Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 30, 2014

မစ်ရှယ် အိုဘားမား အသက်၅၀ ပြည်တဲ့ အခါ


Burma-Newselite
မစ်ရှယ် အိုဘားမား အသက်၅၀ ပြည်တဲ့ အခါ

အသက်ကြီးလာတယ်ဆိုတာ တည်ငြိမ်ရင့်ကျက်လာခြင်းဖြစ်ပြီး

အိုမင်းတာမသန်စွမ်းလာတာချည်းဘဲ မဟုတ်ဘူးလို့ အသက် ၅၀
အရွယ်ကို ရောက်လာပြီဖြစ်တဲ့ အမေရိကန်သမ္မတကတော်မစ်ရှယ်အိုဘားမားကဆိုပါတယ်။ အသက် ၅၀ အရွယ်အောင်မြင်သူအမျိုးသမီးတယောက်ရဲ့  အနာဂတ်ရည်မှနိးချက်တွေ ဘ၀ကိုဘယ်လို ပျော်ရွင်စွာ ဖြတ်သန်းဖို့ ပြင်ဆင်ထားသလဲဆိုတာကို People မဂ္ဂဇင်းက မစ်ရှယ်အိုဘားမားကို သီးသန့် တွေ့ ဆုံမေးမြန်းခဲ့ ပါတယ်။ 

မစ်ရှယ်အိုဘားမားလို အောင်မြင်ထက်မြက် သူအမျိုးသမီးတွေအနေနဲ့ အသက် ၅၀ အရွယ်ကို ဘယ်လို ဖြတ်သန်းကြသလဲဆိုတာ ကို လေ့လာကြည့်ရအောင်ပါ

ငယ်ငယ်တုန်းက ကောင်မလေးတယောက်အနေနဲ့  အထက်တန်းကျောင်းမှာလောက်တော့ ထိပ်ဆုံးနေရာ မရောက်ချင်ဘူးလို့ ရှင်ကပြောခဲ့ တယ်ဆို.။ ကဲမစိရှယိ အခု ရှင့်အသက် ၅၀ ပြည့်ပြီနော် ။ထိပ်ဆုံးရောရောက်နေပလား

မစ်ရှယ်အိုဘားမား။ ဒါတော့ ကျမမသိပါဘူး ကျမပြောချင်တာက အခုချိန်မှာ ကျမက အမေရိကန်သမ္မတကတော်ဘဲလေ။ ဒါလည်း အတော်မြင့်တဲ့ နေရာဘဲ။ ဒါပေမဲ ကျမဘ၀ကအမြဲလိုတိုးတက်လာနေတယ်လို့ ခံစားရတယ်။ အိမ်ဖြူတော်ကနေ ထွက်ခွာချိန်ကျရင် ကျမက အသက်ငါးဆယ် ကျော်ပြီပေါ့ လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်။ ကျမရဲ့ အရည်အသွေးတွေနဲ့  ကံပေါ်မှာဘဲ မှီပြီးထိုင်နေလို့ မရဘူး။ အမေတယောက်အနေနဲ့ ဘဲဖြစ်ဖြစ် တခြားကလေးတွေရဲ့ အုပ်ထိန်းသူအနေနဲ့ ဖြစ်ဖြစ် အကျိုးရှိမှာတွေကို ကျမက ဆက်လုပ်သွားရမယ်. အိမ်ဖြူတော်ကနေ ထွက်ခွာတဲ့ အချိန်မှာ အကြီးမ မာလီယာက ကောလိပ်တက်ရတော့မယ် ။အငယ်မ ဆာရှာကတော့နောက်နှစ်နည်းနည်းစောင့်ပြီးရင် ကောလိပ်တက်ရမယ်။ ၀ိုးဝိုး ဒီလို အချိန်မှာ ဘ၀မှာဘာမှကန့်သတ်ချက်တွေ မရှိတော့ ဘူးလေ

ဘာဖြစ်လို့ အသက် ၂၀အရွယ်ဘ၀ကို ပြန်မတမ်းတတာလဲ

မစ်ရှယ်အိုဘားမား။ ကျမကတော့ အခုချိန်မှာကိုယ့်ကိုယ်ကိုယ်ပိုယုံကြည်တယ်။ ဆယ်စုနှစ်တိုင်းက ကျမကိုပိုပြီးတည်ငြိမ်လာစေတယ် ရင့်ကျက်လာစေတယ် ယုံကြည်မှုပိုရှိလာတာတယ်။အသက်၂၀အရွယ်တုန်းက ဒီလိုမျိုးဘယ်ဟုတ်မလဲ ကျမအသက် ၂၀လောက်တုန်းက ဘယ်မှမသိခဲ့ ဘူး ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ အရမ်းတော်တယ်လို့ ထင်တယ်ရှင့် အသက်၇၆ နှစ်ရှိတဲ့ ကျမရဲ့ အမေကို ပြန်ကြည့်မိတော့ သူက ကျမထက်တောင် သူ့ ကိုယ်သူပိုယုံကြည်ပိုခိုင်မာပိုပြတ်သားနေသေးတယ်။သူ့ စိတ်ကိုသူပိုင်တယ် နေ့တိုင်းသူလုပ်ချင်တာကို ဘယ့် သူမှတောင်းပန်ခယစရာမလိုဘဲ အတိအကျလုပ်နိုင်တယ်။ ကျမကတော့ သူ့ လောက်တော့ မဖြစ်သေးဘူး။ ဒါပေမဲ့ ဖြစ်လာမယ်လို့ မျှော်လင့်ထားတယ်။

တခြားရောအားကျအတုယူစံထားရမယ့်သူတွေရှိသလား။ ငါ့အသက် ၇၀ လောက်ရောက်တဲ့ အခါငါလည်း သူ့ လိုမျိုးဖြစ်ချင်လိုက်တာဆိုပြီး အားကျရမယ့်သူမျိုးပေါ့

မစ်ရှယ်အိုဘားမားအို သိပ်ရှိတာပေါ့ ကျမသွားတဲ့ အခမ်းအနားတွေတိုင်းက အမျိုးသမီးတွေဆိုရင် နှစ်တွေကြာလာလေ ပိုကြည့်ကောင်းလာလေဘဲ။ အဲဒိအမျိုးသမီးတွေနဲ့ တွေ့ ရင် သူတို့ ကပြောလေ့ရှိတယ်။ ကျမအသက် ၆၀ ပြည့်တော့မှာတို့ ဘာတို့ ပေါ့ ကျမဖြင့် သူတို့ အသက်တွေကို မယုံနိုင်လို့ နောက်နေတာလားလို့ တောင်ပြန်မေးရတယ်။ ဟိုတလောကဆို ဘရောဒ်ဝေးပြဇာတ်မင်းသမီး စစ်စလီတိုင်စင်နဲ့ တွေ့ ခဲ့ တယ်။ သူအသက် ၈၀ရှိနေပြီဒါပေမဲ့ ၂နာရီကြာ ပြဇာတ်ကို ကဖို့ သန်တန်းမြန်တုနိး။ ကျမအသက်ကြီးလာတဲ့ အခါ အမကြီးလိုဘဲ ဖြစ်ချင်တယ်လို့ သူ့ ကို ကျမပြောခဲ့ တယ်။ နောက်ဂျိန်းဖောင်ဒါ ပေါ့ လှတယ် မိုက်တယ် နိုင်ငံရေးမှာလည်းတော်တယ် ထက်မြက်တယ်ရှင့်

ပထမဆုံးအကြိမ် သမ္မတကတော်မစ်ရှယ်အိုဘားမားအနေနဲ့  တာဝန်တွေရုတ်တရက် ကိုယ့် အပေါ်ကို ကျလာတော့ ၀န်ပိတယ်လို့ ခံစားရသလား

မစ်ရှယ်အိုဘားမား တခါတလေ မှာ မလုပ်ချင်မိအောင်ခံစားရတဲ့ အခါမျိုးတွေ လည်း ရှိပါတယ် လူတိုင်းမှာ အဲဒါမျိုးအချိန်တွေရှိပါတယ်။ ကျမသည်သာလျှင် ကျမကိုယ်ကျမ ကျေနပ်အောင်ဆုံးဖြတ်စီရင်နိုင်တဲ့ သူဘဲ။ လူတွေရဲ့ မျှော်လင့်ချက်တွေကို ကျေနပ်အောင်ဖြည့်စွမ်းရတာ ကို ဖိအားပေးတယ်လို့ ကျမမထင်ပါဘူး. ဒါပေမဲ့ ကိုယ့်ကိုယ့်ကိုယ်လည်း မျှော်လင့်ချက်ကြီးကြီးထားတယ်။ ကျမကောင်းကောင်းနေချင်တယ်. တတ်နိုင်သလောက်ကျန်းမာချင်တယ်။ ကျမအသက် ၇၀ ၊ ၈၀ ကျရင်လည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားချင်တယ်။

ကိုယ့်ကိုယ်ကိုယ် အိုလာပြီလို့ ဘယ်အချိန်တွေမှာ တွေးမိသလဲ

မစ်ရှယ်အိုဘားမား တခါတလေ ကျမရဲ့ ရုံးဝန်ထမ်းတွေက သူတို့ ရဲ့ မွေးနေ့ ကို ပြောကြတဲ့ အခါ အဲဒိနေ့က ကိုယ် ဘွဲ့ ယူတဲ့ နေမျိုးဖြစ်နေတဲ့ အခါမျိုးပေါ့။ ဒါမျိုးပေါ့ ဟုတ်တယ်မဟုတ်လား ဟဟဟ။ သိပ်စိတ်နာဖို့ ကောင်းတာဘဲ။ဟားဟား ။ ဒါပေမဲ့ ကျမကတော့ ကျမကိုယ်ကျမ ငယ်ငယ်တုန်းကနဲ့ သိပ်ကွာလှတယ်လို့ မထင်မိဘူး။ အမျိုးသမီးတိုင်းကို ကျမပြောချင်တာ က ကျန်းမာရေးဘဲ။ ကျမက သားအိမ်ခေါင်းကင်ဆာစစ်ဖို့ ဓတ်မှန်ရိုက်တာကို ဘယ်တုန်းကမှ ဘာအကြောင်းနဲ့ မှ လွတ်သွားတာမျိုးမရှိရဘူး။ အစာအိမ်ကင်ဆာရှိမရှိစစ်တာလဲ မှနိမှနိလုပ်တယ်။ အသီးအရွက် မှန်မှန်စားတယ် နောက်လူတိုင်းသိပါတယ် ကျမအားကစားလေ့ကျင့်ခန်းလုပ်တယ်။ နောက်ပြီး ပြေးတယ် ကျမကိုယ်ကျမ အကြောအချင်ပြေအောင်လို့ ယောဂလည်း ကစားတယ်။

ပလက်စတစ်ဆာဂျရီနဲ့ ခွဲစိတ်ပြုပြင်တာတို့  ဘောတစ်ဆိုတဲ့ နုပျိုဆေးတွေ ထိုးတာမျိုးရောလုပ်လား

မစ်ရှယ်အိုဘားမား အမျိုးသမီးတွေအနေနဲ့  သူ့ တိုလိုချင်တာမှန်သမျှ ကိုယ်ကောင်းတယ်လို့ ထင်တာမှနိသမျှ ဘာမဆိုလွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိသင့်တယ်။ အခုတော့ မလုပ်သေးဘူး ဒါပေမဲ့ နောင်မလုပ်ဘူးလို့ လဲ ဘယ်တုန်းကမှ မပြောဖူးနော်

အခုချိန်မှာ မ၀တ်ချင်မစားချင်တော့ ပုံစံမျိုးရှိလား ဒီအသက်အရွယ်နဲ့ မသင့်တော်ပါဘူးဆိုပြီးတော့လေ

မစ်ရှယ်အိုဘားမား ဒီလိုအရွယ်မှာ ကိုယ်က ၁၆နှစ်သမီးလို ပုံမျိုးသွားဝတ်လို့ ကတော့ အခုအသက်ထက်ကို ပိုအိုတယ်လို့ တောင်ထင်ရလိမ့်မယ် ။ဒါကြောင့် ကိုယ့် ခန္ဒာကိုယ်မှာကြည့်လို ကောင်းမယ့်ဟာမျိုးဘဲဝတ်တယ် ကျမက ပေါင်တံရှည်တယ်။တင်ရှိတယ်။ ကျမကိုယ်က မိန်းမအတော်များများနဲ့ သိပ်မတူဘူး ကျမဘာကိုလေ့လာသလဲဆိုတော့ ဒါဝတ်ရင် ကိုယ်ဘယ်လို ခံစားရသလဲဆိုတာဘဲ။အသက်ကြီးလာလေ ကိုယ့်ရဲ့ ဆယ်ကျော်သက်သမီးနဲ့ ဖက်ရှင်တွေ အပြိုင်ဝတ်နေမယ့်အစား ဘာက ကိုယ့်ကိုစိတ်ချမ်းသာစေတယ် ကြည့်ကောင်းတယ်ဆိုတာ နားလည်လာလေဘဲ။

သွးဆုံးတဲ့ ကိစ္စကိုရော မိတ်ဆွေ အပေါင်းအသင်းအမျိုးသမီးတွေနဲ့ ပြောဖြစ်ကြလား

မစ်ရှယ်အိုဘားမား ဒါပေါ့ ကျမမှာ အသက် ၅၀ ကနေ ၆၀ထဲဝင်လာတဲ့ အမျိုးသမီးမိတ်ဆွေတွေရှိတယ်။ အချင်းချင်းဘယ်လိုနေလဲ ဟောမုန်းဆေးတွေ သောက်ရသလား သွေးမဆုံးခင်နဲ့ ဆုံးပြီးရင် ဘယ်လိုတွေဖြစ်လဲ အဲဒါမျိုးတွေ ပြောကြာတာပေါ့။ အမေ့ကိုလည်းကျမမေးတယ်။ အမေကတော့ အော်။သွေးဆုံးတာလား ငါလည်းဖြစ်ဖူးသလိုဘဲလို့ ပြန်ပြောတယ်။ အဲလိုမျိုးလေ ကျမအမေ က။ ကျမက သူ့ ကို ပြန်ပြောရတယ် ဖြစ်ဖူးတာပေါ့ အမေရယ် အမေသေချာဖြစ်ဖူးတာပေါ့ လို့ 

အသက်ရ၀ အရွယ်ကျရင်ရော ဘယ်တွေလုပ်မယ်လို့ စိတ်ကူးထားလဲ

မစ်ရှယ်အိုဘားမား။ကျမတို့ ကော်ဖီသောက်တဲ့ စားပွဲပေါ်မှာ ကမ္ဘာပေါ်က အလှဆုံးနေရာ၁၀၀ ဆိုတဲ့ စာအုပ်ရှိတယ်။ တနေ့ကျရင်တော့ အိုင်ယာလန်က ရဲတိုက်ကိုသွားကြည့်မယ် လှေနဲ့  ခရီးကြမ်းထွက်ကြမယ် အဲလိုမျိုးတွေ သွားကြည့်ဖို့ တွေးထားတယ် ဒီကမ္ဘာကြီးကိုလှအောင်လုပ်ပေးတဲ့ နေရာတွေကို သွားကြည့်ချင်တယ် တော်တော်များများက ဒီအမေရိကန်နိုင်ငံမှာဘဲရှိကြတယ်။ ဟူးဗားဆည်ဆိုရင်ကျမဖြင့်ခုထိမရောက်ဖူးသေးဘူး အဲဒိဒေသကိုရောက်တိုင်းလေဆိပ်ဘဲရောက်ပြီး အခမ်းအနားတက်ပြီးဘဲ ပြန်ရတာ။ အဲဒိမှာနေပြီး ဒေသက ငါးဟင်းစားချင်တယ် ဆိုင်လေးတွေမှာဈေးဝယ်ချင်တယ်။

အဘွားဖြစ်တဲ့ အခါ မြေးတွေအတွက်ဘယ်လို အဘွားမျိုးဖြစ်လာမလဲ

မစ်ရှယ်အိုဘားမား ကျမအမေလို အဘွားမျိုးဖြစ်ချင်တယ်။ကျမသမီးတွေအတွက် မိခင်တွေနဲ့ အမျိုးသမီးတွေရဲ့ အိမ်မက်တွေ တကယ်ဖြစ်လာဖို့ ကူညီချင်တယ်။ တကယ်လို့ ကျမသမီးအကြီးမာလီယာက အလုပ်ကောင်းကောင်းရပြီး ကလေးမွေးလာရင် ကလေးကို ကလေးထိန်းကျောင်းပို့ ဖို့ စိတ်မချတဲ့အခါမျိုးကျမမှာ အချိန်အားရင်တော့ ကလေးထိန်းပေးမှာဘဲ။ ကျမအဘွားဖြစ်ချင်တယ်။ ဒါပေမဲ့ အဲဒိအချိန်ကျမမှာလည်း အရေးကြီးပြီး အာရုံစိုက်လုပ်ရမယ့် အလုပ်တွေ ရှိချင်လဲရှိလိမ့်မယ် ကျမကတော့ မျှတအောင်လုပ်မယ် အဘွားအနေနဲ့ ရော ကျမကြိုက်တဲ့ အလုပ်လုပ်ဖို့ ရော အခုကျမက အဲဒါကိုစစဉ်းစားနေပြီ။ကျမအသက်ကြောင့်တော့မဟုတ်ဘူး ဘာလို့ လဲဆိုတော့ သမီးတွေက မျက်စိရှေ့ မှာတင်ကြီးလာပြီလေ။ ကောလိပ်ကျောင်းတက်တော့မယ် အိမ်ထောင်ကျပြီး ကလေးမွေးကြတော့မှာကို တွေးကြည့်လို့ ရနေပြီ

ခင်ဗျားအမေကရော ခင်ဗျားကို ကူညီပေးအုန်းမှာလား

မစ်ရှယ်အိုဘားမား အမယ် ဒါမျိုးကျရင်တော့ ကျမအမေကပြောမှာပေါ့ ညည်းတို့ ကိုယ့်ဖာသာကိုယ်လုပ်ကြဟေ့။ ငါတို့ တာဝန်ကတော့ပြီးပြီလို့ ဟားဟား ကျမတို့ တွေ အားလုံးကို မြေးအထိကူညီပေးပြီးသွားရင်တော့ အမေလည်း တာဝန်တကယ်ပြီးပါပြီ။

( ထားထားမြင့်မှ ဘာသာပြန်ဆိုပါသည်) ( 7day ဂျာနယ်တွင်ဖော်ပြပြီး)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။