Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 30, 2014

26.1.2014 မိုင်ဒါကွင်းမှာကျင်းပပြီးစီးသွားတဲ့



26.1.2014 မိုင်ဒါကွင်းမှာကျင်းပပြီးစီးသွားတဲ့

Myanmar Biggest Guitar Instrumental Show

အံ့မခမ်းပါပဲ။ပထမဆုံးအကြိမ်ဖြစ်တဲ့အလျောက်
ခမ်းနားကြီးကျယ်စွာပဲတင်ဆက်ထားပါတယ်။
Sponser ပေးတဲ့ SweLee ဂီတာဆိုင်ရဲ့ကျေးဇူးကလည်း
မသေးပါဘူး Setting အပြင်အဆင်နဲ့ သုံးထားတဲ့စက်ပစ္စည်းဝိတ်ကို
ကြည့်ရင်ခန့်မှန်းနိုင်ပါတယ်။
ဂီတအသိုင်းအ၀ိုင်းမှ အနုပညာရှင်အတတ်ပညာရှင် ပေါင်းစုံ၊
ဂီတ၀ါသနာရှင်အားလုံးလာရောက်တဲ့ပွဲကြီးပါ။
ပွဲမစခင်စင်အသေးလေးနဲ့မျိုးဆက်သစ်ဂစ်တာသမားတွေကို
ပွဲထုတ်ထားတာကလည်း ကျေနပ်စရာပါ။

(Presenter ကတော့ ယောက္ခမကြီးလို့အများသိတဲ့ဦးချစ်ကောင်းပါ)းP

ပွဲကို ကိုနိုင်ဇော်နဲ့ စဖွင့်ပါတယ်။
ပရိသတ်ရဲ့တခဲနက်အားပေးသံတွေအကြား၊ အပေးအယူမျှ၂နဲ့
တင်ဆက်သွားပါတယ်။
ကိုနိုင်ဇော်ပြီးတဲ့နောက် ပွဲထုတ်လူငယ်ဂစ်တာသမားတွေထဲက
Outsider ဘိုဘို၊ Blesses တို့ဆက်လက်ပွဲထွက်တီးခတ်ကြပါတယ်။
လက်စွမ်းမခေတဲ့ ဆရာချစ်တပည့် Blesses ကိုတော့
အားလုံးကဘ၀င်တွေ့ကြပါတယ်။

အဲဒီနောက်ဂစ်တာသမားများ အစဉ်လိုက် ၀င်ရောက်တီးခတ်ကြရာမှာ
ပွဲစဉ်တလျောက်လုံး အနှောက်ယှက်အဖြစ်ရဆုံးက
ဂစ်တာသံပေါ်၂လွင်၂ထွက်မလာခြင်းပါ။
ပရိသတ်များရဲ့ "ဂစ်တာသံမကြားရဘူး" "ဂစ်တာသံချဲ့ပေးပါ"
စတဲ့ အော်ဟစ်သံများခနတိုင်းကြားနေရတဲ့အလျောက်
ထူးခြားစွာပဲဂစ်တာသံက နဲမြဲနဲနေခြင်းပါ။
(သီချင်းတိုင်းမဆိုလိုပါ) ဆရာချစ်၊ဦးပက်ထရစ် နဲ့ 35% ခန့်သော
ဂစ်တာသမားများရဲ့အလှည့်မှာသာ ဂစ်တာသံ Perfect ဖြစ်ပါတယ်။

ဒါ့ထက်ထူးခြားဆန်းကြယ်တဲ့ အံ့ဖွယ်သရဲကိစ္စကတော့
Second Lead မှန်း First Lead မှန်း မခွဲတတ်တဲ့ Engineer ပါ။
Backing သံက Main ဂစ်တာသံထက်ကျယ်နေတာ၊
Effect လိုင်းတစ်ခုနဲ့တစ်ခု Levelမညီတာ၊
(ဂစ်တာသမားရဲ့အားနည်းချက်လည်းဖြစ်နိုင်ပါတယ်)
Gain ကိုက်အောင်ချိန်မထားတဲ့ Effect Color များ
စတဲ့မကြားသင့်တဲ့အသံများ ထွက်ပေါ်နေတာဟာ
ပထမဆုံးအကြိမ်ကျင်းပတဲ့ ပွဲမို့ဆိုပြီးဖြေတွေးချင်သော်ငြား
ပေးထားတဲ့ Title= Myanmar Biggest.....Show အောက်မှာတော့
မဖြစ်သင့်ဘူးလို့ပဲမြင်မိပါတယ်။
Snare သံအလားထောင်ထနေတဲ့ Drum တစ်စုံရဲ့ HiHet သံဟာဆိုရင်ပွဲစဉ်အစအဆုံးပြုပြင်ပေးခြင်းကို မခံလိုက်ရရှာပါဘူး။း'(

ပွဲစဉ်ကနဦးပိုင်း အသံတွေသိပ်အပေါက်အလမ်းမတဲ့လို့
ပရိသတ်တွေအားမလိုအားမရဖြစ်နေချိန်
ပရိသတ်ဆန္ဒကို အပြည့်အ၀ ဖြည့်ဆည်းပေးလိုက်သူကတော့
မန္တလေးကလာတဲ့ Dream Lover ရဲ့ ဂစ်တာသမား ကိုဆန်းဝင်းအောင် ပါ။
အားလုံးသိတဲ့ Glasgow Kiss သီချင်းကိုတီးခတ်လိုက်တဲ့အခါမှာတော့
ရေငတ်တုန်းတွင်းကျသွားတဲ့ပရိသတ်တို့ရဲ့အသဲစွဲဖြစ်သွားခဲ့ရပါတယ်။

အဲဒီနောက် လူငယ်ထဲက Sunny/EToe/Willie/ရွှေထွဋ်စတဲ့ ဂစ်တာသမားများနဲ့သမ္ဘာရင့်ဂစ်တာသမားများ နှစ်ပုဒ်စီတီးခတ်သွားရာမှာ
ရွှေထွဋ်အလှည့်မှာတော့ ဖခင်ကြီး အကယ်ဒမီဇော်မျိုးထွဋ်ရဲ့ အကျော်ကြားဆုံး Solo များကိုတွဲစပ်တီးခတ်သွားမှုက ပရိသတ်တို့မျက်ရည်လည်သွားစေပါတယ်။
"ရေရှည်မှာ Melody သမားကသာ ပရိသတ်ရင်ထဲစွဲကျန်နေတယ်"ဆိုတဲ့
ဆရာ့ဆရာများရဲ့စကား ပြန်ကြားယောင်မိပါတော့တယ်။

အမျိုးသမီး Band ရဲ့အောင်မြင်မှုကတော့
ဆရာချစ်သမီးငဲငယ်လေးနဲ့ ဂစ်တာဆရာမလေးတို့
ပါဝင်တီးခတ်မှုအပြီး ရန်ကုန်ပရိသတ်ပါးစပ်ဖျားထဲ
"ဆရာမကိုပဲ အသဲစွဲအောင်ချစ်မိပြီ" ဆိုတဲ့အသံတွေ
ဆူညံသွားစေပါတယ်။

လူငယ်မျိုးဆက်တွေလက်လှမ်းမမှီတဲ့ ဒဲရစ်မေလာ တို့လို
ဂုရုကြီးတွေရဲ့ Jazz တီးခတ်မှုများကလည်း
အဖိုးမဖြတ်နိုင်တဲ့ကြုံတောင့်ကြုံခဲပါ။

ကိုပက်ထရစ် ရဲ့Speed မပါ/သမ္ဘာစွမ်းပြထားတဲ့
အဆိုနဲ့ဂစ်တာသံအချို တွဲဖက်တင်ဆက်မှုဟာ
ပရိသတ်ကြီးကို လက်ဖျားခါသွားစေပါတယ်။
(မီးချို့ယွင်းမှုကြောင့်တစ်ပုဒ်သာ တီးလိုက်ရပါတယ်)

ယခင်အစိုးရရဲ့ အချစ်တော်ကြီးဖြစ်ခဲ့ဟန်တူတဲ့ ကိုဝင်းမော် (ရွှေသံစဉ်)
အလှည့်မှာတော့ 88 အကြောင်းတစ်ပုဒ်၊ ရွှေဝါရောင်အကြောင်းတစ်ပုဒ်
ခံစားတီးခတ်သွားရာမှာ ပရိသတ်တို့ရဲ့ဇာတိမာန်ပြန်ထန်လာခဲ့စေသလိုပါပဲ။

"ဖြူဖြူကျော်သိန်းရဲ့ ဘောင်းဘီ ငှားလာတာထင်တယ်"လို့
ဝိုင်းနောက်ခံရတဲ့ဂစ်တာသမားကတော့ အားလုံးသိတဲ့ အိမ်မက်ဆုံရာက
ကိုဇော်မင်းသိမ်းပါ။ မူကွဲတဲ့သံစဉ်တွေကို
Performance ကောင်းကောင်းနဲ့တီးခတ်သွားပါတယ်။

ယနေ့ခေတ်ကိုအပိုင်စိုးထားတဲ့ ခေတ်ပြိုင်ဂစ်တာအကျော်မော်တွေဖြစ်တဲ့
ကိုဇော်လတ်၊ကိုအောင်သူ၊ကိုရန်နိုင် တို့ရဲ့တီးခတ်မှုကတော့
ပရိသတ်တို့ ထပ်ပြီးတောင်းဆိုခံရလောက်အောင်အဆင်ပြေခဲ့ပါတယ်။
ကိုဇော်လတ်ရဲ့ Blues နဲ့ Jazz စတိုင်၊
"ဂစ်တာမင်းသားအောင်သူ"လို့တင်စားကြတဲ့
ကိုအောင်သူရဲ့Dancer မလေးများနဲ့Rock ၊
ကိုရန်နိုင်က Classic Rock နဲ့ Funk Rock အပြင်
ဂစ်တာဆရာကြီးကိုစိုင်းနဲ့ပါ တွဲဖက်တီးခတ်သွားပါသေးတယ်။

အိုဗာအိုက်တင်တွေနဲ့ ကြမ်း၂ရမ်း၂တီးခတ်လေ့ရှိတဲ့
တိုးတိုး Heaven Born ရဲ့အလှည့်မှာတော့
နိုင်ငံခြားကတကယ့် G3 Show ရောက်သွားသလား
ထင်မှတ်လောက်စေပါတယ်။

အားလုံးမျှော်လင့်တောင့်တနေတဲ့ဆရာချစ်ရဲ့ အလှည့်မှာတော့
အိပ်နေသူတွေနိုး၊ စောင့်နေသူတွေရှေ့တိုးလာကြပါတော့တယ်။
Blessesရဲ့ Bass တီးခတ်မှု၊ဝေဖြိုးရဲ့ Drum လက်သံ
KB ပိပိ ရဲ့ ပါဝင်အားဖြည့်မှုတွေနဲ့ ဆရာချစ်တစ်ယောက်
ဒီနှစ်မှာလဲ ဆရာချစ် ရာထူးကိုပဲဆက်လက်ကိုင်ဆုပ်သွားနိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သမ္ဘာအရင့်ဆုံး Rocker ကြီး
ကိုဇော်မျိုးထွဋ်နဲ့ Emperor ၀ိုင်းရဲ့ Heavey Rock / Blues Rock
သံပြင်းပြင်းများကြားရပြီး Solo ကဏ္ဍအဆုံးသတ်သွားပါတယ်။

စိတ်ပျက်စရာအနေနဲ့ Speed မနိုင်ဘဲ Speed အသားပေးပြကွက်တွေသုံး
အရပ်ပွဲဆန်၂ပရိသတ်ကိုလှည့်ဘုန်းသွားတဲ့တီးခတ်မှု၊
မလိုအပ်တဲ့ ပစ္စည်းတွေသုံးပြီး
မနိုင်မနင်းနဲ့ ဒုက္ခတွေကြား ကတုန်ကယင် တီးခတ်မှုလေးတွေပါ။
Myanmar Biggest Guitar Instrumental Show
မှာတော့မသင့်တော်ဘူးလို့မြင်မိပါတယ်။

ဂီတကိုဘာမှန်းညာမှန်းမခံစားတတ်ဘဲ
မူးမူးရူးရူးပျော်ပါးဖို့သာလာရောက်ကြတဲ့သူတစ်ချို့ကြောင့်လဲ
Player တချို့စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။
ပွဲစဉ်တလျောက် ပရိသတ်တို့မျက်မုန်းကျိုးနေသူကတော့
မီးခိုးမှုတ်စက်ပါ။(မီးခိုးမှုတ်စက်အစွမ်းကြောင့်
တစ်စင်လုံးဘာမှမမြင်ရတော့တာမို့ပါ)
ပွဲပြီးခါနီး အများတောင်းဆိုမှုနဲ့ ပိတ်ပေးလိုက်ပါတယ်။

ပွဲစဉ်အဆုံး အားလုံးပါဝင်တဲ့ Jam တီးခတ်မှုကတော့
အကောင်းဆုံးပါ။ဂစ်တာသမားများ တစ်ယောက်နဲ့တစ်ယောက်
ဖေးဖေးမမ ဦးစားပေးတီးခတ်သွားတာ
တကယ့်ကိုကြည်နူးစရာပါ။
အရမ်းကိုပျော်နေကြရှာတဲ့ပြည်သူချစ်သော Celebrities များပါပေ။

ကိုဇော်လတ်နဲ့ကိုရန်နိုင်တို့သီဆိုတဲ့ ထူးအိမ်သင်ရဲ့ "ဧရာဝတီ"
ကိုဇော်လတ်သီဆိုတဲ့ Deep Purple ရဲ့"Smoke on the Water"
ကိုချစ်ကောင်း ရဲ့"လေလွင့်ငှက်ရဲ့ခြေရာများ"သီချင်းနဲ့.....

အဆုံးသတ်မှာတော့ ဆရာချစ်ရဲ့
ဘယ်အချိန်ကဘယ်လိုဝင်တီးလိုက်မှန်းမသိတဲ့
Drum Ending နဲ့ Fine လိုက်ပါတယ်။

:Khaikam

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။