model – Jat San Htun
Photo – Ko Naing (popular)
Hair Stylist – Richard
Photo – Ko Naing (popular)
Hair Stylist – Richard
အနုပညာရှင်တစ်ယောက်ရဲ့ သွားလာလှုပ်ရှားရတဲ့ နေရာ ၊ အခြေအနေ စတာတွေအလိုက် ဆံပင်ပုံစံကို ပြောင်းလဲရတာတွေရှိပါတယ် ။ မိမိ ရဲ့ ဆံပင်ပုံစံ ပြောင်းလဲမှုတွေ အတွက် မိမိ ရဲ့ စိတ်ကြိုက် Hair Stylist တွေကိုလည်း ထားရှိတတ်ကြပါတယ် ။ အခု ဒီလအတွက် သူ့ Hair Stylist ရဲ့ ပြုပြင်ပေးမှုနဲ့ ဂျက်ဆန်ထွန်း ရဲ့ ပရိသတ်အမြင်မှာ တစ်မျိုးဆန်းစေမယ့် ဆံပင်ပုံစံ ကိုဖော်ပြပေးလိုက်ပါတယ် ။
► ကိုဂျက်နဲ့ Hair Style အပေါ် EUSHIDO ရဲ့ ပံ့ပိုးမှုနဲ့ လက်တွဲဖြစ်ပုံလေး ကို ပြောပြပေးပါဦး။
EUSHIDO က Hair နဲ့ ပတ်သက်ပြီးတော့ အဓိကလုပ်တဲ့ လုပ်ငန်းကြီးဖြစ်တယ်။ ကျွန်တော် က ဒီ EUSHIDO ရဲ့ Brand Ambassador အနေနဲ့ ၃ နှစ်စာချုပ်ချုပ်ထားတယ်။ ကျွန်တော့်ရဲ့ ဆံပင်အတွက် ရိုက်ကူးရေးတိုင်း၊ ပွဲတိုင်းမှာ EUSHIDO ကပဲ အကုန်လုပ်ပေးပါတယ်။ နောက် ပြီး ကျွန်တော်အခုထွက်မယ့် အခွေကိုလည်း EUSHIDO ကပဲ တာဝန်ယူပြီး ထုတ်ပေးမှာပါ။ အခုရောက်လာတဲ့ EUSHIDO ရဲ့New Product ကို ပြည်၊ မော်လမြိုင်၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန်အနယ်နယ်အရပ်ရပ်မှာ Pro motion တွေလုပ်မယ်။ အဲဒီမှာ ကျွန်တော်ကEUSHIDO နဲ့ လက်တွဲပြီးတော့ Hair Product အသစ်တွေကို ကြော်ငြာမှာပါ။ ရှေ့ဆက် ပြီးတော့ တောက်လျှောက် လက်တွဲသွားဖို့ ရှိပါတယ်။
► အနုပညာရှင်တစ်ယောက်အနေနဲ့ Hair Style ရဲ့ အရေးပါပုံလေး ပြောပါဦး။
ကျွန်တော်တို့ အနုပညာရှင်တွေအတွက်ကျ တော့ ဒီပုံစံချည်းပဲဆိုရင် ကြာလာရင် ပရိသတ်က ငြီးငွေ့လာမှာပဲလေ။ ကိုယ်တင်ဆက်တဲ့ Music နဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံ၊ ဖက်ရှင်ဒီဇိုင်းတွေ အများ ကြီး ပြောင်းလဲဖို့လိုပါတယ်။ ဆံပင်ပုံစံက လူတစ် ယောက်ရဲ့ မျက်နှာပုံစံကို လည်း ပြောင်းလဲစေတယ်။ ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ လိုက်လျောညီထွေရှိရင် တော့ လုပ်ငန်းအတွက် ပိုပြီး အထောက် အကူပြုနိုင် တာပေါ့။
► ကိုဂျက် အကြိုက်ဆုံးဆံပင်ပုံစံကရော။
ကျွန်တော့် နဂိုဆံပင်ကလည်း အကောက် ပြီးတော့ ကျွန်တော့်ဆံပင်အရှည်နဲ့နေတာများတယ်။ ဒီနေ့ကတော့ ကျွန်တော့် Hairstylist ကို ရစ်ချက်ကနေပြီးတော့ အကောက်ကို အလိပ်အကြီး လှိုင်းကြီးပုံစံလိုမျိုးလုပ်ပေးထားတယ်။ ဒီပုံစံကို လည်း ကြိုက်တယ်။ ဆံပင်အရှည်ကို မျိုးစုံလုပ် ရတာကြိုက်ပါတယ်။
► ကိုဂျက်မကြိုက်တဲ့ဆံပင်ပုံစံရောရှိလား။
ကိုယ်နဲ့ လိုက်ရင်တော့ ကြိုက်တာပေါ့။ မလိုက်ရင်တော့ မကြိုက်ဘူး။
► ဆံပင်ပုံစံပြောင်းလဲမှုက ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုအပေါ်မှာရော သက်ရောက် မှုဖြစ်စေလား။ ဘယ်ဆံပင်ပုံစံက ကိုယ်နဲ့လိုက်တယ်ထင်လဲ။
ကျွန်တော်က ဆံပင်အတိုလေးတွေနဲ့ ပိုလိုက် တယ်လို့ထင်တယ်။ ဒါပေမဲ့ များသောအားဖြင့် ကျွန်တော်ဆံပင်အရှည်နဲ့နေဖြစ်နေတာ နှစ်တွေ တော်တော်ကြာပြီ။ ဒီဂီတအနုပညာလော ကထဲကို မရောက်ခင်က ဆံပင်အတို (ခေါင်းတုံးဆံပင်ပေါက်) လေးနဲ့ နေတာများတယ်။ အဲဒီလိုပုံစံမျိုးနဲ့ဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိတယ်။ မကြာခင် လည်း ဒီဆံပင်အတို ပုံစံကို ပြန်ချိန်းမှာပါ။
► ကိုယ်မကြိုက်ဘဲနဲ့ အခြေအနေအရ လုပ် လိုက်ရတဲ့ဆံပင်ပုံစံရောရှိလား။
ရှိတယ်။ ပွဲအနေအထားအရ၊ ကိုယ်ဆိုမယ့် သီချင်းပုံစံအရ ပြောင်းလဲမှုတွေ အမြဲလုပ်ဖြစ်နေ တော့လေ။ ပြီးခဲ့တဲ့ City FM ပွဲမှာ ကျွန်တော့် နဂိုရှိတဲ့ အကောက်တစ်ခု မှမရှိတော့ဘူး။ အရှေ့ တစ်ခြမ်းကို ဖြောင့်ချလိုက်ပြီးတော့ အနီရောင်ကာ လာဆိုးတယ်။ အနောက်မှာကျတော့ အချွန်အတက် တွေလုပ်တယ်။ Hair Stylist က ကျွန်တော့်သီချင်း နဲ့ ကျွန်တော့်ပုံစံနဲ့ လိုက်တယ်ထင်ပြီး အဲဒီလိုလုပ် ပေးတယ်။ ကျွန်တော်ကတော့ အဲဒီလိုမျိုး ရိုက်လေ့ ရိုက်ထမရှိတော့ စိတ်ထဲတစ်မျိုးလေးတော့ဖြစ်တာ ပေါ့။
► ကိုယ်ကြိုက်ရဲ့သားနဲ့ အခြေအနေအရ မလုပ် လိုက်ရတဲ့ ဆံပင်ပုံစံရောရှိလား။
မရှိပါဘူး။ ကျွန်တော့်ဒုတိယစီးရီးရိုက်တော့ အားလုံးက Stage ပေါ်မှာချည်းပဲ။ သီချင်း ၁ဝ ပုဒ်ကျော်မှာ သီချင်းပေါ်မူတည်ပြီး အဝတ်အစား တွေ ဆံပင်တွေ ပြောင်းတယ်။ တစ်ရက်တည်းမှာ တင် ဆံပင်ပုံစံ ၃၊ ၄ မျိုးလုပ်တာတောင် ကျွန်တော် ကျေနပ်ခဲ့ပါတယ်။
တင်ထက်
http://www.mrfashionmagazine.com/?p=1561
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။