပ်များနှင့် လိုက်ဖက်မှုရှိသည်ဟုဆိုကာ ဒါရိုက်တာဝါ၀ါဝင်းရွှေ ရိုက်ကူးသည့် စနေမ ဇာတ်ကားတွင် အရေးပိုင်ဇာတ်ရုပ်ဖြင့် ပထမဆုံးအကြိမ် သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရုပ်ရှင်လောကသို့မရောက်မီ အောင်ပန်းအမြောက်တပ်၌ တာဝန်ထမ်းဆောင်ခဲ့ဖူးခြင်းကြောင့် ပုလိပ်စစ်တပ်တို့၏ သဘောသဘာဝ၊ ပြောပုံဆိုပုံတို့က ၎င်းအတွက် ရင်းနှီးနေပြီဖြစ်သည်။
‘‘တပ်မတော်မှာ ဆယ်နှစ်ကြာတယ်။ ယူဂိုဆလားဗီးယားတို့၊ အနောက်ပါကစ္စတန်တို့ကို ပညာတော်သင်သွားခဲ့တယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုလည်း ဆေးဘက်ဆိုင်ရာတိရစ္ဆာန်ဆရာဝန်ရဲ့ လက်ထောက်အနေနဲ့ သွားခဲ့တယ်’’ဟု တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကာလက ၎င်း၏ထူးချွန်မှုကို ဂုဏ်ယူစွာပြောပြသည်။
အရေးပိုင်မင်းဇာတ်ကောင်အဖြစ် စနေမဇာတ်ကားတွင် သရုပ်ဆောင်ပြီးသည့် နောက်ပိုင်း၌ ထိုဇာတ်ရုပ်နှင့် ရိုက်ကူးရန်အတွက်ကိုသာ ဆက်တိုက်ကမ်းလှမ်းခံခဲ့ရကြောင်း သခင်ကြီးကပြောသည်။
‘‘မောင်မင်းလူကလေး သိပ်ကောင်းတယ်ဆိုပြီး သရုပ်ဆောင်တဲ့ကားတွေ နောက်ပိုင်း အဲဒီလိုဇာတ်ရုပ်တွေပဲ လာငှားကြတယ်’’ဟု ၎င်းကပြောသည်။
နောက်ပိုင်းဇာတ်ကားများတွင် ဒါရိုက်တာပြောခိုင်းသော ဒိုင်ယာလော့များကို ကိုယ်တိုင်အင်္ဂလိပ်လေယူလေသိမ်းဖန်တီးကာ သရုပ်ဆောင်ဖြစ်သည်ဟု သခင်ကြီးကပြောသည်။
‘‘အင်္ဂလိပ်အသံနဲ့ မြန်မာစကားလုံးက ဝေါဟာရအရကိုမတူဘူး။ မြန်မာက ကြည့်စမ်းကွာ ဟိုမိန်းကလေးချောတယ်။ အင်္ဂလိပ်က မြန်မာလိုပြောတဲ့အသံထွက်နဲ့ကျတော့ မောင်မင်းတို့ မြန်မာပြည်က မိန်းကလေးတွေ ချောတယ်၊ လှတယ်ဆိုပြီး တစ်လုံးချင်းပြောတာ။ အဲဒါကို လူတွေကသဘောကျပြီး ကြိုက်သွားကြတာ’’ဟု အင်္ဂလိပ်-မြန်မာ လေယူလေသိမ်းကွာဟမှုကို ဥပမာပေး၍ပြောပြသည်။
အင်္ဂလိပ်ဘာသာစကားကိုသာမက ဟင်ဒီဘာသာစကားလည်း တတ်မြောက်သောကြောင့် ကုလားစစ်သားများနှင့် စကားပြောခန်းများ၌ ဟင်ဒီဘာသာဖြင့် ပြောဖြစ်သည်ဟု ၎င်းကဆိုသည်။
အနုပညာလောကတွင် နှစ်ပေါင်းလေးဆယ်ကျော် ဖြတ်သန်းခဲ့ပြီးမှ လွန်ခဲ့သည့်လေးနှစ်ခန့်ကမှ အနားယူခဲ့သည်ဟု ဦးစံမြင့်က သရုပ်ဆောင်ဘ၀ကို လွမ်းဆွေးစွာပြောသည်။
ယနေ့ခေတ်တွင် တော်လှန်ရေးဇာတ်ကားရိုက်ကူးမှု ရှားလာပြီး ရိုက်ကူးသည့်ဇာတ်ကားများမှာလည်း လိုအပ်ချက်များရှိကြောင်း အားမလိုအားမရပြောသည်။
‘‘မဏ္ဍိုင်က အရမ်းအရေးကြီးတယ်။ အရင်က ဆရာသမားတွေကလည်းတော်တယ်။ စာလည်းတော်တော်တတ်ကြတယ်။ ရာဇ၀င်အကိုးအကားကိုလည်း အခိုင်အမာလုပ်တယ်။ အခုခေတ်က အရမ်းပေါ့တယ်။ အဲဒီတော့ သမိုင်းတွေပျောက်ကုန်ရော’’ဟု ၎င်းဖြတ်သန်းခဲ့သည့်အချိန်က အကြောင်းအရာများကို ယခုခေတ်နှင့်နှိုင်းယှဉ်ပြသည်။
ရုပ်ရှင်ဇာတ်ကား ၄၀ ကျော် ရိုက်ကူးထားပြီး နောက်ဆုံးရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားများမှာ တိုက်ပွဲခေါ်သံနှင့် သူ့ကျွန်မခံပြီတို့ဖြစ်ကြောင်း ၎င်းကပြောသည်။ ဗီဒီယိုအနေဖြင့်မူ နေထူးနိုင်နှင့် နောက်ဆုံးရိုက်ကူးခဲ့သည်။
အင်္ဂလိပ်-မြန်မာကပြားတစ်ဦးဖြစ်သောကြောင့် အင်္ဂလိပ်ဘာသာစကားကို စိတ်ဝင်စားသော်လည်း အင်္ဂလိပ်သီချင်းများကိုမူ နှစ်သက်မှုမရှိကြောင်း ၎င်းကပြောသည်။
ဘာသာကိုးကွယ်မှုအနေဖြင့်လည်း ဗုဒ္ဓဘာသာကိုသာကိုးကွယ်ပြီး ရဟန်းဘောင်သို့ ငါးကြိမ်ဝင်ဖူးကြောင်း ၎င်းကပြောသည်။ ပြည်ပတွင် နေထိုင်လျက်ရှိသော သားသမီးများရှိသော်လည်း လက်ရှိအချိန်တွင် ဦးစံမြင့်သည် သမီးအငယ်ဆုံးဖြစ်သူနှင့်အတူ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းရိပ်သာ၌ နေထိုင်လျက်ရှိသည်။
‘‘အလုပ်ကတော့ ခုလည်းလုပ်ချင်တာပဲ။ အဲဒါလုပ်နေရရင် ကိုယ့်ကိုယ်ကိုယ်နုသလို အောက်မေ့ပြီး အပေါင်းအသင်းတွေနဲ့တွေ့ရင် ပျော်တယ်။ ရိုက်လည်းရိုက်ချင်တယ်။ ဒါပေမဲ့ အသက်ကြီးလာတော့ လူမင်းတို့ကလည်း ပင်ပန်းမှာစိုးလို့ ဇာတ်ကားတွေရိုက်တာကို မကြိုက်ဘူး’’ဟု သခင်ကြီးကပြောသည်။
7daydaily

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။