Coko Dmoe
ဒီပုံကို ကမ္ဘာကမေးရင် ပြောပြလိုက်ပါ
ဒါဟာ မြန်မာနိုင်ငံရဲ့ အတိုက်အခံ ပါတီကို
လက်ရှိ အာဏာရအစိုးရကနေရာ မပေးလို့ ဖြစ်သလို
စီစဉ်ထားတဲ့ဟောပြောပွဲလုပ်မယ့် နေရာလေး တခုပါလို့
လက်ရှိ အာဏာရအစိုးရကနေရာ မပေးလို့ ဖြစ်သလို
စီစဉ်ထားတဲ့ဟောပြောပွဲလုပ်မယ့် နေရာလေး တခုပါလို့
ဒီပုံကို ကမ္ဘာကမေးရင် ပြောပြလိုက်ပါ
ဒါဟာ မြန်မာနိုင်ငံထဲက
ကမ္ဘာကျော် အမျိုးသမီးတစ်ဦး ဟောပြောပွဲ လုပ်မယ့်
နေရာလေးတခုပါလို့
ကမ္ဘာကျော် အမျိုးသမီးတစ်ဦး ဟောပြောပွဲ လုပ်မယ့်
နေရာလေးတခုပါလို့
ဒီပုံကို ကမ္ဘာကမေးရင် ပြောပြလိုက်ပါ
ဒါဟာ တချိန်တုန်းက အားလုံးက လေးစားခဲ့တဲ့
အောင်ဆန်းသမီး လူထုနဲ့ဟောပြောပွဲလုပ်မယ့် လမ်းဘေးက
နေရာလေး တခုပါလို့
အောင်ဆန်းသမီး လူထုနဲ့ဟောပြောပွဲလုပ်မယ့် လမ်းဘေးက
နေရာလေး တခုပါလို့
ဒီပုံကို ကမ္ဘာကမေးရင် ပြောပြလိုက်ပါ
ဒီဟောပြောပွဲဆင်မြင့်ဟာ
သေသေချာချာ ကြည့်မယ်ဆိုရင်
ကားတစ်စီးနဲ့တူလာမှာပါလို့..............
သေသေချာချာ ကြည့်မယ်ဆိုရင်
ကားတစ်စီးနဲ့တူလာမှာပါလို့..............
ဒီပုံကို ကမ္ဘာကမေးရင် ပြောပြလိုက်ပါ
ဒီပုံကို ကမ္ဘာကမေးရင် ပြောပြလိုက်ပါ
ဒီပုံကို ကမ္ဘာကမေးရင် ပြောပြလိုက်ပါ
ဒီပုံကို ကမ္ဘာကမေးရင် ပြောပြလိုက်ပါ
ဒီပုံကို ကမ္ဘာကမေးရင် ပြောပြလိုက်ပါ
ဒီမိုကောင်မလေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။