Golden Land Myanmar
ဦးပိန် တံတား တိုင်လုံးများ အဆင့်မြင့် နည်း ပညာဖြင့် ပြုပြင် မည်
နှစ်ပေါင်း ၁၆၄ နှစ် ရှိပြီ ဖြစ်သော ဦးပိန်တံ တားမှ ဆွေးမြည့် နေသည့် ကျွန်းတိုင် များကို အဆင့်မြင့် နည်းပညာ သုံး၍ ပြင်ဆင် ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေ သကြီး ရှေးဟောင်း သုတေ သန အမျိုးသား ပြတိုက်နှင့် စာကြည့် တိုက်ဦး စီးဌာန တာဝန်ရှိ သူတစ်ဦး က ပြောကြား သည်။
အဆိုပါ တံတားသည် နှစ်ပေါင်း ရာချီ ကြာမြင့် လာပြီ ဖြစ်သော ကြောင့် အချို့ကျွန်း တိုင်များမှာ ရေတိုက်စား မှုများ၊ သဘာဝဘေး အန္တ ရာယ်များနှင့် စည်းကမ်း မဲ့ လူအချို့ကြောင့် အပေါက်များ ဖြစ်နေကာ ပျက်စီးမှု အနည်းငယ် ဖြစ်ပေါ်လျက် ရှိခြင်းကြောင့် တံတားရှိ အခန်းများ အလိုက် ပျက်စီးမှု အခြေ အနေကို တွက်ချက် စစ်ဆေးကာ ပြင်ဆင် သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။“အခုတံ တားက အခန်း ၁ ကို ပြင်ဆင်ဖို့ တွက်ချက်ပြီး ပါပြီ။ တိုင်တွေ ကိုတော့ အစားထိုး တပ်ဆင် သွားမှာ မဟုတ်ပါ ဘူး။ မူရင်း တိုင်တွေ ကိုပဲ ပြင်ဆင်သွား မှာပါ။ မူရင်း တိုင်ပြင်တယ် ဆိုတာက လည်း တိုင်မှာ ရှိနေတဲ့ အပေါက်တွေကို နည်းပညာ အသုံးပြုပြီး ပြင်ဆင်သွား မှာကို ဆိုလို တာပါ” ဟု ၎င်းက ဆိုသည်။ တိုင်လုံး အပေါက်များမှ တစ်ဆင့် ပျက်စီး မှုများ မရှိ စေရန် လွှစာ မှုန့်နှင့် ကော်များ ရောစပ်ကာ အပေါက်ဖာ မည်ဖြစ်ပြီး ယင်းသို့ ပြင်ဆင် ရန်အတွက် ဝန်ကြီး ဌာနသို့ ဇန်နဝါရီလ ဆန်းပိုင်း က တင်ပြ ထားပြီး ခွင့်ပြု မိန့်ရပါက ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။
“တံတားပေါ်ကို နေ့တိုင်း နိုင်ငံ ခြားသား ခရီးသွား ဧည့်သည် တွေရော၊ ပြည်တွင်း ဧည့်သည် တွေရော၊ ကျောင်းသူ၊ ကျောင်းသား တွေပါ လာကြတယ်။ တချို့ဆိုရင် စည်းကမ်း မဲ့တာတွေ လုပ်တတ် တယ်။ ဥပမာ တိုင်လုံး တွေပေါ် မှာ အမှတ်တ ရအနေနဲ့ သူတို့ရောက်ရှိ ခဲ့ကြောင်း တစ်ခု ခုနဲ့ခြစ်ပြီး အမှတ် အသား လုပ်သွား တာတို့၊ မင်ဖျက်ဆေး တွေနဲ့ ရေးသွား ကြတာတို့ လုပ်ကြတယ်။ မင်ဖျက်ဆေး နဲ့ကတော့ ဖျက်လို့ရ တာပေါ့၊ တစ်ခုခုနဲ့ တိုင်ကို ထွင်းပြီး ရေးခြစ်သွား တာမျိုး ကျတော့ ဖျက်ရင်လည်း တိုင်ပါ ပွန်းပဲ့နိုင် တယ်ဆိုတော့ ဒါမျိုး တွေကိုတော့ မလုပ်သင့် ဘူးပေါ့” ဟု ဦးပိန်တံ တားပေါ်တွင် ဓာတ်ပုံ ရိုက်ကူးခြင်း လုပ်ငန်း လုပ်ကိုင် နေသူ ဓာတ်ပုံ ဆရာ ဦး အောင်သင်းက ဆိုသည်။
မြန်မာ့ အထင်ကရ ဦးပိန်တံ တားကို မြန်မာ သက္ကရာဇ် ၁၂၁၁ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ ကာ တည် ဆောက်ချိန် ၂ နှစ် ကြာမြင့်ခဲ့ပြီး ၁၂၁၃ ခုနှစ်တွင် ပြီးစီးခဲ့ သည်။ ယ ခုနှစ်ပေါင်း ၁၆၄ နှစ် ရှိပြီ ဖြစ်ပြီး တံတားအ ရှည်မှာ ၃၉၆၇ ပေရှိကာ တံတားတွင် ကျွန်းတိုင်ပေါင်း ၁၀၈၆ လုံးရှိ၍ အခန်းပေါင်း ၄၈၂ ခန်းရှိ ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့ထုတ် The Voice သတင်း စာတွင် ဖော်ပြထား ပါသည်။
ခေတ်လူငယ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။