သမီးတော်ရာဇ၀င် (၆) ၊ (ရော့ခ်သီချင်းနဲ့ ပုတီးစိပ်တဲ့ သမီးတော်)
- လက်စောင်းထက်
သမီးတော်တွေဟာ သွားလေရာမှာ ပြောစမှတ်တွင်အောင်ကို စွမ်းဆောင်နိုင်ကြ၊ တော်ကြပါပေတယ်။ ခက်တာက အာဏာရှင်ကြီးရော သူ့ဇနီးကရော ဒီသမီးတော်တွေနဲ့ ပတ်သက်ရင် ဒီလိုတော့မလုပ်နဲ့၊ ဟိုလိုတော့ မလုပ်နဲ့ဆိုပြီး ဆုံးမပဲ့ပြင်ခြင်း လုံးဝမရှိတာပဲ။ သားသမီးတွေအပေါ် အလွန်တစ်ရာမှ သည်းခံ အလိုလိုက်တဲ့ မိဘတွေဖြစ်တယ်။ မိဘတွေ အလိုလိုက်လေလေ သမီးတော်တွေက ဆိုးလေလေ ဖြစ်တယ်။ သမီးတော်တွေကလည်း တစ်ပါးနဲ့ တစ်ပါးက မတည့်ကြလေတော့ ဘယ်သွားသွား ဘာလုပ်လုပ် သမီးတော် တစ်ပါးစီအတွက် ကားဆိုလဲ သီးသန့် တစ်စီးစီ၊ သွားချင်တဲ့ နေရာတွေလည်း သီးသန့်စီ လုပ်ပေးရတယ်။
ခက်တာက သမီးတော်တွေနဲ့ ပတ်သက်ရင် ဘယ်သူမှ မျက်နှာမရပဲ ပြဿနာတွေချည်း ရနေတာပဲ။ သမီးတော်တွေ လာတော့မယ် ဆိုတာနဲ့ လာမဲ့ဒေသက တပ်မှူးတွေရော တပ်မှူးကတော်တွေရော သမီးတော်များကို ပြုစုဆက်ဆံနည်းဆိုတဲ့ အရေးပေါ် အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ရတယ်။ သမီးတော်တွေကို ဘာမှပြန်မပြောရ၊ ဘာအကြံမှ မပေးရဆိုတာက အရေးအကြီးဆုံး ဖြစ်တယ်။ မျက်နှာလို မျက်နှာရ လုပ်ပြီး အကြံတစ်ခုခု သွားပေးလို့ကတော့ သေမယ်သာ ကြံပေတော့။ အဲဒီအကြံနဲ့ ဆန့်ကျင်ဖက် ထော်လော်ကန့်လန့်တွေ လုပ်ပြီး ဒုက္ခပေး ပြပါလိမ့်မယ်။
၂၀၀၃ခုနှစ် သင်္ကြန် ကာလမှာတော့ လားရှိုးကို သမီးတော်တွေက ချဉ်ခြင်းတပ်ပါတယ်။ ထုံးစံအတိုင်း မိသားစုလိုက် သင်္ကြန်ပွဲတော်ကို လားရှိုးမှာ ဆင်နွှဲရင်း ညဖက်မှာ ဈေးဝယ်ချင်တဲ့ ချဉ်ခြင်းက ထပ်တက်လာပြန်ရော။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးက စနေပြီဆိုတော့ အရင်ကလို လားရှိုးက မှောင်ခိုခေတ် မဟုတ်တော့ဘူး။ ဘာပစ္စည်းမဆို ရန်ကုန်မှာ ဈေးအပေါဆုံးနဲ့ ၀ယ်လို့ရနေချိန် ဖြစ်ပေမယ့် သမီးတော်တွေကို ဘယ်သူက ဘာပြောရဲမှာလဲ။ ဒီလိုနဲ့ ညခုနစ်နာရီမှာ သမီးတော် တစ်သိုက်ကို လားရှိုးက တရုတ်ကုန်စုံဆိုင် တစ်ခုကို ပို့ပေးရတာပေါ့။ သမီးတော်တွေက ဆိုင်ထဲပစ္စည်း တစ်ခုကို ဆွဲလိုက်၊ ဘေးက ရံရွေတော်တွေက ကားတွေပေါ် သွားတင်ပေးလိုက်နဲ့ ညကိုးနာရီကျော်တဲ့အထိ ဝေသာလီပြည် ဘီလူးဝင်သလို ပစ္စည်းတွေ ကားပေါ်တင်လိုက်ကြတာ ဆိုင်ရှင် တရုတ်ဆို စာရင်းတောင် မှတ်လို့ မနိုင်အောင် ဖြစ်သွားတယ်။ သမီးတော်တွေလဲ ပြန်သွားရော ဆိုင်ရှင်က ယူသွားတဲ့ စာရင်းကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က ဈေးဝယ် တာဝန်ခံကိုပြတော့ အဲဒီအရာရှိခမျာ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတယ်။ သူ့လက်ထဲမှာ ပါလာတာက ကျပ်ငါးသိန်း။ သမီးတော်တွေ ၀ယ်သွားတာက ၆၈သိန်း။ လွန်ခဲ့သော ဆယ့်တစ်နှစ်က ဈေးနော်။ ဒီတော့ ဘာလုပ်ရမှန်းမသိပဲ တိုင်းမှူးကို ပြေးပြောရတော့တာပေါ့။ တိုင်းမှူးမှာလည်း အဲဒီလောက် ပိုက်ဆံက မရှိလေတော့ ကြံရာမရတွေဖြစ်၊ ခေါင်းကို တွင်တွင်ကုတ်ရင်း လားရှိုးမှာရှိတဲ့ လေးကောင် ဂျင်ဝိုင်းတွေကို ညတွင်းချင်း ဖမ်းစေဆိုပြီး အကြံကုန် ဂဠုန်ဆားချက် အမိန့်ထုတ်ရတော့တယ်။
ဒါနဲ့ တိုင်းစစ်ဌာနချုပ်က အရာရှိတွေက ရဲကိုမေးပြီး အကြီးဆုံး လေးကောင်ဂျင်ဝိုင်း လုပ်နေတဲ့ အိမ်ကိုဝိုင်းတော့ ထိုသားတွေ အကုန် ထွက်ပြေးကြတာပေါ့။ အမှန်က စကတည်းက လူကိုဖမ်းချင်တာမှ မဟုတ်တာ။ လူကိုဖမ်းမိရင် တရားရုံး တင်ရမှာလေ။ ဖမ်းမိတာတွေက နိုင်ငံတော် ဘဏ္ဍာဖြစ်သွားမှာ။ အခုက ငွေအရေးတစ်ကြီး လိုနေတာ မဟုတ်လား။ ဒီတော့ ဟန်ဆောင်ပန်ဆောင် ဖမ်းမယ် လုပ်ပြတော့ အကုန်လုံး ထွက်ပြေးကြတာ ၀ိုင်းထဲမှာ လောင်းကြေးက ဆယ့်ငါးသိန်းကျော် မိလိုက်တယ်။ ဒါနဲ့လဲ စတိုးဆိုင်မှာ ရှင်းရမဲ့ငွေက မလောက်သေးတော့ ထိုးသားတွေ ထားပစ်ခဲ့တဲ့ ကားနှစ်စီးကို သိမ်းလာခဲ့ရပြန်ရော။ နောက်နေ့မှ အဲဒီကားနှစ်စီးကို ရောင်းလိုက်သလား၊ မူလပိုင်ရှင်တွေကို လည်ပင်းညှစ်ပြီး ပြန်ရွေးခိုင်းသလားတော့ မသိဘူး။ သိန်းငါးဆယ် ထပ်ရလာလို့ အဲဒီငွေတွေနဲ့ စတိုးဆိုင်ကို ရှင်းလိုက်ရတော့တယ်။ သမီးတော်တွေ ဈေးဝယ်ကောင်းလို့ သူ့ဟာသူ လိုင်းကြေးပေးပြီး ဖွင့်နေတဲ့ လေးကောင်ဂျင်ဝိုင်းတောင် မနေရဘူးဆိုပြီး လားရှိုးက လောင်းကစားသမားတွေ လောကမှာလည်း တစ်ခါတည်း နာမည်ကြီးသွားတာပေါ့။ သမီးတော်တွေ ကိုယ်တိုင်တောင် ဒါကို သိမှာမဟုတ်ဘူး။ ဒါကတော့ ညောင်ဦးကမ်းပါး ပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမကြီး ပေါင်ကျိုးတဲ့ ဇာတ်လမ်းပေါ့ဗျာ။
လာရှိုးမှာ ကဲပြီးတော့ သမီးတော်တွေက ပြင်ဦးလွင်ကို ဆက်ဆင်းကြတယ်။ ပြင်ဦးလွင်မှာတော့ သမီးတော် တစ်ပါးက ညဖက်ဆီးဆော စီးချင်တယ်ဆိုလို့ ကန်တော်ကြီးထဲက ဆီးဆောရှိရာကို အချိန်မတော် လိုက်ပို့ကြရတယ်။ အဲဒီမှာ သူက တစ်ဖက်က ထိုင်လိုက်ရင် တစ်ဖက်က ထိုင်နေတဲ့ ပိန်ပိန်သေးသေး ရံရွေတော် တပ်မှူးကတော်တွေက လေထဲကို မြောက်မြောက်ပြီး တက်သွားတာကို သဘောကျ အရသာခံပြီးမှ ပြန်ပြီး စက်တော် ခေါ်တော်မူတယ်။ နောက်နေ့မနက် မန္တလေးကို အားလုံးကရ ဟတ်ယာဉ်နဲ့ ဆင်းကြပေမဲ့ သမီးတော် တစ်ပါးကတော့ လေယာဉ်မစီးချင်ဘူး။ ကားနဲ့ပဲ မန္တလေးကို ဆင်းမယ်လို့ အမိန့်တော် ချပြန်ရော။ ဒီတော့ ကဗျာကရာ ကားတွေ စီစဉ်ရပြန်တာပေါ့။ အဲဒီ သမီးတော်က ကားနဲ့အဆင်း ပြင်ဦးလွင် နာရီစင်ကြီးရှေ့က တွန်းလှည်းနဲ့ ရောင်းနေတဲ့ မုန့်ဟင်းခါးဆိုင်ကို မြင်တော့ ကားရပ်ပြီး မုန့်ဟင်းခါး နှစ်ပွဲကားပေါ်မှာ ထိုင်ပြီး ဆွဲလိုက်သေးတယ်။
စားသောက်လဲပြီးရော သမီးတော်တွေ လာတိုင်း ကားမောင်း ပို့ရလေ့ရှိတဲ့ ကားဆရာက သမီးတော် အကြိုက် အလိုက်တသိ ဇော်ဝင်းထွဋ်ရဲ့ ရော့အင်ရိုး သီချင်းတွေ အသံအကျယ်ကြီး ဖွင့်လိုက်ချိန်မှာ သမီးတော်က မျက်စိကိုမှိတ်၊ ခေါင်းတစ်ငြိမ့်ငြိမ့် လုပ်ပြီး လက်ထဲမှာ ကိုင်ထားတဲ့ ပုတီးကြီးကို တစ်ဂျောက်ဂျောက်နဲ့ စိပ်ရင်း မန္တလာမြို့ကို ကြွချီသွားလေပါရောဗျား။

သမီးတော်ရာဇ၀င် (၇) ”ပုပ်ရင်ပေါ် ဟုတ်ရင်ကျော်”
- လက်စောင်းထက်
သမီးတော်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနမှာ
အတွင်းဝန်ရာထူးတွေ ခန့်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဇာတ်သိမ်းမလှပဲ
ထောင်ထဲမှာပဲ ဘ၀ရဲ့နောက်ဆုံးအချိန်ကို ကုန်လွန်ခဲ့ရတယ်။ ဘာကြောင့်
သူထောင်ကျခဲ့ရသလဲ ဆိုတာ လူတွေ အတော်များများ မသိကြပါဘူး။ ဒီကိစ္စကလည်း
သမီးတော်တွေရဲ့ စနက် ဖြစ်နေတယ်။ အဲဒီနိုင်ငံခြားရေး ၀န်ကြီးက ၀န်ကြီးချုပ်
ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ စင်ကာပူကို
အစည်းအဝေး သွားနေချိန်မှာ သမီးတော်တွေရဲ့ မယ်မယ်ဘုရား မိဘုရားခေါင်ကြီးက
ရန်ကုန်မှာ ကျန်ခဲ့တဲ့ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးခင်မောင်ဝင်းဆီကို
ဖုန်းဆက်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့သမီးတော် သုံးဦးကို တတိယ အတွင်းဝန်ကနေ
ဘာကြောင့် ဒုတိယ အတွင်းဝန် ရာထူးတိုးမပေးသေးတာလဲ မေးတာပါ။ မေးတယ်ဆိုပေမယ့်
မေးခွန်းမှာ အဖြေကပါနေပြီး သားလေ။ ငါ့သမီးတွေကို ဒုတိယ အတွင်းဝန်
ရာထူးတိုးပေးဆိုတဲ့ စကားကို လှအောင် ပြောလိုက်တာ ဖြစ်တယ်။
ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးလည်း ခေါင်းကို ဆင်နင်းတော့တာပေါ့။ ဒါနဲ့ စင်ကာပူကို ရောက်နေတဲ့ နိုင်ငံခြားရေး ၀န်ကြီးဆီကို ဖုန်းလှမ်းဆက်ပြီး မိဘုရားခေါင်ကြီးကတော့ အမိန့်ချနေပြီ။ ဘယ်လို လုပ်ရမလဲပေါ့။ နိုင်ငံခြားရေး ၀န်ကြီးလည်း သူ့အမှု သူ့ပြန်ပတ်တော့တာပဲ။ သမီးတော် အားလုံးကို ရာထူးတိုးပေးလိုက်ရင် သူ့ဝန်ကြီးဌာနထဲမှာ မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး တက်လာလိမ့်မယ်။ ပြီးတော့ သမီးတော်တွေက ရာထူးသာ ယူထားတာ။ ရန်ကုန်က အိမ်မှာနေလိုက်၊ သက်ဆိုင်ရာ သံရုံး သွားလိုက် နေချင်သလို နေနေကြတာလေ။ ဒုတိယ အတွင်းဝန်ဆိုတာ အလုပ် တော်တော်များများကို ခေါင်းခံပြီး တကယ်လုပ်ရတဲ့ နေရာဆိုတော့ သမီးတော်တွေကို အဲဒီ့ရာထူး ပေးလိုက်ရင် သူတို့တာဝန်ကျမယ့် သံရုံးအတွက် ကပ်ဆိုက်တော့မှာ အသေအချာပဲ။ ဒါပေမဲ့ သူက ဇက်ပေါ်ဝဲနေတဲ့ ဓားကိုလည်း ကြောက်ရသေးတော့ နှစ်ယောက်ကို ရာထူးတိုးပေးပြီး တစ်ယောက် ကိုတော့ ချန်လှပ်ထားလိုက်တယ်။
နိုင်ငံခြားရေးဝန်ကြီးရဲ့ ဇာတာစန်းလဂ်ထဲက ရာဇရုပ်ဟာ အဲဒီကစပြီး ပျက်တော့တာပဲ။ သူချန်ထားတဲ့ သမီးတော်က သမီးတော် အုပ်စုထဲမှာ အမွှေလေ။ ဘာလို့ သူ့ကို ချန်ထားရသလဲဆိုပြီး ဒေါသတွေ ပေါက်ကွဲပြီး ထောက်လှမ်းရေးတွေ ဖြိုခွဲနေချိန်မှာ တစ်ခါတည်း အဲဒီ့နိုင်ငံခြားရေး ၀န်ကြီးကို ရာထူးက အနားပေး လိုက်တယ်။ နိုင်ငံခြားရေးဝန်ကြီးလည်း တော်သေးတာပေါ့။ လူကို ရန်မရှာလို့ဆိုပြီး စိတ်သက်သာရာ ရချိန်မှာ တစ်ခါတည်း ထောင်ထဲကို ဆွဲထည့် လိုက်ပါလေရော။ အမှုကတော့ လားရှိုးမှာ မူးယစ်ဆေးတွေနဲ့ မိတဲ့ကားဟာ မြန်မာနိုင်ငံကို သွင်းလာတုန်းက အဲဒီ့နိုင်ငံခြားရေး ၀န်ကြီးရဲ့ ပါမစ်နဲ့ သွင်းလာတဲ့ကား ဖြစ်နေလို့ပါ။ ပြောရရင် အဲဒီခေတ်က ကားပါမစ်တွေက ပေးမှမပေးတာ။ နိုင်ငံခြားမှာ သုံးနှစ် တာဝန်ထမ်းဆောင်ဖူးသူတွေ၊ နိုင်ငံခြားမှာ အလုပ်လုပ်သူတွေပဲ ကားသွင်းခွင့်ရတဲ့ အချိန်လေ။ အဲဒီဝန်ကြီးက သံအမတ် သုံးနှစ်လုပ်ပြီး ပြန်အလာမှာ ကားသွင်းခွင့် ပါမစ်ရတော့ ထုံးစံအတိုင်း ပါမစ်ကို သိန်းတစ်ထောင်နဲ့ ရောင်းစားထားတာ။
ခက်တာက ၀ယ်တဲ့သူက မဟုတ်တာ လုပ်မယ့်သူဆိုတော့ ကားကိုသွင်းပြီး နာမည် မပြောင်းဘဲ ဒီအတိုင်း ဆက်သုံးနေသပေါ့။ ရောင်းခဲ့တဲ့သူကတော့ ဘယ်သူ့ဆီကို ကားရောက်နေမှန်းတောင် သိမှာ မဟုတ်ဘူး။ ဒါပေမဲ့ နောက်ဆုံးမတော့ ၀ံပုလွေနဲ့ သိုးငယ် ပုံပြင်ထဲကအတိုင်း နင်မဟုတ်ရင် နင့်အဘိုးဆိုသလို နင့်ကား မဟုတ်တော့ပေမယ့်လည်း နင်သွင်းလာပြီး နင့်နာမည် ပေါက်နေတာဆိုတဲ့ စွပ်စွဲချက် နဲ့ ထောင်(၇)နှစ် ချပစ်လိုက်တော့တာပဲ။ အလွန်တန်ခိုး ထွားခဲ့တဲ့ နိုင်ငံခြားရေး ၀န်ကြီးဟာ အင်းစိန်ထောင်ထဲရောက်တော့ ဇာဂနာဆီက ငါးခြောက်ဖုတ်လေး စားကောင်းလို့ ပေးပါဦးဆိုပြီး တောင်းစားရတဲ့ဘ၀ တစ်ခါထဲ ရောက်သွားတာပဲ။ ဦးနေ၀င်း လက်ထက်တုန်းက ထောက်လှမ်းရေးတွေကို ဖြိုခွဲတော့ အထက်ပိုင်းကိုပဲ ဖြိုခွဲခဲ့တာ။ ဒါကြောင့် အဲဒီတုန်းက ထောက်လှမ်းရေး တပ်မှူးဖြစ်ခဲ့တဲ့သူက နိုင်ငံခြားရေး ၀န်ကြီးဌာနကိုပဲ အပို့ခံခဲ့ရတာ။ အဲဒီမှာ အဆင့်ဆင့် ရာထူးတွေ တက်ပြီးမှ နိုင်ငံခြားရေး ၀န်ကြီး ဖြစ်ခဲ့ပေမယ့် ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုတဲ့ အာဏာရှင်အသစ် လက်ထက်မှာတော့ ထောင်ထဲမှာပဲ ဘ၀ ဇာတ်သိမ်း ခဲ့ရတယ်။ ဒါတွေဟာ ယူတတ်မယ်ဆိုရင်ဖြင့် သင်ခန်းစာ ယူစရာတွေပေါ့ဗျာ။
အာဏာမစွန့်ခင်လေးမှာ သမီးတော်တွေ တောင်ကြီးမှာ ဈေးဝယ်တော့ လေးဘက်နာ ထနေတဲ့ သမီးတော် တစ်ပါးကို တိုင်းမှူးကတော်နဲ့ ဒုတိုင်းမှူး ကတော်က ချိုင်းနှစ်ဖက်ကနေ မပေးထားရပြီး ခြေထောက် ဒရွတ်ဆွဲလို့ ဈေးဝယ်ပါသတဲ့။ သမီးတော်တွေကို နှိပ်နယ်ပေးရတဲ့ တပ်မှူးကတော်တွေကတော့ သူတို့ရဲ့ လက်တွေဟာ ရွှေဓူဝံတို့နဲ့တောင် လက်ဝှေ့ထိုးလို့ ရလောက်အောင် အသားမာတွေ တက်နေကြပါပြီတဲ့။ သမီးတော် ဇာတ်လမ်းတွေ ဖတ်ပြီး အာဏာရှင်ဟောင်း မိသားစုက စိတ်ဆိုးနေကြတယ်။ သူတို့မိသားစုထဲမှာ ဒီလောက် အဆင့်မရှိတဲ့ လုပ်ရပ်တွေ လုပ်တဲ့သူ မရှိဘူးဆိုတဲ့ အသံတွေလည်း ကြားရပါတယ်။ ခက်တာက ဒီဇာတ်လမ်းတွေကို ပြောပြသူတွေဟာ တပ်မတော်မှာရော၊ အစိုးရဌာနတွေမှာပါ ဧရာမ ရာထူးအကြီးကြီးတွေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေ၊
အရမ်းချမ်းသာတဲ့ သူဌေးကြီးတွေက သူတို့မျက်မြင် ကြုံတွေ့ ခဲ့ရတာတွေကို
ပြန်ပြောင်းပြကြတာ ဖြစ်တယ်။ တချို့ဇာတ်လမ်းတွေမှာ ဇာတ်လမ်းပြောပြသူတွေ
ကိုယ်တိုင်က ကပြအသုံးတော် ခံခဲ့ရတာဖြစ်တယ်။ တချို့သူတွေဆိုရင် ဇာတ်လမ်းတွေ
ပြောပြဖို့ ရန်ကုန်ကို တကူးတက သူ့စားရိတ်နဲ့သူ လာပြီး ပြောသွားကြတယ်။
အခုလည်း အင်တာနက်ဆိုရှယ် ကွန်ရက်တစ်ခုမှာ သမီးတော်တွေအကြောင်း အတွင်းသိတွေက
ရေးပြီး တင်နေကြတယ်။ အမှန်ကတော့ အာဏာရှိချိန်မှာ ကတည်းက တစ်ချိန်ကျရင်
ဒီလိုအကြောင်းတွေ ပေါ်လာရင် ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားရမှာလေ။
အခုမှတော့ ဘာမှလုပ်လို့ မရပေဘူး။ ကိုယ်ပြုသောကံ ပဲ့တင်သံ
ကိုယ့်ထံပြန်လည်တဲ့။ ဒါတောင် တချို့ဆိုးဆိုးဝါးဝါး အကြောင်းအရာတွေကို
မရေးဘဲ ချန်ထားတာ အများကြီး ရှိပါသေးတယ်။ အဲဒီခေတ်က အဲဒီ့သမီးတော်တွေ အတွက်
အလုပ်အကျွေး ပြုခဲ့ဖူးတဲ့သူတွေဆီက တယ်လီဖုန်းတွေ ဂျာနယ်တိုက်ကို လာပါတယ်။
ရေးတာနည်းသေးတယ်။ ဒါတွေ ဒါတွေ ကျန်သေးတယ် ဆိုပေမယ့် တချို့ကိစ္စတွေဟာ
ဖော်ပြဖို့တောင် မသင့်လျော်တဲ့ အတွက် ချန်လှပ်ထားခြင်း ဖြစ်တယ်။
လောကကြီးမှာ စကားတစ်ခွန်းရှိတယ် မဟုတ်လား။ ပုပ်ရင်ပေါ်တယ်
ဟုတ်ရင်ကျော်တယ်တဲ့။
- လက်စောင်းထက်
- လက်စောင်းထက်
သမီးတော်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ
ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးလည်း ခေါင်းကို ဆင်နင်းတော့တာပေါ့။ ဒါနဲ့ စင်ကာပူကို ရောက်နေတဲ့ နိုင်ငံခြားရေး ၀န်ကြီးဆီကို ဖုန်းလှမ်းဆက်ပြီး မိဘုရားခေါင်ကြီးကတော့ အမိန့်ချနေပြီ။ ဘယ်လို လုပ်ရမလဲပေါ့။ နိုင်ငံခြားရေး ၀န်ကြီးလည်း သူ့အမှု သူ့ပြန်ပတ်တော့တာပဲ။ သမီးတော် အားလုံးကို ရာထူးတိုးပေးလိုက်ရင် သူ့ဝန်ကြီးဌာနထဲမှာ မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး တက်လာလိမ့်မယ်။ ပြီးတော့ သမီးတော်တွေက ရာထူးသာ ယူထားတာ။ ရန်ကုန်က အိမ်မှာနေလိုက်၊ သက်ဆိုင်ရာ သံရုံး သွားလိုက် နေချင်သလို နေနေကြတာလေ။ ဒုတိယ အတွင်းဝန်ဆိုတာ အလုပ် တော်တော်များများကို ခေါင်းခံပြီး တကယ်လုပ်ရတဲ့ နေရာဆိုတော့ သမီးတော်တွေကို အဲဒီ့ရာထူး ပေးလိုက်ရင် သူတို့တာဝန်ကျမယ့် သံရုံးအတွက် ကပ်ဆိုက်တော့မှာ အသေအချာပဲ။ ဒါပေမဲ့ သူက ဇက်ပေါ်ဝဲနေတဲ့ ဓားကိုလည်း ကြောက်ရသေးတော့ နှစ်ယောက်ကို ရာထူးတိုးပေးပြီး တစ်ယောက် ကိုတော့ ချန်လှပ်ထားလိုက်တယ်။
နိုင်ငံခြားရေးဝန်ကြီးရဲ့ ဇာတာစန်းလဂ်ထဲက ရာဇရုပ်ဟာ အဲဒီကစပြီး ပျက်တော့တာပဲ။ သူချန်ထားတဲ့ သမီးတော်က သမီးတော် အုပ်စုထဲမှာ အမွှေလေ။ ဘာလို့ သူ့ကို ချန်ထားရသလဲဆိုပြီး ဒေါသတွေ ပေါက်ကွဲပြီး ထောက်လှမ်းရေးတွေ ဖြိုခွဲနေချိန်မှာ တစ်ခါတည်း အဲဒီ့နိုင်ငံခြားရေး ၀န်ကြီးကို ရာထူးက အနားပေး လိုက်တယ်။ နိုင်ငံခြားရေးဝန်ကြီးလည်း တော်သေးတာပေါ့။ လူကို ရန်မရှာလို့ဆိုပြီး စိတ်သက်သာရာ ရချိန်မှာ တစ်ခါတည်း ထောင်ထဲကို ဆွဲထည့် လိုက်ပါလေရော။ အမှုကတော့ လားရှိုးမှာ မူးယစ်ဆေးတွေနဲ့ မိတဲ့ကားဟာ မြန်မာနိုင်ငံကို သွင်းလာတုန်းက အဲဒီ့နိုင်ငံခြားရေး ၀န်ကြီးရဲ့ ပါမစ်နဲ့ သွင်းလာတဲ့ကား ဖြစ်နေလို့ပါ။ ပြောရရင် အဲဒီခေတ်က ကားပါမစ်တွေက ပေးမှမပေးတာ။ နိုင်ငံခြားမှာ သုံးနှစ် တာဝန်ထမ်းဆောင်ဖူးသူတွေ၊ နိုင်ငံခြားမှာ အလုပ်လုပ်သူတွေပဲ ကားသွင်းခွင့်ရတဲ့ အချိန်လေ။ အဲဒီဝန်ကြီးက သံအမတ် သုံးနှစ်လုပ်ပြီး ပြန်အလာမှာ ကားသွင်းခွင့် ပါမစ်ရတော့ ထုံးစံအတိုင်း ပါမစ်ကို သိန်းတစ်ထောင်နဲ့ ရောင်းစားထားတာ။
ခက်တာက ၀ယ်တဲ့သူက မဟုတ်တာ လုပ်မယ့်သူဆိုတော့ ကားကိုသွင်းပြီး နာမည် မပြောင်းဘဲ ဒီအတိုင်း ဆက်သုံးနေသပေါ့။ ရောင်းခဲ့တဲ့သူကတော့ ဘယ်သူ့ဆီကို ကားရောက်နေမှန်းတောင် သိမှာ မဟုတ်ဘူး။ ဒါပေမဲ့ နောက်ဆုံးမတော့ ၀ံပုလွေနဲ့ သိုးငယ် ပုံပြင်ထဲကအတိုင်း နင်မဟုတ်ရင် နင့်အဘိုးဆိုသလို နင့်ကား မဟုတ်တော့ပေမယ့်လည်း နင်သွင်းလာပြီး နင့်နာမည် ပေါက်နေတာဆိုတဲ့ စွပ်စွဲချက် နဲ့ ထောင်(၇)နှစ် ချပစ်လိုက်တော့တာပဲ။ အလွန်တန်ခိုး ထွားခဲ့တဲ့ နိုင်ငံခြားရေး ၀န်ကြီးဟာ အင်းစိန်ထောင်ထဲရောက်တော့ ဇာဂနာဆီက ငါးခြောက်ဖုတ်လေး စားကောင်းလို့ ပေးပါဦးဆိုပြီး တောင်းစားရတဲ့ဘ၀ တစ်ခါထဲ ရောက်သွားတာပဲ။ ဦးနေ၀င်း လက်ထက်တုန်းက ထောက်လှမ်းရေးတွေကို ဖြိုခွဲတော့ အထက်ပိုင်းကိုပဲ ဖြိုခွဲခဲ့တာ။ ဒါကြောင့် အဲဒီတုန်းက ထောက်လှမ်းရေး တပ်မှူးဖြစ်ခဲ့တဲ့သူက နိုင်ငံခြားရေး ၀န်ကြီးဌာနကိုပဲ အပို့ခံခဲ့ရတာ။ အဲဒီမှာ အဆင့်ဆင့် ရာထူးတွေ တက်ပြီးမှ နိုင်ငံခြားရေး ၀န်ကြီး ဖြစ်ခဲ့ပေမယ့် ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုတဲ့ အာဏာရှင်အသစ် လက်ထက်မှာတော့ ထောင်ထဲမှာပဲ ဘ၀ ဇာတ်သိမ်း ခဲ့ရတယ်။ ဒါတွေဟာ ယူတတ်မယ်ဆိုရင်ဖြင့် သင်ခန်းစာ ယူစရာတွေပေါ့ဗျာ။
အာဏာမစွန့်ခင်လေးမှာ သမီးတော်တွေ တောင်ကြီးမှာ ဈေးဝယ်တော့ လေးဘက်နာ ထနေတဲ့ သမီးတော် တစ်ပါးကို တိုင်းမှူးကတော်နဲ့ ဒုတိုင်းမှူး ကတော်က ချိုင်းနှစ်ဖက်ကနေ မပေးထားရပြီး ခြေထောက် ဒရွတ်ဆွဲလို့ ဈေးဝယ်ပါသတဲ့။ သမီးတော်တွေကို နှိပ်နယ်ပေးရတဲ့ တပ်မှူးကတော်တွေကတော့ သူတို့ရဲ့ လက်တွေဟာ ရွှေဓူဝံတို့နဲ့တောင် လက်ဝှေ့ထိုးလို့ ရလောက်အောင် အသားမာတွေ တက်နေကြပါပြီတဲ့။ သမီးတော် ဇာတ်လမ်းတွေ ဖတ်ပြီး အာဏာရှင်ဟောင်း မိသားစုက စိတ်ဆိုးနေကြတယ်။ သူတို့မိသားစုထဲမှာ ဒီလောက် အဆင့်မရှိတဲ့ လုပ်ရပ်တွေ လုပ်တဲ့သူ မရှိဘူးဆိုတဲ့ အသံတွေလည်း ကြားရပါတယ်။ ခက်တာက ဒီဇာတ်လမ်းတွေကို ပြောပြသူတွေဟာ တပ်မတော်မှာရော၊ အစိုးရဌာနတွေမှာပါ ဧရာမ ရာထူးအကြီးကြီးတွေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေ၊
- လက်စောင်းထက်
သမီးတော်ရာဇ၀င် (၈) - “တစ်ရက်ထဲမှာ သိန်းတစ်သောင်းကျော်ဖိုး ဈေးဝယ်တဲ့ သမီးတော်တွေ”
- လက်စောင်းထက်
မန္တလေးနန်းမြို့တည် မင်းတုန်းမင်း တရားကြီးကို စိတ်အဆိုးဆုံးသူတွေ ပြပါဆိုရင် မန္တလေး နန်းမြို့ထဲက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့ အရာရှိတွေကို ပြရပါလိမ့်မယ်။ မန္တလေးကို မြို့တည်ခဲ့တဲ့ အတွက် သမီးတော်တွေ ပြင်ဦးလွင်တက်တိုင်း မန္တလေးဟာ ခရီးတစ်ထောက်နားရာ ဈေးဝယ်ရာ မြို့ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ်လည်း သမီးတော်တွေ စုံညီကြွမြန်းလို့ လာပြန်ပါပြီ။
နှစ်အနေနဲ့ ပြောရရင် ၂၀၀၇ခုနှစ်ပေါ့။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကလည်း အသစ်စက်စက် တိုင်းမှူးလေးဆိုတော့ တိုင်းမှူးရဲ့ ဂါရ၀တရားဆိုတဲ့ အရိုအသေပေးမယ့် အတိုင်းအတာနဲ့ ခန္တီစဆိုတဲ့ သည်းခံနိုင်ခြင်း ဒီဂရီကို သမီးတော်တွေက စမ်းသပ်ကြတော့မှာ ဖြစ်ပါတယ်။ တိုင်းမှူးအသစ်လေးက ၀ါရင့်သမ္ဘာရင့် ဒုတိုင်းမှူးနဲ့ စစ်ဦးစီးမှူးတွေကို သမီးတော်တွေလာရင် ဘာတွေဆောင်ရမယ် မေးရတော့တာပေါ့။ အားလုံး တညီတညွတ်တည်း ဖြေတဲ့ အဖြေကတော့ မြို့ထဲက စိန်ရွှေရတနာ ဆိုင်တွေကို တန်ဖိုးကြီးတာတွေ ထုတ်မပြဖို့ ကြိုတင် အကြောင်းကြား ရလိမ့်မယ်ဆိုတဲ့ အဖြေရပါတယ်။ ဒါနဲ့ သက်ဆိုင်သူတွေက မြို့ထဲက ထောင်ကဲတွေကို လိုက်ပြောရတာပေါ့။ မနက်ဖန် သမီးတော်တွေ ဈေးဝယ်ထွက်မယ်။ ဆိုင်မှာ တန်ဖိုးကြီးတာတွေ မပြပါနဲ့ပေါ့။ ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာ စီးပွားရှာစားနေတဲ့ ထောင်ကဲတွေ၊ ပေါက်ဖော်တွေကတော့ ဒီသတင်းကို ပြောင်းပြန် သဘောပေါက်လိုက် ကြပါတယ်။
သမီးတော်တွေ ကားကိုယ်စီ၊ မောင်းမိမိဿံ ကိုယ်စီနဲ့ ရွှေမန္တလေးရဲ့ နာမည်ကြီး စိန်ရွှေရတနာ ဆိုင်တွေကို တစ်ဆိုင်ပြီး တစ်ဆိုင် လှည့်လည်ချိန်မှာတော့ ပေါက်ဖော်ကြီးတွေ၊ ထောင်ကဲကြီးတွေကို တန်ဖိုးကြီးပေ့ဆိုတဲ့ ရတနာ ပစ္စည်းတွေကို ဈေးပါတင်ပြီး ပြကြပါတော့တယ်။ သူတို့အချင်းချင်း သိတာက ဒီငွေကို တိုင်းမှူးက ရှင်းမယ်ဆိုတာရယ်၊ သမီးတော်တွေက ကြိုက်တာကို ကောက်ပဲ ယူသွားတာ ဘယ်တော့မှ ဈေးမဆစ်ဘူးဆိုတာ ရယ်ပေါ့ဗျာ။
ဒီတော့ကာ ပြင်ဦးလွင် မတက်ခင် မန္တလေးမှာ တစ်နေ့တာ ခရီးနားတဲ့ အချိန်မှာ ဈေးဝယ်ထွက်တဲ့ စာရင်းက နောက်နေ့မှာ တိုင်းမှူးကတော် လက်ထဲ ရောက်လို့လာပါပြီ။ ငွေပမာဏကို မြင်လိုက်တာနဲ့ တိုင်းမှူးကတော် ရှော့ခ်ဖြစ်သွားပါတယ်။ ဘေးက အရိပ်အခြည် ကြည့်နေတဲ့ တပ်မှူးကတော်တွေက ခြေမချိုးတဲ့သူနဲ့ နှာခေါင်းကို ရှူဆေးတေ့ပေးသူနဲ့ လုပ်မှ ဟင်း...ဆိုပြီး သက်မကြီးချလို့ သတိပြန်လည် လာပါတယ်။
ပြီးတော့မှ သူ့လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ငွေစာရင်းကို ပြန်ကြည့်ပြီး အလယ်ပိုင်းတိုင်းက ရိပ်သာထဲမှာ ဆောင့်ကြောင့်ထိုင်ပြီး ငိုကြီးချက်မ ဖြစ်တော့တာပါပဲ။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ တစ်ရက်တာ ဈေးဝယ်စာရင်းက ဘယ်လောက်လို့ ထင်ကြပါသလဲ။ ကျပ်သိန်းပေါင်း တစ်သောင်းကျော် (အမေရိကန် ဒေါ်လာနဲ့ဆို ဒေါ်လာ တစ်သန်းကျော်) ဖြစ်နေလို့ပါ။
ဒီငွေဟာ ဘယ်နည်းနဲ့ဖြစ်ဖြစ် တိုင်းမှူးက ရှင်းပေးဖို့ တာဝန်ရှိတယ်ဆိုတာ အာဏာရှင်ခေတ် တစ်လျှောက်လုံး သိလာကြလေတော့ တစ်နည်းနည်းနဲ့တော့ ရှင်းရမှာ ဖြစ်ပါတယ်။ သမီးတော်တွေ ဈေးဝယ်တာ သိန်းလေးရာကျော် နေတယ်။ ကျွန်တော် ဘယ်ပိုက်ဆံနဲ့ ရှင်းရမလဲဆိုတဲ့ မြန်မာပြည် အောက်ပိုင်းက တိုင်းမှူးကို ကျန်းမာရေး အကြောင်းပြပြီး ဖြုတ်ထားတာကလည်း ရှေ့မှာ စံနမူနာ ဖြစ်လေတော့ နောက်ဆုံးမှာ မန္တလေး မြို့သစ်ကို ထပ်မံတိုးချဲ့ပြီး မြေကွက်တွေ ထပ်ဖော် ရတော့တာပေါ့။ အဲဒီမြေကွက်တွေကို တရုတ်တွေကို ရောင်းပြီးမှ သမီးတော်တွေ ဈေးဝယ်ခဲ့တဲ့ စိန်ရွှေရတနာ ဆိုင်တွေကို အကြွေးပြန်ဆပ်ရပါတယ်။ ဒီလို လယ်တွေသိမ်း၊ မြေကွက်တွေ ဖော်တာကို ဘယ်သူကမှ အရေးမယူတဲ့ အတွက် တိုင်းမှူးစိတ်ထဲမှာ သမီးတော်တွေက သူ့ကို ဘယ်လို စားကွက်တွေ မန္တလေးမှာ ရှိတယ်ဆိုတာ ပြသွားတယ်လို့တောင် တစိမ့်စိမ့်တွေးရင်း ကျေနပ်စိတ်တွေ၊ သမီးတော်တွေကို ကြည်ညိုတဲ့ စိတ်တွေ တဖွားဖွား ပေါ်နေပါတော့တယ်။ ဒါကြောင့် သိမ်းလို့ရတာ အကုန်သိမ်း၊ ဆောက်လို့ရတာ အကုန်ဆောက် မူဝါဒ ချမှတ်ပြီး မန္တလေးမြို့ကြီးကို ဆောက်လုပ်ရေး လုပ်ငန်းရှင် စိန့်တိုင်းသားတွေ လက်ထဲ ၀ကွက် အပ်လိုက်ပါတော့တယ်။
အလွန် အေးပါတယ်။ အလွန် ရိုးပါတယ်။ တောသားကြီးအတိုင်း ပါပဲလို့ နာမည်ရတဲ့ တိုင်းမှူးဟာ အဲဒီအချိန်ကစပြီး မြေကွက် ဖော်ထုတ်ဖို့နဲ့ မြေကွက်တွေ ရောင်းဖို့ပဲ ကြိုးစားအားထုတ် ပါတော့တယ်။ နောက်ဆုံးမှာ လက်ရဲဇက်ရဲ ဖြစ်လာပြီး ရွှေတစ်ချောင်း မြောင်းပေါ်မှာတောင် ကွန်ကရစ်ခင်းပြီး ဈေးဆိုင်တွေကို ပြောင်းရွှေ့နေရာ ချတဲ့အထိ ဖြစ်လာတယ်။ မူလဈေးကိုတော့ သူနဲ့ လက်ဝါးချင်း ရိုက်ထားတဲ့ ကန်ထရိုက်လက်ထဲ ထိုးအပ်လိုက်တာပေါ့လေ။
သူ့ကိုလည်း သိပ်တော့ အပြစ် ပြောလို့မရပေဘူး။ သမီးတော်တွေက မန္တလေးကို ဂဒီးဂဒီး လာနေတာကိုး။ သူ့မှာလည်း ဈေးဖိုးရှာရင်း သူ့အတွက်ပါရော ရှာနေရတာ မဟုတ်လား။ တကယ်တော့ မန္တလေးမြို့ကြီး အခုလို ခေတ်မီ အဆောက်အဦးတွေ ပေါ်လာတာ သမီးတော်တွေကို ကျေးဇူးတင်သင့်တယ်။ ဘာလို့လဲဆိုတော့ သူတို့ဈေးဖိုး အတွက် မန္တလေးမှာ မြို့သစ်က အကြီးကြီး ပေါ်လာတယ်။ မြို့ထဲက အဆောက်အဦးတွေကို ကန်ထရိုက် စနစ်နဲ့ အသစ် ပြန်ဆောက်ကြရတယ်။ ၀မ်းနည်းစရာ ကောင်းတာ တစ်ခုကတော့ အဲဒီအထဲမှာ မြန်မာတိုင်းရင်းသား စစ်စစ်တွေ ပိုင်တာ တစ်ခုမှ မရှိတော့တာပါပဲ။ ဒီတော့ မန္တလေးမြို့ကြီးကို စိန့်တိုင်းသားတွေ လက်ထဲ ၀ကွက် အပ်လိုက်ရတဲ့ တရားခံကတော့ စိန်ရွှေရတနာကို အလွန်မက်တဲ့ သမီးတော်တွေ လက်ချက်ဟာ အဓိကပါပဲ။
နောက်ပိုင်းမှာ အဲဒီတိုင်းမှူးကို တော်လှချည်ရဲ့ဆိုပြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာထူး တိုးပေးလိုက်ပေမယ့် မြေကွက် အရသာ သိသွားတဲ့ အဲဒီ ဒုတိယ ဗိုလ်ချုပ်ကြီးက နောက်ရောက်တဲ့ နေရာမှာပါ မြေကွက်တွေ ကုလားဖန်ထိုးတာ များသွားပြီး သမီးတော်တွေနဲ့ ပေါက်ရောက်တဲ့ မိသားစုတစ်စု ပိုင်တာကို သိမ်းမိရက်သား ဖြစ်သွားတယ်။ ဒီအတွက် ပြစ်ဒဏ်ကတော့ ရာထူးက ထုတ်ပယ် ပစ်လိုက်တာပါပဲ။
သူ့လက်အောက်က တိုင်းမှူးပေါက်စ တစ်ယောက်လည်း ဘုမသိ ဘမသိ ရောယောင် ပါသွားလေရဲ့။ ပြောရရင် သမီးတော်တွေရဲ့ ရာဇ၀င်မှာ ထောက်ထားခြင်း၊ ငဲ့ညှာခြင်း၊ သနားခြင်း၊ ကိုယ်ချင်းစာခြင်း လုံးဝ မရှိဘူးဆိုတာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ပြောရရင် ၁၉၉၄ ခုနှစ်မှာ သမီးတော်တွေ အင်္ဂလိပ်စာ သင်ချင်တယ်ဆိုလို့ နိုင်ငံခြားဘာသာ သိပံ္ပက အင်္ဂလိပ်ကပြား ဆရာမကြီး တစ်ယောက်ကို တာဝန် ချလိုက်ပါတယ်။
သမီးတော်တွေရဲ့ အိမ်တော်မှာ စာသွားသင်ဖို့ပါ။ ဒီဆရာမကြီး ခင်မျာ သူ့ရဲ့အပြင်မှာ သင်နေတဲ့ အင်္ဂလိပ်စာ သင်တန်းတွေပါ ဖျက်ပြီး ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မရဘဲ သွားသွား သင်ပေးရတယ်။ အဲဒီလို သင်ဖို့ ပထမဆုံးနေ့မှာပဲ သမီးတော်တွေက ဒီအိမ်မှာ သင်ပေးရတယ်ဆိုပြီး ဘာအခွင့်အရေးမှ ရမယ် မထင်ပါနဲ့။ ဒီအိမ်မှာ သင်ခွင့်ရတာကိုပဲ ဂုဏ်ယူပါလို့ စစချင်း ဆောက်နဲ့ထွင်းပါတယ်။ ဆရာမကြီးက စိတ်တွေဆိုးပေမယ့် ဘာတတ်နိုင်မှာလဲဗျာ။ နောက်ဆုံးတော့ စာသင်ရင်း မဟုတ်မခံ ဆရာမကြီးကို ဘာတွေ ဘ၀င်မကျလည်း မသိပါဘူး။ ထားဝယ်ကို ပြောင်းရွှေ့ခွင့် အမိန့် ထွက်လာတယ်။ ဆရာမကြီးမှာ အသက်ကြီးမှ မိသားစုနဲ့ခွဲပြီး ထားဝယ်ကို သုံးနှစ် ရောက်သွား ရလေရဲ့။ ပြောရရင်တော့ သမီးတော် ရာဇ၀င်ကတော့ မြန်မာနိုင်ငံရဲ့ တစ်ထောင့် တစ်ည ပုံပြင်ပါပဲဗျာ။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။