Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 25, 2014

ဆေးစွမ်းထက်မြက် ကန်စွန်းရွက်



ဆေးစွမ်းထက်မြက် ကန်စွန်းရွက်
==========================

ရေချိုကန်များနှင့်စိုစွတ်သောရွံ့ မြေတို့ တွင်၊ အလေ့ကျပေါက်ရောက်တတ်ကြသော အစိမ်းရောင်ကန်ုစွန်းပင်လေးများကို ၁၂-လ ရာသီပတ်လုံး မြင်တွေ့ ကြရ မှာဖြစ်ပါ တယ်။ ရုက္ခဗေဒအမည် IPOMAEA REPTANS POIR ဟု ခေါ်တွင်သော ကန်စွန်းပင် တို့ ကို မြန်မာပြည်မှာတော့ ကန်စွန်းရိုးနီ၊ မြန်မာကန်စွန်း နှင့် တရုပ်ကန်စွန်း ဟူ၍ ၃ မျိုးရရှိနိုင်ပါတယ်။ ရိုးတံတို၍အရွက်နည်းသော ကန်စွန်းရိုးနီကို ချဉ်ရည်ဟင်း၊ ချဉ်ဖတ်၊ မန်ကျည်းသီးမှည့်နှင့်ပြုတ်ကာ ငပိရည်အတို့ အမြုပ်အဖြစ် စားလေ့ရှိပါတယ်။ တရုတ် ကန်စွန်းသည် အရွက်ဖားဖားနှင့် အရိုးပင်စည်များ ကြီးထွားပြီးနူးညံ့မှုရှိ လို့ ၊ ကြော် စားလေ့ ရှိကြ ပါတယ်။ မြန်မာကန်စွန်း၏ အရွက်နှင့်အရိုးတို့ မှာ တရုပ်ကန် စွန်းေ လာက် မကြီးဘဲ၊ နူးညံ့မှု အနေအထား နည်းပါလို့ ၊ ကြော်ချက်၊ ချဉ်ရည်ဟင်း၊ သနပ်စုံ၊ ငါးပေါင်းကြော်၊ ကန်စွန်းရွက်ပေါင်း နှင့် ထမင်းမြိန်ကန်စွန်းရွက်သုပ်အဖြစ် စားသုံးေ လ့ရှိကြပါတယ်။ မှိုဟင်းလျာများ ကြော်လှော် ချက်ပြုတ်ရာတွင် အဆိပ်အတောက် များပြေစေ ရန်အတွက် ကန်စွန်းရွက်က မရှိမဖြစ်ပါဘဲ။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အမျိုးအစားတစ်ခုချင်းစီတွင်၊ လူသားတို့ ကျန်း မာရေးကို အကျိုးဖြစ်ထွန်းစေသည့် သဘာဝ ကပေးသော ဆေးစွမ်းထက်မြက် အာနိ သင် အသီးသီးကို ပိုင်ဆိုင်ထားကြပါတယ်။ ထိုနည်း၎င်းပါဘဲ။ ၁၀၀ဂရမ်ရှိသော ကန် စွန်း ရွက်ထဲတွင်၊ ခွန်အား ၂.၆ ကယ်လိုရီ၊ ကစီဓာတ် ၁.၂၉ ဂရမ်၊ သကြား ၀.၂၀ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၀.၅ ၈ရမ်၊ ပရိုတင်း ၂.၃၀ ဂရမ်၊ ဗီတာမင်အေ ၁၆၀ μg၊ ဘီတာကယ်ရိုတင်း ၁၉၁၄ μg၊ လူတိန်း နှင့် zeaxanthin ၅၇၆၇ μg၊ ဖောလိပ် ၉ μg၊ ဗီတာမင်စီ ၄၃.၀ မီလီဂရမ်၊ သံဓာတ် ၀.၂၀ မီလီဂရမ်၊ တို့ အသီးသီးပါရှိကြပါတယ်။

(၁) ကန်စွန်းရွက်ထဲတွင် carotenoids, lutein နှင့် zeaxanthin တို့ ပါရှိသည့်အတွက် အမြင်အာရုံကိုတိုးတက်ကောင်းမွန် စေပါတယ်။ ကန်စွန်းရွက်စားသုံးပေးခြင်းဖြင့် အသက်ကြီး၍အမြင်အာရုံချို့ တဲ့ခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်စေ့ကွယ်ခြင်း နှင့် ရေတိမ်ရောဂါ တို့ ကို ကာကွယ်နိုင်ကြောင်း အမေရိကန်ဆေးသိပ္ပံပညာရှင်များက အကြံပြုထားပါတယ်။

(၂) ကန်စွန်ရွက်ဟာ ဂေါ်ဖီမျိုးနွယ်ဝင်ဖြစ်လို့ ၊ ကင်ဆာရောဂါအမျိုးမျိုးကိုတိုက်ထုတ်ပေးနိုင်တဲ့ isothiocyinates ဓာတ်ပေါင်း စုတို့ ပါရှိပါတယ်။ ၂၀၀၇ ခုနှစ်တွင် the University of Southampton ကင်ဆာသုတေသနအဖွဲ့ ၏ စမ်းစစ်ချက်များ အရ၊ ကန်စွန်းရွက်ထဲတွင် ကင်ဆာဆဲလ်များကြီးထွားလာမှုကို ထိန်းချုပ်ပေးနိုင်သော phenethyl isothiocyanate (ခေါ်)PEITC ဓာတ်ပါရှိလို့  အထူးသဖြင့် အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကင်ဆာ နှင့် အမျိုးသားများ သုတ်ရည် လွှတ်ပေးသောအကျိတ်ဂလင်းကင်ဆာ စသည့် ကင်ဆာရောဂါဆဲလ်များကြီးထွားလာမှုကို သူမတူအောင် ထိန်းချုပ်ပေး နိုင်စွမ်းရှိပါတယ်။

(၃) ကန်စွန်းရွက်ထဲတွင် လူတိန်းဓာတ်အမြောက်အများပါရှိသဖြင့်၊ နှလုံးသွေးလွှတ်ကြော ပိတ်ဆို့ မှုကိုဟန့် တားပေးနိုင်လို့ ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ဆက်စပ်သော နှလုံးရောဂါ တို့ ကို မဖြစ်စေပါဘူး။ ဒါ့အပြင် ကန်စွန်းမှာ ပိုတက်စီယမ် လဲကြွယ်ဝလို့ ၊ နှလုံကြွက်သားများကို အားကောင်းစေကာ နှလုံးကိုကျန်းမာစေပါတယ်။

(၄) အိမ်ထောင်ရေးသုခ စွမ်းအင်ကိုတိုးပွားစေကာ၊ မျိုးအောင်စေပါတယ်။ အမျိုးသားများ ပန်းသေပန်းညှိုးရောဂါအတွက်၊ ဆေးမြီးတိုအဖြစ် ဆိတ်သိ၊ု ကန်စွန်းရွက် ကြက်သွန်ဖြူဥတစ်လုံး နှင့် နွားနို့ မှချက်သောထောပတ်စစ်စစ်တို့ ဖြင့် မကြာခဏကြော်စားပေးခြင်းဖြင့် ကျန်းမာသောဖခင်လောင်းအဖြစ်စွမ်းဆောင်နိုင်စေပါတယ်။

(၅) အိုင်အိုဒင်းဓာတ်တို့ စုဝေးရာ ကန်စွန်းရွက်ကိုစားပေးခြင်းဖြင့် သိုင်းရွိုက်အကျိတ်ဂလင်းကိုများစွာ အထောက်အကူ ပြုပေးပါတယ်။

(၆) ကန်စွန်းရွက်ဟာ ကယ်လိုရီနဲ၍၊ ပိုတက်စီယမ်မြင့်မားသဖြင့် ခန္ဓာကိုယ်ထဲရှိ ပိုလျှံသောအရည်များကို ဆီးအဖြစ် ထုတ် ပေးနိုင်ပါတယ်။ ဆီးပူ၊ ဆီးနည်း၊ ဆီးချုပ်ရောဂါများအတွက်၊ ကန်စွန်းရွက်ကို အချိုအချဉ်အမျိုးမျိုးချက်၍ ဆေးဝါး ဓာတ်စာအဖြစ် စားသုံးပေးခြင်းဖြင့် ဆီးရွှင်စေပါတယ်။

(၇) အစိမ်းရောင်ဟင်းရွက်များတွင်ပါရှိသော Chlorophyll ဓာတ်ဟာ အိပ်မောကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့၊ အိပ်ရေး၀၀အိပ်ပျော်စေကာ နိုးထလာတဲ့အခါ စိတ်ကိုလန်းဆန်းစေနိုင်ပါတယ်။

(၈) ကန်စွန်းရွက်နှင့် ခရမ်းချဉ်သီးတို့ ကို နှိုင်းယှဉ်ကြည့်ရာတွင် ကန်စွန်းရွက်မှာ ပရိုတင်းဓာတ် (၄)ဆ၊ ကယ်လ်စီယမ်ဓာတ် (၁၂)ဆ တို့ အပြင် ကာရိုတင်း နှင့် အမျှင်ဓာတ်များလဲ ပိုမိုပါရှိတာကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းကို ကောင်း ကောင်းအလုပ်လုပ်စေကာ၊ ၀မ်းမှန်မှန်သွားစေပါတယ်။ ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါတို့ မဖြစ်စေပါဘူး။ အူထဲရှိ အက်ဆစ်ဓာတ်ကို လျော့ကျစေလို့  အစာအိမ်ရောဂါတို့ ကိုလဲမဖြစ်စေပါဘူး။ ဒါ့ပြင် သည်းခြေရည်ထွက်ရှိမှုကို အထောက်အကူပြုပြီး၊ အစာကိုကျေလွယ်ပါတယ်။

(၉) ကယ်လ်စီယမ်ဓာတ်ပါဝင်မှုကြောင့် သွား နှင့် အရိုးများကို ကြံ့ခိုင်စေပါတယ်။ အရွက်များကို အစိမ်းလိုက် ကိုက်ဝါးပေး ခြင်းဖြင့်၊ သွားဖုံးသွေးယိုစီးခြင်းကိုကုသနိုင်ပါတယ်။

(၁၀) ဗီတာမင်စီ ကြွယ်ဝစွာပါရှိသဖြင့် ဗီတာမင်စီချို့ တဲ့ရောဂါများကို သက်သာပျောက်ကင်းစေပါတယ်။

(၁၁) ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ်အသုံးပြုနိုင်ရုံသာမက၊ ပိုတက်စီယမ်ကြွယ်ဝလို့ ၊ ကိုယ်အလေးချိန် လျော့ကျလိုသူများ အစားထိုးစားသင့်တဲ့ အစာပဲ ဖြစ်ပါတယ်။

(၁၂) ကန်စွန်းရွက်မှာ အမျှင်ဓာတ် အများအပြားပါဝင်တဲ့အပြင် အင်ဆူလင်ကဲ့သို့ အစွမ်းထက်မြက်အာနိသင်များပါရှိလို့  သွေးတွင်း သကြားဓာတ်ကိုထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါသည်များ အားထားလောက် ပါပေတယ်။

(၁၃) ကန်စွန်းရွက်ဟာ အာရုံကြောအဖွဲ့ အစည်းကို အားကောင်းစေပြီး၊ မှတ်ညဏ်စွမ်းရည်ကို တိုးတက်ကောင်းမွန်စေကာ၊ စိတ်ကျရောဂါများကိုလဲ ဖြေဖျောက်ပေးနိုင်လို့  ရှေးခေတ်ရောမ လူမျိုးများဟာ ကန်စွန်းရွက်ကို “brain food” လို့  တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ခေါင်းမူးဝေခြင်း နှင့် လေးလံထိုင်းမှိုင်းခြင်းရောဂါတို့ အတွက် ကန်စွန်းရွက်ကိုအရည် ညှစ်ပြီး၊ ရှာလကာရည်အနဲငယ်နှင့် ရောသောက်ပေးနိုင်ပါတယ်။

(၁၄) သွေးဖိအား နှင့် ကိုလက်စထရောပမာဏကို ပုံမှန်ဖြစ်စေလို့ ၊ သွေးတိုးရောဂါသည်များကို ကောင်းကျိုးပြုပါတယ်။

(၁၅) အစာအဆိပ်ဖြစ်ခြင်း၊ ဘိန်းမူးခြင်း၊ စိန်အဆိပ်တက်ခြင်းနှင့် အခြားအဆိပ်သင့်ခြင်းအမျိုးမျိုးတို့ အတွက် ကန်စွန်းရွက် သတ္တုရည်ကို သောက်သုံးပေးခြင်းဖြင့် အန်ထွက်စေကာ၊ အဆိပ်ပြေစေပါတယ်။ ခွေးတိရိစ္ဆာန်များ အစာအဆိပ်သင့် ပါက၊ ကန်စွန်းရွက်နှင့်ထန်းလျှက်ကိုထောင်း၍ ကျွေးခြင်းဖြင့် အသက်ချမ်းသာရာရစေပါတယ်။

(၁၆) မီးဟပ်ခြင်း နှင့်မီးလောင်ဒဏ်ရာများအတွက် ကန်စွန်းရွက်သတ္တုရည်ကို သကြားနဲ့ ရောစပ်လိမ်းပေးခြင်းဖြင့် အပူ လောင်ခြင်းကို သက်သာစေကာ၊ အမာရွတ်မကျန် ပျောက်ကင်းစေနိုင်ပါတယ်။

(၁၇) ကန်စွန်းရွက်ထဲမှာ ဆာလ်ဖာဓာတ်များပါရှိလို့ ၊ ခန္ဓာကိုယ်ထဲရှိ သွေးများကို ထိထိရောက်ရောက် သန့် စင်ပေးနိုင်စွမ်း ရှိကာ၊ ဆဲလ်များကို ကောင်းစွာတည်ဆောက်စေပါတယ်။ ဒါ့ပြင် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေလို့ ၊ ရောဂါဘယများ ကင်းဝေးစေပါတယ်။

(၁၈) ကန်စွန်းရိုးသည် အကြောအား၊ လေအားကို သန်စွမ်းစေသဖြင့် ကာယလုပ်သားများအတွက်အကြောအားတိုး အစား အစာအဖြစ် ဖြည့်တင်းစားသုံး ပေးနိုင်ပါတယ်။

(၁၉) ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ် အများအပြားပါဝင်ကာ ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့်၊ ကန်စွန်းရွက်သုပ် စားခြင်းဖြင့်၊ ပန်းနာရပ်ကျပ်ရောဂါ၊ အအေးမိချောင်းဆိုးနှင့် လေပြွန်ရောင်ရမ်းနာများကို သက်သာစေပါတယ်။ ဒြါ့ပင် အမျိုးသားများ သုတ်ရည်လွှတ်ပေးသောအကျိတ်ဂလင်းကြီးထွားရောင်ရမ်းခြင်း၊ ခြေချင်းဝတ်/ခြေမျက်စေ့ အဆစ်လွဲ ရောင်ရမ်းခြင်းနှင့် အသွားအလာများပြီး ခြေချောင်းများရောင်ကိုင်းခြင်းတို့ အတွက် ကန်စွန်းရွက်ကိုထောင်း၍ အုံပေးခြင်း ဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂၀) နိ့ ချိုထွက်အားကောင်းစေလို့ ၊ နို့ တိုက်မိခင်များစားသုံးပေးသင့်ပါတယ်။

(၂၁) ကန်စွန်းရွက်တွင်ပါရှိသော သဘာဝသတ္တုရည်က ငန်းမန်းများကိုနိုင်စေလို့ ၊ ငန်းမန်းဆိပ်တက်နေသော အနာများကို ဆွတ်လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

(၂၂) ပျားရည်ဖြင့်တညသိပ်စိမ်ထားသော ကန်စွန်ရွက်အရည်ကိုသောက်သုံးပေးခြင်းဖြင့်၊ အဆက်မပြတ်ချောင်းဆိုးခြင်းများ အတွက် ချွဲကျေသလိပ်ပျော်စေကာ၊ အသက်ရှုလမ်းကြောင်းကို အထောက်အပံ့ပေးပါတယ်။

(၂၃) ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်/သွားကိုက်ခြင်း စသည့်ကိုက်ခဲမှုဝေဒနာများကို သက်သာစေပါတယ်။

ကန်စွန်းရွက်ဖြင့် အသားအရေထိန်းသိမ်းနည်း။

ကန်စွန်းရွက်ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ အထောက်အကူဖြစ်စေရုံသာမက၊ အသားအရည်ကို ကောင်းမွန်သန့် ရှင်း စေလို့  ပျိုပျိုမေတို့  အတွက်အကောင်းဆုံးအဖော်မွန်ပါဘဲ။ (က) ၀က်ခြံစို၊ ၀က်ခြံခြောက်၊ ၀က်ခြံပုန်း၊ တင်းတိပ်၊ အမည်းစက် များနှင့် မျက်နှာအသားအရေ အရောင်မညီခြင်းများအတွက် စိတ်မပျက်ပါနှင့်။ ကန်စွန်းရွက်ကိုကြိတ်ချေပြီး၊ ထိုသတ္တုရည်တစ်မျိုး တည်းကိုသာ စိတ်ချလက်ချလိမ်းပေးခြင်းဖြင့် သက်သာလာစေနိုင်ပါတယ်။ (ခ) ပျားရည်စားပွဲတင်ဇွန်း (၁)ဇွန်း နှင့် ကန်စွန်းရွက် သတ္တုရည် စားပွဲတင်ဇွန်း(၄)ဇွန်းကို သမအောင်ရောမွှေကာ ခြေလက်များကို လိုးရှင်းအဖြစ် နံက် နှင့် ည ပုံမှန်လိမ်းပေးခြင်းဖြင့် အသားအရေ ၀င်းလက်စိုပြေ တောက်ပလာစေနိုင်ပါတယ်။ (ဂ) ကန်စွန်းရွက် ကို အရည်ညှစ်၍ ဦးရည်ပြားထဲ စိမ့်ဝင်အောင် နှိပ်နယ်ပေးခြင်းဖြင့် ဆံပင်သန်စွမ်းကာအရှည်မြန်စေပါတယ်။ ဒါ့ပြင်ဦးရေပြားကိုအေးမြစေလို့ ၊ ဗောက်များကင်းစင်စေပါတယ်။

သတိပြုရန်။ (က) အချို့ သောသူများသည် ကန်စွန်းရွက်နှင့်မွေးရာပါ ဓာတ်မတဲ့မှုပြသနာများပါလာတတ်လို့  သတိထားစားသုံး သင့်ပါတယ်။ (ခ) ကန်စွန်းရွက်မှာ အိုင်အိုဒင်းဓာတ်ပေါများလို့  သိုင်းရွိုက်ရောဂါကို ကောင်းကျိုးပြုသော်လဲဘဲ၊ ဟိုက်ပါသိုင်းရွိုက် ဝေဒနာကိုတော့ ကောင်းကျိုးမပြုလို့  ထို ဟိုက်ပါသိုင်းရွိုက် ဝေဒနာရှင်များ လုံးဝမစားသုံးသင့်ပါဘူး။ (ဂ) ကန်စွန်းရွက်ဟာ ဆီးရွှင်စေတာမှန်သော်လဲဘဲ၊ လိုအပ်သည်ထက်လွန်ကဲစွာ စားသုံးမိပါက မကြာခဏဆီးသွားရသည့်ဆီးအိတ်ရောင်ရောဂါကို ဖြစ်စေနိုင်ပါတယ်။

မှတ်ချက်။ (က) များသောအားဖြင့် ကန်စွန်းပင်များကို စိုက်ခင်းထဲတွင် သဘာဝရေမှော်ကဲ့သို့ စိုက်ပျိုးထားလေ့ရှိတာမို့ ၊ ကပ်ပါး ပိုးများပါလာတတ်၍ အသုံးမပြုတ်မီ ရေများများဖြင့်စင်စင်ဆေးကြောသင့်ပါတယ်။ (ခ) ညှိးပျော့၍အ၀ါရောင်သန်းနေသော ကန်စွန်းရွက်များသည် မလတ်ဆတ်ဘဲ ကျန်းမာရေးအာနိသင်လဲ ပျက်ပြယ်စေလို့  အရွေးမမှားဘို့ လိုပါတယ်။

++++++++++++++++++++++++++++++++

ခေတ်မီတိုးတက်လျှက်ရှိသော ယနေ့ ကမ္ဘာတွင် ကျန်းမာရေးအမြင်ရှိသူတိုင်းက၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များသည်၊ ကျန်းမာရေးအထောက်အကူပြု အာဟာရအစားအစာများအဖြစ်၊ အရေးပါပုံကိုသိမြင်လက်ခံလာကြပြီဖြစ်၏။ ထို့ ကြောင့် မိမိတို့  ပတ်ဝန်းကျင်တွင် ရာသီမရွေးရရှိနိုင်ကာ၊ ငွေကုန်သက်သာလွယ်ကူစွာချက်ပြုတ်နိုင်ပြီး၊ ခံတွင်းလဲမြိန်၊ ကျန်းမာရေးကိုလဲ များစွာအထောက်အကူပြုစေသည့် " ဆေးစွမ်းထက်မြက် ကန်စွန်းရွက် " ကို မီးဖိုချောင်သုံးဆေးဝါးအဖြစ် စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။


(ဘာသာပြန်သူ - ပေါက်ပေါက်)
(ကိုးကားချက် -Aletor, O., A.A. Oshodi and K. Ipinmoroti, 2002. Chemical composition of common leafy vegetables and functional properties of their leaf protein concentrates. Food Chem., 78: 63-68.)
--
promise.pauk

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။