Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 27, 2014

စာရိတ္တမြှင့်တင်ပေးသော ဂျူးဒစ်ဝတ္တုအကျဉ်း - ထာဝရဘုရား၏လူ။ (The Book of Judith)


Murann Ezine
စာရိတ္တမြှင့်တင်ပေးသော ဂျူးဒစ်ဝတ္တုအကျဉ်း - ထာဝရဘုရား၏လူ။ (The Book of Judith)
ပါရှန်စစ်သေနာပတိ ဟိုလိုဖန်းနေ နှင့် စစ်တပ်ကြီးက အသေပျောက်နည်းစွာနှင့် အနိုင်ရရှိရန်၊ တိုက်ရိုက် မတိုက်ခိုက်ပဲ၊ အစ္စရေးတို့ဂျေရုဆလင်မြို့ ရေငတ်၊ အညံ့ခံရန် ဝိုင်းဝန်းလုပ်ကြံဖို့ စီစဉ်သည်။ မြို့ပတ်ဝန်းကျင် ရေတွင်း၊ စမ်းရေချောင်းများအားလုံး ပိတ်ဆို့လိုက်ရာ ၃၅ရက် ကြာချိန်တွင် အစ္စရေး၊ ဂျေရုဆလင်မြို့ထဲရှိ ရေတွင်း၊ ရေကန်များ ရေခန်းကာ၊ ရေကို အချိုးကျ ချွေတာသုံးစွဲနေရသည်။

အစ္စရေးခေါင်းဆောင် ဦဇီယ ကသူတို့အား ဆိုသည်မှာ ညီအစ်ကိုတို့၊ ရဲရင့်စွာ ကြံ့ကြံ့ခံကြလော့၊ နောက်ထပ် ၅ရက်တိုင်တိုင် စောင့်ကြစို့၊ ထိုနေ့ရက်များ၌ ငါတို့၏ ဘုရားသခင်သည် ငါတို့အား သနားကြင်နာတော်မူကြောင်း ပြတော်မူလိမ့်မည်။ ထိုနေ့ရက်တို့၌ မည်သည့်အကူအညီမျှ မရောက်ခဲ့ပါလျှင် ငါသည် သင်တို့ဆိုသည့်အတိုင်း ပြုပါမည်..ဟု နှစ်သိမ့်လေသည်။ ထို့နောက် လူများအား မြို့ရိုးနှင့် ခံတပ်များအား စောင့်ကြပ်ရန် ပြန်သွားစေပြီး၊ မိန်းမများနှင့် ကလေးများကိုလည်း သူတို့အိမ်သို့ ပြန်လွှတ်လိုက်လေသည်။ တစ်မြို့လုံးသည်လည်း အလွန်စိတ်ပျက် အားငယ်လျှက် ရှိလေ၏။

ထိုအခါ ဂျုးဒစ် က သူမ၏ လျို့ဝှက်အကြံတစ်ခုကို တောင်းဆိုသည်။ သူမနှင့် အစေခံအမျိုးသမီး ၂ယောက်ကို မြို့ပြင်သို့ ထွက်ခွင့်တောင်းခံသည်။ ထိုညတွင် ဂျုးဒစ်သည် ဦးချပြပ်ဝပ်လျက် မိမိဦးခေါင်းထက်တွင် ပြာမှုန့်များကို ဖြန့်ကျဲပြီး၊ လျှော်တောအဝတ်ကို ဖုံးမထားတော့ပဲ ထာဝရဘုရားသခင်အား ကျယ်လောင်စွာ အောက်ဟစ် ဆုတောင်းလေသည်။ .... အိုဘုရားသခင်၊ အကျွန်ုပ်၏ ဘုရား၊ ဤမုဆိုးမ၏ ဆုတောင်းခြင်းကို နားညောင်းတော်မူပါ။ .... မုဆိုးမဖြစ်သော အကျွန်ုပ်၏ အစီအစဉ်ကို ဆောင်ရွက်နိုင်ရန် လိုအပ်သော ခွန်အားသတ္တိကို အကျွန်ုပ်လက်တွင်းသို့ ပေးသနားတော်မူပါ။ .... ထို့နောက် ဂျူးဒစ်သည် သူမဝတ်ဆင်ထားသော လျှော်တေအဝတ်များနှင့် မုဆိုးမအဝတ်အစားများကို ချွတ်၍ ရေချိုးသန့်စင်ပြီး၊ အဖိုးတန်အမွှေးအကြိုင်များ လိမ်းကျံလျှက်၊ ခေါင်းကို ဖီးကာ၊ ဦးခေါင်းတွင် ခေါင်းစည်းကို စီးလျှက် သူမ၏ ခင်ပွန်း မာနားဆေ အသက်ထင်ရှား ရှိစဉ်က အခမ်းအနားများတွင် သူမ ဝတ်ဆင်လေ့ရှိသော အဝတ်ကို ဝတ်ဆင်လေသည်။ သူမ၏ ခြေနင်းကို စီးပြီး၊ လည်စွဲ၊ ဘယက်၊ လက်ကောက်၊ ခြေကျင်း၊ လက်စွတ်၊ နားဆွဲနှင့် အဖိုးတန် ရတနာများကို ဆင်ယင်၍ မိမိအား ကြည့်သော ယောင်္ကျားတိုင်း၏ အမြင်အာရုံကို ဆွဲဆောင်နိုင်အောင် သူမကိုယ်ကို လှပအောင် ပြင်ဆင်လေသည်။ ထို့နောက် သူမ၏ အစေခံအား စပျစ်ရည် ထည့်ထားသော ဆီအိုးငယ်တစ်လုံးကို ပေးအပ်ပြီး၊ သစ်သီးခြောက်များ၊ မုယောစပါးနှင့် လုပ်ထားသောမုန့်၊ တယ်သီးနှင့် လုပ်ထားသောမုန့်များနှင့် ဒိန်ခဲများကို အိတ်တွင်းတွင် ထည့်လျှက် လိုအပ်သော ရိက္ခာများကို ယူလျှက် မြို့တံခါးသို့သွားလေသည်။ စောင့်နေသော ဦးဇိယနှင့် မြို့အကြီးအကဲများနှင့် သူမ၏ အလှရူပါရုံတွင် အံ့သြလျှက် ဆုမွန်ကောင်း တောင်းပေးကြသည်။ သူမနှင့်အစေခံတို့ မြို့ပြင်သို့ ထွက်သွားရာ တောင်ကြားအရပ်ကို ဖြတ်ကျော်ပြီး၊ ပျောက်ကွယ်သွားလေသည်။

ယနေ့ အကျွန်ုပ်ကို ခွန်အားဖြည့်ေးတော်မူပါဟု ဆုတောင်းပြန်သည်။ ကုတင်တိုင်မှ ဓားဖြင့် သူမရှိသမျှ ခွန်အားသုံးက ဟိုလိုဖန်းနေ၏ ဦးခေါင်းကို ဖြတ်နိုင်ခဲ့သည်။ အိတ်တွင် ထည့်ပြီး ညစဉ်လုပ်နေကျအတိုင်း ဆုတောင်းရန် တပ်စခန်းအပြင်သို့ ထွက်ခွာသွားသည်။ ထိုညတွင် ဂျေရုဆလင်မြို့တံခါးစောင့်များကို .. တံခါးကို ဖွင့်ကြလော့၊ ငါတို့၏ ဘုရားသခင်သည် ငါတို့နှင့်အတူ ရှိတော်မူပြီ ..ဟု လှမ်းအော်သည်။ အားလုံးက သူမ ပြန်လာမည်ဟု မမျှော်လင့်ထားကြ၊ အမျိုးသမီး နှစ်ယောက်ကို ကြိုဆိုသည်။

ဂျုးဒစ်၏ အကြံပေးချက်၊ ဆုံးဖြတ်သည့်အတိုင်း မနက်မိုးလင်းချိန်တွင် ဤဦးခေါင်းကို မြို့ရိုး ရင်တားအထက်တွင် ချိတ်ပြီး၊ အစ္စရေးစစ်သားတို့က မြို့မှ လွင်ပြင်သို့ထွက်ပြီး၊ တိုက်မည့်ဟန်ပြသည်။ အာဆီရိယ တို့သည် ဝမ်းသာအားရ တိုက်ခိုက်ရန် ပြင်ဆင်ပြီး၊ စစ်သေနာပတိ ဟိုလိုဖန်းနေထံ သတင်းပို့သည်။ ဟိုလိုဖန်းနေ ၏ တပည့် မိန်မစိုး ဗာဂ္ဂါ က ဂျူးဒစ်နှင့် အတူအိပ်နေသည်ဟု ထင်ပြီး လက်ခုပ်တီး အချက်ပေးရာ မရသဖြင့်၊ တဲအတွင်းဝင်ကြည့်ရာ ခေါင်းမပါသော ဟိုလိုဖန်းနေ ခန္တာကိုယ်ကို တွေ့ရသည်။ သူသည် အော်ဟစ် ငိုကြွေးလျှက် သူ၏ အဝတ်အစားများကို ဆွဲဆုတ်လေသည်။ ဂျူးဒစ်တဲတွင်လည်း ဘယ်သူမှ မရှိတော့။ စစ်ဗိုလ်များကို အကြောင်းကြားရင်း ကြောက်ရွံ့တုန်လှုပ်ခြင်း လွှမ်းမိုးသွားသော အာဆီးရိယ စစ်တပ်ကြီးကို အစ္စရေးစစ်သားများက အတင်းဝင်တိုက်ရာ၊ ရာ မစုစည်းနိုင်ပဲ ကစဥ့်ကလျား လွင်ပြင်၊ တောင်ရိုးများသို့ ထွက်ပြေးကြသည်။ အနီးနားမှာ အစ္စရေးမြို့ရွာများသို့ လူလွှတ်၊ သတင်းပြောကြားကာ တစ်ညီတစ်ညွတ်ထဲ လိုက်တိုက်ကြသည်။ အစ္စရေးမြို့ရွာသားများလည်း ရန်သူများ ကျန်ခဲ့သော မြောက်များစွာသောပစ္စည်းများကို ပိုင်ဆိုင်ကြလေ၏။ ရက်ပေါင်း သုံးဆယ်တိုင်အောင် ရန်သူပစ္စည်းများကို သယ်ယူ၊ မကုန်နိုင်အောင် ရှိလေ၏။

ထို ချီးမွမ်ခြင်း နေ့ရက်များ ပြီးဆုံးသောအခါ လူတိုင်းသည် မိမိတို့အိမ်များသို့ ပြန်သွားကြကုန်၏။ ဂျူဒစ်သည်လည်း မိမိ၏ အိမ်၌ နေထိုင်လေသည်။ သူမ အသက်ရှင်နေသမျှ ကာလတလျှောက် တစ်နိုင်ငံလုံး၏ ရိုသေလေးစားခြင်းကို ခံရလေ၏။ သူမကို လက်ထပ်လိုသူ များစွာ ရှိသော်လည်း သူမ၏ ခင်ပွန်း မာနားဆေ ကွယ်လွန်ချိန်မှ စပြီး၊ မည်သည့် ယောင်္ကျားတစ်ဦးကိုမျှ မိမိ၏ ကိုယ်ကို မပေးအပ်ခဲ့ပေ။ သူမသည် အသက်အရွယ် ကြီးရင့်ပြီး အသက်တစ်ရာ့ငါးနှစ် ရောက်သည်အထိ သူမ၏ ခင်ပွန်း မာနားဆေ အိမ်တွင် နေထိုင်လျှက် သူမ၏ အစေခံကိုလည်း လွတ်လပ်ခွင့် ပေးလိုက်လေ၏။ သူမသည် သေဆုံးသောအခါ သူမခင်ပွန်း မာနားဆေ ၏ သချို င်္င်း ဂူထဲ၌ မြှတ်နှံသဂြိုလ်ခြင်းကို ခံရ၏။ အစ္စရေး တစ်မျိုးသားလုံး ခုနှစ်ရက်တိုင်တိုင် ငိုကြွေးကြလေ၏။ သူမ မသေမီ သူမ ပိုင်ဆိုင်သော ပစ္စည်းများ အားလုံးကို သူမ၏ ဆွေမျိုးများနှင့် ခင်ပွန်း မာနားဆေ၏ ဆွေမျိုးများကို ယေငှပေးခဲ့၏။ ဂျူးဒစ် အသက်ရှင်စဉ် အချိန်အတွင်း နှင့် သူမသေဆုံးပြီးနောက် နောင်ကာလ ကြာမြင့်သည့်အချိန်တိုင်အောင် အစ္စရေးအမျိုးသားတို့ကို မည်သူမျှ လာရောက် နှောက်ယှက် ဒုက္ခပေးခြင်း မရှိတော့ချေ။
ဂျူဒစ် ဝတ္တုပြီး၏။

ဤဝတ္တုသည် စာရိတ္တ မြှင့်တင်ပေးသော သရုပ်ဖော် ပုံပြင်ဝတ္တုသည်။ ပရိုတက်စတင့် ခရစ်ယာန်ကျမ်းစာတွင် မပါ၊ ရိုမင်ကက်သလစ် ခရစ်ယာန်တို့၏ ကျမ်းစာတွင် ပါသည်။
မုရန်..

http://www.murann.com/ezine/index.php?option=com_content&view=article&id=1835:---the-book-of-judith&catid=3:literature&Itemid=7

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။