သမီးတော်ရာဇ၀င် (၃)
ရေတွေရေတွေ စိုကုန်ပြီ
===================
===================
အရင်ခေတ်က စစ်တက္ကသိုလ် ကျောင်းဆင်းပွဲဟာ အခုလို ဆောင်းတွင်းမှာ ဆင်းတာမဟုတ်ဘဲ မတ်လ နောက်ဆုံးအပတ် ဒါမှမဟုတ် ဧပြီလ ပထမပတ်ထဲမှာ ဆင်းလေ့ရှိပါတယ်။ အစဉ်အလာ အရလည်း အရင်ခေတ်က သမ္မတတို့၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က ကျောင်းဆင်းပွဲမှာ တက်ရောက် ချီးမြှင့်ကြပါတယ်။ အာဏာရှင်ကြီး လက်ထက်မှာတော့ ကျောင်းဆင်းပွဲကို သမီးတော်တွေ၊ မြေးတော်တွေနဲ့ ကြွချီချီးမြှင့်လေ့ရှိတယ်။
ရန်ကုန်ဆိုတာ အဲဒီ့ကာလမှာ အလွန်ပူလေတော့ အပူရှောင်တာလည်း ပါသပေါ့လေ။ အဲဒီမှာပဲ များသောအားဖြင့် သင်္ကြန် ကျလေ့ရှိတယ်။
သင်္ကြန်ဆိုတော့ ရေလောင်းဖို့၊ ရေပက်ခံဖို့ လိုလာပြီ မဟုတ်လား။ ကာချုပ်ကြီး သမီးတော်တွေက ရေပက်ခံ ထွက်လို့လည်းမဖြစ်၊ မတော် ရေပက်သလိုနဲ့ အက်ဆစ်နဲ့ ပက်သွားရင် ဘယ့်နှယ်လုပ်မလဲ။ အလှတွေ ပျက်ကုန်မှာပေါ့။ ပြီးတော့ အရပ်ရပ် နေပြည်တော် ကြားလို့မှ မတော်၊ ကာချုပ်သမီး အက်ဆစ်နဲ့ အပက်ခံရခြင်းဆိုပြီး ဂျာနယ်တွေထဲ ပါလာဦးမယ်။ စာပေစိစစ်ရေးက ဖြုတ်လို့ ဂျာနယ်တွေမှာ မပါသည့်တိုင်အောင် အကောက်ဉာဏ် ခလောက်ဆန်နဲ့ သွေးခွဲနေသည်တို့၊ ဂုံးတိုက်နေသည်တို့စတဲ့ တံဆိပ်များရှင် ပြည်ပရောက် မြန်မာမီဒီယာတွေက ဖွလိုက်ရင် ဘယ့်နှယ်လုပ် မလဲ။ ပြည်သူတွေ ၀မ်းသာစရာ ဖြစ်နေဦးမယ်။ အဲဒီထက် ဆိုးတာက ရေပက်တာနဲ့ရောပြီး နာနတ်သီး လို့ခေါ်တဲ့ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းသွားရင် ဒုက္ခများကုန်ကြဦးမယ်။ ဒီတော့ သမီးတော်တွေလည်း ရေပက်လို့ရအောင်၊ အန္တရာယ်လည်း ကင်းအောင် အလိုက်တသိ စီစဉ်ပေးဖို့က အထက် တာဝန်ရှိသူတွေ အပေါ် ကျရောက် လာခဲ့ပြီပေါ့။
ဒါကြောင့် ကာချုပ်ကြီး မိသားစုမလာခင် ပြင်ဦးလွင် တပ်နယ်ထဲမှာ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ အသက်ငယ်ငယ်၊ ရုပ်ချောချော အရာရှိငယ်တွေကို ရွေးထုတ်ရပါတယ်။ သူတို့ကို တပ်မတော် ဧည့်ဂေဟာလို့ခေါ်တဲ့ အိမ်တော်မှာ ကာချုပ်ကြီးရဲ့ မိသားစုကို သင်္ကြန် ကာလ အလုပ်အကျွေးပြုဖို့ တာဝန်ချထားလိုက်ပါတယ်။ တာဝန်ကတော့ သင်္ကြန်တွင်းမှာ ယူနီဖောင်းနဲ့ဖြစ်ဖြစ်၊ စမတ်ကျကျ ၀တ်ထားတဲ့ အရပ်ဝတ် အရပ်စားနဲ့ဖြစ်ဖြစ် သမီးတော်တွေ တည်းနေတဲ့ အဆောင် အောက်ကနေ ဖြတ်လျှောက်ဖို့ ဖြစ်ပါတယ်။
သင်္ကြန်လည်း ကျပါပြီ။ ကာချုပ်ကြီး မိသားစုလည်း ပြင်ဦးလွင်မှာ ကျောင်းဆင်းပွဲတွေပြီးလို့ သင်္ကြန်ကာလ အနားယူချိန်လည်း ရောက်နေပါပြီ။ တပ်မတော် ဧည့်ဂေဟာ အပေါ်ထပ်မှာလည်း သမီးတော်တွေက ရေပုံးတွေနဲ့ အလုပ်ရှုပ်နေပါပြီ။ ဟော…. အရာရှိငယ်လေး တစ်ယောက် အဆောင်ရှေ့ကနေ စမတ်ကျကျ လမ်းလျှောက် လာနေပါပြီ။ လက်ထဲမှာလည်း ဖိုင်တစ်ထပ်ကြီး ကိုင်လို့၊ ဘယ်သူ့ကို ဘာများ သွားသတင်းပို့မလို့ပါလိမ့်။
အဲဒီအချိန်မှာ ဗွမ်းကနဲ အသံနဲ့အတူ အဲဒီ့ အရာရှိလေး အပေါ်ကို
ရေတွေကျလာပါတယ်။ မထင်မှတ်ဘဲ ရေလောင်းခံလိုက်ရတဲ့ အရာရှိလေးက လန့်သွားပါတယ်။
ဖိုင်တွေတောင် လက်ထဲက လွတ်ကျလို့ ပြန်ကောက်ရပါတော့တယ်။ လူရော ဖိုင်တွေရော
ရွှဲရွှဲစိုကုန်ပါပြီ။ အပေါ်ထပ်မှာတော့ တိုင်ကွယ်ပြီး တခစ်ခစ်ရယ်နေတဲ့
သမီးတော်တွေ ရှိပေမယ့် အဲဒီအရာရှိလေးမှာ မော်ဖူးစေ အမိန့်မရထားတဲ့အတွက်
အပေါ်ကို မော့မကြည့်ဝံ့ပါဘူး။ ဒါပေသိ ဘေးဘယ်ညာကိုကြည့်ရင်း သူ့ကို ဘယ်နေရာက
ဘယ်သူတွေ ပက်လိုက်ပါလိမ့်လို့ ခေါင်းကုတ်ရင်း ရေတွေကို လက်နဲ့အသာခါချလို့
ဆက်ထွက်သွားပါတော့တယ်။
ရုပ်ရှင်သာ ဆိုရင်တော့ အကယ်ဒမီရမယ့် အခန်းပေါ့ဗျာ။ အဲဒီလိုနဲ့ သင်္ကြန်ကာလမှာ တပ်မတော် ဧည့်ဂေဟာ ရှေ့ကနေ အရာရှိလေးတွေ ဖြတ်သွားလိုက်၊ အပေါ်က ရေတွေလောင်းချလိုက်၊ ရေလောင်းခံရတဲ့ အရာရှိလေးတွေ လန့်သွားလိုက်နဲ့ သင်္ကြန်ကာလကို ကာချုပ်ကြီးရဲ့ သမီးတော်တွေက ပျော်ပျော်ကြီး ဖြတ်သန်းကြပါတော့တယ်။
သူတို့က အဆောင်အပေါ်ကနေ ရေတွေ ပက်လိုက်၊ အောက်က အရာရှိလေးတွေက သူတို့ကို ဘယ်သူပက်မှန်း မသိရှာဘူးဆိုပြီး သဘောတွေ ကျလိုက်နဲ့ပေါ့။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အရာရှိလေးတွေရဲ့ ညနေခင်း အရက်ဝိုင်းမှာတော့ “မင်းကလည်း အိုဗာအိုက်တင် လုပ်လိုက်တာ၊ လန့်ပြရင် တော်ရောပေါ့။ အောင်မယ်လေးဗျဆိုပြီး ထခုန် ပြနေသေးတယ်တို့၊ ဟဒီလိုမလုပ်ရင် သူတို့ အပေါ်ကနေ ရေပက်မှာကို ကြိုသိနေလို့ မကြောက်တာပါ။ မလန့်တာပါဆိုရင် အမှုက ပိုကြီးဦးမယ်။ ခုတော့ ပြီးကရော၊ သူတို့လည်း သဘောကျ တိုင်ကြားက ချောင်းကြည့်နေတဲ့ တပ်နယ်မှူးကြီးက ငါ့ကို လက်မထောင်ပြပြီး ချီးကျူး သွားသေးတယ်ဆိုတဲ့ အသံတွေ၊ ဟေ့ကောင် ငါ့ဖိုင် ရေစိုသွားပြီနော်။ အသစ်ပြန်ဝယ်ပေးဦးဆိုတဲ့ အသံတွေ၊ တော်ရုံပဲ အိုက်တင်ပေးကြဦး ဟ၊ မတော်လို့ တော်ကောက်ပြီး ပန်းခွေစွပ်သွားရင် ငါတို့ရဲ့ လက်ရှိရည်းစားတွေက သူတို့ကိုယ်သူတို့ သတ်သေသွားဦးမယ်တို့” စတဲ့ အသံတွေ ကြားရမှာ ဖြစ်ပါတယ်။
၁၉၉၂ ခုနှစ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်ဆီကနေ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သာဂေါင်ကြီးက အာဏာသိမ်းခဲ့ပါတယ်။ အဲဒီ့အချိန်က အစိုးရ ကက်ဘိနက်မှာ သာဂေါင်ကြီးဟာ တိုင်းပြည်အပေါ် စိတ်သဘောထားကောင်းနဲ့ အုပ်ချုပ်မယ့်သူ ဖြစ်တယ်။ သူ့ကို ပြန်ငြင်းခုံရင်လည်း လက်ခံတယ်ဆိုပြီး ၀န်ကြီးတွေကြားမှာ အမှတ်ရခဲ့ပါတယ်။ အမှန်ကတော့ ထောက်လှမ်းရေး အကူအညီနဲ့ အာဏာသိမ်းထားပြီး အခြေမခိုင်သေးလို့ သူ့ကို ဝေဖန်တာတွေကို သည်းခံနေတာ ဖြစ်တယ်။
တစ်ချိန်တည်းမှာ အဲဒီအချိန်က ၀န်ကြီးတွေကလည်း သူနဲ့ မတိမ်းမယိမ်းတွေ၊ သူ့ထက်နာမည်ပိုကြီးပြီး လက်ရဲဇက်ရဲတွေကလည်း စစ်တိုင်းမှူးတွေဆိုတော့ မနိုင်၍ သည်းခံရခြင်းသည် လည်းကောင်းဆိုပြီး ဟဲဟဲဟဲဟဲနဲ့ အရူးဇာတ်နင်းခဲ့တာ ဖြစ်တယ်။ တဖြည်းဖြည်းနဲ့ အခြေကျလာချိန်မှာ သူနဲ့မတိမ်းမယိမ်း တိုင်းမှူးတွေကို စစ်တပ်ကနေ ဆွဲထုတ်ပြီး ၀န်ကြီးတွေ ခန့်လိုက်တယ်။
ပြီးတော့ ထောက်လှမ်းရေးကို မျက်စပစ်ပြီး သူ့ကို လုံးဝ မကြောက်တဲ့ တိုင်းမှူး လူထွက် ၀န်ကြီးတွေကို ဖြုတ်ပစ်လိုက်တယ်။ အနောက်ဖက် ၀က်တဲလို့ လူတွေ လှောင်ခေါ်တဲ့ န၀တ နေရာမှာ နယကဆိုပြီး အမည်ပြောင်းလိုက်တယ်။ မြို့နယ်အဆင့်ကတော့ မယကပေါ့။ အများက မယားကြောက်လို့ ခေါ်ခဲ့ကြတယ်။
သူနဲ့ မတိမ်းမယိမ်း ၀န်ကြီးတွေကို သုတ်သင်အပြီးမှာ သူ့တပည့်တွေ ဖြစ်ခဲ့ပေမယ့် အရင် ဦးစောမောင် ခန့်သွားတဲ့ ၀န်ကြီးတွေကို ရှင်းလင်းလိုက်တယ်။ ဒါတွေနဲ့ ပြီးရောလားဆိုတော့ မပြီးသေးပါဘူး။ သူ့ကို ငယ်နိုင်လို ဖြစ်နေတဲ့ စစ်ထောက်လှမ်းရေး တစ်ခုလုံးကိုလည်း အမြစ်ကနေ လှန်ပစ်လိုက်ပါတယ်။ ထိပ်ဆုံးကနေ အောက်ခြေ ရဲဘော်အထိ ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ခဲ့တာဖြစ်တယ်။ အဲဒီလို အဆင့်ဆင့် ရှင်းပြီးတဲ့ အချိန်ကစလို့ သမီးတော်တွေလည်း ထင်တိုင်းကဲလို့ရတဲ့ ဘ၀ကို ရောက်သွားတော့ တာပါပဲဗျာလို့ ခရိုနီ လက်ဟောင်းကြီးက သူ့စကားကို ဒီတစ်ပတ် အတွက် အဆုံးသတ်လိုက် ပြန်ပါတော့တယ်။
ပရိသတ်အတွက် ရှေ့တစ်ပတ် ခင်ဗျား ပြောပြမယ့် ခေါင်းစဉ်လေး ပေးဦးလေဆိုတော့ နောက်တစ်ပတ်လည်း အသောလေးတစ်ခု ဆက်ပြောမယ်ဗျာ။ မချေဖြစ်ခဲ့သော ယတြာနှင့် ညမအိပ် လိုက်ရသော တိုင်းမှူးလို့ ခေါင်းစဉ်ပေးထားလိုက်။ ဒီမှာလည်း ဇာတ်လိုက်တွေ ကတော့ သမီးတော်တွေပဲပေါ့ဗျာတဲ့... ။
---
အပျင်းပြေဖတ်ဖို့ ပုံပြင်လေးတွေအဖြစ် တင်ပြပေးတာသာ ဖြစ်ပါတယ် ပိုစ့်ပါ ဖြစ်ရပ်များ အမှန်ဟုမဆိုလိုပါ Tomorrow News Journal မှ စာရေးဆရာ လက်စောင်းထက် ရေးသားသော သမီးတော်ရာဇ၀င် ဆောင်းပါးကို ကူးယူဖေါ်ပြတာဖြစ်ပါသည် ပုံတွေကိုတော့ ကာတွန်းဆရာ ဝေယံ (တောင်ကြီး) ရေးဆွဲထားတာတွေပါ။
============
လက်စောင်းထက်
Tomorrow News Journal
ရေတွေရေတွေ စိုကုန်ပြီ
===================
===================
အရင်ခေတ်က စစ်တက္ကသိုလ် ကျောင်းဆင်းပွဲဟာ အခုလို ဆောင်းတွင်းမှာ ဆင်းတာမဟုတ်ဘဲ မတ်လ နောက်ဆုံးအပတ် ဒါမှမဟုတ် ဧပြီလ ပထမပတ်ထဲမှာ ဆင်းလေ့ရှိပါတယ်။ အစဉ်အလာ အရလည်း အရင်ခေတ်က သမ္မတတို့၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က ကျောင်းဆင်းပွဲမှာ တက်ရောက် ချီးမြှင့်ကြပါတယ်။ အာဏာရှင်ကြီး လက်ထက်မှာတော့ ကျောင်းဆင်းပွဲကို သမီးတော်တွေ၊ မြေးတော်တွေနဲ့ ကြွချီချီးမြှင့်လေ့ရှိတယ်။
ရန်ကုန်ဆိုတာ အဲဒီ့ကာလမှာ အလွန်ပူလေတော့ အပူရှောင်တာလည်း ပါသပေါ့လေ။ အဲဒီမှာပဲ များသောအားဖြင့် သင်္ကြန် ကျလေ့ရှိတယ်။
သင်္ကြန်ဆိုတော့ ရေလောင်းဖို့၊ ရေပက်ခံဖို့ လိုလာပြီ မဟုတ်လား။ ကာချုပ်ကြီး သမီးတော်တွေက ရေပက်ခံ ထွက်လို့လည်းမဖြစ်၊ မတော် ရေပက်သလိုနဲ့ အက်ဆစ်နဲ့ ပက်သွားရင် ဘယ့်နှယ်လုပ်မလဲ။ အလှတွေ ပျက်ကုန်မှာပေါ့။ ပြီးတော့ အရပ်ရပ် နေပြည်တော် ကြားလို့မှ မတော်၊ ကာချုပ်သမီး အက်ဆစ်နဲ့ အပက်ခံရခြင်းဆိုပြီး ဂျာနယ်တွေထဲ ပါလာဦးမယ်။ စာပေစိစစ်ရေးက ဖြုတ်လို့ ဂျာနယ်တွေမှာ မပါသည့်တိုင်အောင် အကောက်ဉာဏ် ခလောက်ဆန်နဲ့ သွေးခွဲနေသည်တို့၊ ဂုံးတိုက်နေသည်တို့စတဲ့ တံဆိပ်များရှင် ပြည်ပရောက် မြန်မာမီဒီယာတွေက ဖွလိုက်ရင် ဘယ့်နှယ်လုပ် မလဲ။ ပြည်သူတွေ ၀မ်းသာစရာ ဖြစ်နေဦးမယ်။ အဲဒီထက် ဆိုးတာက ရေပက်တာနဲ့ရောပြီး နာနတ်သီး လို့ခေါ်တဲ့ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းသွားရင် ဒုက္ခများကုန်ကြဦးမယ်။ ဒီတော့ သမီးတော်တွေလည်း ရေပက်လို့ရအောင်၊ အန္တရာယ်လည်း ကင်းအောင် အလိုက်တသိ စီစဉ်ပေးဖို့က အထက် တာဝန်ရှိသူတွေ အပေါ် ကျရောက် လာခဲ့ပြီပေါ့။
ဒါကြောင့် ကာချုပ်ကြီး မိသားစုမလာခင် ပြင်ဦးလွင် တပ်နယ်ထဲမှာ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ အသက်ငယ်ငယ်၊ ရုပ်ချောချော အရာရှိငယ်တွေကို ရွေးထုတ်ရပါတယ်။ သူတို့ကို တပ်မတော် ဧည့်ဂေဟာလို့ခေါ်တဲ့ အိမ်တော်မှာ ကာချုပ်ကြီးရဲ့ မိသားစုကို သင်္ကြန် ကာလ အလုပ်အကျွေးပြုဖို့ တာဝန်ချထားလိုက်ပါတယ်။ တာဝန်ကတော့ သင်္ကြန်တွင်းမှာ ယူနီဖောင်းနဲ့ဖြစ်ဖြစ်၊ စမတ်ကျကျ ၀တ်ထားတဲ့ အရပ်ဝတ် အရပ်စားနဲ့ဖြစ်ဖြစ် သမီးတော်တွေ တည်းနေတဲ့ အဆောင် အောက်ကနေ ဖြတ်လျှောက်ဖို့ ဖြစ်ပါတယ်။
သင်္ကြန်လည်း ကျပါပြီ။ ကာချုပ်ကြီး မိသားစုလည်း ပြင်ဦးလွင်မှာ ကျောင်းဆင်းပွဲတွေပြီးလို့ သင်္ကြန်ကာလ အနားယူချိန်လည်း ရောက်နေပါပြီ။ တပ်မတော် ဧည့်ဂေဟာ အပေါ်ထပ်မှာလည်း သမီးတော်တွေက ရေပုံးတွေနဲ့ အလုပ်ရှုပ်နေပါပြီ။ ဟော…. အရာရှိငယ်လေး တစ်ယောက် အဆောင်ရှေ့ကနေ စမတ်ကျကျ လမ်းလျှောက် လာနေပါပြီ။ လက်ထဲမှာလည်း ဖိုင်တစ်ထပ်ကြီး ကိုင်လို့၊ ဘယ်သူ့ကို ဘာများ သွားသတင်းပို့မလို့ပါလိမ့်။
ရုပ်ရှင်သာ ဆိုရင်တော့ အကယ်ဒမီရမယ့် အခန်းပေါ့ဗျာ။ အဲဒီလိုနဲ့ သင်္ကြန်ကာလမှာ တပ်မတော် ဧည့်ဂေဟာ ရှေ့ကနေ အရာရှိလေးတွေ ဖြတ်သွားလိုက်၊ အပေါ်က ရေတွေလောင်းချလိုက်၊ ရေလောင်းခံရတဲ့ အရာရှိလေးတွေ လန့်သွားလိုက်နဲ့ သင်္ကြန်ကာလကို ကာချုပ်ကြီးရဲ့ သမီးတော်တွေက ပျော်ပျော်ကြီး ဖြတ်သန်းကြပါတော့တယ်။
သူတို့က အဆောင်အပေါ်ကနေ ရေတွေ ပက်လိုက်၊ အောက်က အရာရှိလေးတွေက သူတို့ကို ဘယ်သူပက်မှန်း မသိရှာဘူးဆိုပြီး သဘောတွေ ကျလိုက်နဲ့ပေါ့။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အရာရှိလေးတွေရဲ့ ညနေခင်း အရက်ဝိုင်းမှာတော့ “မင်းကလည်း အိုဗာအိုက်တင် လုပ်လိုက်တာ၊ လန့်ပြရင် တော်ရောပေါ့။ အောင်မယ်လေးဗျဆိုပြီး ထခုန် ပြနေသေးတယ်တို့၊ ဟဒီလိုမလုပ်ရင် သူတို့ အပေါ်ကနေ ရေပက်မှာကို ကြိုသိနေလို့ မကြောက်တာပါ။ မလန့်တာပါဆိုရင် အမှုက ပိုကြီးဦးမယ်။ ခုတော့ ပြီးကရော၊ သူတို့လည်း သဘောကျ တိုင်ကြားက ချောင်းကြည့်နေတဲ့ တပ်နယ်မှူးကြီးက ငါ့ကို လက်မထောင်ပြပြီး ချီးကျူး သွားသေးတယ်ဆိုတဲ့ အသံတွေ၊ ဟေ့ကောင် ငါ့ဖိုင် ရေစိုသွားပြီနော်။ အသစ်ပြန်ဝယ်ပေးဦးဆိုတဲ့ အသံတွေ၊ တော်ရုံပဲ အိုက်တင်ပေးကြဦး ဟ၊ မတော်လို့ တော်ကောက်ပြီး ပန်းခွေစွပ်သွားရင် ငါတို့ရဲ့ လက်ရှိရည်းစားတွေက သူတို့ကိုယ်သူတို့ သတ်သေသွားဦးမယ်တို့” စတဲ့ အသံတွေ ကြားရမှာ ဖြစ်ပါတယ်။
၁၉၉၂ ခုနှစ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်ဆီကနေ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သာဂေါင်ကြီးက အာဏာသိမ်းခဲ့ပါတယ်။ အဲဒီ့အချိန်က အစိုးရ ကက်ဘိနက်မှာ သာဂေါင်ကြီးဟာ တိုင်းပြည်အပေါ် စိတ်သဘောထားကောင်းနဲ့ အုပ်ချုပ်မယ့်သူ ဖြစ်တယ်။ သူ့ကို ပြန်ငြင်းခုံရင်လည်း လက်ခံတယ်ဆိုပြီး ၀န်ကြီးတွေကြားမှာ အမှတ်ရခဲ့ပါတယ်။ အမှန်ကတော့ ထောက်လှမ်းရေး အကူအညီနဲ့ အာဏာသိမ်းထားပြီး အခြေမခိုင်သေးလို့ သူ့ကို ဝေဖန်တာတွေကို သည်းခံနေတာ ဖြစ်တယ်။
တစ်ချိန်တည်းမှာ အဲဒီအချိန်က ၀န်ကြီးတွေကလည်း သူနဲ့ မတိမ်းမယိမ်းတွေ၊ သူ့ထက်နာမည်ပိုကြီးပြီး လက်ရဲဇက်ရဲတွေကလည်း စစ်တိုင်းမှူးတွေဆိုတော့ မနိုင်၍ သည်းခံရခြင်းသည် လည်းကောင်းဆိုပြီး ဟဲဟဲဟဲဟဲနဲ့ အရူးဇာတ်နင်းခဲ့တာ ဖြစ်တယ်။ တဖြည်းဖြည်းနဲ့ အခြေကျလာချိန်မှာ သူနဲ့မတိမ်းမယိမ်း တိုင်းမှူးတွေကို စစ်တပ်ကနေ ဆွဲထုတ်ပြီး ၀န်ကြီးတွေ ခန့်လိုက်တယ်။
ပြီးတော့ ထောက်လှမ်းရေးကို မျက်စပစ်ပြီး သူ့ကို လုံးဝ မကြောက်တဲ့ တိုင်းမှူး လူထွက် ၀န်ကြီးတွေကို ဖြုတ်ပစ်လိုက်တယ်။ အနောက်ဖက် ၀က်တဲလို့ လူတွေ လှောင်ခေါ်တဲ့ န၀တ နေရာမှာ နယကဆိုပြီး အမည်ပြောင်းလိုက်တယ်။ မြို့နယ်အဆင့်ကတော့ မယကပေါ့။ အများက မယားကြောက်လို့ ခေါ်ခဲ့ကြတယ်။
သူနဲ့ မတိမ်းမယိမ်း ၀န်ကြီးတွေကို သုတ်သင်အပြီးမှာ သူ့တပည့်တွေ ဖြစ်ခဲ့ပေမယ့် အရင် ဦးစောမောင် ခန့်သွားတဲ့ ၀န်ကြီးတွေကို ရှင်းလင်းလိုက်တယ်။ ဒါတွေနဲ့ ပြီးရောလားဆိုတော့ မပြီးသေးပါဘူး။ သူ့ကို ငယ်နိုင်လို ဖြစ်နေတဲ့ စစ်ထောက်လှမ်းရေး တစ်ခုလုံးကိုလည်း အမြစ်ကနေ လှန်ပစ်လိုက်ပါတယ်။ ထိပ်ဆုံးကနေ အောက်ခြေ ရဲဘော်အထိ ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ခဲ့တာဖြစ်တယ်။ အဲဒီလို အဆင့်ဆင့် ရှင်းပြီးတဲ့ အချိန်ကစလို့ သမီးတော်တွေလည်း ထင်တိုင်းကဲလို့ရတဲ့ ဘ၀ကို ရောက်သွားတော့ တာပါပဲဗျာလို့ ခရိုနီ လက်ဟောင်းကြီးက သူ့စကားကို ဒီတစ်ပတ် အတွက် အဆုံးသတ်လိုက် ပြန်ပါတော့တယ်။
ပရိသတ်အတွက် ရှေ့တစ်ပတ် ခင်ဗျား ပြောပြမယ့် ခေါင်းစဉ်လေး ပေးဦးလေဆိုတော့ နောက်တစ်ပတ်လည်း အသောလေးတစ်ခု ဆက်ပြောမယ်ဗျာ။ မချေဖြစ်ခဲ့သော ယတြာနှင့် ညမအိပ် လိုက်ရသော တိုင်းမှူးလို့ ခေါင်းစဉ်ပေးထားလိုက်။ ဒီမှာလည်း ဇာတ်လိုက်တွေ ကတော့ သမီးတော်တွေပဲပေါ့ဗျာတဲ့...
---
အပျင်းပြေဖတ်ဖို့ ပုံပြင်လေးတွေအဖြစ် တင်ပြပေးတာသာ ဖြစ်ပါတယ် ပိုစ့်ပါ ဖြစ်ရပ်များ အမှန်ဟုမဆိုလိုပါ Tomorrow News Journal မှ စာရေးဆရာ လက်စောင်းထက် ရေးသားသော သမီးတော်ရာဇ၀င် ဆောင်းပါးကို ကူးယူဖေါ်ပြတာဖြစ်ပါသည် ပုံတွေကိုတော့ ကာတွန်းဆရာ ဝေယံ (တောင်ကြီး) ရေးဆွဲထားတာတွေပါ။
============
လက်စောင်းထက်
Tomorrow News Journal
မချေဖြစ်သော ယတြာနှင့် ညမအိပ်လိုက်ရသော တိုင်းမှူး
(သမီးတော် ရာဇ၀င် - ၄)
သမီးတော်တွေဟာ သူတို့ကလွဲရင် တခြားဘယ်သူမှ ပျော်နေတာကို မမြင် ချင်ကြဘူး။ ဒါကြောင့်လည်း ရောက်လေရာ နေရာတိုင်းက လူတွေကို ကြံကြံဖန်ဖန် ဒုက္ခပေးလေ့ရှိတယ်။ တပ်မှူးကတော်တွေကို အတွင်းခံဘောင်းဘီ လျှော်ခိုင်းတာ၊ စစ်ဦးစီးမှူး ပထမတန်း ဇနီးကို အိမ်သာဆေးခိုင်းတာက အစ သူတို့နဲ့ ပတ်သက်သမျှ လူတွေကို ဘယ်လိုစိတ်ဆင်းရဲအောင် လုပ်ရမလဲဆိုတာ ခေါင်းထဲက အမြဲထွက်နေသူတွေ ဖြစ်တယ်။
ဒီတစ်ပတ်တော့ သမီးတော်တို့က ကာချုပ်ကြီးနဲ့အတူ ရှမ်းပြည်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးကို ရောက်လို့ လာပါပြီ။ အဲဒီအချိန်မှာ လားရှိုး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကလည်း နာမည်ကျော် ရှစ်လုံးကြီးပေါ့။ အောက်က ဗျူဟာမှူးတွေ၊ တပ်မမှူးတွေ၊ တပ်ရင်းမှူးတွေ အပေါ်သာ မောက်မာချင်တိုင်း မောက်မာ၊ နိုင်ချင်တိုင်း နိုင်လို့ရမယ်။ သမီးတော်တွေ ရောက်လာတော့ တိုင်းမှူးလည်း ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကို ဖြစ်လို့။
ချမ်းအေးတဲ့ လားရှိုးရဲ့ ညချမ်းမှာ သမီးတော် တစ်ပါးက ညစာသုံးဆောင်အပြီး သူ့အခန်းတွင်း ၀င်ကာနီးမှာ လိုက်ပြီး ဂွတ်နိုက်လုပ်တဲ့ တိုင်းမှူးကြီးကို “မနက်ဖန် မနက် ခြောက်နာရီမှာ သမီးယတြာ ချေဖို့ရှိတယ်။ အဲဒါ မန်ကျည်း ကိုးညွန့်နဲ့ ထန်းကိုးညွန့် အသင့် လုပ်ထားပေးပါ အန်ကယ်”တဲ့။ အဲဒီ့စကားကြားလိုက်ရတဲ့ ရှစ်လုံးကြီး ခေါင်းကို ဆင်နင်းသလို ဖြစ်သွားတယ်။ ကမ္ဘာပေါ်မှာ အမြော်အမြင် အရှိဆုံးနဲ့ အတော်ဆုံး ခေါင်းဆောင်ကြီးပါရယ်လို့ ၀န်ကြီးတစ်ဦးက ထိုင်ရှိခိုးခြင်းကို ခံယူဖူးတဲ့ ကာချုပ်ကြီးက ရှမ်းပြည်မှာ တပ်တိုင်း မန်ကျည်းတစ်ထောင်၊ ထန်းတစ်ထောင် စိုက်ရမယ်လို့ အရင်က ဗျာဒိတ်ပေးခဲ့ဖူးပေမယ့် ရှမ်းပြည်ရဲ့ အေးမြတဲ့ ရာသီဥတုအောက်မှာ ဒီအပင်တွေက ဘယ်လိုလုပ် ပေါက်နိုင်မှာလဲ။ အခုတော့ သမီးတော်က အမိန့်တော်မှတ်လိုက် ချေပြီ။ တိုင်းမှူးကတော့ ရာသီဥတုကိုပဲ အပြစ်ဖို့ရမလား။ ဒီကိုမှ တိုင်းမှူးလာဖြစ်တဲ့ သူ့ဘ၀ကိုပဲ စိတ်နာရမလား ဝေခွဲမရပေမယ့် အမိန့်ကို နာခံရမယ်ဆိုတဲ့ စစ်သားတို့ထုံး နှလုံးမူပြီး မနက်၆နာရီမှာ မန်ကျည်းကိုးညွန့်နဲ့ ထန်းကိုးညွန့် အဆင်သင့် လုပ်ထားပါမယ်ဆိုပြီး ရဲရဲကြီး အာမခံလိုက်ပါတယ်။
အဲဒီနောက်မတော့ တိုင်းမှူးရဲ့ အရေးပေါ် အစည်းအဝေး ခေါ်လိုက်ပါတော့တယ်။ တပ်မှူးတွေကတော့ ရင်တထိတ်ထိတ်နဲ့ပေါ့။ ဘယ်နေရာမှာ ဘာမှားလို့ ဘယ်သူအထိုး ခံရမလဲဆိုတဲ့ ကြောက်စိတ်တွေနဲ့ အစည်းအဝေးခန်းထဲကို အားလုံးရောက်လာကြပါတော့တယ်။
လူစုံတာနဲ့ တိုင်းမှူးကြီးက ယာယီ တပ်ရင်းမှူးတွေ၊ ယာယီ တပ်မှူးတွေကို
ဆင့်ကမ်း အမိန့်တော် ခြွေပါတော့တယ်။ မင်းတို့ပုခုံးပေါ်မှာ အပွင့်တင်ချင်ရင်
မနက်ဖန် မနက် ၄နာရီမှာ ငါ့လက်ထဲကို မန်ကျည်း ကိုးညွန့်နဲ့ ထန်း ကိုးညွန့်
(အဲမဟုတ်သေးဘူး) လိုရမယ်ရ မန်ကျည်းကိုင်းလိုက် ချိုင်လာခဲ့၊ ထန်းရွက်
အကိုင်းလိုက် ချိုင်လာခဲ့။ ဒါဆို မင်းတို့ဘာအပြစ်ရှိရှိ အပွင့်
တင်ရမယ်ဆိုပြီး တိုတိုတုတ်တုတ်နဲ့ အစည်းအဝေးကို ဖြတ်လိုက်ပါတယ်။
ဒီတစ်ခါ စိတ်ဆင်းရဲဖို့ အလှည့်ကျသူတွေကတော့ ယာယီ တပ်ရင်းမှူးတွေနဲ့ ယာယီ တပ်မှူးတွေပေါ့။ ဒီလိုညကြီး မင်းကြီးမှာ လားရှိုးမှာ မရှိတဲ့ မန်ကျည်းနဲ့ ထန်းညွန့်တွေ ဘယ်လိုလုပ်ရှာမလဲ။ ဒါပေမဲ့ စစ်တပ်လေ သိတယ်မဟုတ်လား။ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ ဆိုရိုးကြီးကလည်း အရိုးစွဲနေလေတော့ ကြံကြရပြီပေါ့။
တစ်ယောက်က မန္တလေးမှာတော့ သေချာတယ်။ ဒါပေမဲ့ အချိန်လင့်နေပြီ။ ဘယ်နှယ့် လုပ်ကြမလဲတဲ့။ တစ်ယောက်က ကာချုပ်ကြီး သမီးတော်တွေကလည်း မန္တလေး လှမ်းမှာပြီး ရဟတ်ယာဉ်နဲ့ လာပို့ခိုင်းလဲရတာကို ငါတို့ကို သက်သက် ဒုက္ခပေးနေတယ်တဲ့။ တစ်ယောက်ကတော့ ဟေ့ကောင်တွေ လေကြောရှည်မနေနဲ့။ နာရီကြည့်ကြဦး။ မနက်ကျမှ မျက်နှာကို လက်သီးနဲ့ အထိုးခံပြီး ခြေနဲ့လှိမ့်ကန်တာ ခံနေရဦးမယ်တဲ့။ ဒီတော့မှ မန်ကျည်းနဲ့ ထန်းစစ်ဆင်ရေး အတွက် ယာယီတပ်မှူးတွေ စစ်ရေး သုံးသပ်ချက်တွေ လုပ်ပြီး စစ်ဆင်ရေး စီမံချက်ကို ဆွဲကြပါတော့တယ်။
သူတို့စီမံချက်ကတော့ တင်း ၊ ရည်၊ လုပ်၊ အုပ်၊ ဆက်ဆိုတဲ့ သတင်း၊ ရည်မှန်းချက်၊ လုပ်နည်း၊ အုပ်ချုပ်မှု၊ ဆက်သွယ်မှုဆိုတဲ့ အချက်တွေ အားလုံး ပြည့်စုံပါပေတယ်။ တစ်ခုပဲရှိတယ်။ ရန်သူကို တိုက်ဖို့မဟုတ်ဘဲ သမီးတော်တွေရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးရမှာလေ။ မန္တလေးနဲ့ အဆက်အသွယ်ရှိတဲ့ တပ်မှူး တစ်ယောက်က မန္တလေးကို လှမ်းဖုန်းဆက်တယ်။ မန်ကျည်းကိုင်းတွေနဲ့ ထန်းလက်တွေ ရသလောက် ခုတ်ပြီး ကားနဲ့တက်လာခဲ့ပါ။ ဒီကလည်း ကားနဲ့ဆင်းလာပြီး ကားနှစ်စီးဆုံတဲ့ အချိန်မှာ ကားပေါ်ကို ပစ္စည်းတွေ ရွှေ့တင်ပါ့မယ်ပေါ့။ မန္တလေးဘက်က ဒီလို ညကြီးမင်းကြီး ဘယ်သူက ထန်းပင်တက်မှာ လဲပေါ့။ ထန်းညွန့်ပဲဆိုရင် ဘုရားတစ်ဆူဆူက ပန်းဆိုင်က ၀ယ်လို့ရသေးတယ်။ အခုဟာက ထန်းလက်လိုက်ကြီး ယူလာရမှာဆိုတော့ ခက်တယ်ပေါ့။ ဒီဘက်ကလည်း ဘယ်လောက်ကုန်ကုန်ပါ။ ထန်းပင်ပေါက်လေးတွေရှာပြီး ထန်းလက်ကိုင်းလိုက်သာ ခုတ်ပြီး ကားပေါ်တင်ခဲ့ပါပေါ့။
လိုရင်း ဇာတ်ပေါင်းရရင် မန်ကျည်းကိုင်းတွေနဲ့ ထန်းလက်တွေတင်ပြီး မန္တလေးက တက်လာတဲ့ကားနဲ့ လားရှိုးက ဆင်းယူတဲ့ကားက သီပေါမှာ တွေ့ပြီး ပစ္စည်းတွေပြောင်းတင်။ လားရှိုးကို အမြန်ပြန်မောင်း။ လားရှိုးရောက်တော့ အပြစ် အနာအဆာ မပါတဲ့ ပိုးကိုက်ရာ၊ နေလောင်ရာ မပါတဲ့ မန်ကျည်း ကိုးညွန့်နဲ့ ထန်းညွန့် ကိုးညွန့်ကို ရွေးလို့ တိုင်းမှူးကြီး လက်အပ်လိုက်ချိန်မှာ မနက် ၃နာရီထိုးနေပါပြီ။ ထိုင်ရမလို ထရမလို ဖြစ်နေတဲ့ တိုင်းမှူးကြီးလည်း တပည့် တပ်မှူးတွေကို ရှဲရှဲနီပေါ့လေ။ တိုင်းမှူးကြီးခမျာ ၀မ်းသာပီတိဖြစ်ပြီး ညမအိပ်နိုင်တော့ပါဘူး။ အဲဒီ့ ယတြာချေမယ့် အညွန့်တွေကို ငွေဖလားကြီးထဲ ထည့်၊ ဖလားကြီးကို ရင်ဝယ်သားသဖွယ် ကိုင်ပြီး မနက် ၄နာရီလောက် ကတည်းက သမီးတော်တွေ အခန်းဝ သွားစောင့်နေတော့တာပေါ့။ ဒါပေမဲ့ မနက်၆နာရီ ဘုရားသွား ယတြာချေမယ် ပြောထားပေမယ့် မနက် ၅နာရီမှာလည်း အခန်းတံခါးက မဖွင့်။ ၆နာရီမှာလည်း တံခါးက မဖွင့်။ ဘယ်သူမှလည်း အခန်းတံခါး ခေါက်ပြီး မနှိုးရဲ။ နှိုးစက်ပဲ မမည်တာလား။ ရိပ်သာ တာဝန်ကျတွေ ကိုရော မနက်နှိုးဖို့ မပြောထားဘူးလားဆိုပြီး တိုင်းမှူးကြီး ဗျာများနေရပါပြီ။ လိုက်မေးတော့ ဘယ်အခန်းကမှ မနက်နှိုးဖို့မှာ မထားဘူးတဲ့။
မနက် ၇ နာရီလည်း ဘယ်အခန်းတံခါးမှ မပွင့်လာ။ မနက်၈နာရီလည်း တံခါးတွေ ပိတ်ထားဆဲ။ ပွင့်မယ့်ပွင့်တော့ မနက်၉နာရီမှ အခန်းတံခါး ပွင့်လာလို့ ကဗျာကယာ အခန်းဝသွားပြီး သမီးတော် ယတြာချေဖို့ မှာထားတာတွေ လေဆိုပြီး လက်ထဲမှာ တပွေ့ပွေ့ကိုင်ထားရတဲ့ ငွေဖလားကြီးထဲက မန်ကျည်းညွန့်တွေ၊ ထန်းညွန့်တွေပြတော့ သမီးတော်က ဇဝေဇ၀ါနဲ့။ အဲဒါဘာတွေလဲတဲ့။ ညတုန်းက သမီးတော် မှာထားတာတွေလေ။ ယတြာချေဖို့ မန်ကျည်းညွန့်တွေနဲ့ ထန်းညွန့်တွေလေလို့လည်း ပြောရော “အော် ဟုတ်လား။ ညကပြောမိလား။ မချေတော့ပါဘူး” ဆိုပြီး အခန်းထဲ ပြန်ဝင်သွားတော့တယ်။ အဲဒီ့အချိန်မှာ ဖြစ်နေမယ့် တိုင်းမှူးမျက်နှာ ခင်ဗျားတို့ မြင်စေချင်တယ်ဗျာ”လို့ ပြောပြီး စကားကို လက်စသတ် လိုက်ပါတယ်။ နောက်တစ်ပတ်ကျရင် ပြည်တွင်းမှာ သာမက ပြည်ပမှာပါ သမီးတော်တွေ ဘယ်လို မွှေသလဲဆိုတာတွေ ပြောပြဦးမယ်လို့ စကားလက်ဆောင်ပါး သွားလေရဲ့။
လက်စောင်းထက်
(Tomorrow မှကူးယူဖော်ပြပါသည်။)

သမီးတော်ရာဇ၀င် (၅)
ဧည့်ခန်းထဲက အပုံကြီး၊ ဘယ်သူပါတာလဲဟေ့
===================
===================
စစ်အာဏာရှင် သာဂိကြီးရဲ့ ပုဂံညောင်ဦး ခရီးစဉ်မှာ အဲဒီ့အချိန်က နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူက ထိုင်ကန်တော့ခဲ့ဖူးပါတယ်။
ညဘက် နိုင်ငံတော် ဧည့်ရိပ်သာမှာ သာဂိကြီးက အတူပါလာတဲ့ ၀န်ကြီးတွေနဲ့ထိုင်ပြီး စကားစမည် ပြောနေချိန်မှာပေါ့။ အဲဒီ့နိုင်ငံခြားရေး ၀န်ကြီးက ဆက်တီပေါ်ကနေ ကြမ်းပေါ်ကိုဆင်းပြီး သာဂိကြီးကို လက်အုပ်ချီလိုက်တယ်။ ပါးစပ်ကလည်း ကျွန်တော် သံအမတ်ကြီး အဖြစ်နဲ့ နိုင်ငံပေါင်းများစွာမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး နိုင်ငံ့ခေါင်းဆောင်တွေ အများကြီးနဲ့ ထိတွေ့ ဆက်ဆံဖူးပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးလို ဉာဏ်ပညာကြီးမားတဲ့၊ ထက်မြက်တဲ့၊ အမြော်အမြင်ရှိတဲ့ တိုင်းပြည်အတွက် နေ့မအိပ် ညမအိပ် ကြိုးပမ်းဆောင်ရွက်တဲ့ ခေါင်းဆောင်မျိုး မတွေ့ခဲ့ဖူးပါဘူး။ ဒါကြောင့် ကျွန်တော့် ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ကြည်ညိုလွန်းလို့ ကန်တော့ပါရစေဆိုပြီး ကန်တော့ပန်းဆင်လေတော့ ဆက်တီပေါ်က ကျန်ဝန်ကြီးတွေလည်း ရောယောင်ပြီး ကြမ်းပေါ်ဆင်းလို့ လိုက်ကန်တော့ ရခဲ့ဖူးပါတယ်။ ပြီးမှနောက်ကွယ်က ဆဲကြတာပေါ့လေ။
အဲဒီ့နိုင်ငံခြားရေး ၀န်ကြီးဟာ ဘယ်ဝန်ကြီးကမှ မကြံစည်ဖူးတာ တစ်ခုလည်း လုပ်ခဲ့ပါတယ်။ ဒါကတော့ သမီးတော်တွေကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှာ အတွင်းဝန်ရာထူး အသီးသီးနဲ့ ခန့်အပ်လိုက်တာပါပဲ။ ဒီလို အသားကုန်ဖားခဲ့ပေမယ့် သူ့ရဲ့ နောက်ဆုံးခရီးကတော့ မလှပခဲ့ပါဘူး။ စာမဖွဲ့လောက်တဲ့ ပြစ်မှုနဲ့ အထိန်းသိမ်းခံရပြီး အကျဉ်းထောင်ထဲမှာပဲ ဘ၀ဇာတ်သိမ်းခဲ့ရပါတယ်။
အဲဒီအချိန်မှာ ဒီလူကြီးက ငါတို့ကို မတန်မရာ ရာထူးတွေ ပေးပြီး ဥရောပက ပိတ်ဆို့ထားချိန်မှာ ငါတို့ကို ဥရောပနိုင်ငံတွေမှာ သံအရာရှိ အနေနဲ့ နေခဲ့ဖူးအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင်ပါလားဆိုတဲ့ စိတ်မျိုးလည်း သူတို့ရင်ထဲမှာ ပေါ်ခဲ့ဟန် မတူပါဘူး။
အဲဒီ့ သွားလေသူ နိုင်ငံခြားရေး ၀န်ကြီးကောင်းမှုနဲ့ သမီးတော် အသီးသီးဟာ နိုင်ငံခြားက မြန်မာသံရုံးတွေကို ရောက်ပြီး အမွှေဇာတ်တွေ ခင်းကြပါတော့တယ်။ သမီးတော် တစ်ပါးကတော့ ဥရောပက သံရုံးတစ်ရုံးကို ရောက်ပါတယ်။ အဲဒီမှာနေတုန်း တစ်နေ့မှာ သံအမတ်ကြီး ကတော်က သူ့ရဲ့မွေးနေ့ပွဲကို မြို့ထဲက ဟိုတယ်တစ်ခုမှာ လုပ်မှာဖြစ်လို့ သမီးတော် ကြွရောက်ချီးမြှင့်ပေးဖို့ ဖိတ်ကြားပါတယ်။
သမီးတော်ကလည်း ပွဲကို ကြွချီလာပါတယ်။ ဒါပေမဲ့ သံအမတ်ကြီး ကတော်ရဲ့ မွေးနေ့ပွဲ စမယ်အလုပ်မှာ သမီးတော်က သူဗိုက်အောင့်လှချည်ရဲ့လို့
အော်ပါတော့တယ်။ အားလုံးလည်း ပျာယာခတ် ကုန်တာပေါ့။ ဒါနဲ့ မွေးနေ့ရှင်
သံအမတ်ကြီး ကတော်နဲ့ ခင်ပွန်း သံအမတ်ကြီးတို့က ပွဲကိုဖျက်ပြီး သမီးတော်ကို
ဆေးခန်းပို့ဖို့ ကားနဲ့ခေါ်လာတော့ သမီးတော်က ဆေးခန်း မသွားချင်ဘူး။
အိမ်ပြန်မယ်လို့ အမိန့်တော်ချပါတယ်။
အိမ်ရောက်လို့ သမီးတော်က ကားပေါ်ကဆင်းပြီး ပြောသွားတဲ့ စကားတစ်ခွန်းကတော့ မှတ်သားလောက်ပါတယ်။ ကျွန်မ ဘာမှမဖြစ်ဘူး။ တမင် အန်တီ့ မွေးနေ့ပွဲကို ဖျက်လိုက်တာတဲ့။ ဒီတော့ အရင်အပတ်တွေက ပြောဖူးသလို ဒီမိသားစုက သူများတွေ ပျော်ရွှင်နေရင် ကြည့်မရဘူးဆိုတဲ့ စကားက မမှန်ပေလားဗျာ။
နောက်တစ်ယောက်ကတော့ ပိုဆိုးတယ်လို့ ပြောရလိမ့်မယ်။ သူက အိမ်နီးချင်းနိုင်ငံကြီး တစ်ခုရဲ့ သံရုံးမှာ တာဝန်ကျတယ်။ အမှန်က တာဝန်ကျတာ မဟုတ်ပါဘူး။ အစိုးရ ရာထူးနဲ့ နိုင်ငံခြားမှာ အလည်သွားနေတာပါ။ သံတမန်ဆိုတော့ တော်ရုံ အရူးကြော ထရင်လည်း သံတမန် ကင်းလွတ်ခွင့်တွေ ဘာတွေနဲ့ အရေးယူ မခံရနိုင်ဘူးလေ။
အဲဒီ့ သံရုံးမှာ သမီးတော်က သံအမတ်ကြီးရဲ့ စံအိမ်တော်မှာ စံမြန်းတော်မူပါတယ်။ သံအမတ်ကြီးကတော့ ဘေးနားက သံအရာရှိငယ် တစ်ယောက် အိမ်ကို ပြောင်းပေးရပါတယ်။ သမီးတော်က စံမြန်းတာမှ ရိုးရိုးစံမြန်းတာ မဟုတ်ဘဲ ဧည့်ခန်းထဲမှာ သူထိုင်ဖို့ ဆက်တီ တစ်လုံးသာထားပြီး ကျန်ဆက်တီတွေကို ဖယ်ရှားလိုက်ပါတယ်။ သဘောကတော့ လာတဲ့ဧည့်သည်ဟာ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး သူ့ကို စကား ပြောရမယ်ပေါ့။
သံအမတ်ကြီးက ကြမ်းပေါ်မထိုင်ချင်လေတော့ အဲဒီ့အိမ်ကို အခေါ်ခံရလေတိုင်း မတ်တပ်ရပ်ပြီးပဲ စကားပြောလေ့ရှိပါတယ်။ ဒီအချက်ကို သမီးတော်က မကျေနပ်ဘူး။ တစ်နေ့တော့ ငါ့အကြောင်း ကောင်းကောင်း သိရစေမယ်လို့လည်း စိတ်ထဲက အကြံထုတ်နေပုံ ရပါတယ်။
မကြာပါဘူး။ တစ်နေ့မနက်မှာတော့ သံရုံးရဲ့ သန့်ရှင်းရေး ၀န်ထမ်းနဲ့ သမီးတော် ပြဿနာ အကြီးအကျယ် တက်ပါတော့တယ်။ ဘာပြဿနာလဲဆိုတော့ သမီးတော်က သူစံမြန်းနေတဲ့ သံအမတ်ကြီးရဲ့ အိမ်က ဧည့်ခန်းထဲက ကြမ်းပြင်ပေါ်မှာ အီအီးပုံကြီးပါချထားပြီး အဲဒီ့နိုင်ငံသူ သန့်ရှင်းရေး ၀န်ထမ်းကို ကျုံးခိုင်းတဲ့အတွက်ပါ။
အဲဒီ့နိုင်ငံမှာက ၀န်ထမ်းခန့်ချင်ရင် ကိုယ့်သဘောနဲ့ ကိုယ်ခန့်ခွင့် မရှိပါဘူး။ အဲဒီနိုင်ငံက နိုင်ငံခြားရေး ဗျူရိုမှာ လိုချင်တဲ့ ၀န်ထမ်းကို ငှားရတာပါ။ ဒီတော့ ဟိုကပေးတဲ့ ၀န်ထမ်းဆိုတာကလည်း ဘယ်လိုလူတွေ ပေးမလဲဆိုတာ သိလောက်ကြပါရဲ့။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံက သံရုံးတွေ အတွက်ဆိုရင် အထူးလေ့ကျင့်ထားတဲ့ အေးဂျင့်တွေကိုပဲ အလုပ်သမား အသွင်ယူပြီး ပေးမှာလေ။ အဲဒီ့နိုင်ငံက သန့်ရှင်းရေး အသွင်ယူ ထောက်လှမ်းရေး အေးဂျင့်မလေးမှာတော့ သူ့ဘ၀တစ်လျှောက် မကြားဖူးတာတွေ ကြားလိုက်ရလို့ ဒေါသ အမျက် ချောင်းချောင်း ထွက်သွားပါတယ်။ သမီးတော်က သူ့အီအီးပုံကို ကျုံးခိုင်းလို့ပါ။
ပြဿနာက သံအမတ်ကြီးဆီ ရောက်လာပါတော့တယ်။ သံအမတ်ကြီးက အပြေးအလွှားလည်း သွားကြည့်ရော ဧည့်ခန်းထဲက ကြမ်းပေါ်မှာ အနံ့အသက်ဆိုးလှတဲ့ အီ အီးပုံကြီးက မြင်မကောင်းအောင် နံစော်နေတာ တွေ့လိုက်ရပါတယ်။ ဟိုနိုင်ငံသူဝန် ထမ်းကလည်း သူ့အလုပ်ထဲမှာ ဒါမပါလို့ မကျုံးရေးချ မကျုံးဘူး။ နောက်ဆုံးမတော့ သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေက အဲဒီ့ အီအီးပုံကြီးကို သန့်ရှင်းရေး လုပ်လိုက်ကြရပါတော့တယ်။
အဲဒီ့ခေတ်က သံအမတ်ကြီးတွေဟာ နိုင်ငံတစ် နိုင်ငံမှာ သုံးနှစ်စီ တာဝန် ထမ်းဆောင်ရကြပေမယ့် ပြေလည်ရင် ပြေလည်သလို နှစ်ပိုထားတာတွေ၊ အသက် ၆၀မှာ ပင်စင်ယူရပေမယ့် ပြေလည်ရင် ပြေလည်သလို Extensionပေးပြီး ထပ်မံတာဝန် ထမ်းဆောင်ခွင့်တွေ ရကြပေမယ့် အဲဒီ့သံအမတ်ကြီးကတော့ အသက် ၆၀ပြည့်တာနဲ့ တစ်ခါတည်း ပင်စင်တင်လိုက်ပါတော့တယ်။
အဲဒီ့ သံအမတ်ကြီးက တပ်မတော်က ဗိုလ်မှူးချုပ် ရာထူးကနေ သံအမတ်ကြီး ဖြစ်သွားတာ။ မြန်မာနိုင်ငံ ပြန်ရောက်လာတဲ့ အချိန်မှာ အဲဒီ့အဖြစ်အပျက်ကို မခံစားနိုင်လွန်းလို့ သူ့သူငယ်ချင်းဝန်ကြီးတွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးတွေကို ပြောပြရင်း အခုမှ ငါလည်း ၀ဋ်ကျွတ်တော့တာပါပဲကွာဆိုပြီး
ပြောတော့ အားလုံးက ခေါင်းတညိမ့်ညိမ့်နဲ့ မင်းက အိုဇာတာ
အတော်ညံ့ရှာတာပဲဆိုပြီး အဲဒီ့အငြိမ်းစား သံအမတ်ကြီးကို
ဝိုင်းသနားနေကြလေရဲ့။
---
အပျင်းပြေဖတ်ဖို့ ပုံပြင်လေးတွေအဖြစ် တင်ပြပေးတာသာ ဖြစ်ပါတယ် ပိုစ့်ပါ ဖြစ်ရပ်များ အမှန်ဟုမဆိုလိုပါ Tomorrow News Journal မှ စာရေးဆရာ လက်စောင်းထက် ရေးသားသော သမီးတော်ရာဇ၀င် ဆောင်းပါးကို ကူးယူဖေါ်ပြတာဖြစ်ပါသည် ပုံတွေကိုတော့ ကာတွန်းဆရာ ဝေယံ (တောင်ကြီး) ရေးဆွဲထားတာတွေပါ။
============
လက်စောင်းထက်
Tomorrow News Journal
ဧည့်ခန်းထဲက အပုံကြီး၊ ဘယ်သူပါတာလဲဟေ့
===================
===================
စစ်အာဏာရှင် သာဂိကြီးရဲ့ ပုဂံညောင်ဦး ခရီးစဉ်မှာ အဲဒီ့အချိန်က နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူက ထိုင်ကန်တော့ခဲ့ဖူးပါတယ်။
ညဘက် နိုင်ငံတော် ဧည့်ရိပ်သာမှာ သာဂိကြီးက အတူပါလာတဲ့ ၀န်ကြီးတွေနဲ့ထိုင်ပြီး စကားစမည် ပြောနေချိန်မှာပေါ့။ အဲဒီ့နိုင်ငံခြားရေး ၀န်ကြီးက ဆက်တီပေါ်ကနေ ကြမ်းပေါ်ကိုဆင်းပြီး သာဂိကြီးကို လက်အုပ်ချီလိုက်တယ်။ ပါးစပ်ကလည်း ကျွန်တော် သံအမတ်ကြီး အဖြစ်နဲ့ နိုင်ငံပေါင်းများစွာမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး နိုင်ငံ့ခေါင်းဆောင်တွေ အများကြီးနဲ့ ထိတွေ့ ဆက်ဆံဖူးပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးလို ဉာဏ်ပညာကြီးမားတဲ့၊ ထက်မြက်တဲ့၊ အမြော်အမြင်ရှိတဲ့ တိုင်းပြည်အတွက် နေ့မအိပ် ညမအိပ် ကြိုးပမ်းဆောင်ရွက်တဲ့ ခေါင်းဆောင်မျိုး မတွေ့ခဲ့ဖူးပါဘူး။ ဒါကြောင့် ကျွန်တော့် ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ကြည်ညိုလွန်းလို့ ကန်တော့ပါရစေဆိုပြီး ကန်တော့ပန်းဆင်လေတော့ ဆက်တီပေါ်က ကျန်ဝန်ကြီးတွေလည်း ရောယောင်ပြီး ကြမ်းပေါ်ဆင်းလို့ လိုက်ကန်တော့ ရခဲ့ဖူးပါတယ်။ ပြီးမှနောက်ကွယ်က ဆဲကြတာပေါ့လေ။
အဲဒီ့နိုင်ငံခြားရေး ၀န်ကြီးဟာ ဘယ်ဝန်ကြီးကမှ မကြံစည်ဖူးတာ တစ်ခုလည်း လုပ်ခဲ့ပါတယ်။ ဒါကတော့ သမီးတော်တွေကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှာ အတွင်းဝန်ရာထူး အသီးသီးနဲ့ ခန့်အပ်လိုက်တာပါပဲ။ ဒီလို အသားကုန်ဖားခဲ့ပေမယ့် သူ့ရဲ့ နောက်ဆုံးခရီးကတော့ မလှပခဲ့ပါဘူး။ စာမဖွဲ့လောက်တဲ့ ပြစ်မှုနဲ့ အထိန်းသိမ်းခံရပြီး အကျဉ်းထောင်ထဲမှာပဲ ဘ၀ဇာတ်သိမ်းခဲ့ရပါတယ်။
အဲဒီအချိန်မှာ ဒီလူကြီးက ငါတို့ကို မတန်မရာ ရာထူးတွေ ပေးပြီး ဥရောပက ပိတ်ဆို့ထားချိန်မှာ ငါတို့ကို ဥရောပနိုင်ငံတွေမှာ သံအရာရှိ အနေနဲ့ နေခဲ့ဖူးအောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင်ပါလားဆိုတဲ့ စိတ်မျိုးလည်း သူတို့ရင်ထဲမှာ ပေါ်ခဲ့ဟန် မတူပါဘူး။
အဲဒီ့ သွားလေသူ နိုင်ငံခြားရေး ၀န်ကြီးကောင်းမှုနဲ့ သမီးတော် အသီးသီးဟာ နိုင်ငံခြားက မြန်မာသံရုံးတွေကို ရောက်ပြီး အမွှေဇာတ်တွေ ခင်းကြပါတော့တယ်။ သမီးတော် တစ်ပါးကတော့ ဥရောပက သံရုံးတစ်ရုံးကို ရောက်ပါတယ်။ အဲဒီမှာနေတုန်း တစ်နေ့မှာ သံအမတ်ကြီး ကတော်က သူ့ရဲ့မွေးနေ့ပွဲကို မြို့ထဲက ဟိုတယ်တစ်ခုမှာ လုပ်မှာဖြစ်လို့ သမီးတော် ကြွရောက်ချီးမြှင့်ပေးဖို့ ဖိတ်ကြားပါတယ်။
သမီးတော်ကလည်း ပွဲကို ကြွချီလာပါတယ်။ ဒါပေမဲ့ သံအမတ်ကြီး ကတော်ရဲ့ မွေးနေ့ပွဲ စမယ်အလုပ်မှာ သမီးတော်က သူဗိုက်အောင့်လှချည်ရဲ့လို့
အိမ်ရောက်လို့ သမီးတော်က ကားပေါ်ကဆင်းပြီး ပြောသွားတဲ့ စကားတစ်ခွန်းကတော့ မှတ်သားလောက်ပါတယ်။ ကျွန်မ ဘာမှမဖြစ်ဘူး။ တမင် အန်တီ့ မွေးနေ့ပွဲကို ဖျက်လိုက်တာတဲ့။ ဒီတော့ အရင်အပတ်တွေက ပြောဖူးသလို ဒီမိသားစုက သူများတွေ ပျော်ရွှင်နေရင် ကြည့်မရဘူးဆိုတဲ့ စကားက မမှန်ပေလားဗျာ။
နောက်တစ်ယောက်ကတော့ ပိုဆိုးတယ်လို့ ပြောရလိမ့်မယ်။ သူက အိမ်နီးချင်းနိုင်ငံကြီး တစ်ခုရဲ့ သံရုံးမှာ တာဝန်ကျတယ်။ အမှန်က တာဝန်ကျတာ မဟုတ်ပါဘူး။ အစိုးရ ရာထူးနဲ့ နိုင်ငံခြားမှာ အလည်သွားနေတာပါ။ သံတမန်ဆိုတော့ တော်ရုံ အရူးကြော ထရင်လည်း သံတမန် ကင်းလွတ်ခွင့်တွေ ဘာတွေနဲ့ အရေးယူ မခံရနိုင်ဘူးလေ။
အဲဒီ့ သံရုံးမှာ သမီးတော်က သံအမတ်ကြီးရဲ့ စံအိမ်တော်မှာ စံမြန်းတော်မူပါတယ်။ သံအမတ်ကြီးကတော့ ဘေးနားက သံအရာရှိငယ် တစ်ယောက် အိမ်ကို ပြောင်းပေးရပါတယ်။ သမီးတော်က စံမြန်းတာမှ ရိုးရိုးစံမြန်းတာ မဟုတ်ဘဲ ဧည့်ခန်းထဲမှာ သူထိုင်ဖို့ ဆက်တီ တစ်လုံးသာထားပြီး ကျန်ဆက်တီတွေကို ဖယ်ရှားလိုက်ပါတယ်။ သဘောကတော့ လာတဲ့ဧည့်သည်ဟာ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး သူ့ကို စကား ပြောရမယ်ပေါ့။
သံအမတ်ကြီးက ကြမ်းပေါ်မထိုင်ချင်လေတော့ အဲဒီ့အိမ်ကို အခေါ်ခံရလေတိုင်း မတ်တပ်ရပ်ပြီးပဲ စကားပြောလေ့ရှိပါတယ်။ ဒီအချက်ကို သမီးတော်က မကျေနပ်ဘူး။ တစ်နေ့တော့ ငါ့အကြောင်း ကောင်းကောင်း သိရစေမယ်လို့လည်း စိတ်ထဲက အကြံထုတ်နေပုံ ရပါတယ်။
မကြာပါဘူး။ တစ်နေ့မနက်မှာတော့ သံရုံးရဲ့ သန့်ရှင်းရေး ၀န်ထမ်းနဲ့ သမီးတော် ပြဿနာ အကြီးအကျယ် တက်ပါတော့တယ်။ ဘာပြဿနာလဲဆိုတော့ သမီးတော်က သူစံမြန်းနေတဲ့ သံအမတ်ကြီးရဲ့ အိမ်က ဧည့်ခန်းထဲက ကြမ်းပြင်ပေါ်မှာ အီအီးပုံကြီးပါချထားပြီး အဲဒီ့နိုင်ငံသူ သန့်ရှင်းရေး ၀န်ထမ်းကို ကျုံးခိုင်းတဲ့အတွက်ပါ။
အဲဒီ့နိုင်ငံမှာက ၀န်ထမ်းခန့်ချင်ရင် ကိုယ့်သဘောနဲ့ ကိုယ်ခန့်ခွင့် မရှိပါဘူး။ အဲဒီနိုင်ငံက နိုင်ငံခြားရေး ဗျူရိုမှာ လိုချင်တဲ့ ၀န်ထမ်းကို ငှားရတာပါ။ ဒီတော့ ဟိုကပေးတဲ့ ၀န်ထမ်းဆိုတာကလည်း ဘယ်လိုလူတွေ ပေးမလဲဆိုတာ သိလောက်ကြပါရဲ့။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံက သံရုံးတွေ အတွက်ဆိုရင် အထူးလေ့ကျင့်ထားတဲ့ အေးဂျင့်တွေကိုပဲ အလုပ်သမား အသွင်ယူပြီး ပေးမှာလေ။ အဲဒီ့နိုင်ငံက သန့်ရှင်းရေး အသွင်ယူ ထောက်လှမ်းရေး အေးဂျင့်မလေးမှာတော့ သူ့ဘ၀တစ်လျှောက် မကြားဖူးတာတွေ ကြားလိုက်ရလို့ ဒေါသ အမျက် ချောင်းချောင်း ထွက်သွားပါတယ်။ သမီးတော်က သူ့အီအီးပုံကို ကျုံးခိုင်းလို့ပါ။
ပြဿနာက သံအမတ်ကြီးဆီ ရောက်လာပါတော့တယ်။ သံအမတ်ကြီးက အပြေးအလွှားလည်း သွားကြည့်ရော ဧည့်ခန်းထဲက ကြမ်းပေါ်မှာ အနံ့အသက်ဆိုးလှတဲ့ အီ အီးပုံကြီးက မြင်မကောင်းအောင် နံစော်နေတာ တွေ့လိုက်ရပါတယ်။ ဟိုနိုင်ငံသူဝန် ထမ်းကလည်း သူ့အလုပ်ထဲမှာ ဒါမပါလို့ မကျုံးရေးချ မကျုံးဘူး။ နောက်ဆုံးမတော့ သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေက အဲဒီ့ အီအီးပုံကြီးကို သန့်ရှင်းရေး လုပ်လိုက်ကြရပါတော့တယ်။
အဲဒီ့ခေတ်က သံအမတ်ကြီးတွေဟာ နိုင်ငံတစ် နိုင်ငံမှာ သုံးနှစ်စီ တာဝန် ထမ်းဆောင်ရကြပေမယ့် ပြေလည်ရင် ပြေလည်သလို နှစ်ပိုထားတာတွေ၊ အသက် ၆၀မှာ ပင်စင်ယူရပေမယ့် ပြေလည်ရင် ပြေလည်သလို Extensionပေးပြီး ထပ်မံတာဝန် ထမ်းဆောင်ခွင့်တွေ ရကြပေမယ့် အဲဒီ့သံအမတ်ကြီးကတော့ အသက် ၆၀ပြည့်တာနဲ့ တစ်ခါတည်း ပင်စင်တင်လိုက်ပါတော့တယ်။
အဲဒီ့ သံအမတ်ကြီးက တပ်မတော်က ဗိုလ်မှူးချုပ် ရာထူးကနေ သံအမတ်ကြီး ဖြစ်သွားတာ။ မြန်မာနိုင်ငံ ပြန်ရောက်လာတဲ့ အချိန်မှာ အဲဒီ့အဖြစ်အပျက်ကို မခံစားနိုင်လွန်းလို့ သူ့သူငယ်ချင်းဝန်ကြီးတွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးတွေကို ပြောပြရင်း အခုမှ ငါလည်း ၀ဋ်ကျွတ်တော့တာပါပဲကွာဆိုပြ
---
အပျင်းပြေဖတ်ဖို့ ပုံပြင်လေးတွေအဖြစ် တင်ပြပေးတာသာ ဖြစ်ပါတယ် ပိုစ့်ပါ ဖြစ်ရပ်များ အမှန်ဟုမဆိုလိုပါ Tomorrow News Journal မှ စာရေးဆရာ လက်စောင်းထက် ရေးသားသော သမီးတော်ရာဇ၀င် ဆောင်းပါးကို ကူးယူဖေါ်ပြတာဖြစ်ပါသည် ပုံတွေကိုတော့ ကာတွန်းဆရာ ဝေယံ (တောင်ကြီး) ရေးဆွဲထားတာတွေပါ။
============
လက်စောင်းထက်
Tomorrow News Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။