Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 6, 2014

စာဖတ်တဲ့ နိုင်ငံဆီသို့

မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ စာအုပ်များရဲ့ စောင်ရေတွေဟာ လူဦးရေနဲ့ အချိုးချလိုက်မယ် ဆိုရင် အင်မတန်ကို နည်းလွန်းလှတယ် ဆိုတဲ့ အဆင့်ထက် ပိုပြီး နိမ့်ကျနေပါတယ်။ ကြောက်စရာ ကောင်းလောက်အောင် စာဖတ်နှုန်းက နိမ့်ပါးနေပါတယ်။ သန်း ၆ဝ မှာ အုပ်ရေ ၁ဝဝဝ ဆိုတော့ လွယ်လွယ် အချိုးချကြည့်ရင် လူ ၆ဝဝဝ မှာ မှ ၁ ယောက်ပဲ စာဖတ်သလို ဖြစ်နေတာပေါ့။ လူ ၆ဝဝဝ ဆိုတာ မြို့နယ်လေး တစ်မြို့နယ်စာလောက် ရှိတယ်နော်။ ဆိုတော့ တစ်မြို့နယ်မှာမှ တစ်ယောက်လောက်ပဲ စာဖတ်တယ်လို့ ဆိုရမှာပေါ့။
စာမဖတ်တဲ့ နိုင်ငံ တစ်နိုင်ငံရဲ့ ရလဒ်က ဘာဖြစ်မလဲဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုပါဘူး။ ဆိုတော့ စာမဖတ်ရတဲ့ အကြောင်းကိုပဲ ဆန်းစစ်ရအောင်။ အဲဒီထဲမှာမှ လူကြီးတွေကို ဖယ်ပြီး ကျောင်းနေအရွယ် ကလေးတွေကို အထူးပြုပြီး တင်ပြချင်ပါတယ်။ ကျောင်းနေအရွယ် ကလေးတွေကိုပဲ အထူးပြုရတာ အကြောင်းပြချက် ရှိတယ်။ စာမဖတ်တဲ့ ကလေးဟာ ကြီးလာရင်လည်း စာဖတ်ဖို့ အလားအလာ မရှိသလောက် နည်းသွားပြီ။ ဒီကျောင်းသားလေးတွေ ကြီးလာလို့ အိမ်ထောင်တွေကျ၊ ကလေးတွေ ထပ်မွေးပြန်ရင်လည်း သူတို့ ကလေးတွေကို စာဖတ်ဖို့ သွန်သင် ဆုံးမမှာ မဟုတ်ဘူး။ သူတို့ ကိုယ်တိုင်မှ မဖတ်ဘဲ။
ဟုတ်ပါပြီ။ ဒါဆို ကျောင်းသားလေးတွေ ဘာလို့ စာမဖတ်ကြတာလဲ။ ကာတွန်းတွေ၊ ပုံပြင်တွေ မဖတ်ကြရတာလဲ။ တော်တော်များများ ကတော့ အင်တာနက်ဆိုင်တွေ၊ တီဗီဂိမ်းတွေ၊ ဗီဒီယို ဇာတ်ကားတွေကို လက်ညှိုးထိုး အပြစ်တင်ကြပါတယ်။ မှန်သင့်သလောက်ပဲ မှန်ပါတယ်။ အကုန်လုံးတော့  မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံက အီလက်ထရောနစ်နဲ့ ပတ်သက်လာရင် စင်ကာပူတို့၊ မလေးရှားတို့ မပြောနဲ့၊ ကမ္ဘောဒီးယားလောက်၊ ဗီယက်နမ်လောက်ကို မမီသေးပါဘူး။ အီလက်ထရောနစ် စနစ်၊ အင်တာနက် စနစ် ပိုကောင်းတဲ့ သူတို့လို နိုင်ငံတွေမှာတောင် စာဖတ်နှုန်းက ကျွန်တော်တို့ထက် သာပါတယ်။
တကယ့် တကယ်တမ်း အရင်းစစ်ကြည့်ရင် ပညာရေး စနစ်ကြောင့်ဆိုတဲ့ ရလဒ်ကို ထင်ထင်ရှားရှား တွေ့ရမှာပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေး စနစ်ဟာ နိုင်ငံတကာ အဆင့် မမီပါဘူး။ အလွဲဆုံး အချက်ကတော့ အလွတ်ကျက် ဖြေ စနစ်ပါပဲ။ သင်္ချာပုစ္ဆာလိုက် အလွတ်ကျက် ဖြေတာမျိုး၊ စာစီစာကုံးတွေ အလွတ်ကျက် ဖြေတာမျိုးတွေဟာ ကြားရတာနဲ့တင် စိတ်ပျက်စရာပါ။ ထိုးထွင်း ဖန်တီးမှု မပါဘဲ အတန်း တက်ခွင့် ပေးထားတာဟာ မှားပါတယ်။
ပိုဆိုးတာက ကျူရှင်စနစ်။ ကလေးတွေဟာ ကျောင်းက ပြန်ရောက်တာနဲ့ ကျူရှင်ကို တန်းပြေးတာပါပဲ။ တချို့ဆို အိမ်ကိုတောင် မပြန်ရပါဘူး။ ကျောင်းကနေ ကျူရှင် တန်းသွားရတာ။ ကျူရှင်က ပြန်လာတော့လည်း အနီးကပ်ဂိုက် ဆိုတာနဲ့ ထပ်သင်ရသေးတယ်။ စနေ၊ တနင်္ဂနွေဆိုရင် အင်္ဂလိပ် စကားပြော သင်တန်းတို့၊ ကွန်ပျူတာ သင်တန်းတို့က အဆစ် ပါလိုက်သေးတယ်။ ဘယ်မှာလဲ ကလေးတွေအတွက် အားလပ်ချိန်၊ အနားယူချိန်။ ဘယ်အချိန်မှာ ကာတွန်း ဖတ်ရမလဲ။ ဘယ်လို အချိန်ပေးပြီး ပုံပြင်တွေ၊ ဝတ္ထုတွေ ဖတ်ရမလဲ။ ကျောင်းစာ မဖတ်ဘဲ ဝတ္ထုစာအုပ်တွေ ဖတ်နေတာ တွေ့ရင်လည်း အဆူခံရပါသေးတယ်။ ဆိုတော့ ကျောင်းသားလေးတွေဟာ ကျောင်းစာမှာ ထူးချွန်ကြပါတယ်။ အမှတ် ကောင်းကောင်း အောင်ပြီး ဆေးတက္ကသိုလ်တွေ တက်ကြပါတယ်။  ဆရာဝန်လေးတွေကနေ ဆရာဝန်ကြီးတွေ ဖြစ်လာကြပါတယ်။ ပညာတော်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ လူနာတွေကို မချေမငံ ဆက်ဆံကြရတာလဲ။ လူနာတွေ အကုန်လုံးဟာ ဆရာဝန်ထက် တစ်ဆင့် နိမ့်တယ်လို့ ဘာကြောင့် ထင်မှတ်နေရတာလဲ။ လူနာတွေက နည်းနည်း ပြန်မေးခွန်းထုတ်ရင် စိတ်မရှည် သလိုလို၊ မဖြေချင် သလိုလို ဖြစ်နေကြတာ ဘာဖြစ်လို့လဲ။ ရထားတဲ့ ဘွဲ့ကြီးတွေကိုမှ အားမနာ။ ဘာဖြစ်လို့ အဲဒီလို ဖြစ်နေ ရတာလဲ။ ရှင်းရှင်းလေးပါ။ ကျောင်းစာက လွဲပြီး ပြင်ပစာ မဖတ်လို့ပါ။ အကျိုးဆက် အနေနဲ့ နှလုံးရည် မပြည့်ဝတော့ပါဘူး။ ပညာမာန် ထောင်ကုန်ကြပါတယ်။ အဲဒီလို ဆရာဝန်ကြီးများရဲ့ တပည့် ဆရာဝန် ပေါက်စလေးတွေကလည်း အချိုးတွေ တထေရာတည်း ဖြစ်ကုန်တော့တာပါပဲ။ ဒါကနေ့ သိသာ ထင်ရှားတဲ့ စာမဖတ်ခြင်းရဲ့ အကျိုးဆက် တစ်ခုပါပဲ။ တခြား နယ်ပယ်တွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဆရာဝန်တွေနဲ့ ပတ်သက်လာရင် လူတိုင်းမှာ ကိုယ်စီ ရင်နာစရာလေးတွေနဲ့မို့ လွယ်လွယ်ကူကူ ဥပမာ ပေးရတာပါ။
အဆိုးတကာ့ အဆိုးဆုံးကတော့ ကျောင်းဆရာ၊ ဆရာမတွေပါပဲ။ သိပ်အရေးကြီးပါတယ်။ စာဖတ်ရကောင်းမှန်း မသိတဲ့ ဆရာတွေကနေ ပေါက်ဖွားလာမယ့် တပည့်တွေကတော့ ရင်လေးစရာပါ။ ဒီတော့ ကျောင်းဆရာတွေကိုလည်း ပြင်ပစာ ဖတ်ရှုဖို့ စည်းရုံး လှုံ့ဆော်ပါ။ စီမံကိန်းကြီး ချပြီးတော့ကို စည်းရုံး လှုံ့ဆော်ပါ၊ ပညာရေး စနစ်ကို မြေလှန် ပြုပြင်ပါ။ စာမဖတ်တဲ့ တိုင်းပြည်က စာမဖတ်တဲ့ ပြည်သူတွေကို စာမဖတ်တဲ့ အစိုးရက အုပ်ချုပ်လိုက်ရင် စာဖတ်တဲ့ တိုင်းပြည်က စာဖတ်တဲ့ အစိုးရကနေပြီး စာဖတ်တဲ့ လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေကို လွှတ်ကာ ငါးနှစ်လောက်အတွင်း သေနတ်တစ်ချက်မှ မဖောက်ဘဲ တစ်နိုင်ငံလုံးကို လွယ်လွယ်ကူကူ သိမ်းနိုင်ပါတယ်။ မယုံမရှိနဲ့။ ဝါးမျိုခံရဖို့ အလားအလာက သိပ်နီးကပ်နေပါပြီ။ အချိန်တွေ လွန်နေပြီ။ အမြန်ဆုံး သုံးသပ် ဆင်ခြင်ကြပါ။
နောက်ဆက်တွဲ။  ။ စာမဖတ်တဲ့ လူတွေ အကြောင်းကို အခုလို စာမျက်နှာပေါ်က တစ်ဆင့် ရေးနေရတာကိုက လွဲချော်တဲ့ ပစ်မှတ်ပါ။ လုပ်သင့်တာက အွန်လိုင်း မီဒီယာလိုမျိုး၊ ဒါမှမဟုတ် တီဗီချန်နယ်တွေ၊ ဗီဒီယို ဇာတ်လမ်းတွေကနေ ပညာပေး စည်းရုံးသင့်ပါတယ်။ ပညာပေး စည်းရုံးတယ်ဆိုလို့ အရှင် ရုက္ခစိုး နတ်မင်းကြီးတို့၊ လက်မည်းကြီး၊ လက်မည်းကြီးတို့လို ပညာပေးနည်း မဟုတ်ဘူးနော်။ တကယ့်ကို လူငယ်တွေ စိတ်ဝင်စားမယ့် နည်းမျိုးတွေနဲ့ပေါ့။ ဥပမာ နာမည်ကြီး အဆိုတော်ဖြစ်ဖြစ်၊ သရုပ်ဆောင်တွေကပဲဖြစ်ဖြစ် အစိုးရကျောင်းတွေကို သွားပြီး မူလတန်း အဆင့်ကလေးတွေကို ပုံပြင် ဖတ်ပြတာတို့၊ ကာတွန်းဆရာတွေကနေ ပုံဆွဲပြတာတို့တွေ လုပ်သင့်ပါတယ်။ အလွယ်ဆုံးနဲ့ အသက်သာဆုံးနည်းပါ။ လမ်းစရိတ်လောက်နဲ့ အဆင်ပြေမှာပါ။ တာဝန်ရှိသူတွေ အနေနဲ့ စဉ်းစားသင့်ပါတယ်။
မြေမှုန်လွင်
December 12, 2011 Popular

1 comment:

  1. ကောင်းလိုက်တဲ့ ဆောင်းပါးတစ်ပုဒ်ပါ အလွန်တန်ဖိုးရှိပါတယ် စာရေးဆရာရောပို့စ်တင်တဲ့သူရောဒီကနေလေးစားစွာဖြင့် ဂါရဝပြုပါတယ် ဒီလိုဆောင်းပါးမျိုးကရေးသင့်တာကြာပါပြီ ကျနောလဲဒီစာမျိုးရေးချင်လှပါတယ် အခြေအနေကမပေးသေးလို့ပါ ပတ်ဝန်းကျင်မှာတွေ့မြင်နေရတာဒီအတိုင်းပါပဲ နောက်ထပ်ဒီလိုဆောင်းပါးမျိုးအများကြီးရေးပါဦး ဒီထက်ကိုပိုလိုအပ်နေလို့ပါလို့ လေးနက်စွာတိုက်တွန်းလိုက်ပါရစေ comment အရမ်းရှည်မှာစိုးလို့ဒီလောက်ပါပဲ ပြန်ရှယ်ခွင့်ပြုပါခင်ဗျာ လေးစားစွာဖြင့်....

    ReplyDelete

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။