Fire Fly
လောကကြီး ကို မျက်စပစ်ပြခြင်း ။ ( ဒေါက်တာသူရိန်လှိုင်ဝင်း )
-----------------------------------
(ကူးစက်တတ်သော အပြုအမူများ။)
ရန်ကုန်မြို့ရဲ့လမ်းတွေမှာ ကားကျပ်တဲ့အချိန်တွေမှာ
တစ်နေရာကတစ်နေရာသွားရတာ အင်မတန်ကိုစိတ်ရှပ်ရတယ်ဆိုတာ လူတိုင်းခံစားဖူးမှာပါ။ မပြီးနိုင်မစီးနိုင်ရှည်လျားလွန်းတဲ့ ကားတန်းကြီးမှာ မျောပြီးသွားနေရတာ အင်မတန်ကိုမှစိတ်ပင်ပန်းပါတယ်။ အဲဒါကြောင့်ကျနော်သွားစရာရှိရင် ကားကျပ်တဲ့ရုံးဆင်းချိန်တွေကို ရှောင်ပြီးသွားလေ့ရှိပါတယ်။ မပာုတ်ရင် နဂိုတည်းကစိတ်ဆတ်တတ်တော့ ကားကျပ်နေတဲ့အချိန်စည်းမရှိကမ်းမရှိ လုပ်ချင်တာလုပ်တဲ့သူတွေနဲ့ဆိုရင် ပိုပြီးစိတ်တိုလာတတ်လို့လေ။ မနေ့ကဆေးခန်းသွားတော့ ရုံးဆင်းကားကျပ်ချိန် ကွေ့ကြောရောက်နေလို့ ဆယ်မိနစ်လောက်စောင့်ရတယ်။ ရှိခိုးမတတ်တောင်းပန်ပြီးမှကားကိုမရမက ကွေ့ခဲ့ရတယ်။ စိတ်ထဲမှတော့ ဒေါသတွေလောင်မြိုက်လို့ ဒီလောက်လေးတောင် ကိုယ်ချင်းစာစိတ်မရှိတဲ့သူတွေလို့ တွေးနေမိတာပေါ့။ ပြီးတော့ပြန်စဉ်းစားကြည့်တယ်။ ငါကိုယ်တိုင်ရောကားမောင်းလို့ ကားကျပ်နေတဲ့အချိန်ဆိုရင် အဲလိုမျိုးအလွယ်တကူပေးကွေ့သလားပေါ့။ လူကကြည်လင်နေတဲ့အချိန်ဆိုရင်တော့ ပေးပါတယ်။ ကားရှုပ်စိတ်ညစ်နေတဲ့အချိန်ဆိုရင်တော့ မတတ်သာလို့ ပေးကွေ့လိုက်ရပြီဆိုရင်တောင် ငါကလမ်းမှန်ကို သူကအရင်ကွေ့တယ်။ လူပါးဝလို့ဘာလို့ညာလို့ ရေရွတ်ရင်းပေးရတာပါ။ အဲတော့လည်း တူသောအကျိုးပေးတယ်ဆိုရမှာပဲ။
ဒီနေ့အပြင်သွားတော့ ကားကျပ်တဲ့ကမ္ဘာအေးဘုရားလမ်းမှာ ဂငယ်ကွေ့ကွေ့ရမယ့်အခြေအနေရောက်နေတယ်။ အဲဒါနဲ့စောင့်နေတုန်းမှာ ကားတစ်စီးလာနေတာတွေ့လိုက်တယ်။ အဲဒီကားနောက်မှာတော့ အခြားကားတွေတသီတတန်းကြီးပဲ။ စိတ်ထဲမှာတော့ ငါတော့အတော်စောင့်ရတော့မှာပဲလို့ စဉ်းစားပြီး စိတ်ညစ်သွားတယ်။ အဲဒီအချိန်မှာပဲ ဒီစာရေးဖြစ်ဖို့ အကြောင်းရင်းတစ်ရပ်ပေါ်လာတော့တာပဲ။ ကျနော်ကွေ့ဖို့စောင့်နေတဲ့အချိန်မှာ အရှိန်နဲ့မောင်းလာတဲ့အဲဒီကားက အရှိန်ကိုလျော့ပြီးကျနော့်ကိုရပ်ပေးလိုက်တာပါ။ ဘယ်လိုမှမထင်ထားလို့ ထွက်ဖို့မပြင်ဆင်ထားတဲ့ကျနော်ကြောင်ပြီး ကြည့်နေတဲ့အချိန်မှာ အဲဒီကားပိုင်ရှင်က လက်ပြပြီးထွက်ခိုင်းပါတယ်။ ကျနော်လည်း အတော်လေးအံသြသွားပြီး လက်ပြန်ပြပြီးကွေ့ထွက်လာခဲ့ပါတယ်။ ဘာမပာုတ်တဲ့ အကူအညီလေးပေမယ့် ကျနော်သူ့ကိုကျေးဇူးတင်နေမိပါတယ်။ စိတ်ထဲမှာလည်း ပျော်ရွှင်သွားပြီး ကြည်လင်လာမိတယ်။ ကားမစောင့်ရလို့မပာုတ်ပါဘူး။ သူ့ရဲ့ကူညီတတ်တဲ့အပြုအမူလေးက စိတ်ထဲကိုကူးစက်ဝင်လာလို့လို့ ထင်မိပါတယ်။ သူ့ရဲ့ကူညီတတ်တဲ့အပြုအမူလေး ကူးစက်ဝင်ရောက်လာပြီးတဲ့အချိန်မှာပဲ ကျနော်မောင်းတဲ့တောက်လျှောက်လမ်းမှာ ကွေ့ဖို့ရပ်နေတဲ့ကားမှန်သမျှကို ပေးကွေ့ပါတော့တယ်။ အရင်တုန်းက လုမောင်းပြီး ပေးမကွေ့တတ်တဲ့ကျနော်တစ်ယောက်အခုတော့ ကွေ့ကားမှန်သမျှကို နောက်ကပွာန်းဘယ်လောက်တီးတီး ရပ်ပေးပြီးပေးကွေ့လိုက်ပါတော့တယ်။
ကျနော်ဖတ်ဖူးတဲ့ဆရာဖေမြင့်ဘာသာပြန်တဲ့ စာလေးတစ်ပုဒ်ကိုပြန်ပြောပါရစေ။
စာရေးတဲ့သူရဲ့ သူငယ်ချင်းတစ်ယောက်ပာာ အင်မတန်အကောင်းမြင်တတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်တဲ့။ တစ်နေ့မှာ စာရေးသူနဲ့သူ့သူငယ်ချင်း ခရီးတစ်ခုထွက်ကြပါတယ်။ စာရေးသူသတိထားမိတာကတော့ သူ့သူငယ်ချင်းပာာ သူနဲ့ဆက်ဆံတဲ့သူတိုင်းကို ချီးမွမ်းပြီး ကျေးဇူးတင်စကားပြောပါတယ်တဲ့။ လမ်းမှာတက္ကစီစီးတော့လည်း လမ်းဆုံးတော့တက္ကစီသမားကို ခင်ဗျားမောင်းတာအရမ်းကောင်းတယ်ဗျာ။ ချောချောမောမော ခရီးဆုံးအောင်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာလို့ ပြောပါတယ်။ လမ်းခရီးတစ်လျောက်လုံးမှာလည်း အဲလိုပဲချီးမွမ်းရင်း ကျေးဇူးတင်စကားပြောနေပါတယ်တဲ့။ အဲဒါနဲ့စာရေးသူလည်း မနေနိုင်တော့ဘဲ "သူငယ်ချင်း မင်းလူတိုင်းကိုဘာလို့ ချီးမွမ်းနေတာလဲကွ၊ မင်းချီးမွမ်းသလောက်လည်း သူတို့တွေမကောင်းပါဘူး။ တက္ကစီဒရိုက်ဘာဆိုရင်လည်း မျက်နှာထားကြီးကိုတင်းနေတာပဲ၊ ကားမောင်းတာလည်း အန္တရာယ်များအောင်မောင်းတယ်။ အဲဒါလည်းမင်းက ချီးမွမ်းတယ်။ လေယာဉ်မယ်လည်း အဆင်မပြေဘူး။ ခရီးသည်ခေါ်ရင် လာချင်သလို မလာချင်သလိုမျက်နှာထားနဲ့လာတယ်။ အဲဒါလည်းမင်းက ၀န်ဆောင်မှုအရမ်းကောင်းတယ်ဗျာလို့ ချီးမွမ်းပြန်ရော။ အဲဒါဘယ်လိုဖြစ်ရတာလဲ" လို့မေးလိုက်ပါတော့တယ်။ အဲဒီအခါသူ့သူငယ်ချင်းက "သူငယ်ချင်း တက္ကစီသမားကားမောင်းတာမကောင်းမှန်းငါလည်း သိပါတယ်။ လေယာဉ်မယ် ၀န်ဆောင်မှုမကောင်းတာကိုလည်း သိပါတယ်။ ဒါပေမယ့် မင်းသတိထားကြည့်ကြည့်ပါ။ ငါချီးမွမ်းပြီးကျေးဇူးတင်စကားပြောပြီးတော့ မျက်နှာထားတင်းတဲ့တက္ကစီသမားကြီးရဲ့မျက်နှာ ပြုံးသွားတယ်။ ၀န်ဆောင်မှုသိပ်မကောင်းတဲ့လေယာဉ်မယ် အခြားခရီးသည်တွေခေါ်တဲ့အခါ ချက်ခြင်းရောက်လာတယ်။ သူတို့ရဲ့တစ်နေ့တာမှာ အဆင်မပြေမှုတွေရှိခဲ့လိမ့်မယ်။ အဲဒီအတွက် သူတို့ကသူတို့နဲ့ဆက်ဆံတဲ့သူတွေအပေါ်ကို အဆင်မပြေမှုတွေ ပုံချမိနေတယ်။ အဲဒါကိုငါတို့ကထပ်ပြီး အပြစ်တင်ပြီး မကောင်းအောင်ဆက်ဆံမယ်ဆိုရင် နောက်လူတွေထပ်ပြီး ပုံချခံနေဦးမှာပဲ။ အဲဒီတော့ငါက သူတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံလိုက်တဲ့အခါ အနည်းဆုံးတော့သူတို့စိတ်ထဲမှာ ကျေနပ်သွားမယ်။ အဆင်မပြေမှုတွေကိုမေ့သွားလိမ့်မယ်။ အဲဒီအခါမှာသူတို့နဲ့ဆက်ဆံတဲ့ နောက်လူတွေကို သူတို့သေသေချာချာဆက်ဆံကြလိမ့်မယ်။ တကယ်လို့သူတို့မပြောင်းလဲသွားဘူးဆိုရင်တောင် ငါ့အတွက်တော့ဘာမှမထိခိုက်ဘူးလေ" ပြောနေရင်းပဲ စာရေးသူသူငယ်ချင်းက မျက်နှာချင်းဆိုင်လမ်းမှာလျှောက်လာတဲ့ အမျိုးသမီးတစ်ယောက်ကို မျက်စပစ်ပြလိုက်ပါသတဲ့။ အဲဒါနဲ့စာရေးသူက "ပာာ ပော့မင်းခုနကမိန်းမကို မျက်စပစ်လိုက်တယ်မလား။ ဒီလောက်ရုပ်ဆိုးတဲ့မိန်းမကိုများကွာ မင်းဘာကြောင့် မျက်စပစ်လိုက်တာလဲ မင်းမျက်လုံးရောကောင်းသေးရဲ့လား"လို့ မေးလိုက်တော့ သူ့သူငယ်ချင်းကပြုံးပြီး "ငါမျက်လုံးကောင်းပါတယ်ကွ။ အဲဒီမိန်းမရုပ်ဆိုးမှန်းလည်းသိပါတယ်။ ဒါပေမယ့်သူ့စိတ်ထဲမှာ အခုအနည်းဆုံးတော့ ကမ္ဘာပေါ်မှာသူ့ကိုကြိုက်တဲ့ယောက်ျားတစ်ယောက်တော့ရှိတယ်လို့တွေးမိပြီး ပျော်သွားနိုင်တာပေါ့။ အဲဒီမိန်းမပာာ ကျောင်းဆရာမဆိုရင် ဒီနေ့သူ့အခန်းထဲကကလေးတွေ စိတ်ချမ်းသာရမယ်ကွာ။ သူပာာဝန်ထမ်းဆိုရင်လည်း သူနဲ့ဆက်ဆံတဲ့သူတွေဒီနေ့စိတ်ချမ်းသာရမယ်ကွာ ငါလုပ်ပေးလိုက်တာက အပြုံးတစ်ခုနဲ့ မျက်စပစ်လိုက်တာလေးတစ်ခုပါ။ ဒါပေမယ့် အဲဒါကနေသူ့ကိုစိတ်ချမ်းသာမှုပေးပြီး သူကနေအခြားလူတွေဆီကိုပါ ကူးစက်သွားလိမ့်မယ်ကွ"တဲ့။ အဲဒီစာလေးကို တကယ်ကြိုက်ပါတယ်။ ဒီနေ့ကျနော့်ကို ကားလေးရပ်ပြီးကွေ့ခွင့်ပေးလိုက်တဲ့သူရဲ့ ကောင်းတဲ့အပြုအမူလေးပာာ ကျနော့်ကိုပါကူးစက်လာပြီး အခြားသူတွေကိုပါ သူပေးလိုက်တဲ့အပြုအမူလေးကိုလက်ဆင့်ကမ်းမိစေပါတယ်။
ကျနော်တို့တစ်နေ့တစ်နေ့ လူပေါင်းများစွာနဲ့ဆက်ဆံနေရပါတယ်။ ကိုယ့်ရဲ့ကောင်းမွန်တဲ့အပြုအမူလေးတစ်ခုပာာ ကျန်တဲ့သူတွေပါကူးစက်သွားပြီး လူအများကို စိတ်ချမ်းသာစေတယ်ဆိုရင် ဘာမှအကြီးအကျယ်မပာုတ်တဲ့ ပြုံးပြတာ၊ ချီးမွမ်းတာ၊ ကျေးဇူးတင်စကားပြောတာတွေပာာလည်း ထိရောက်မှုအများကြီးရှိပါတယ်။ အပြုံးမျက်နှာပာာ စိတ်ကိုကြည်လင်သွားစေပါတယ်။ ကိုယ်ပြုံးပြလိုက်တဲ့သူ စိတ်ချမ်းသာသွားသလို ပြုံးလိုက်တဲ့ကိုယ်ကိုယ်တိုင်လည်း ကျေနပ်သွားစေနိုင်ပါတယ်။ အဲလိုပဲ ကိုယ့်အတွက် ဘာမှအပန်းမကြီးတဲ့ ကိုယ်တတ်နိုင်တဲ့အကူအညီလေးတွေကို ကိုယ်ကြုံတွေ့ရတဲ့သူတွေကို ပေးမယ်ဆိုရင် သူတို့ကလည်းအခြားသူတွေဆီကိုလက်ဆင့်ကမ်းပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့အပြုအမူတိုင်းပာာ အခြားသူတွေကိုလည်း ကူးစက်သွားနိုင်တယ်ဆိုတာကို သတိထားပြီးဆက်ဆံပေးမယ်ဆိုရင်၊ ကောင်းမွန်တဲ့စိတ်ဓါတ်နဲ့ အပြုအမူလေးတွေမွေးမြူလာမယ်ဆိုရင် လောကကြီးကဘာမှ မနေပျော်စရာမရှိပါဘူး။
--------------------------
creditး လူတိုင်းသိသင့်သော ဆေးပညာ( ဒေါက်တာသူရိန်လှိုင်ဝင်း )
http://www.academicmedicines.blogspot.jp/
( Fire Fly )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။