Aung Ko Ko with ထွဏ်းသွေး အိမ် and 4 others
ဘယ်သူ့ကို ......... by ဧပရယ်ခင်
ဒီပုံလေးကို မြင်တာနဲ့ ဘာပုံလည်းလို့ သိကြမယ်ထင်ပါတယ်။ ကိန္နရီ ကိန္နယာ မောင်နှံပုံလေးပါပဲ။ ဇာတ်လမ်းလေးကို လည်း သိပြီးသားဖြစ်မှာပါ။ ခုဒီပုံလေးကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် (Yangon Internatinal airport) ရဲ့ ပြည်ပထွက်ခွာ ခန်းမကြီးရဲ့ နံရံမှာ အလှဆင်ထားတဲ့ အတွေးလေးတစ်ခုကို တစ်ကယ်ပဲ ချီးကျူးမိပါတယ်။
ခုခေတ်မှာတော့ မိသားစုတွေ၊ မောင်နှမတွေ၊ ချစ်သူ ရည်စားတွေ ခွဲခွာခြင်းဆိုတဲ့ ရောဂါ ဝေဒနာတွေ ရဲ့ မျက်ရည်တွေနဲ့ Departure Hall က နေ့စဉ် အမြဲ စည်ကားလျက်ပါပဲ။ ဘေးမှာကပ်ထားတဲ့ ကိန္နရီ ကိန္နယာ မောင်နှံတောင် အော်..သူတို့တွေရဲ့ အဖြစ်က ငါတို့ထက် ပိုဆိုးပါလားဆိုပြီး ဖြေသိမ့်နိုင်မယ် ထင်ပါရဲ့။
ဟုတ်တယ်လေ ကိုယ့်သား၊ ကိုယ့်သမီးကို နှင်ထုတ်တဲ့ မိခင်ရယ်လို့ ဘယ်တိုင်းပြည်မှာမှ မရှိပေမယ့် မြန်မာနိုင်ငံမှာတော့ ရှိလေရဲ့။ လေယာဉ် အစင်းလိုက် တစ်စင်းပြီး တစ်စင်း ကာယလုပ်သား၊ ဥာဏလုပ်သား များနဲ့ ဦးနှောက်ယိုစည်းတဲ့ လမ်းစဉ်ကို ပျော်ပျော်ကြီး အားပေးနေလေရဲ့။
ဒါ့အပြင်အားမရလို့ ပြန်မလာခဲ့နဲ့လို့ တောင် သဘောပါသလား အောက်မေ့ရတဲ့ လူဝင်မှုကြည့်ကြပ်ရေးက တုံးကပါ ပံ့ပိုးပေးလိုက်သေးတယ်။ သူများတည်းပြည်တွေမှာ departed လို့ ရေးပြီး မြန်မာပြည်ကတော့ left by..တဲ့။
ထွက်ချင်လို့ထွက်ကြတယ်များ ထင်နေလားမသိပါဘူး။ မျိုးကြီးသီချင်းလိုပဲ ' ချစ်သောသူနဲ့ ဘယ်သူများ ဝေးချင်မလဲ ' ၊ ဘယ်သူမှ မဝေးချင်ကြပါဘူး၊ ဘယ်သူမှ left မလုပ်ချင်ကြပါဘူး။ ဒါပေမယ့်..ဒါပေမယ့်ပေါ့လေ…Departure Hall ကတော့ လူစည်ကားလျက်ပါပဲ။ ခေတ်သစ် ကိန္နရီ ကိန္နယာ မောင်နှံတွေလည်း မောင်တစ်ရွာ မယ်တစ်မြို့ ဖြစ်မြဲဖြစ်ဆဲပါပဲ။
ထွက်ချင်လို့ထွက်ကြတယ်များ ထင်နေလားမသိပါဘူး။ မျိုးကြီးသီချင်းလိုပဲ ' ချစ်သောသူနဲ့ ဘယ်သူများ ဝေးချင်မလဲ ' ၊ ဘယ်သူမှ မဝေးချင်ကြပါဘူး၊ ဘယ်သူမှ left မလုပ်ချင်ကြပါဘူး။ ဒါပေမယ့်..ဒါပေမယ့်ပေါ့လေ…Departure Hall ကတော့ လူစည်ကားလျက်ပါပဲ။ ခေတ်သစ် ကိန္နရီ ကိန္နယာ မောင်နှံတွေလည်း မောင်တစ်ရွာ မယ်တစ်မြို့ ဖြစ်မြဲဖြစ်ဆဲပါပဲ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ..departure hall က ကိန္နရီ ကိန္နယာ မောင်နှံ ကပ်ထားတဲ့ idea ကိုတော့ လေးစားမိပါကြောင်းနဲ့ လေယာဉ်ပြန်တီထွင်ခဲ့တဲ့ သူတွေကိုပဲ မုန်းရမလား..ပြန်လာမယ် ပုံပြောခဲ့တဲ့သူကိုပဲ မုန်းရမလား...ကိုယ့်သားသမီးကို သူများနိုင်ငံ ပျော်ပျော်ကြီး လွှတ်နေတဲ့ဟိုလူကြီးတွေကိုပဲ မုန်းရမလား....
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။