ဒုတိယမြောက်အခွေက ပရီသတ်တွေပိုပြီးအသိအမှတ်ပြုမယ်လို့ ထင်တဲ့
========================== ====================
တေးသံရှင် အိုင်းရင်းဇင်မာမြင့်
========================== ====================
ရန်ကုန်၊ နိုဝင်ဘာ ၃ဝ
''ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးခွေနဲ့ပတ်သက်ပြီး ပရိ သတ်တွေက အိုင်းရင်းကို ပိုပြီးတော့အသိအမှတ် ပြုမယ်လို့လဲထင်ပါတယ်''
(တေးသံရှင် အိုင်းရင်းဇင်မာမြင့်)
''အိုင်းရင်းရဲ့ ဒုတိယမြောက် တစ် ကိုယ်တော် တေးစီးရီးအခွေကို ဒီဇင်ဘာ ဒုတိယအပတ် လောက်မှာ ထွက်ဖို့အ တွက် အားလုံးစီစဉ်ပြီး နေပါပြီ။ အိုင်းရင်း ဒီဒုတိယ တစ်ကိုယ် တော်စီးရီးအခွေ လေးကို အချိန် တော်တော်လေးကို ယူပြီးတော့ ပြင်ဆင်ခဲ့ ရပါတယ်။ တေးသီချင်း ပုံစံတွေက ဘယ်လိုပုံစံမျိုး တွေပါဝင်မလဲဆိုတော့ အိုင်းရင်း ဆိုနေကျ ပုံစံလေးတွေပဲ အများဆုံးပါဝင် မှာပါ။ ဒုတိယတစ်ကိုယ်တော်တေးစီးရီး အခွေကို ပရိသတ်တွေအတွက် ဘယ်လို မျိုး ပြင်ဆင်ခဲ့လဲဆိုတော့ ပရိသတ်ရင်ကို ထိစေမယ့် တေးသီချင်းတွေ ဆိုတာ ထက် အိုင်းရင်းကြိုက်တဲ့သီချင်း တွေ ကိုပဲ အများဆုံးလုပ်ထားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အိုင်းရင်းနဲ့ လိုက် ဖက်တဲ့ပုံစံမျိုးတွေကိုပဲ ရွေးချယ်ပြီး တော့ဆိုမှပဲ ပရိသတ်တွေက အိုင်းရင်းကို ပိုပြီးတော့ အသိအမှတ်ပြုမယ်လို့လဲ ထင်ပါတယ်။ တေးစီးရီးခေါင်း စဉ်ကတော့ အခုချိန်မှာ အိုင်းရင်း မပြောချင်သေးပါဘူး။ အိုင်းရင်းရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်တေးစီးရီး အခွေနဲ့ပတ်သက်ပြီးတော့ အိုင်းရင်းဒီဇင်ဘာ ၆ရက်မှာ စာနယ်ဇင်းရှင်းလင်းပွဲ လုပ်မှာပါ။ အဲဒီတော့မှာပဲ တေး သီချင်းခေါင်းစဉ်နာမည်ကို အသိပေးသွားမယ်။
သီချင်း ဘယ်နှစ်ပုဒ်ပါမလဲဆိုတော့ ဒီအခွေမှာ အိုင်းရင်း တေး သီချင်း၁၃ပုဒ်ပါမယ်။ အဲဒီ ၁၃ပုဒ်စလုံးကလဲ အိုင်းရင်း အကြိုက်ဆုံးသီချင်းတွေပါပဲ။ ပထမတစ်ကိုယ်တော် တေး စီးရီးအခွေနဲ့ ဒုတိယမြောက်တစ်ကိုယ်တော်တေး စီးရီး အခွေရဲ့ ကွာခြားချက်ကတော့ တစ်ခွေနဲ့ တစ်ခွေမတူ နိုင်ပါဘူး။ ပထမအခွေတုန်းက အားနည်းချက်တွေရှိ ကောင်းရှိနေမယ့် အဲဒီအားနည်းချက်တွေကို ဒုတိယ အခွေမှာပြင်ဆင်ထားတယ်။
အဲဒီလိုပဲ တတိယမြောက် တစ်ကိုယ်တော် အခွေထွက်လာရင်လဲ ဒုတိယအခွေတုန်း က လုပ်ချင်တာလေးတွေကျန်ခဲ့တာကို ဖြည့်စွက်ပြီး လုပ်ရင်လုပ်မယ်။ တစ်ခွေနဲ့တစ်ခွေကတော့ မတူနိုင် ပါဘူး''ဟု ပြောသည်။
တေးသံရှင်အိုင်းရင်းဇင်မာမြ င့်၏ ဒုတိယမြောက် တေးစီးရီးအခွေတွင် တေးရေး မြင့်မိုးအောင်၊ ရွှေဂျော် ဂျော်၊ သောမတ်စ်၊ မေသော်၊ ကောင်းကောင်း၊ ဖိုးတုနှင့် တခြား တေးရေးဆရာများစွာတို့မှလည်း ပါဝင်ရေးသား ပေးထားကြောင်း သိရသည်။
၎င်းသည် ၂ဝ၁၃ခုနှစ်တွင်ထွက်ရှိခဲ့သည့် ''ယိမ်း လိုက်''အမည်ရှိ ပထမဦးဆုံး တစ်ကိုယ်တော်အခွေတွင် ပရိသတ်အားပေးမှုများစွာရရှိထားသူတစ်ဦးလည်း ဖြစ် သည်။
နွေးနွေး
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
==========================
တေးသံရှင် အိုင်းရင်းဇင်မာမြင့်
==========================
ရန်ကုန်၊ နိုဝင်ဘာ ၃ဝ
''ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးခွေနဲ့ပတ်သက်ပြီး ပရိ သတ်တွေက အိုင်းရင်းကို ပိုပြီးတော့အသိအမှတ် ပြုမယ်လို့လဲထင်ပါတယ်''
(တေးသံရှင် အိုင်းရင်းဇင်မာမြင့်)
''အိုင်းရင်းရဲ့ ဒုတိယမြောက် တစ် ကိုယ်တော် တေးစီးရီးအခွေကို ဒီဇင်ဘာ ဒုတိယအပတ် လောက်မှာ ထွက်ဖို့အ တွက် အားလုံးစီစဉ်ပြီး နေပါပြီ။ အိုင်းရင်း ဒီဒုတိယ တစ်ကိုယ် တော်စီးရီးအခွေ လေးကို အချိန် တော်တော်လေးကို ယူပြီးတော့ ပြင်ဆင်ခဲ့ ရပါတယ်။ တေးသီချင်း ပုံစံတွေက ဘယ်လိုပုံစံမျိုး တွေပါဝင်မလဲဆိုတော့ အိုင်းရင်း ဆိုနေကျ ပုံစံလေးတွေပဲ အများဆုံးပါဝင် မှာပါ။ ဒုတိယတစ်ကိုယ်တော်တေးစီးရီး
ဘာဖြစ်လို့လဲဆိုတော့ အိုင်းရင်းနဲ့ လိုက် ဖက်တဲ့ပုံစံမျိုးတွေကိုပဲ ရွေးချယ်ပြီး တော့ဆိုမှပဲ ပရိသတ်တွေက အိုင်းရင်းကို ပိုပြီးတော့ အသိအမှတ်ပြုမယ်လို့လဲ ထင်ပါတယ်။ တေးစီးရီးခေါင်း စဉ်ကတော့ အခုချိန်မှာ အိုင်းရင်း မပြောချင်သေးပါဘူး။ အိုင်းရင်းရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်တေးစီးရီး အခွေနဲ့ပတ်သက်ပြီးတော့ အိုင်းရင်းဒီဇင်ဘာ ၆ရက်မှာ စာနယ်ဇင်းရှင်းလင်းပွဲ လုပ်မှာပါ။ အဲဒီတော့မှာပဲ တေး သီချင်းခေါင်းစဉ်နာမည်ကို အသိပေးသွားမယ်။
သီချင်း ဘယ်နှစ်ပုဒ်ပါမလဲဆိုတော့ ဒီအခွေမှာ အိုင်းရင်း တေး သီချင်း၁၃ပုဒ်ပါမယ်။ အဲဒီ ၁၃ပုဒ်စလုံးကလဲ အိုင်းရင်း အကြိုက်ဆုံးသီချင်းတွေပါပဲ။
အဲဒီလိုပဲ တတိယမြောက် တစ်ကိုယ်တော် အခွေထွက်လာရင်လဲ ဒုတိယအခွေတုန်း က လုပ်ချင်တာလေးတွေကျန်ခဲ့တာက
တေးသံရှင်အိုင်းရင်းဇင်မာမြ
၎င်းသည် ၂ဝ၁၃ခုနှစ်တွင်ထွက်ရှိခဲ့သည
နွေးနွေး
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။