Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 27, 2014

ငါတို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား ( Written by အငြိမ်းစားကျောင်းဆရာတစ်ဦး )


Fire Fly
ငါတို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား ( Written by အငြိမ်းစားကျောင်းဆရာတစ်ဦး )
---------------------------------------

အဖေ အရွယ် လူကြီးတစ်ယောက်ရဲ့ ရင်ထုမနာစကား။
( ကျွန်တော်တို့ခေတ်တွေက အသည်းအသန်ရုန်းကန်နိုင်မှ ရပ်တည်နိုင်မယ်ဆိုတာကို သိကြတယ်။ ကျွန်တော်တို့ သားသမီးတွေ ခေတ်က သူတို့မရုန်းကန်လည်း အချိန်တန်ရင် အားလုံး အသင့်ဖြစ်နေကြတယ်။ ဒီကွာခြားချက်နှစ်ခုကြောင့် အားထုတ်မှုတွေ မရှိတော့တာလား၊ ကြိုးစားစရာ မလိုဘူးထင်ပြီး မကြိုးစားကြလို့ ဒီလိုဖြစ်ကုန်တာလား။ )
----------------------
နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဗိုလ်ချုပ်ဈေးရှေ့မှာပြန်တွေ့တယ်။ ထုံးစံအတိုင်း ဝမ်းသာအားရ ပထမဦးဆုံး မေးဖြစ်ကြတာက လုပ်ငန်းကိုင်ငန်း အဆင်ပြေသလားပေါ့။

သူကနိုင်ငံခြားမှာ သင်္ဘောသားသွားလုပ်နေတာ နှစ်ပေါင်းများစွာ ကြာသွားပြီ။ ခုတော့ အသက် ၆၀ နားလည်းနီးလာ၊ ဟိုကလည်း အိုပယ်ဆိုရင် မသုံးချင်၊ သူကလည်း မြန်မာပြည်မှာပဲ မိသားစုနဲ့ အေးချမ်းစွာ ပြန်နေချင်တာနဲ့ အလုပ်က အပြီး အပိုင်နုတ်ထွက်ပြီး ပြန်လာခဲ့တယ်လို့ဆိုပါတယ်။ ခုတော့ တက္ကစီ သုံးစီးထောင်ပြီး ရတာလေးနဲ့ ငြိမ်းချမ်းစွာနေထိုင် တယ်လို့ဆိုပါတယ်။

စီးပွားရေး၊ ကြီးပွားရေးမေးပြီးတော့ သားရေး သမီးရေးကိစ္စရောက်သွားတယ်။ သူ့မှာ သားနှစ်ယောက်ရှိတယ်။ နှစ်ယောက် စလုံး ဘွဲ့တွေရပြီးပြီ။ ဘာလုပ်သလဲဆိုတော့ သူမျက်ရည်ဝဲသွားတယ်။ ပြီးတော့မှ မပြောချင်တော့ပါဘူးဆိုပြီး အကြောင်းစုံ ပြောပြတော့တယ်။

သူ့သားအကြီးကောင်ကို ဘွဲ့ရပြီးတော့ သူ့လို သင်္ဘောသားတစ်ယောက်ဖြစ်အောင် သင်တန်းတွေ အမျိုးမျိုး တက်ခိုင်းပြီး သူ့လိုင်းမှာ အလုပ်ရအောင် သူဌေးကိုပြောပေးတယ်။ သူဌေးကလည်း သူ့မျက်နှာနဲ့အပြင် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ညီနေလို့ သားဖြစ်သူကို သူ့သင်္ဘောလိုင်းမှာပဲ လက်ခံလိုက်တယ်။ လစာက မြန်မာငွေနဲ့ဆိုရင် ၅ သိန်းလောက်ရမှာဖြစ်လို့ သူလည်း ပျော်နေတာပေါ့။

ဒါပေမဲ့ သားဖြစ်သူက တစ်လလောက်လုပ်ပြီး ဗွေဖောက်လာတယ်။ မပျော်ဘူးဆိုပြီး ကျွန်တော့်သူငယ်ချင်း၊ သူ့အဖေကို ပြဿနာအမျိုးမျိုးရှာကာ မြန်မာပြည်ပြန်ခဲ့တယ်လို့ဆိုပါတယ်။ ခုတော့ သူ့သားဘာလုပ်နေသလဲဆိုတော့ ဖုန်းပြင်တဲ့ ဆိုင်မှာ တစ်လ ခြောက်သောင်းနဲ့ ဝင်လုပ်နေပါသတဲ့။

နောက်သူငယ်ချင်းတစ်ယောက်ကလည်း ဒီပုံစံအတိုင်းပဲ။ စင်ကာပူမှာ အလုပ်သွားလုပ်နေရာက ကျန်းမာရေး မကောင်းလို့ ပြန်ပြီး အနားယူမယ်လုပ်တော့ သားဖြစ်သူကိုခေါ်ပြီး သူ့အလုပ်မှာ လုပ်နိုင်ဖို့ သူဌေးနဲ့တွေ့ပေးတယ်။ သူဌေးကလည်း သူ့ လုပ်ပုံကိုင်ပုံကို သဘောကျပြီး သူ့အလုပ်တွေကို သားဖြစ်သူနဲ့ လွှဲနိုင်အောင်သင်ပေးပါလို့ပြောကာ လက်ခံလိုက်တယ်။ တစ်လ မြန်မာငွေ သုံးသိန်းလောက် စပေးတယ်။ မြန်မာပြည်မှာ မရနိုင်တဲ့ လစာမျိုးပေါ့။

သူ့သားလည်း ဒီအတိုင်းပဲ မပျော်ဘူးဆိုပြီး မြန်မာပြည်ပြန်လာတယ်။
နောက်သူ့အဖေဆီ ပြန်မသွားတော့ဘူး။ ကျွန်တော့် သူငယ်ချင်းလည်း စာချုပ်စေ့လို့ မြန်မာပြည်ပြန်လာရတယ်။ ကျွန်တော်က ခုသူ့သားဘာလုပ်နေလဲမေးတော့ ဘာမှ မလုပ်ဘူး လက်ဖက်ရည်ဆိုင်ထိုင်နေတယ်လို့ ပြောပါတယ်။

ကျွန်တော်တို့ သူငယ်ချင်းတွေ ဆုံကြတိုင်း ကိုယ့်ဘဝကို ကိုယ်ထူထောင်လာကြတာလေးတွေ အမှတ်ရမိတယ်။ တောနယ် ကနေ ရန်ကုန်ကို တက်လာပြီး မိသားစုအတွက် အိမ်တစ်ဆောင်၊ မီးတစ်ပြောင်ဖြစ်အောင် ဖန်တီးပေးနိုင်တယ်။ လူရိုသေ ရှင်ရိုသေဖြစ်အောင် ရပ်တည်နိုင်ကြတယ်။ ချမ်းသာကြတာမဟုတ်တောင် မဆင်းရဲကြဘူး။ ဒီလိုနေနိုင်အောင် နှစ်ပေါင်း များစွာ အခြေခံကနေ စတက်ခဲ့ကြရတာပါ။

ဒါပေမဲ့ သားတွေ သမီးတွေ ခေတ်မှာ သူတို့ဘဝသူတို့အခြေအနေတွေ
ကောင်းအောင် မိဘတွေကို အဆင်သင့် မြှင့်တင်ပေးတာ တောင် မလိုက်နိုင်ကြတာကို အံ့အားသင့်မိတယ်။ သူတို့ဘဝတွေမှာ ကျွန်တော်တို့လို ရန်ကုန်မှာ ထမင်းငတ်ခဲ့တာတွေ၊ ပိုက်ဆံ သုံးစရာမရှိလို့၊ ကားခတောင်မရှိလို့ လမ်းလျှောက်ခဲ့ရတာတွေ၊ တစ်နေ့ကို ထမင်းတစ်နပ်လောက်ပဲ စားခဲ့ရတာတွေ သူတို့ကို ဘယ်လောက်ပဲပြောပြော သူတို့ သဘောပေါက်ကြမယ် မထင်ပါဘူး။

သူတို့ဘဝတွေမှာ မိုးလင်းတာနဲ့ အရံသင့်စားဖို့ရှိတယ်။ ပညာသင်ဖို့လည်း စိတ်ပူစရာ မလိုဘူး။ အချိန်တန် လက်ဖြန့်လိုက်ရင် ပိုက်ဆံက ရောက်သွားပြီးသား။ ဝတ်ဖို့လည်းမပူရ၊ နေဖို့လည်း မပူရ၊ စားဖို့လည်း မပူရတဲ့ ဘဝတွေမှာ သူတို့တက်လမ်း အတွက် ကျွန်တော်တို့က လမ်းဖောက်ပေးတာတောင် ပျင်းလို့ မလျှောက်ချင်ဘူးဆိုတာကို ကျွန်တော်တို့ ပြန်ပြီး သုံးသပ် ကြည့်မိပါတယ်။

အစစ အရာရာ အရံသင့်များ ဖြစ်နေလို့လား။ မိဘတွေဆိုတော့ သူတို့ကို ပစ်ပစ်ခါခါလည်း မလုပ်ရက်၊ မလုပ်နိုင်။ သားသမီးတွေက အဲဒီအပေါ်မှာပဲ အခွင့်အရေးတွေ ယူနေကြတာလား။ သူတို့ကို လုပ်ချင်တာလုပ်ဖို့ ခွင့်ပေးလိုက်ချိန်မှာ သူတစ်ပါးလက်အောက် အညံ့ခံတဲ့ဘဝတွေနဲ့ ပေးသလောက်ယူနေကြရတာ သူညံ့လို့လား၊ ကိုယ်ညံ့လို့လားဆိုတာ စဉ်းစား စရာဖြစ်လာပါတယ်။

ကျွန်တော်တို့ဟာ လက်ဦးဆရာတွေ ဖြစ်တာကြောင့် သားသမီးညံ့တာ မိဘညံ့တာကြောင့်ပဲလို့ ယူဆလိုက်ပါတယ်။ ဘဝတစ်ခုလုံး နားရက်နားချိန်မရှိ အပြေးအလွှားရှာရ ဖွေရဆိုတော့ သူတို့နဲ့လည်း အနီးကပ် လက်ပွန်းတတီးလည်း မနေနိုင် ခဲ့ကြဘူး။ ဒါကြောင့် ကြုံတဲ့အခါလေးတွေမှာ သွန်သင်ဆုံးမပေမယ့် ပြန်မပြော နားမထောင်ဆိုတဲ့ဘဝတွေမှာပဲ သူတို့က နေခဲ့ ကြတာ။

ကျွန်တော်ဟာ အငြိမ်းစားကျောင်းဆရာတစ်ယောက်ဖြစ်ပြီးတော့ တပည့်တွေ အောင်မြင်မှုတွေရတာကိုကြည့်ပြီး ပီတိဖြစ်နေ တတ်သူပါ။ ဒါပေမဲ့ ကိုယ့်သားသမီးကျတော့ ဖယောင်းတိုင်အောက်က အမှောင်ထဲရောက်နေသလို မထွန်းတောက်နိုင်တာ ကိုလည်း ငါ့ကြောင့်များလားဆိုပြီး ပြန်ပြီးသုံးသပ်မိပါတယ်။

ကျွန်တော်တို့ခေတ်တွေက အသည်းအသန်ရုန်းကန်နိုင်မှ ရပ်တည်နိုင်မယ်ဆိုတာကို သိကြတယ်။ ကျွန်တော်တို့ သားသမီးတွေ ခေတ်က သူတို့မရုန်းကန်လည်း အချိန်တန်ရင် အားလုံး အသင့်ဖြစ်နေကြတယ်။ ဒီကွာခြားချက်နှစ်ခုကြောင့် အားထုတ်မှုတွေ မရှိတော့တာလား၊ ကြိုးစားစရာ မလိုဘူးထင်ပြီး မကြိုးစားကြလို့ ဒီလိုဖြစ်ကုန်တာလားဆိုပြီးတော့လည်း သံသယဖြစ်မိပါ တယ်။

ကျွန်တော့်ဘခင်ကြီးဟာ မနက်ဆိုရင် လေးနာရီထပြီး အလုပ်လုပ်တယ်။ ညဆိုရင်လည်း မှောင်တဲ့အထိ အလုပ်လုပ်တယ်။ ကွယ်လွန်ခါနီး ဘဝနေဝင်ချိန်ရောက်မှ ဘုရားလေး၊ တရားလေးအားထုတ်ပြီး ငြိမ်းချမ်းစွာနေသွားခဲ့တယ်။ သူသားသမီးတွေ ကို လုပ်ကျွေးခဲ့တဲ့နှစ်ကာလပေါင်းများစွာနဲ့ သူခံစားခဲ့ရတဲ့ကာလဟာ ဘယ်လိုမှ မမျှတဘူးလို့ ပြောနိုင်တယ်။

ကျွန်တော့်ဘခင်က စာသိပ်မတတ်ပေမယ့် ပြောသွားတဲ့ စကားတစ်ခွန်းကို သတိရတယ်။ ဒီစကားကလည်း စာထဲပေထဲတွေမှာ ပါပြီးသားစကားပါ။ “သားဆိုတာ အဖေထက် ပိုတော်ရတယ်ကွ” လို့ပြောဖူးပါတယ်။ ကျွန်တော်ပြန်သုံးသပ်ကြည့်တော့ ကျွန်တော့်အဖေထက်ကျွန်တော် ပိုပြီးတော်တာ ပညာပဲရှိတယ်။ အဖေတို့ခေတ်က ဂျပန်ခေတ်ဆိုတော့ ပညာကောင်းကောင်း မသင်ခဲ့ရဘူး။ ဒါကြောင့် ဘုန်းကြီးကျောင်းပဲ နေခဲ့ရတယ်။ သေစာရှင်စာလောက်ပဲ တတ်ခဲ့တယ်။ ကျွန်တော်တို့ခေတ်ကျတော့ ဘွဲ့ရသည်အထိ မိဘတွေက ပညာသင်ပေးနိုင်ခဲ့တယ်။

တစ်လောက ကျွန်တော်လေးစားတဲ့ ဆရာကြီးတစ်ယောက်နဲ့ စာပေဗိမာန်စာအုပ်အရောင်းဆိုင်မှာ ပြန်ဆုံတယ်။ ဆရာကြီးက လည်း ဝမ်းသာအားရနဲ့ နှုတ်ဆက်ပြီး သားရေးသမီးရေး အကြောင်းတွေရောက်သွားတော့ “ခုထိ ငါ့သားနှစ်ယောက် ဘာအလုပ်မှ မလုပ်သေးဘူး။ အိမ်မှာ လည်ရာပြန်စားရေးပဲ လုပ်နေကြသေးတယ်” လို့ဆိုလိုက်ပါတယ်။

ကျွန်တော်စိတ်မကောင်းစွာနဲ့ ပြန်ပြီးသုံးသပ်လိုက်တော့ ကျွန်တော့်ဆရာကြီးအသက်က ၇၀ ကျော်၊ သူ့သားတွေက လေးဆယ် ကျော်။ ဒီအချိန်အထိ သားတွေကို အလုပ် မလုပ်ခိုင်းတာ ဆရာကြီးအပြစ်လား၊ အလုပ် လုပ်ရမှန်းမသိတဲ့ သားတွေရဲ့ အပြစ် လား ဘယ်လိုဝေခွဲရမှန်းတောင် မသိတော့ပါဘူး။

ဒါပေမဲ့ ဆရာကြီးနောက်ဆုံးပြောလိုက်တဲ့စကားကို မမေ့ပါဘူး။ “သူတို့ကကွာ ငါ့ကို အရင်းအနှီး မထုတ်ပေးလို့ အလုပ် မလုပ်ဘူးပြောကြတယ်။ ငါကလည်း လက်ရှိအိမ်ကလွဲပြီး ဘာမှ ရှိတော့တာမဟုတ်ဘူး။ သူတို့ကလည်း အိမ်ကိုရောင်းပြီး အရင်းအနှီးလုပ်မယ်တဲ့။ ငါအဲဒီလောက် မစွန့်စားရဲဘူးကွ။ သူတို့ကိုယုံပြီးပုံလိုက်ရင် ငါလည်း ဘိုးဘွားရိပ်သာမှာ ဘဝကို အဆုံးသတ်ရမယ်ထင်တယ်”

ဒီစကားတွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသား တွေရဲ့ဘဝတွေကို ထင်ဟပ်သလို ရှိနေပါတော့တယ်။
------------------------
creditး Maukkha Education Magazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။