နည်းစနစ်ကျကျအတွေးအခေါ်
တစ်ခါတုန်းက
ဘုရားသခင်က ခွေးတစ်ကောင်ကိုဖန်ဆင်းပြီးတော့
"မင်းဒီတံခါးဝမှာနေပြီး အတိတ်ကိုပြန်လာချင်တယ့်သူတွေနဲ့ အိမ်ထဲဝင်မယ့် လူစိမ်းတွေကို
ဟောင်ပြီး ကာကွယ်ပေးထား ဒီ့အတွက်မင်းကို အသက်၁၂နှစ်ကာလကိုပေးသနာမယ်"
ဆိုတော့ ခွေးက
"၁၂နှစ်ဆိုတယ့်ကာလကကြာလွန်းတယ် ၂နှစ်လောက်ပဲနေလို့ ရမလား"
ဆိုတော့ ဘုရားသခင်ကလည်းသဘောတူလိုက်ပါတယ်။

ဒီလိုနဲ့ ဒုတိယရက်ကိုရောက်တော့
ဘုရားသခင်က မျောက်က်တစ်ကောင်ကိုဖန်ဆင်းပြီး
"အသင်မျောက် အသင်ကတော့ လူတွေနဲ့ အနီးစပ်ဆုံးတူအောင်နေပြီး
လူတွေကိုရယ်မောနိုင်အောင်ကြိုးစားရမယ်။
ဒီ့အတွက် အသင်မျောက်ကို အသက် နှစ်၂၀ပေးထားမယ်" ဆိုတော့ မျောက်က
"အနှစ်နှစ်ဆယ်အစား ခွေးလိုမျိုးပဲအသက်၁၀နှစ်ကိုဘုရားသခင်ကိုပြန်လည်ပေးမယ်"
ဆိုတော့ ဘုရားသခင်လည်းသဘောတူလိုက်တယ်။

တတိယမြောက်နေ့ ကျပြန်တော့
ဘုရားသခင်က နွားတစ်ကောင်ကိုဖန်ဆင်းလိုက်ပြီး
ခွေးနဲ့ မြောက်တွေလိုပဲ နွားကို လူတွေကိုကူအလုပ်ကူလုပ်ရန်နှင့်
နွားများသားဖောက်ပေးပြီး နို့ များပေးရန်အတွက် အသက် နှစ်၆၀ပေးလိုက်ပေမယ့်
နွားကလည်း နှစ် ၂၀သာနေချင်ကြောင်းပြောပြီး ဘုရားသခင်ကိုနှစ်၄၀ ပြန်ပေးလိုက်ပါတယ်။
ဒါကို ဘုရားသခင်ကလည်းသဘောတူလိုက်ပါတယ်။

လေးရက်မြောက်တဲ့နေ့ ကျပြန်တော့
ဘုရားသခင်ဟာ လူတွေကိုစတင်ဖန်ဆင်းလိုက်ပြီး
အိပ်၊စား၊အိမ်ထောင်ပြုကာ ပျော်ရွှင်ပြီးသာယာတဲ့ဘ၀မှာ နှစ် နှစ်ဆယ်နေထိုင်ပါဆိုတော့
လူတွေက နှစ် နှစ်ဆယ်ကိုနည်းကြောင်းပြောပြီး ဘုရားသခင်ထံသို့ နွားပြန်ပေးထားတဲ့
နှစ် ၄၀၊မျောက်ပြန်ပေးထားတဲ့ ၁၀နှစ်၊ခွေးပြန်ပေးထားတဲ့ ၁၀နှစ်
စုစုပေါင်းနှစ် ၈၀ထပ်တောင်းတော့ ဘုရားသခင်
"ကောင်းပြီ အသင်လူသားကိုပေးထားတဲ့ ပထမနှစ် ၂၀မှာ အသင်လူသားအိပ်လိုက်စားလိုက်နှင့်
ဘ၀ကိုပျော်ရွှင်စွာဖြတ်ကျော်ပြီး နွားထံမှရတဲ့နှစ် ၄၀ကို မိသားစုအတွက်အလုပ်တွေလုပ်
မျောက်ထံမှရတဲ့ ၁၀နှစ်ကို မြေးတွေကိုထိန်းပြီး ပျော်အောင်ထားကာ
နောက်ဆုံးခွေးထံမှရတဲ့ ၁၀နှစ်မှာတော့ အိမ်တံခါးဝမှာထိုင်ကာ လူဝင်လူထွက်ကိုကြည့်ပြီး
သေဖို့ ရာစောင့်နေရှာလော့ဟုပြောပြီး ထိုသတ္တ၀ါတွေကိုထားခဲ့ပါတော့တယ်။

.jpg)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။