Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 2, 2016

သမီးတော်ရာဇ၀င် - ၉-၁၀ (ကားထိုင်ခုံဖြုတ်ပြီး ရေဆေးခိုင်းတဲ့ သမီးတော်)


သမီးတော်ရာဇ၀င် - ၉ (ကားထိုင်ခုံဖြုတ်ပြီး ရေဆေးခိုင်းတဲ့ သမီးတော်)

- လက်စောင်းထက်

အနောက် နန်းမတော်ကြီးက အားလပ်ရက်ဆိုရင် ရန်ကုန် နေပြည်တော် အပြင်က သူတို့ရဲ့ နွေရာသီ စံအိမ်ကို လာလည်တတ်ပါတယ်။ လာရင်လည်း သမီးတော် တစ်ချို့က လိုက်ပါလာပြီး လိပ်ဥတူး တတ်ကြပါတယ်။ လိပ်ဥလေးတွေကတော့ ချောချောလှလှ စစ်ဗိုလ်လေးတွေပေါ့ဗျာ။ သူတို့လာမယ် ဆိုတာနဲ့ တပ်မတစ်ခုလုံး ကြော်ကြ လှော်ကြနဲ့ အလုပ်ရှုပ်ရတာကလည်း ထုံးစံဖြစ်နေပါပြီ။ တစ်ခါတုန်းက မြန်မာ့ရိုးရာမုန့်တွေ စားချင်တယ်၊ အချဉ်ကို လားရှိုးက အချဉ်မှဆိုလို့ စာတော်ကဲ အဖွဲ့ခမျာ လားရှိုးက ဘယ်လို အချဉ်မျိုးပါလဲဆိုပြီး ခေါင်းကိုက်ခဲ့ဖူးပါတယ်။ နောက်ဆုံးမှာ ရိပ်သာ တပ်ကြပ်ကြီးက ရှာလကာရည်ထဲ ငရုပ်သီးတွေ ကြက်သွန်ဖြူတွေ ထည့်ပြီး ဒါလားရှိုး အချဉ်ပဲဆိုပြီး ခပ်တည်တည် ဖြီးဖြန်းလိုက်မှ ပြီးသွားတာမျိုးတွေလည်း ရှိပါတယ်။


ဒီတစ်ပတ်မှာ မယ်မယ်ဘုရားနဲ့အတူ သမီးတော် တစ်ပါးပဲပါမယ်လို့ ကြိုသတင်းရထားပါတယ်။ ဒါပေမယ့် ပါလာမယ့် သမီးတော်က အမွှေဆိုတာ လူတိုင်းသိနေတော့ အားလုံး ကြောက်ကြတာပေါ့။ မကြာပါဘူး။ မယ်မယ် ဘုရားတို့ရဲ့ ယာဉ်တန်းကြီးက နွေရာသီ စံနန်းတော်ထဲ ၀င်လာပါတော့တယ်။ ရှေ့ကားပေါ်က မယ်မယ်ဘုရားက ဆင်းပြီး သူ့စံအိမ်တော်ထဲ ၀င်သွားပါပြီ။ ဒုတိယကားပေါ်ကတော့ မျက်နှာတစ်ခုလုံး ပုပ်သုတ်နေတဲ့ သမီးတော် ဆင်းလာပါတယ်။ သမီးတော်ရဲ့ ကားရှေ့ခန်း ဒရိုင်ဘာ ဘေးခုံမှာ ထိုင်လိုက်လာတဲ့ တိုင်းမှူး ကတော်ကြီကလည်း မျက်စိပျက် မျက်နှာပျက်နဲ့ ဆင်းလာပါတယ်။ အဲဒီတိုင်းမှူးကတော်ကြီး ရှေ့မှာပဲ သမီးတော်က ကားသမားကို အမိန့် ပေးလိုက်ပါတယ်။ ပေးလိုက်တဲ့ အမိန့်ကတော့ ခုနတိုင်းမှူးကတော် ကြီးထိုင်စီးလာတဲ့ ခုံကိုကားကနေ ဖြုတ်ပြီး ဆပ်ပြာနဲ့ သေသေချာချာ ဆေးလိုက်ဆိုတာပါပဲ။ ဘေးနားမှာ သမီးတော်ကို ကြိုဖို့စောင့်နေတဲ့ တပ်မှူးကတော်တွေမှာလည်း သူတို့ရဲ့ အကြီးမှူး တိုင်းမှူးကတော်ကြီး မရှုမလှ အလဲအကွဲ အပြောခံလိုက်ရတာကို ကြားပြီး မျက်နှာတွေ ပူကုန်ပါတယ်။ ဇာတ်လမ်းအစကတော့ မယ်မယ်ဘုရားပဲ ဖြစ်တယ်။ မယ်မယ်ဘုရားက ညည်းကားမယူလာနဲ့၊ သမီးတော်ကားနဲ့ လိုက်ခဲ့လို့ အမိန့်တော်ချလို့ သမီးတော်ကားပေါ် လိုက်စီးခဲ့ရတာ ဖြစ်တယ်။ သူ့ခမျာလည်း အမိန့်တော်ချလို့သာ အတူ တူစီးခဲ့ရတယ်။ ကားအတူတူ စီးရမယ့်အစား ကျားမြီးသာ ပြေးဆွဲချင်တဲ့ စိတ်နဲ့ လိုက်လာရတာလေ။ ကားပေါ်မှာ သမီးတော်ရဲ့ ဆူပူငေါက်ငန်းမှုတွေကို အလူးအလဲ ခံခဲ့ရပုံပါပဲ။ ကားပေါ်က စကားတွေကတော့ လုံးစေ့ပတ်စေ့ ဘယ်သူမှ မေးမရလို့ မသိရပေမယ့် သမီးတော်ရဲ့ အချစ်ဇာတ်လမ်းဟောင်း တစ်ခုကြောင့်လို့ အတွင်းစကား သိလိုက်ရတယ်။

ဒီလိုပါ။ သမီးတော်တွေက တိုင်းခန်းလှည့်လည်ရင်း ချောချောလှလှ လူပျိုအရာရှိလေးတွေ တွေ့ရင် အဲဒီအရာရှိလေးတွေဟာ သိပ်မကြာခင်မှာ အိမ်တော် လုံခြုံရေးဆိုပြီး ပြောင်းမိန့်ထွက်ပါတယ်။ တစ်ခါမတော့ ခပ်ချောချော အရာရှိလေး တစ်ယောက်ကို ပြောင်းမိန့်နဲ့ အိမ်တော်ခေါ်လိုက်ပါသတဲ့။ သမီးတော်တွေ မသိတာက အဲဒီအရာရှိလေးက ပျော်ပျော်နေတတ်သလို စကားကိုလည်း သိပ်စည်းမစောင့်တတ်ဘူး။ စစ်တပ်စကားနဲ့ ပြောရရင် အာချောင်တတ်တယ်ပေါ့။ အိမ်တော်ရောက်ပြီး မကြာမီမှာ အဲဒီအရာရှိလေးနဲ့ တစ်ခြားအရာရှိတွေ အပြင်မှာ အရက် စုသောက်ကြပါတယ်။ အရက်မူးတော့ ကျွဲခိုးပေါ်အောင် တစ်ခြား အရာရှိတွေက သူ့ကိုလှည့်ပတ်ပြီး အိမ်တော် အကြောင်းနဲ့ သမီးတော်တွေအကြောင်း မေးကြပါတော့တယ်။ အဲဒီအချိန်မှာ မူးနေတဲ့ အရာရှိလေးက ဘာတွေ အိတ်သွန်ဖာမှောက် ပြောလိုက်မိသလဲတော့ မသိဘူး။ နောက်နေ့မနက်မှာ အိပ်ရာထတော့ အိမ်တော်ကိုတောင် သွားခွင့်မရတော့ပဲ ညတွင်းချင်း ထွက်လာတဲ့ ပြောင်းရွှေ့တဲ့ အမိန့်စာနဲ့အတူ အဆောင်ကို တိုင်းမှူးရောက်လာပါတယ်။ မင်း ရခိုင်ကတပ် တစ်တပ်ကို ပြောင်းရယ်။ ချက်ခြင်း အ၀တ်အစားတွေ သိမ်းဆိုတော့ ဟိုအရာရှိလေးလဲ ဘာမှ စောဒကမတက်ရဲပဲ ကုတ်ချောင်းချောင်းနဲ့ ပစ္စည်းတွေ သိမ်းရတာပေါ့။ သိမ်းပြီး သူ့အတွက် အသင့်ထိုးထားတဲ့ ကားပေါ်ကို တက်ပြီး လေယာဉ်ကွင်းကို မောင်းထွက်ခဲ့ပေမယ့် နောက်မှာတိုင်းမှူးကားက ကပ်လျှက်ပါလာတယ်။ လေယာဉ်ကွင်းမှ အဲဒီအရာရှိလေး လေယာဉ်ထွက်တဲ့အထိ တိုင်းမှူးက စောင့်ကြည့်ပြီးမှ ပြန်သွားတယ်လို့ မြင်တွေ့သူတွေက ပြောကြတယ်။ အဲဒီအရာရှိလေးကို ရန်ကုန်မှာ မမြင်ချင်ဘူးဆိုတဲ့ အမိန့်တော်လဲ အိမ်တော်ကြီးက ချလိုက်သတဲ့။

ဒါပေမယ့် ကံဆိုးချင်တော့ တစ်ရက်မှာ ရွှေတိဂုံဘုရားပေါ်မှာ သမီးတော်တွေ ဘုရားလာဖူးတုန်း အဲဒီအရာရှိလေးကို ကောင်မလေး တစ်ယောက်နဲ့ ဘုရားပေါ်မှာ သမီးတော်တစ်ပါးက တွေ့ဖြစ်အောင် တွေ့လိုက်ပါသတဲ့။ မရှောင်သာ မတိမ်းသာ တည့်တည့်တိုးတာလား။ တမင်အရွှဲ့တိုက်ပြီး သူ့ရည်းစားကို ပြသလားဆိုတာကတော့ ကာယကံရှင် အရာရှိလေးပဲ သိပါလိမ့်မယ်။ ဘာပြောကောင်းမလဲ ရခိုင်ဘက်က တိုင်းမှူးရော၊ ရန်ကုန်က သူ့ဟာသူနေတဲ့ တိုင်းမှူးရော အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခေါ်ယူသတိပေး ဆုံးမခံလိုက်ကြရပါတယ်။ သူ့ကို ရခိုင်တပ်ရောက်တော့ ဟိုကလူတွေက မင်းဘာကြောင့် အိမ်တော်ကနေ ရခိုင်ရောက်လာတာလဲဆိုတာ မေးပေမယ့် လုံးဝ မေးမရတော့ပါဘူး။ အာချောင်တတ်တဲ့ အရာရှိလေးရဲ့ ပါးစပ်ဟာ တစ်ခါတည်း တေမိမင်းလို ပိတ်သွားပါတော့တယ်။ အဲဒီထက် ထူးဆန်းတာက အဲဒီ ပြည်နှင်ဒဏ်ခံလိုက်ရတဲ့ အရာရှိလေးနဲ့ အရက်အတူတူ သောက်ခဲ့ကြတဲ့ တစ်ခြား အရာရှိတွေကိုပါ ခင်မင်သူတွေက အဲဒီအရာရှိလေး ဘာတွေများ ပြောခဲ့တာလဲလို့ စနည်းနာကြပေမယ့် ရာဇဒေါသထွက်ရင် ဇက်မရွေးဘူးဆိုတာ သိနေကြလေတော့ ဘယ်သူ့ ပါးစပ်ကမှ အဲဒီအကြောင်းကို ဖွင့်မပြောကြတော့ပါဘူး။

အခုအချိန်ထိ အဲဒီအရာရှိလေးနဲ့ သူငယ်ချင်း တစ်စုရဲ့ ညနေခင်း အရက်ဝိုင်းက စကားကို ဘယ်သူမှ မသိနိုင်ပေမယ့် အလွန်ထူးဆန်းတာက သူငယ်ချင်းတစ်စု အရက်ဝိုင်းက စကားဟာ ညတွင်းချင်း အိမ်တော်ကို ရောက်သွားတဲ့ ကိစ္စပါပဲ။ ဒါကြောင့် နေ့ပြော နောက်ကြည့်၊ ညပြော အောက်ကြည့်လို့ ရှေးလူကြီးတွေ သတိပေးခဲ့တာဖြစ်မှာ။ ပြီးတော့ မင်းနားတစ်ထောင်ဆိုတဲ့ စကားကြီးကလည်း ရှိသေးတယ် မဟုတ်ပေလားဗျာ။ နောက်ဆုံးမတော့ ဖြစ်သမျှဒဏ် င၀က်ခံဆိုသလို တိုင်းမှူးကတော်ကြီး ခင်မျာ ကားပေါ်မှာ အဆွဲခံရရုံမက အောက်ရောက်တော့လည်း သူထိုင်တဲ့ ထိုင်ခုံကိုပါ ဖြုတ်ပြီး ဆပ်ပြာနဲ့ ဆေးလို့ အမိန့်တော်ချတာ ခံလိုက်ရသေးတယ်။ ဆိုးတဲ့သူတွေက ဆိုးပဲ ဆိုးနိုင်သလို သည်းခံတဲ့ သူတွေကလည်း လက်မလွတ်နိုင်တဲ့ သူတို့ စည်းစိမ်အိုးအိမ် အာဏာအတွက် ပြောသမျှ ငုံ့ခံတတ်ကြတာကလည်း ခန္တီစပါရမီ ပြည့်နိုင်လွန်းကြလေရဲ့ဗျာ။

- လက်စောင်းထက်



ဆရာဝန်ကို အတွင်းခံဘောင်းဘီ လျှော်ခိုင်းတဲ့ သမီးတော် (သမီးတော်ရာဇ၀င်-၁၀)

- လက်စောင်းထက်

သမီးတော်တွေ သမီးတော်တွေလို့ ဆောင်းပါးတွေ ရေးနေပေမဲ့ တကယ်ခွက်ခွက်လန်အောင် ဆိုးတဲ့သမီးတော်က နှစ်ပါးပဲရှိတာပါ။ ခွက်ခွက်လန်အောင် ဆိုးတယ်ဆိုတာက အောက်လက်ငယ်သားတွေကို နှိပ်စက်လွန်းလို့ပါ။ ဈေးဝယ်ကြမ်းတဲ့ နေရာမှာတော့ အားလုံးက လက်ညီပါပေတယ်။ သမီးတော်တွေ ဆိုးသမျှဒဏ်ကို ခါးစည်းခံရတာကလဲ မန္တလေး အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဖြစ်ပါတယ်။ ဒီလိုခါးစည်းခံတဲ့ အတွက် မန္တလေး တိုင်းမှူးတွေ အားလုံးဟာ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်အထိ ရာထူးတက်တဲ့ သူတွေချည်းပါပဲ။ ပြောရရင် အာဏာရှင်ကြီးက ပြန်လည် စောင့်ရှောက်ပေးတာ ဖြစ်တယ်။ ဒါကြောင့် အာဏာရှင်ခေတ်က မန္တလေးတိုင်းမှူးဖြစ်ရင် နောက်တစ်ဆင့် ရာထူးကို မှန်းလို့သေချာပေါက် ရပြီလို့ ပြောနိုင်တယ်။ ဒါကြောင့်လည်း တိုင်းမှူးတွေဟာ သမီးတော်တွေ သုံးသမျှ ဖြုန်းသမျှကို မြို့သစ်တွေ ဖော်ထုတ်ပြီး မန္တလေးမြို့ကြီးကို တရုတ်လက် ၀ကွက်အပ်လိုက်ရတာ ဖြစ်တယ်။ ပြောရရင် သူများတွေ ရေးနေတဲ့ မြန်မာ့ယဉ်ကျေးမှု ခံတပ်ကို တရုတ်လက်ထဲ အပ်လိုက်တာဟာ သမီးတော်တွေပဲဖြစ်တယ်။

သမီးတော်ရာဇ၀င် ဆောင်းပါးကို စီးရီးလိုက်ရေးတဲ့အခါမှာ ဂျာနယ်တိုက်ကို ဖိအားမျိုးစုံပေးတာ ခံရတယ်။ ဒါပေမဲ့ ကိုယ်ပြုသောကံ ပဲ့တင်သံကိုယ့်ထံ ပြန်လာမည်ဆိုတဲ့ စကားလို တစ်ချိန်တုန်းက ဒီလိုပြန်အရေးခံရမယ်လို့ စဉ်းစားခဲ့ရင် ဒီလိုဇာတ်လမ်းတွေ ဘယ်ဖြစ်လာမလဲဗျာ။ သိကြား သာသနာမှာ ၀ဋ်ဆိုတာ ဘ၀မကူးဘူးဆိုတဲ့ စာဆိုကလည်း ရှိတယ် မဟုတ်လား။ သမီးတော် ရာဇ၀င် ရပ်လိုက်တဲ့ အချိန်မှာ ဂျာနယ်တိုက်ကို ဒီဇာတ်လမ်း ဆက်ရေးပါလို့ တောင်းဆိုသူတွေ အများစု ဟာ တပ်မတော်ထဲက မိသားစုဝင်တွေ ဖြစ်နေတာကလဲ အံ့သြစရာ ကောင်းပါတယ်။ ဒုတိယ အများဆုံး တောင်းဆိုသူတွေကတော့ အမျိုးသမီး စာဖတ်ပရိသတ်ဖြစ်တယ်။ ဒါကြောင့် ဘယ်လို ဖိအားတွေရှိရှိ သမီးတော်ရာဇ၀င်ကတော့ ရှေ့ကိုဆက်လက် ရေးသားရတော့မှာ ဖြစ်တယ်။ တကယ်တော့ စာရေးဆရာဟာ သူ့ကိုယ်သူ မပိုင်ပါဘူး။ သူ့ရဲ့စာဖတ်ပရိသတ်ကပဲ ပိုင်တာပါ။ ရှားလော့ဟုမ်း ၀တ္တုတွေ ရေးတဲ့ စာရေးဆရာကြီး ဆာအာသာကိုဒင်နွိုင်းဟာ ရေးရတာ ပျင်းလာပြီး စုံထောက်ကြီး ရှားလော့ဟုမ်းကို ရေတံခွန်ထဲ ပြုတ်ကျသတ်ပစ်ခဲ့ပေမဲ့ ပရိသတ်ရဲ့အားကို မလွန်ဆန်သာပဲ ပြန်ရှင်တဲ့ ဇာတ်လမ်းကို ဖန်တီးပြီး ပြန်လည်အသက်သွင်း ပေးခဲ့ရဘူးပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံး သည်းသည်းလှုပ် ကြိုက်နေတဲ့ သမီးတော် ရာဇ၀င်ကို ပြန်လည် အစပျိုးလိုက်ရပြီ ဖြစ်ပါကြောင်း။

ဒီတစ်ပတ် ဇာတ်လမ်းကို ပြောပြသူက မန္တလေးက အင်ဂျင်နီယာ တပ်မှူးတစ်ယောက် ဖြစ်ပါတယ်။ ထူးဆန်းတာက အဲဒီအချိန်မှာ တိုင်းမှူးကတော်ကအစ မန္တလေးက တပ်မှူးကတော်တွေဟာ ဆရာဝန်တွေ အများစု ဖြစ်နေကြတယ်။ ဒီတစ်ခါ ပြောပြတဲ့ တပ်မှူးကတော့ ဒီဇာတ်လမ်း ပြောပြချိန်မှာ သမီးတော်တွေ နှိပ်စက်တဲ့ဒဏ်ကို သူ့မိန်းမခံရတာကို သနားလွန်းလို့ တပ်မတော်က နှုတ်ထွက်စာ တင်ပြီး ထွက်လိုက်ချိန်လည်း ဖြစ်တယ်။ ဒီဇာတ်လမ်းဟာ ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် စာရေးဆရာဆီမှာ ရောက်ပြီးသား ဇာတ်လမ်းပါ။ ဒီမိုကရေစီစနစ်ကြောင့် ပြည်သူတွေ အခုအချိန်မှာ သိခွင့်ရတဲ့ ဇာတ်လမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

ထုံးစံအတိုင်း သမီးတော်တွေထဲက ခပ်ဆိုးဆိုး တစ်ယောက်ရဲ့ အလုပ်အကျွေး အဖြစ် ဒီတပ်မှူးရဲ့ ဇနီးဆရာဝန်က တာဝန်ကျပါတယ်။ ညနေ ခြောက်နာရီလောက်မှာ အပြင်မှာ ဘယ်သူရှိသလဲ အော်သံကြောင့် ရှိပါတယ် သမီးတော်ဆိုပြီး အခန်းထဲဝင် လိုက်ရပါတယ်။ သမီးတော်က ထမီရင်လျားကြီးနဲ့ ရေချိုးဖို့ ပြင်နေတာပါ။ သူ့ခြေရင်းမှာတော့ သူဝတ်တဲ့ အတွင်းခံ ဘောင်းဘီ ရှိနေပါတယ်။ သမီးတော်က အဲဒီ အတွင်းခံ ဘောင်းဘီကို ခြေထောက်နဲ့ လှမ်းခတ်ပြီး ဆရာဝန်မရှေ့ကို ပို့လိုက်တယ်။ ပါးစပ်ကလည်း ဒီအတွင်းခံက ဒေါ်လာ၂၅၀၀ တန်တယ်။ မနက်ဖန် ငါပြန်ဝတ်မှာ။ ဒါကြောင့် ခုညတွင်းချင်း လျှော်ပြီး မီးပူ တိုက်ပြီးလာပို့။ တစ်ခြားသူကို မခိုင်းနဲ့နော်၊ နင်ကိုယ်တိုင်လျှော်၊ တစ်ခုခု ပျက်စီးလို့ကတော့ သေမယ်သာကြံဆိုတဲ့ အမိန့်တော်ချမှတ် လိုက်ပါတယ်။ တပ်မှူးကတော် ဆရာဝန်ဟာ အဲဒီအချိန်မှာ အသက် ၃၀ကျော် ရှိနေပါပြီ။ သူ့ရဲ့ ညီမအငယ်ဆုံး အရွယ်က နင်နဲ့ငါနဲ့ ပြောရုံမက အတွင်းခံ ဘောင်းဘီကို ခြေနဲ့ကန်ပေးတာကို ကောက်ပြီး စိတ်မကောင်းကြီးစွာနဲ့ အိမ်ကို ပြန်လာပါတယ်။ အိမ်ရောက်တာနဲ့ သူ့ခင်ပွန်း မျက်နှာကို စေ့စေ့ကြည့်ပြီး ရှင့်လိုစစ်ဗိုလ်ကို ယူမိလို့ ကျွန်မ အစော်ကားခံလိုက်ရပြီလို့ တစ်ခွန်းခြင်း ပြောလိုက်ပါတယ်။ သမီးတော်တွေ ဇောင်းထတဲ့ ကာလမှာ ရှင့်လို စစ်ဗိုလ်ကို ယူမိလို့ အစော်ကားခံ လိုက်ရလေခြင်းလို့ ရန်အတွေ့ခံရတဲ့ တပ်မှူးတွေ အတော်များပါတယ်။

အရင်ရေးတဲ့ ဇာတ်လမ်း တစ်ခုထဲမှာလည်း တညလုံး အိပ်ခန်းထဲ မတ်တတ်ရပ် ဒဏ်ပေးခံရတဲ့ ဆရာဝန်မလေး အကြောင်းပါဘူးပါတယ်။ သူတို့ကတော့ အခုအချိန်မှာ တိုင်းမှူး ဖြစ်နေပါပြီ။ ဒီတစ်ခါ ဇနီးကို အတွင်းခံ ဘောင်းဘီ လျှော်ခိုင်းခြင်း ခံရတဲ့ တပ်မှူးကတော့ အဲဒီကိစ္စဖြစ်ပြီး မကြာခင်မှာပဲ ထွက်စာတင်လိုက်ပါတယ်။ ဒီတပ်မှူးနဲ့ လက်စောင်းထက် အလွန်ခင်ပါတယ်။ အလွန်တည်တံ့ပြီး အလွန်သဘော ကောင်းတဲ့ တပ်မှူးပါ။ သူက ကျွန်တော်တတ်တဲ့ အင်ဂျင်နီယာ ပညာနဲ့ အပြင်မှာပဲ လုပ်စားတော့မယ်ဗျာ၊ ကိုယ့်ကြောင့် ကိုယ်မြတ်နိုးလို့ ယူထားတဲ့ ဇနီးကို သူများ အနိုင်ကျင့်တာ မခံနိုင်တော့ဘူးလို့ ရင်ဖွင့်သွားခဲ့ပါတယ်။ သမီးတော် ရာဇ၀င်ကို ဘာကြောင့် တပ်မတော်ထဲက မိသားစုတွေ ကြိုက်သလဲဆိုတာ ဒါကြောင့်ပါပဲ။ သမီးတော်တွေ နှိပ်စက်တဲ့ ဒဏ်ကို ပြည်သူတွေထက် တပ်မတော်ထဲက အရာရှိ စစ်သည်တွေတင်မက သူတို့ မိသားစုဝင်တွေပါ အများကြီး ခံခဲ့ရပါတယ်။ ကိုယ်အမူအရာနဲ့ နှုတ်အမူအရာနဲ့ စိတ်တိုင်းကျ စော်ကားတာကို ခံခဲ့ရတဲ့ အတွက် အခုအချိန်မှာ သမီးတော် ရာဇ၀င်ကို ဆက်ရေးပါ။ စာအုပ်ထုတ်ပါ။ ဘာလို့ရပ်လိုက် ရတာလဲ။ ခုထိ အဲဒီအာဏာရှင် မိသားစုက အာဏာရှိဆဲပဲလား ဆိုတဲ့ တယ်လီဖုန်းနဲ့ သတင်းမေးတာတွေ ပေးစာတွေဟာ ဂျာနယ်တိုက်မှာ ပလူပျံနေပါတယ်။ ဒါကြောင့် မီဒီယာရဲ့ တာဝန်ကို ထမ်းဆောင်တဲ့ အနေနဲ့ ဂျာနယ်တိုက်ကို ရောက်ရှိလာတဲ့ သမီးတော် ဇာတ်လမ်းတွေ၊ စာရေးသူ ကိုယ်တိုင် တွေ့ခဲ့ရ၊ ကြားခဲ့ရတဲ့ သမီးတော် ရာဇ၀င်တွေကိုတော့ အလျဉ်းသင့်သလို ဆက်လက် ရေးသားရတော့မယ် ဖြစ်ပါကြောင်း။

- လက်စောင်းထက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။