Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 29, 2014

ကမ္ဘာလှည့် မြန်မာအဆိုတော် ၄ ဦး


Aye Chan Mon
ကမ္ဘာလှည့် မြန်မာအဆိုတော် ၄ ဦး
အမျိုးသမီးအဆိုတော် ၄ ဦးနဲ့ နိုင်ငံတကာတန်းဝင် ပေါ့ပ်သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင် ဆိုနေတဲ့ မြန်မာပြည်ရဲ့ ပထမဆုံး မြန်မာမလေးများ (Me N Ma Girls) အဖွဲ့ ဟာ လူစုကွဲသွားပေမယ့် အသစ်ထွက်မယ့် သီချင်းအယ်လ်ဘမ်အတွက် ဆက်လက်လုပ်ဆောင်သွားမှာပါလို့ အဖွဲ့ဝင်တဦးဖြစ်သူ အမွန်းက ဧရာဝတီကို ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိမြို့မှာရှိတဲ့ ပါဝါမြူးဇစ် စတီရီယိုမှာ ဆက်လက်အသံသွင်းနေပြီး ဒီနှစ်အတွင်း ပထမဆုံး အခွေသစ်
ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ ကချင်တိုင်းရင်းသူ အမွန်းက ဆိုပါတယ်။
အရင်က မြန်မာမလေးများအဖွဲ့မှာ အမွန်း၊ ကီမီ၊ ချာချာ နဲ့ ထိုက်ထိုက် တို့ လေးယောက်အတူတူ လော့အိန်ဂျလိမြို့က ပါဝါမြူးဇစ်ကုမ္ဗဏီနဲ့ သီဆိုခဲ့ရာက ၂၀၁၄ နှစ်စမှာပဲ ၂ ယောက်ထွက်သွားပြီး အမွန်းနဲ့ ကီမီ တို့သာ ကျန်ခဲ့ပါတယ် ။ အမွန်း ဆက်ပြောတာက ... တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ အနုပညာဖန်တီးမှုတွေကို ကုမ္ဗဏီက ပိုင်ဆိုင်တာဖြစ်ပြီး ထွက်သွားတဲ့ ၂ ဦးက တကိုယ်တော် အနုပညာ လှုပ်ရှားမှုတွေဘက် အားသန်ကာ လေ့ကျင့်မှုမှာ ပျက်ကွက်မှုတွေ ရှိတာကြောင့် ကုမ္ဗဏီက လက်တွဲဖြုတ်ခဲ့တာပါ တဲ့။
၂၀၁၃ ခုနှစ်မှာ Girl Strong ဆိုတဲ့ သီချင်းနဲ့ နိုင်ငံတကာမှာ လူသိများခဲ့ပြီး နယူးယောက်က ၂၀၁၃ ခုနှစ် အမျိုးသမီးညီလာခံမှာ ဖျော်ဖြေခဲ့သလို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား နဲ့ ဟောင်ကောင်တွေ
မှာလည်း ရေဒီယို ရုပ်သံ အင်တာဗျူးတွေနဲ့အတူ လိုက်ဗ်ရှိုး ဖျော်ဖြေမှုတွေ ရှိခဲ့ပါတယ်။
မြန်မာမလေးများအဖွဲ့ဆိုပြီး မဖြစ်တည်ခင်က ကျားမလေးများ (Tiger Girls) အဖြစ်နဲ့ ၂၀၁၁ ခုနှစ်မှာ မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ သီချင်းတွေ ထွက်ရှိခဲ့ပါတယ်။ ကျားမလေးများအဖွဲ့တုန်းက အမွန်း၊ ကီမီ၊ ချာချာနဲ့ ထိုက်ထိုက်အပြင် ဝေနှင်း လည်းရှိပါသေးတယ်။ ဝေနှင်းကတော့ ၂၀၁၃ ခုနှစ်အစောပိုင်းမှာ လက်တွဲဖြုတ်ခဲ့တာပါ။
အခု ပထမဆုံး နိုင်ငံတကာအခွေထဲမှာ အင်္ဂလိပ်လို သီဆိုထားတဲ့ သီချင်း ၆ ပုဒ်ထက်မနည်း ပါမှာဖြစ်ပြီး မြန်မာသံစဉ် သီချင်းတွေလည်း ပါမယ်လို့ သိရပါတယ်။ သီချင်းတွေက ကိုယ်တိုင်သံစဉ်တွေဖြစ်တယ်၊ ထုတ်လုပ်သူနဲ့ အဆိုတော်တို့ ပူးပေါင်းရေးသားကြတယ်၊ အမေရိကန် နာမည်ကြီးပေါ့ပ်
အဆိုတော် လေဒီဂါဂါရဲ့ သီချင်းရေးဆရာက ရေးထားပေးတဲ့ သီချင်းတပုဒ်လည်း ပါတယ်လို့ သိရပါတယ်။
ကချင်တိုင်းရင်းသူ အမွန်း နဲ့ ချင်းတိုင်းရင်းသူ မီကီတို့ဟာ ဇန်န၀ါရီ လ အစောပိုင်းကလည်း မလေးရှားနဲ့ ဟောင်တောင်တို့မှာ ရေဒီယို အင်တာဗျူးတွေ သွားဖြစ်ခဲ့ပြီး၊ မလေးရှားက မိဘမဲ့ဂေဟာတခုကိုလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။
မလေးခရီးစဉ်မှာ ... အသက် ၈ လ ကနေ ၁၈ နှစ်အထိ ကလေးငယ် အများအပြားအတွက် သီချင်းသီဆို ဖျော်ဖြေခဲ့ပြီး သူတို့စိတ်ချမ်းသာအောင် လုပ်ဆောင်ပေးခဲ့ရတဲ့အတွက် ပီတိ ဖြစ်ရတယ်လို့ အမွန်းက ဆိုပါတယ်။
“လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့ ဒီလို အကူအညီလိုနေတဲ့လူတွေကို ကူညီဖို့က အမွန်းတို့အိပ်မက်ပါပဲ။ မြန်မာပြည်မှာလည်း လုပ်ဖြစ်ပါတယ်” လို့ အမွန်းက ဧရာဝတီကို ပြောပါတယ်။
ဧရာဝတီblog
Aye Chan Mon# Credit To :ဧရာဝတီ> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။